Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 13, 2013

သင်္ကြန်ကာလကို ပီတိဖြင့် ဖြတ်သန်းကြသူများ

Myawady News
သင်္ကြန်ကာလကို ပီတိဖြင့် ဖြတ်သန်းကြသူများ
===========================
မြန်မာတို့၏ နှစ်ဟောင်း ကုန်ဆုံးပြီး နှစ်သစ်ကူးပြောင်းသည့် ဧပြီလဆိုသည် ရက်ရှည် ရုံးပိတ်ရက်များ ရှိခြင်း၊ မြန်မာလူမျိုးတို့အပျော်ရွှင်ရဆုံး သင်္ကြန်ပွဲတော်ကြီး ရှိခြင်း တို့ကြောင့် လူတိုင်း လွတ်လပ်ပျော်ရွှင်ကြသည့် ကာလပင် ဖြစ်သည်။ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတို့ကို အတာရေစိုကာ လန်းဆန်းကြမည့် သူများ၊ အားလပ် ရက်ကာလအတွင်း မိသားစု ဖြင့် အပန်းဖြေကြမည့် သူများ၊ ဘာသာရေးဆိုင်ရာ ငြိမ်းအေးမှုများကို ရှာဖွေကြ မည့် သူများ စသဖြင့် မည်သူမဆို စိတ်ချမ်းသာမှု ကိုယ်စီ ရရှိကြသည်သာ ဖြစ်သည်။ ထိုအချိန်တွင် သင်္ကြန် ကာလတွင် အခြားသူများ၏ ပျော်ရွှင်မှုများကို ကြည့်ကာ ပီတိဖြင့် ဖြတ်သန်းကြမည့် သူများလည်း ရှိလေသည်။

အရင်နှစ်တွေတုန်းက သင်္ကြန်မှာ တောထဲ တာဝန်ထမ်းဆောင်နေရတော့ သင်္ကြန်ကာလ ရောက်တယ် ဆိုတာ ရက်စွဲတွေ ကြည့်ပြီး သိယုံပါပဲ။ နယ်မြေစိုးမိုးရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားထွက်နေတဲ့ ကျွန်တော်တို့ တပ် အတွက်တော့ သင်္ကြန်ကာလ ဆိုတာလဲ ပုံမှန်ပါပဲ။ ဗိုလ်ကြီး ဒီအချိန် မြို့မှာ သင်္ကြန်ကျပြီး လူတွေ ပျော် နေကြပြီလို့ တပည့်တွေက ပြောတဲ့အခါ စိတ်မကောင်း ဖြစ်မိတာကလွဲလို့ တစ်ခြား Feeling တော့ မရှိခဲ့ပါဘူး ဟု မော်လမြိုင်တပ်နယ်မှ တပ်ရေးဗိုလ်ကြီး တစ်ဦးက ပြောပြခဲ့သည်။

တပ်မတော်သားများ အနေဖြင့် သင်္ကြန်ကာလ ဆိုသော်လည်း ရှေ့တန်းထွက်ရသည့် စစ်သည်များ သည်လည်း တောထဲတောင်ထဲတွင် ရှိနေရသည်။ နောက်တန်းတွင် ကျန်ခဲ့သည့် စစ်သည်များသည်လည်း သက်ဆိုင်ရာ နယ်မြေအလိုက် လုံခြုံရေး တာဝန်ယူပေးနေရသည်။ အချို့ တိုင်းတပ်မ များတွင်မူ သင်္ကြန်ကာလအတွင်း တပ်ရင်းအလိုက် အိမ်ထောင်သည် ရဲမေများမှ ယိမ်းအဖွဲ့များ ဖွဲ့ပြီး ကပြဖျော်ဖြေ သွား ကြမည် ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ တပ်မှာတော့ ၁၂ ရက်နေ့ကျရင် ရှင်ပြု ရဟန်းခံပွဲ ရှိတယ်။ တပ်ထဲက စစ်သည်တွေ၊ မိသားစု တွေ ထဲက ရဟန်းခံချင်သူတွေ စာရင်းကောက်ပြီး လုပ်ပေးတာပါ။ ကျွန်တော် ကိုယ်တိုင်လည်း ၀တ်ချင်ပေ မယ့် တာဝန်တွေက ရှိသေးတယ် နောက်တစ်နှစ်မှပဲ ၀တ်ဖြစ်တော့မယ်။ ဒီလိုပဲ နေရင်းနေရင်းနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားတာပါပဲဟု အဆိုပါ တပ်ရေးဗိုလ်ကြီးက အပြုံးဖြင့် ပြောပြသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်များသည် သူတို့နှင့် မဆိုင်ပေ။ ရှိသမျှ တပ်အင်အား နှစ်ရာ ကျော်မှ ရှေ့တန်းတွင် စစ်သည် တစ်ရာကျော် ထွက်ကာ နယ်စပ်ဒေသ လုံခြုံရေး၊ နယ်မြေစိုးမိုးရေး တို့အတွက် တောတောင်များထဲ တွင် ပြည်သူတစ်ရပ်လုံးအတွက် ပင်ပန်းဆင်းရဲခံကာ ပီတိဖြင့် ဖြတ်သန်းကြသည်။ နောက်တန်း ကျန်ခဲ့သည့် စစ်သည်များမှလည်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် နယ်မြေအလိုက် လုံခြုံရေးတာဝန်များ ထမ်းဆောင်ပေး နေကြသည်။ သူတို့အတွက် ပျော်ရွှင်မှု ဆိုသည် သင်္ကြန်ကာလအတွင်း ပြည်သူလူထုတို့ လွတ်လပ်စွာ ပျော်ရွှင် နေကြသည်ကို မြင်တွေ့ရာမှ ရရှိလာသည့် ပီတိသာ ဖြစ်လေသည်။

