ရုပ်သွင်
ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင် ၀သည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အက်ႌလက္တို ေကာ္လန္ကေလး၀တ္ထား၍ အေပၚအက်ႌမပါ။ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ၀တ်ဆင် ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏ တုတ်ခိုင်သော ခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သူ့ရုပ်ကိုကြည့်လျှင် တရုပ်ကပြားကြီးနှင့် တူလေသည်။
ငယ်ဘဝ
ကျွန်ုပ်သည် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၆ ရက် တနင်္လာနေ့ နံနက် ၉ နာရီ၊ ‘ဆွမ်းတော်ဗျို့’ ဟု အော်ပြီး ဘုန်းကြီး ကျောင်းသား ကလေးများ ဆွမ်းခံသော အချိန်၌ မွေးဖွား ခဲ့လေသည်။ ကျွန်ုပ်ကို ဖွားမြင်သော ထိုနေ့ နံနက်၌ မိုးနှင်းများ ထူထပ်စွာ ကျရောက် နေရကား အချိန် ၉ နာရီ၊ ၁ဝ နာရီ ထိသည် တိုင်အောင် နေရောင်ခြည်ကို ကောင်းစွာ မမြင်ရချေ။ ထိုမျှ ထူထပ်စွာ ကျရောက် နေသော မိုးနှင်းများကို အစွဲပြု၍ ကျွန်ုပ်အား ‘မိုးနှင်း’ ဟူသော အမည်ဖြင့် ရပ်ရွာက အသိအမှတ် အမည် ပေးကာ ခေါ်ဝေါ်ခဲ့ ကြလေသည်။'
ဤသို့လျှင် ဆရာကြီး ပီမိုးနင်းသည် မိမိ၏ အတ္ထုပ္ပတ္တိ ဖြစ်သော ‘ပီမိုးနင်း၏ ပီမိုးနင်း’ စာအုပ်တွင် မှတ်တမ်း တင်ခဲ့သည့် အတိုင်း သက္ကရာဇ် ၁၂၄၅ ခုနှစ် အတွင်းက သုံးဆယ်မြို့ ရွာမရပ်တွင် ဖွားမြင်ခဲ့သူ ဖြစ်ပေသည်။ ငယ်မည်မှာ ‘မိုးနှင်း’၊ ‘မိုးနင်း’ ပင် ဖြစ်ပါ၏။ ဇာတာ အမည်မှာမူ ‘မောင်ကျော်ညွန့်’ ဖြစ်သတည်း။
အမိ၊ အဖများမှာ ဆင်းရဲ နွမ်းပါး ကြကုန်သည်။ ထို့ကြောင့်လည်း အမိ လုပ်သူသည် တောင်းရွက်၍ ဈေးထွက် ရောင်းရသော အချိန်များတွင် မောင်ကျော်ညွန့်ခေါ် ပီမိုးနင်းသည် ငယ်ရွယ် သေးသူပင် ဖြစ်လင့် ကစား အိမ်တွင် နေရစ် ခဲ့ရ၍ ကွေးလေး နုနယ် နှမငယ်ကို ထိန်းခြင်း သိမ်းခြင်းများ ပြုလုပ်သည့် အပြင် အခြား အချိန်များ ၌လည်း မိမိ အဝတ်၊ နှမငယ် အဝတ်၊ အမိအဝတ် တို့ကို လျှော်ခြင်း ဖွပ်ခြင်း၊ ဟင်းရွက် ဟင်းလျာ ရှာခြင်း ဖွေခြင်း၊ ညစာ နံနက်စာ ချက်ခြင်း ပြုတ်ခြင်း စသော ဗာဟီရ အလုပ်များကို လုပ်ကိုင်ရ ရှာသည်။
သို့နှင့် အသက် အတန်ငယ်ရင့်မှ အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေ သင်ကြားခွင့် ရတော့သည်။ ထိုကျောင်းတွင် ၃ နှစ်ကျော် ၄ နှစ်ခန့် နေ၍ အင်္ဂလိပ် - မြန်မာ ၄ တန်း အောင်ပြီးနောက် ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါး၏ စောင်မ ကြည့်ရှုမှုခြင့် မော်လမြိုင် မြို့ရှိ ‘ဆန်မာနာရီ’ ကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင် ကျောင်းသို့ သွားရောက် သင်ကြားခွင့် ရပြန်သည်။ ထိုကျောင်းတွင် လက်တင် ဘာသာ၊ လက်တင် သဒ္ဒါကို အထူး တတ်မြောက် ပေသောကြောင့်လည်း ပညာကို တိုးတက် သင်ကြား စေအံ့သောငှာ ၃ နှစ်ခန့် အကြာတွင် ပလေပီနံ မြို့ရှိ ‘ဂျင်နရယ် ကောလိပ်’ (General College) ခေါ် ပြင်သစ်ပြည် ပါရစ် မြို့တော်မှ တဆင့် ခွဲ၍ ထားသော သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရသည်။ သို့ရာတွင် ဗရင်ဂျီ ဘုန်းကြီး လုပ်ရန်ကို များစွာ စိတ်မပါလှ။ ထို့ကြောင့်လည်း ပလောပီနံသို့ ရောက်၍ များမကြာမီ အသက် ၁၉ နှစ် အရွယ်တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာပြန်ကာ ရှေးဦးစွာ ငယ်ဆရာ ငယ်ကျောင်း ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာ အဖြစ် ခန့်ထား ချီးမြှင့်ခြင်း ခံရသည်။
