ထမင်း တစ်နပ် သန်း ၅၀၀ တန်သော ဇင်ဘာဘွေတို့ အနာဂတ်
ထမင်း တစ်နှပ်အတွက် ဇင်ဘာဘွေ ဒေါ်လာ သန်း ၅၀၀၊ ကြက်ဥ သုံးလုံး အတွက် ဒေါ်လာ ၁၀၀ ဘီလျံ ဆိုတော့ ဇင်ဘာဘွေလောက် ငွေကြေး ဖောင်း ပွတဲ့ နိုင်ငံ ကမ္ဘာမှာ မရှိတော့ပါဘူး။
မကြာသေးမီ ကာလကပဲ အမေရိကန်ဒေါ်လာ ၄ ဒေါ်လာနဲ့ ညီမျှတဲ့ ဇင်ဘာဘွေ ဒေါ်လာ ၁၀ သန်းတန် ထပ်ထုတ်ပါတယ်။ ၂၀၀၀ ခုနှစ်က Mugabe အာဏာလွဲပြောင်းရယူပြီး နောက်ပိုင်း ယခုလို အခြေအနေ ပိုမို ဆိုးရွား သွားခြင်း ဖြစ်ပါတယ်။ ဒါလည်း မပြီးဆုံး သေးပါဘူး။ ယနေ့အထိ တက်မြဲတိုင်းတက်နေဆဲ ဖြစ်ပါတယ်။
...
ထမင်းတစ်နှပ်စားဖို့အတွက် သန်း ၅၀၀ တန် လက်မှတ်ကလေမှ ကိုင်မထားရင် သူ့ဘဝတော့ သနားစရာပါပဲ။ ဘာလို့လဲဆို သန်း ၅၀၀ အထုပ်ကြီး ပိုက်လို့ ထမင်းဆိုင်သွားရမှာဆိုတော့ ကူလီထမ်းစားရသလိုပါပဲ။ လက်ဘက်ရည်ဆိုင် တစ်ခါထိုင်ဖို့အတွက် ဆာလာအိတ်ကြီးကြီးနဲ့ကို သွားရပါတယ်။
အာဖရိက တိုက် တောင်ပိုင်း၊ ကုန်းတွင်းပိတ် နိုင်ငံလည်း ဖြစ်တဲ့အတွက် ဆင်းရဲတကာ့ ထွတ်ခေါင် ဖွတ်မင်းနောင် မရောက်ရုံလေးပါပဲ နိုင်ငံရဲ့  သုံးပုံ ၁ ပုံသော လူတွေကတော့ မနေနိုင်တော့လို့ တိုင်းတစ်ပါးကို ထွက်ပြေးကုန်ပြီ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ သူများကတော့ ငွေအိတ်များနဲ့ ဘဝရပ်တည်နေရပါတယ်။
ဘယ်သူမှ ပိုက်ဆံ မရေတွက်ပါဘူး။ ပိတ်သာချိန်တဲ့ အလေးချိန်စက်များ ကိုသာ အသုံးပြုပါတယ်။ ဒီတော့ ဘယ်နှစ်ပိဿနာ ရှိရင် ငွေဘယ်လောက် လို့ သိရှိရပြီး ဇင်ဘာဘွေမှာတော့ ပိဿာချိန်စက်၊ အလေးချိန်စက် အမျိုးမျိုး ရောင်းရပါတယ်။ ကိုယ့်သားသမီးကို မုန့်ဝယ်စားဖို့ မှုန့်ဖိုးပေး တာတောင် အလေးချိန်နဲ့ချိန်ပြီး ပေးရတဲ့ ဘဝ ဖြစ်ပါတယ်။
ကြားရ၊ မြင်ရရင် ရယ်စရာအလား မှတ်ပေမယ့် ကိုယ်ချင်းစာမိရင်တော့ အတော်လေး သနားဖို့ ကောင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ Mugabe က ဇင်ဘာဘွေကို စိုက်ပျိုးနိုင်ငံတစ်ခု အဖြစ် ကြွေးကြော်ပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ အမှန်တော့ ဒါဟာ မှန်ကန်တဲ့ ထွက်ပေါက် တစ်ခုမဟုတ်ပါဘူး။ ကုန်းတွင်းပိတ်နိုင်ငံလည်း ဖြစ်တယ်၊ ရေလည်း ရှားပါတယ်။ မိုးခေါင်တယ်၊ ပညာရှင် မရှိဘူး။ ဒီအချက်လေးတွေနဲ့တင် စိုက်ပျိုးဖို့ မသင့်တာ အတော်လေး သေချာနေပါပြီ။ ပညာရေး စနစ်ကလည်း ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ ကျောင်းတက်တဲ့ ကလေးထက် အလေလိုက်နေတဲ့ ကလေးက များပါတယ်။ နိုင်ငံရဲ့  ၈၀ ရာခိုင်နှုန်းသော လူများက အလုပ်လက်မဲ့ ဖြစ်ပါတယ်။ ဘာအလုပ်လုပ်ရမှန်း လည်း မသိကြပါဘူး။ သိလည်း လုပ်ဖို့ အခွင့်မရကြရှာပါဘူး။
ဒီထက်ကောင်းတဲ့အဖြေကိုလည်း ရှာဖွေမြဲ ဖြစ်ပါတယ်။ နိုင်ငံတော် အကြွေးကလည်း တင်သထက်ကို တင်နေပါတယ်။ ဘယ်လိုအဖြေရှာကြ မလဲ။
ယခု ၂၀၁၃ မှာလည်း ပိုပြီး အရွက်ကြီးတဲ့ ငွေစက္ကူတွေ ထပ်ထုတ်ပါအုံး မယ်။ သို့ပေမယ့် တန်ဖိုးကျတော့ အမေရိကန် ၁၀ ဒေါ်လာထပ် ပိုမလာ ပါဘူး။ စက္ကူသာ ထုတ်ရောင်းပါတော့လို့ ပြောရမလား၊ အလကား သာ ပေးလိုက်ပါတော့လို့ ပြောရမလားပဲ။ အလုပ်ရှင်က လုပ်သား ကို ငွေရှင်းမယ်ဆိုရင်တောင် အဲ့နေ့က ထရက်ကားတွေ၊ ဒိုင်နာကားတွေ အလုပ်များတဲ့နေ့ပါပဲ။ ဘယ်သူမှ ငွေထုတ် မသယ်နိုင်ပါဘူး။
ဖောင်းပွတဲ့ငွေကြေးကို ပြန်ရှုံ့ နိုင်ဖို့ အဖြေရှားရင်း ယနေ့အထိ ကတော့ ငွေထုတ်နဲ့ နှစ်မြှုပ်နေတဲ့ နိုင်ငံတစ်ခုအဖြစ် ဇင်ဘာဘွေက တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref:dailymial
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။