တပ်မတော်သားများ နည်းတူ ပီတိဖြင့် သင်္ကြန်ကို ဖြတ်သန်းကြသူများ ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များပင် ဖြစ်သည်။ သင်္ကြန်မတိုင်မီ ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ သင်္ကြန်ကာလအတွင်း ဖြစ်ပွားနိုင်သော ပြဿနာများ အတွက် သူတို့လည်း အနားမရနိုင်။ လုံခြုံရေး တာဝန်များကို နေ့ည မပြတ်တာဝန် ထမ်းဆောင်နေကြသည်။

ပြီးခဲ့တဲ့ နှစ်ကတော့ ခွင့်ရတယ်။ ဒါလဲ ရဟန်းခံမယ်ဆိုလို့ ရတာပါ။ သင်္ကြန်ကာလမှာ မှုခင်း မဖြစ်ဖို့က ကျွန် တော်တို့ အတွက် ပိုပြီး အရေးကြီးပါတယ်။ ရာဇ၀တ်မှု ကျူးလွန်မယ့်သူက ဒီလို လူတွေ လွတ်လပ်ပျော်ရွှင်နေ တဲ့အချိန်ကို အခွင့်အရေးယူတတ်ကြတယ်လေ။ ကျွန်တော်တို့ရဲ့ တာဝန်က ပြည်သူလူထု စိတ်အေးချမ်းသာ စေဖို့ပါ။ ဟု မဏ္ဍပ်လုံခြုံရေး တာဝန်ကျ ဒုရဲအုပ် တစ်ဦးမှ ပြောပြသည်။

လူတိုင်း ပျော်ရွှင်ကြသည့် အချိန်တွင် လူသားများဖြစ်သည့် သူတို့သည် ပျော်ရွှင်မှုများ၏ နောက်ကွယ်မှ ပီတိဖြင့် သင်္ကြန်ကို ဖြတ်သန်းနေကြသည်။ အရောင်အသွေးစုံ ၀တ်ဆင်ကာ သီချင်းသံများဖြင့် လွတ်လပ် ပျော်ရွှင်နေကြချိန်တွင် သူတို့၏ ခနာကိုယ်တွင်တော့ ယူနီဖောင်း အပြည့်အစုံဖြင့် ရှိနေကြသည်။ အချို့ ခင်မင် ရင်းနှီးသူများမှ ဖြန်းပက်လိုက်သည့် ရေများ သူတို့ ကိုယ်ပေါ်တွင် ရွှဲစိုနေသည်လည်း ရှိသည်။ တောထဲ တောင် ထဲ နယ်စပ်ဒေသများတွင် ပီတိဖြင့် ဖြတ်သန်းကြသူများနှင့် မြို့ပေါ်တွင် လူမသိသူမသိ နောက်ကွယ်မှ လုံခြုံရေး တာဝန်များ ထမ်းဆောင်ရင်း ပီတိဖြင့် ဖြတ်သန်းကြသူများ အတွက် သင်္ကြန်ကာလဆိုသည်မှာတော့..

Opposite Eye

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။