သည့်နောက်ပိုင်း တွင်မူ ကြို့ပင်ကောက်သို့ ပြောင်းပြန်ကာ အာ-စီ-အင် (မ်) ကျောင်းဆရာ အဖြစ် ခေတ္တ ခဏမျှ လုပ်ကိုင် လိုက်သေး၏။ သို့ရာတွင် ဆင်းရဲ နွမ်းပါး သူတို့ အကြား စိတ်၏ တည်ငြိမ်မှု မရရှိနိုင် သေးရကား ထိုမှ ဤမှ လှည့်လည် သွားလာ နေပြန်ကာ နောက်ဆုံးတွင် ပြည်မြို့သို့ ရောက်သွားသည်။ ပြည်မြို့ တွင်လည်း ခေတ္တ ခဏမျှ လောက်သာ ပြည် ဆေးရုံကြီး၌ စာရေးကြီး အဖြစ် ဝင်ရောက် လုပ်ကိုင်ပြီး လယ်တီ ဆရာတော် ဘုရားကြီး ပြည်မြို့သို့ကြွလာတော် မူခိုက်တွင် အလုပ်မှ ထွက်ပြန်ကာ ဆရာတော် ဘုရားကြီး အထံတော်တွင် ပဉ္စင်း ခံလေသည်။
နောက် ပဉ္စင်းဝတ်နှင့်ပင် ရန်ကုန်မြို့သို့ ရောက်သွားသည်။ သို့ရာတွင် တည်းစရာ ခိုစရာ မရှိ။ ညောင်တုန်း ကျောင်းတိုက်၊ ဦးဗျား တောရ ကျောင်းတိုက်၊ ဂျောင်ဝိုင်း ကျောင်းတိုက် တို့သို့ လှည့်လည် နေနားပြီး နောက်ဆုံးတွင် သိက္ခာချ သင်္ကန်းချွတ်၍ လူဝတ်လဲ လိုက်သည်။
စာပေ အရေးအသားတွင် အထူး ဝါသနာ ထုံပေသော ဆရာကြီး ပီမိုးနင်း၏ စာရေး ဆရာ ဘဝကား စပေပြီ။ သင်္ကန်းဝတ်နှင့် ရှိစဉ် ‘လောဂျစ်’ ခေါ် ‘တက်ကျမ်း’ တစောင်ကို ပြစု ပြီးခဲ့ပေ၏။ ယခုသော် ဝမ်းရေး အတွက် ထိုကျမ်း ကလေးကို ရောင်းရ ပေတော့မည်။ ထို့ကြောင့် ဟံသာဝတီ သတင်း စာတိုက်သို့ သွား၍ ထိုကျမ်း ကလေးကို ပြရှာ၏။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့် စာပေ ဟူ၍ ပယ်ခြင်း ခံရသည်။ သို့ရာတွင် ထိုတိုက်ရှင် သူဌေး မစ္စတာ ရစ်ပလေ၏ ညှာတာ ထောက်ထားမှုကြောင့် ထိုတိုက်တွင်ပင် တလလျှင် ၃ဝိ ဖြင့် ဘာသာပြန် အလုပ်ကို လုပ်ကိုင်ခွင့် ရခဲ့သည်။
ဤ သတင်းစာ တိုက်တွင်လည်း များစွာ မကြာခဲ့။ ၆ လခန့် ရှိသော အခါ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အလုပ်မှ ထွက်လိုက်ရ ပြန်ကာ ကျန်းမာ လာပြန်သော အခါ ၌လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် အမြို့မြို့ အနယ်နယ်သို့ လှည့်လည် ရှာဖွေရ ပြန်သည်။ နောက်ဆုံးတွင် ဟင်္သာတ မြို့အနီး ဓမ္တီမြို့သို့ ရောက်သွားကာ ငယ်ဆရာ ဖာသာရ်-ဝဲလဝါး၏ ကျေးဇူးကြောင့်ပင် ဓမ္တီကျောင်း၌ ဓမ္တီ ကျောင်းအုပ်ကြီးက ကျောင်းဆရာ အဖြစ် ခန့်အပ်ခြင်း ခံရသည်။
ထိုအတွင် ဆရာကတော်လောင်း ဒေါ်စိန်တင့်နှင့် ချစ်ကြိုက် ရည်ငံကာ များမကြာမီပင် လူကြီး မိဘများ၏ သဘော တူညီချက် အရ လက်ထပ် လိုက်ကြသည်။ ဆရာကြီးကား ထိုအချိန်တွင် အသက် ၂၄ နှစ်ခန့် ရှိပေပြီ။
ချစ်စ ခင်စ ကြင်နာစ ဖြစ်သော ဇနီးကလေး အားလည်း မျက်စိ အောက်က အပျောက် မခံနိုင်အောင် ချစ်လွန်း လှသည့် အပြင် ယောက္ခမ လုပ်သူ များကလည်း လယ်ယာ ချောင်းမြောင်းနှင့် အတော်အသင့် ပြည့်စုံသူများ ဖြစ်သဖြင့် အလုပ်မှ ထွက်လိုက် ပြန်လေသည်။ သို့နှင့် နောက်တနှစ်တွင် သားဦးကလေး မောင်ကျော်စိုးကို ဖွားမြင် ခဲ့ပေသည်။
ဆရာကြီး အသက် ၃ဝ ခန့်အရွယ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၁၄ ခုနှစ်တွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်၌ သုံးဆယ်မြို့တွင် မိတ်ဆွေများ အကူအညီဖြင့် စာပုံနှိပ်စက် တစ်လုံးထောင်ကာ ‘မြန်မာ့ မိတ်ဆွေ မဂ္ဂဇင်း’ ကို ထုတ်ဝေ နေခိုက် ဖြစ်သည်။ သို့ရာတွင် စစ်၏ ဒဏ်ကြောင့် စက္ကူများလည်း လုံလောက်စွာ မရ၊ ဈေးနှုန်း ကလည်း အဆမတန် ကြီးလေး လာရကား မဂ္ဂဇင်း ထုတ်ဝေခြင်းကို ရပ်စဲပြီး ၆ နှစ်သား ဖြစ်သော သား မောင်ကျော်စိုးနှင့် ဇနီး ဒေါ်စိန်တင့် တို့ကို ထားခဲ့ကာ ရန်ကုန်မြို့သို့ အလုပ်ရှာ သွားပြန်သည်။
ရှေးဦးစွာ သူရိယ သတင်းစာ တိုက်တွင် စစ်သတင်း များကို ဘာသာပြန်ဆို ရေးသားသည့် ဘက်၌ အလုပ်ရ၏။ နောက် မြန်မာ့ အလင်း သတင်းစာ တိုက်သို့ ရောက်ရှိ သွားပြန်၏။ ထိုမှ တဖန် သူရိယ သတင်းစာ တိုက်သို့ သံသရာလည် လာပြန် သေး၏။
သူရိယ သတင်းစာ တိုက်တွင် လုပ်ကိုင် နေခိုက် အလုံရပ်ရှိ ‘ဘက်ပတစ်’ ကျောင်း၌ လက်တင် ဆရာ တယောက် အလိုရှိကြောင်း ကြော်ငြာစာ တွေ့သဖြင့် အမည်ရင်း ဖြစ်သော ‘မောင်ကျော်ညွန့်’ အမည်နှင့် လျှောက်ထားရာ မြန်မာ လူမျိုးကို မခန့်နိုင်ကြောင်းနှင့် နောက်တနေ့တွင် စာပြန် လာလေသည်။ ထို့ကြောင့် အင်္ဂလိပ် အမည်ယောင်ယောင် ရှိသော အရပ်ခေါ် ‘မိုးနှင်း’ ကို သတိရ လာကာ မော်လမြိုင် သွားစဉ်က ယူထားသော ဗရင်ဂျီ ဘာသာ အမည် ဖီးလစ် (Philip) အနက် မှ အစလုံး အတိုက်ကောက် ယူ၍ ပီမိုးနင်းဟု တကြိမ် ထပ်မံ၍ လျှောက်လွှာ တင်ပြန်သော အခါ ကျမှ လက်တင်ဘာသာ ကိုလည်း နဂို တတ်ကျွမ်းမှု ဓာတ်ခံ ရှိသည့် အလျောက် အလုပ် ရလေ တော့သည်။ ထိုကျောင်းတွင် ဆရာကြီးသည် လက်တင် စာများကို ၄ တန်းမှ ၁ဝ တန်း အထိ တယောက်တည်း သင်ကြား ပေးရ၏။
နောက် နွေလ ကျောင်းပိတ်ရက်သို့ ရောက်သော် ပေါ်ထွက်စ ဖြစ်သော ပညာ့ အလင်း မဂ္ဂဇင်းနှင့် အခြား အခြားသော မဂ္ဂဇင်း တို့သို့ ဝတ္ထုများ၊ ဆောင်းပါးများကို ရေးသား ပေးပို့ နေရာမှ ပညာ့ အလင်း မဂ္ဂဇင်း ပိုင်ရှင် ဦးတင်၏ တောင်းပန်ချက် အရ ထိုမဂ္ဂဇင်း တိုက်သို့ ဝင်ရေက်ကာ လစဉ် ဝတ္ထုနှင့် အခြား အခန်းပေါင်း များစွာကို တာဝန် ယူရ၏။ သို့နှင့် မဂ္ဂဇင်းမှ တဆင့် သတင်းစာ ကိုပါ တိုးချဲ့ လိုက်သော အခါတွင် ‘ဘက်ပတစ်’ ကျောင်းသို့ မပြန် တော့ဘဲ ထိုမဂ္ဂဇင်း၊ သတင်းစာ နှစ်ခု စလုံးတွင်ပင် တည်းဖြတ်သည့် ဘက်မှ ဆက်လက် လုပ်ကိုင် လေတော့သည်။
ပညာ့ အလင်း သတင်းစာ၌ ‘ပိုက်ဆံကြီး’ အမည်ဖြင့် ဆောင်းပါး များကို လည်းကောင်း၊ နေရီရီ၊ ပွဲစားကြီး သားအဖနှင့် မြမြ စသော ဝတ္ထုရှည်ကြီး များကို လည်းကောင်း ရေးသား ခဲ့ပေ၏။ သို့ရာတွင် ပညာ့ အလင်း ၌လည်း များစွာ မကြာ။ အလုပ်မှ ထွက်ပြီးနောက် ‘အောင်တော်မူ’ ခေါ် တနင်္ဂနွေ တပတ်လျှင် တကြိမ်ထုတ် ဝတ္ထုကလေး များကို ထုတ်ဝေ ပြန်လေသည်။ ဤတွင်လည်း များစွာ အကျိုးမပေး။ ထိုကြောင့် ဝတ္ထု စာအုပ်ကလေး ၁၄ အုပ် ထုတ်ပြီးသည့် အဆုံးတွင် ရပ်စဲ လိုက်ရသည်။
ဤသို့ အားဖြင့် ‘စာရေး ဆရာ၏ နိမ့်တုံ နိမ့်တုံ ဘဝ’ နှင့်ပင် ဒဂုန် မဂ္ဂဇင်း၊ လန်ဒန်အတ် မဂ္ဂဇင်း၊ ကဝိမျက်မှန် မဂ္ဂဇင်း၊ ကဝိတံခွန် မဂ္ဂဇင်း၊ ဗြိတိသျှ ဘားမား မဂ္ဂဇင်း၊ တက္ကသိုလ် မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်း စသော မဂ္ဂဇင်းများ၊ သူရိယ သတင်းစာ၊ မြန်မာ့ အလင်း သတင်းစာ၊ သစ္စာဝါဒီ သတင်းစာ၊ ဗန္ဓုလ သတင်းစာ စသော သတင်းစာများ၊ ဗန္ဓုလ ဂျာနယ်၊ ဒီးဒုတ် ဂျာနယ် စသော ဂျာနယ်များတွင် ဝတ္ထုများ၊ ဆောင်းပါးများကို အများအပြား ရေးသား လေတော့သည်။
ထိုအခိုက် ဗန္ဓုလ ဂျာနယ်တွင် ခေတ္တ ခဏမျှ ဝင်ရောက် လုပ်ကိုင်ရင်း ပိုင်ရှင်များက ဗန္ဓုလ သတင်းစာနှင့် ဗန္ဓုလ ရုပ်ရှင် တို့ကိုပါ တိုးတက် ချဲ့ထွင် လိုက်သော အခါ သား ဖြစ်သူ မောင်ကျော်စိုးက ရှေးဦး ပထမ ‘ချစ်တဲ့သူရယ်’ ဇတ်ကားတွင် ဇာတ်လိုက် အဖြစ် ပါဝင် ရိုက်ကူးသည်။ ထိုအခါ ဆရာကြီးက ကိုယ်တိုင် ကိုယ်ကျ ဒါရိုက်တာ အဖြစ် သင်ကြား ပြသသည်။
နောက် သား မောင်ကျော်စိုးသည် ဗြိတိသျှ ဘားမား ရုပ်ရှင်သို့ ရောက်သွား ပြန်၍ ‘တကိုယ်တော်’ ဇတ်ကားကို ရိုက်ကူးသည်။ ထိုစဉ် အခါ တွင်လည်း ဆရာကြီး ကိုယ်တိုင် အကူအညီ များစွာ ပေးခဲ့သည်။ ထို့နောက် ‘ဆယ်နာရီ’ ဇတ်ကားကို ဆက်လက် ရိုက်ကူး နေစဉ် အတွင်း သား မောင်ကျော်စိုးမှာ လူမသမာ တဦး၏ ဓားချက်ကြောင့် အသက် ပါသွားရ ရှာပေသည်။ ဆရာကြီးကား စုတ်တသပ်သပ်နှင့် အထူး တလည်ပင် နှမြော တသ ရှာမိ၏။ စိတ်အပျက်ကြီး ပျက်လျက် အလုပ်မှလည်း တခါတည်း ထွက်လိုက် ပေတော့သည်။ ဖခင် နည်းတူပင် မျက်စိ အလင်း ချွတ်ယွင်း ခဲ့ရသဖြင့် ပူဆွေး သောက ရောက်နေ ရှာသော မိခင် ဒေါ်စိန်တင့် မှာလည်း ၃ လ နီးပါးခန့် မစားနိုင် မသောက်နိုင် ဖြစ်ပြီးသည့်နောက် ချစ်သား၏ နောက်သို့ ကောက်ကောက် ပါအောင် လိုက်သွား ရှာလေသည်။
သားနှင့် ဇနီးတို့ မရှိလျှင် ဆရာကြီး ပီမိုးနင်းသည် ကြွင်းကျန် ရစ်ခဲ့သော သား သမီး တို့ကို ဒေါ်စိန်တင့်၏ ဆွေမျိုးများ ရှိရာ ဓမ္တီမြို့သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ပို့အပ် ခဲ့ပြီးလျှင် ရန်ကုန်မြို့သို့ ပြန်လာကာ ဝါသနာ ရှိရင်းစွဲ အတိုင်း ဝတ္ထုများ၊ ဆောင်းပါးများ ရေး၍ ဝမ်းကျောင်းရ ရှာပြန်သည်။
ဘ၀နိဂုံး
သို့နှင့် မြန်မာ စာဖတ် ပရိသတ်၏ စိတ်နှလုံးကို ယခုထက် တိုင်အောင်ပင် ယူကျုံး စွဲမက်လျက် ရှိစေသည့် ဝတ္ထုရှည်၊ ဝတ္ထုတို အမြောက်အမြား၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိုး၊ ကြီးပွား တိုးတက်ရေး ဆိုင်ရာ စာအုပ် စာတမ်း အဝဝကို ကျန သေချာ ရေးသား ဖြန့်ဖြူး ခဲ့ပေသော ဆရာကြီး ပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၄ဝ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃ဝ၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်နေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင် စက်ဘီး တိုက်မိသဖြင့် ပေါင်ကျိုးခဲ့ရသည့် ဒဏ်ရာမှ နာလန် မထနိုင် ရှာတော့ဘဲ ဘဝ ဇာတ်ထုပ် ချုပ်ငြိမ်း၊ ပျောက်ကွယ်သွားရ ရှာပါ သတည်း။ ။
ပီမိုးနင်း ရာပြည့်ပွဲ
၁၉၈၃-ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦ၌ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပသည်။
ထင်ရှားသောလက်ရာအချို့
- ကမ္ဘာ့မင်တံကျမ်း၊
- လက်တွေ့ကြီးပွားရေးကျမ်း၊
- အပျိုစိတ်ကျမ်း၊
- လူပျိုစိတ်ကျမ်း၊
- အောင်စိတ်၊
- သားဂုဏ်ရည်
- သမီးဂုဏ်ရည်၊
- မိန်းမစိတ်ကျမ်း၊
- ကာမသိဒ္ဓိကျမ်း၊
- လောကီလမ်းညွှန်၊
- အစ္စလမ်အလင်းပြကျမ်း၊
- ကမ္ဘာ့အလင်း ကျမ်း၊
- ထွက်သက်ဝင်သက်ကျမ်း၊
- သိသူဖော်စား မသိသူကျော်သွား၊
- နိုင်ငံရေးကျမ်း။
ဝတ္ထုများ
- နေရီရီ၊
- ပွဲစားကြီးသားအဖနှင့်မြမြ၊
- ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်၊
- သဲမြညှာ၊
- တစ်ကိုယ်တော်၊
- နေညိုညို၊
- ပင်လယ်ကူးဓာတ်ပုံ၊
- သူရဲကောင်းသုံးယောက်(ဘာသာပြန်)
ပီမိုးနင်း နီတိများ
အချစ်ရေး
(၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။
(၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ။
အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ အ၀တ်နှင့် မြူ ရပေမည်။
(၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ မုန်းလျှင်ပစ်၏ တကယ်ရှိသောအရာမဟုတ်။
ခေတ္တမျှ ကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏
(၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။
(၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။
(၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
(၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း ကြောင့်ဖြစ်လေသည်။
(၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း၊ စိတ်ကောင်းခြင်း၌သာ တည်သည်။
(၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။
(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။
(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။
စိတ္တဗေဒ
(၁) မိမိက်ုယ်ကို သူတစ်ပါးမျက်စိနှင့် ကြည့်ရမည်။
(၂) အောင်မြင်လိုသူသည် ကံ ဟူသော စကားကိုဖျောက်ပြီး အလုပ် ဟူသော စကားကိုသုံးရမည်။
အောင်မြင်ခြင်း၏ ပထမနည်းသည် အောင်မြင်သောစိတ် အောင်မြင်မည်ဟူသောစိတ် ဖြစ်၏။
(၃) စွန့်မှစားရ၏ စားလိုလျှင်စွန့်။
(၄) ပညာအပေါင်း၌ စိတ်ပညာသည် အမြတ်ဆုံးဖြစ်၏။
မိမိစိတ်ကို မိမိသိမြင်ခြင်းသည် အဖိုးတန်ဆုံးဖြစ်ပေသည်။
(၅) ကိုယ့်ကိုယ်တိုင် အပြစ်အနာအဆာကင်းအောင် နေဖို့ လွန်စွာ အရေးကြီး၏
(၆) ကာယဗလ စွမ်းသူတို့သည် စိတ်အားလည်း စွမ်းကြလေသည်။
(၇) ပန်းပဲသမားသည် သံကိုမီးပူပူရှိစဉ်မှ ထု၍ရတတ်၏။
သံအေးမှ ထုချေက လိုရာကိုထု၍မရသည့်အပြင် အကျိုးကိုပျက်စီးတတ်စေ၏
(ဂ) အတတ်ပညာတစ်ခုခု၌ အပင်ပန်းမခံဘဲနှင့် ကျော်ကြားခြင်းအထွတ်သို့ မရောက်နိုင်ပေ။
လူမှုရေး
( ၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူတွေ များစွာရှိကြလေသည်။
( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။
( ၃) မှန်ကန်ခြင်း၌ အဖော်မလို။
( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည်
မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။
( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နို၏။
အမိန့်ကို သုန်မှုန်စွာ နားထောင်သူ သည် ကျေးကျွန်နှင့်တူ၏၊။
ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။
( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရအောင် သတိထားရမည်။
( ၇) အရာရာ၌ မလွန်ကျူးခြင်း၊ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရလေအောင် သတိထားရမည်။
( ၈) တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်။
အဘယ်အရာကိုလုပ်ပါဟု ပြောမည့်အစား လုပ်လျှင် အဘယ်အကျိုးမျိုးဖြစ်မည်ကို ပြောရမည်။
( ၉) သိလိုသောစိတ်သည် ဂရုစိုက်သောစိတ်ဖြစ်၏။
ဂရုစိုက်ခြင်းသည် အရေးယူခြင်း လေးစားခြင်းပင် ဖြစ်လေသည်။
(၁၀) အချိန်ရှိသရွေ့ အမှားပြင်နိုင်၏။
ကျန်းမာရေး
( ၁) အသက်ရှည်လိုက ဝေဒနာရောဂါအကြောင်းကို မတွေးရ။
( ၂) သောကပူပင်ခြင်းဆိုသည်မှာ အပိုသက်သက်ဖြစ်လျက် အသက်ကိုအန္တရာယ်ဖြစ်စေ၏။
( ၃) အသက်ကိုသာ ဥာဏ်စောင့်သည်မဟုတ် ကျန်းမာခြင်းကိုလည်း ဥာဏ်စောင့်၏။
( ၄) အစားကြူးခြင်းသည်လည်း အသက်တိုခြင်း၏ အကြောင်းတစ်ခု ဖြစ်လေသည်။
( ၅) ကာယဗလကောင်း၍ လျင်မြန်ထက်မြက်သူတို့မှာ ဘယ်အရာမဆို ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်ကြလေသည်။
( ၆) ရိုးရိုးသားသားအသက်ကို မှန်မှန်မွေးလျှက် အဘယ်အရာမှာမှ မလွန်ခြင်းသည် ကျန်းမာခြင်းအတွက် နည်းကောင်းဖြစ်လေသည်။
( ၇) အပျော်ကြောင့် ဥာဥ့်နက်ခြင်းသည် စရိတ်ရော အသက်ပါ ဆုံးစေသည့်နည်းဖြစ်လေသည်။
( ၈) စိတ်မှာ သန့်ရှင်းခြင်းသည် ကိုယ်၏ သန့်ရှင်းခြင်းကို ဖြစ်စေလျှက် စင်ကြယ်ခြင်းမှာ ကျန်းမာခြင်းကိုဖြစ်ရလေသည်။
ကြီးပွားတိုးတက်ချမ်းသာရေး
( ၁) ကြီးပွားတိုးတက်ရန်အားသည် ၀ီရိယ နှင့် ချွေတာခြင်း ပင်ဖြစ်သည်။
( ၂) လက်သမားကောင်း၏ အရင်းအနှီးမှာ စူးဆောက်ကောင်းများ ဖြစ်ဘိသကဲ့သို့
စာအုပ်များမှာ တိုးတက်ကြီးပွားလိုသူတို့၏ အရင်းအနှီးလက်နက်ကောင်းများ ဖြစ်ပေသည်။
( ၃) ၀ီရိယကို ထုတ်၍ လုပ်ရသမျှလေးစု မကြာမီအထုပ်ဖြစ်မည်။
အထုပ်မဖြစ်မီ ထုတ်၍မပစ်ရ။
( ၄) ခြေဖ၀ါးအောက်ဋ္ဌ် မြေကြီးကိုချွေးရေကလေးအနည်းငယ် လောင်းလိုက်လျှင် ပဒေသာပင်ထွက်ပေါ်လာနိုင်သည်။
( ၅) ကမ္ဘာပေါ်တွင် စွဲမြဲခြင်းလောက် တန်ခိုးကြီးသော အရာမရှိ။
( ၆) တက်မ၏အမိန့်ကို နားမထောင်သူသည် ကျောက်ဆောင်၏အမိန့်ကို နားထောင်ရာ၏။
( ၇) အပြောသန်လျှင် အလုပ်ညံ့သည်ဟူသောစကားသည် နိုင်ငံရေးသမားများအတွက် သုံးသောစကားဖြစ်၏။
( ၈) ကြီးပွားတိုးတက်လိုလျှင် ပညာဥာဏ်လွန်စွာကြီးဖို့မလို၊ စေ့စပ်သေချာတတ်ဖို့သာ လိုပေသည်။
( ၉) ပေါ့ပေါ့စား၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့လုပ်နေသမျှ မတိုးတက်နိုင်။
(၁၀) လူမှန်လျှင် အစွမ်းရှိ၏။
(၁၁) သူဌေးမြန်မြန်ဖြစ်လိုလျှင် မြန်မြန်ဆင်းရဲတတ်၏။
(၁၂) ငါသည် ငါ၏အဖော်ဖြစ်၏၊
ငါ၏လမ်းစဖြစ်၏။
ငါ၏ခိုကိုးရာဖြစ်၏။
ငါ၏အဖော်ကောင်းဖြစ်၏။
ငါ့ထက် ဘယ်သူမှ ငါ့ကိုမကယ်နိုင်။
(၁၃) အခက်အခဲသည် စိတ်သဘောကြီးမား ရင့်သန်ခြင်းအတွက် အကောင်းဆုံးသော သင်ခန်းစာများဖြစ်၏။
(၁၄) အပြစ်ကင်းသောစိတ်သည် စွပ်စွဲခြင်းကိုမကြောက်။
(၁၅) အားလုံးကြီးပွားနည်းမှာ အမျိုးသားအလုပ်ဟူသမျှ အသင်းဖွဲ့၍ထားအပ်ခြင်းဖြစ်သည်။

စာပေနှင့်ပညာရေး
( ၁) လူလုပ်ခြင်း၌ သတင်းစာဖတ်ခြင်းသည် ပထမလိုအပ်သောအရေးဖြစ်သည်။
( ၂) စာများကို ဖတ်ခြင်းသည် စာအတွက်မဟုတ်။
လောကကြီးအကြောင်းနှင့် ပတ်သက်၍ အမှန်ကိုသိလိုသောစိတ်နှင့် ဖတ်ခြင်းမျှဖြစ်၏။
( ၃) သတင်းစာစောင်ရေးများလာလေလေ ၊တိုင်းပြည်တွင် မသိမလိမာသူ နည်းပါးလေလေ။
( ၄) ပညာဆိုသည်မှာ ကျောင်းစာကို ဆိုလိုသည်မဟုတ်ပေ။
အသက်မွေးမှုအတတ်တစ်ခုခုကို အများထက်ပို၍ အားလုံးထက် ထူးချွန်အောင် တတ်ချေက တန်ခိုးပင်ဖြစ်လေသည်။
( ၅) အိပ်ရာနားတွင် စာအုပ်ကိုထား၊ အိပ်ကအလုပ်ရပ်၍ အချိန်အတိုအစ၊ အိပ်ရာထ၊ အိပ်ရာဝင်၊ လည်ပတ်သွားလာရာမှာ
၎င်းအချိန်များတွင် စာအုပ်တစ်အုပ်အမြဲပါလျှင် လိုရာပညာကို တစ်နှစ်ကိုးလနှင့် ရနိုင်၏။
( ၆) လွန်ပြီးသောအချိန်သည် နောက်ဆုံးထွက်သောစာပို့ရထားကြီးနှင့်တူ၏။
( ၇) နောအား ၀က်စတားသည် မိမိ၏ကျော်စောသော ၀က်စတား အဘိဓာန်ကြီးကို (၄၆)နှစ်ကြာပြုစု၏။
( ၈) ကျော်စောသော လောကဓါတ်ဆရာကြီး သောမာ့စ်အေအက်ဒီဆင် သည် အမြဲအားဖြင့် အသုံးဝင်သော အတတ်ပညာအသစ်တို့ကို ရှာကြံ့ရာတွင်
အဘယ်အခါမျှ ပေါ့ပေါ့ဆဆ သဘောမထားဘဲ အမှန်အကျိုးရှိသော အရာတစ်ခုခုကို စဉ်းစားသည့်အခါ မပြီးမချင်း ထပ်ခါထပ်ခါ လုပ်ကိုင်ကြံစည်လေ့ရှိ၏။
( ၉) ဂျော့ဘန်ကရော့သည် အမေရိကန်ရာဇ၀င်ကို ၁၅ကြိမ် ထပ်မံရရေး၏။
ခရစ်တော် နောက်ဆုံးညစာစားရုပ်ပုံကားကို ၇ နှစ်ပတ်လုံးနေ့စဉ်ရေး၏။
(၁၀) လောကဓါတ်ဆရာကြီး နယူတန်သည် လေးတွဲခြင်း သဘောကို အနှစ် ၂၀ ကြာ ကြံစည်တွေးတောခြင်းပြုရ ရေးသား၏။
(၁၁) မိမိနှင့် အနီးစပ်ဆုံးသော ပညာတစ်ခုခုတွင် စိတ်ကို အကုန်သွင်းလေ။
(၁၂) အမျိုးမျိုးတတ်ချင်သော သူသည် မည်သည့်အရာမှာမျှ တော်လိမ့်မည်မဟုတ်ချေ။
(၁၃) ကမ္ဘာပေါ်တွင် တစ်ခုကောင်းသမားများသာ ကျော်စောနိုင်သည်။
(၁၄) တစ်နေ့လျှင် ၈ နာရီ ပြည့်အောင် အိပ်ပျော်လျှင် တစ်နေ့လုံး မရပ်မနားဘဲကြံလေ၊ ရေးလေ၊ သင်လေ၊ အံလေ၊ ဦးနှောက်မပျက်နိုင်၊
အပျော်အပါးတွင် ကျူးလွန်ခြင်းသာလျှင် ဥာဏ်အား စိတ်အား ကိုယ်အား ဆုတ်ယုတ်စေ၏။
( ၁) လူလုပ်ခြင်း၌ သတင်းစာဖတ်ခြင်းသည် ပထမလိုအပ်သောအရေးဖြစ်သည်။
( ၂) စာများကို ဖတ်ခြင်းသည် စာအတွက်မဟုတ်။
လောကကြီးအကြောင်းနှင့် ပတ်သက်၍ အမှန်ကိုသိလိုသောစိတ်နှင့် ဖတ်ခြင်းမျှဖြစ်၏။
( ၃) သတင်းစာစောင်ရေးများလာလေလေ ၊တိုင်းပြည်တွင် မသိမလိမာသူ နည်းပါးလေလေ။
( ၄) ပညာဆိုသည်မှာ ကျောင်းစာကို ဆိုလိုသည်မဟုတ်ပေ။
အသက်မွေးမှုအတတ်တစ်ခုခုကို အများထက်ပို၍ အားလုံးထက် ထူးချွန်အောင် တတ်ချေက တန်ခိုးပင်ဖြစ်လေသည်။
( ၅) အိပ်ရာနားတွင် စာအုပ်ကိုထား၊ အိပ်ကအလုပ်ရပ်၍ အချိန်အတိုအစ၊ အိပ်ရာထ၊ အိပ်ရာဝင်၊ လည်ပတ်သွားလာရာမှာ
၎င်းအချိန်များတွင် စာအုပ်တစ်အုပ်အမြဲပါလျှင် လိုရာပညာကို တစ်နှစ်ကိုးလနှင့် ရနိုင်၏။
( ၆) လွန်ပြီးသောအချိန်သည် နောက်ဆုံးထွက်သောစာပို့ရထားကြီးနှင့်တူ၏။
( ၇) နောအား ၀က်စတားသည် မိမိ၏ကျော်စောသော ၀က်စတား အဘိဓာန်ကြီးကို (၄၆)နှစ်ကြာပြုစု၏။
( ၈) ကျော်စောသော လောကဓါတ်ဆရာကြီး သောမာ့စ်အေအက်ဒီဆင် သည် အမြဲအားဖြင့် အသုံးဝင်သော အတတ်ပညာအသစ်တို့ကို ရှာကြံ့ရာတွင်
အဘယ်အခါမျှ ပေါ့ပေါ့ဆဆ သဘောမထားဘဲ အမှန်အကျိုးရှိသော အရာတစ်ခုခုကို စဉ်းစားသည့်အခါ မပြီးမချင်း ထပ်ခါထပ်ခါ လုပ်ကိုင်ကြံစည်လေ့ရှိ၏။
( ၉) ဂျော့ဘန်ကရော့သည် အမေရိကန်ရာဇ၀င်ကို ၁၅ကြိမ် ထပ်မံရရေး၏။
ခရစ်တော် နောက်ဆုံးညစာစားရုပ်ပုံကားကို ၇ နှစ်ပတ်လုံးနေ့စဉ်ရေး၏။
(၁၀) လောကဓါတ်ဆရာကြီး နယူတန်သည် လေးတွဲခြင်း သဘောကို အနှစ် ၂၀ ကြာ ကြံစည်တွေးတောခြင်းပြုရ ရေးသား၏။
(၁၁) မိမိနှင့် အနီးစပ်ဆုံးသော ပညာတစ်ခုခုတွင် စိတ်ကို အကုန်သွင်းလေ။
(၁၂) အမျိုးမျိုးတတ်ချင်သော သူသည် မည်သည့်အရာမှာမျှ တော်လိမ့်မည်မဟုတ်ချေ။
(၁၃) ကမ္ဘာပေါ်တွင် တစ်ခုကောင်းသမားများသာ ကျော်စောနိုင်သည်။
(၁၄) တစ်နေ့လျှင် ၈ နာရီ ပြည့်အောင် အိပ်ပျော်လျှင် တစ်နေ့လုံး မရပ်မနားဘဲကြံလေ၊ ရေးလေ၊ သင်လေ၊ အံလေ၊ ဦးနှောက်မပျက်နိုင်၊
အပျော်အပါးတွင် ကျူးလွန်ခြင်းသာလျှင် ဥာဏ်အား စိတ်အား ကိုယ်အား ဆုတ်ယုတ်စေ၏။
အချစ်ရေး
(၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။
(၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ။
အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ အ၀တ်နှင့် မြူ ရပေမည်။
(၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ မုန်းလျှင်ပစ်၏ တကယ်ရှိသောအရာမဟုတ်။
ခေတ္တမျှ ကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏
(၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။
(၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။
(၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
(၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း ကြောင့်ဖြစ်လေသည်။
(၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း၊ စိတ်ကောင်းခြင်း၌သာ တည်သည်။
(၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။
(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။
(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။
Source...http://zartiman.blogspot.no/2011/12/blog-post_3063.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။