Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 20, 2012

လူမှန်နေရာမှန်



သရ၀ဏ်(ပြည်)

၂၀၀၆ ခုနှစ်နှစ်လည်ခန.်ကဖြစ်သည်။ ဥရောပတိုက်သား ကမ္ဘာလှည်.ခရီးသည်တစ်ဦးကို ကျွန်တော် မြန်မာပြည်အနှံ. ဧည်.လမ်းညွှန်အဖြစ်လိုက်ပါဝန်ဆောင်မှုပေးရသည် ။ ဧည်.သည်၏အမည်မှာ မစ္စတာ ဂွမ်တာ(Gunter) ဖြစ်သည် ။ မစ္စတာဂွမ်တာသည် သည် ကျွန်တော်.မိတ်ဆွေ မြန်မာမလေးမသင်္ဂီ နှင်.အိမ်ထောင်ကျပြီး နိုင်ငံခြားမှာနေသည် ( ဘယ်န
ိုင်ငံလဲဆိုတာတော. မပြောလိုတော.ပါ ) ။
ထိုသို.သွားလာလည်ပါတ်ကြရင်း တစ်နေ.တွင် နိုင်ငံခြားသားကြီးက ထူးဆန်းသောစကားတစ်ခွန်းကို ဤသို.ပြောလာ၏ ။
“ ညီညီ မင်းသိလား ၊ ငါတို.နိုင်ငံမှာ ရှိတဲ.မြန်မာသံအမတ်ကြီးက အင်္ဂလိပ်စကားပြောရင် အမြဲတမ်းသုံးကြောင်းပဲပြောတယ် ၊ ပြီးရင် ဘာမှ ဆက်မပြောတော.ဘူး “
“ ဘာဖြစ်လို. သုံးကြောင်းပဲပြောတာလဲ “ ဟု ကျွန်တော်ကမေးလျှင်
“ သူက အင်္ဂလိပ်လို မပြောတတ်ဘူး ဒါ.ကြောင်. အလွတ်ကျက်ပြီးပြောတာ ၊သူကျက်လာတာ ပဲပြောတတ်တယ်၊ဥပမာ ကျွန်တော်ဟာ မြန်မာနိုင်ငံကသံအမတ်ကြီးပါ ၊ မြန်မာနိုင်ငံဟာ အရမ်းကို သာယာပါတယ် ၊ မြန်မာနိုင်ငံကိုလာလည်ဖို.ဖိတ်ခေါ်ပါတယ် ။ အဲဒါပြောပြီးရင် ဘာမေးမေးဆက်မပြောတော.ဘူး “ ဟုဖြေပါသည် ။ ကျွန်တော်သည် ကြားရသည်.သတင်းကိုမယုံသ ဖြင်. နိုင်ငံခြားသား၏ဇနီး ကိုမေးကြည်.ရာ သံရုံးအသိုင်းအ၀ိုင်းနှင်.နီးစပ်သော မသိင်္ဂီ က
“ ဟုတ်တယ် ကိုညီ ၊ ကျွန်မလဲ ပြောဖူးတယ် အင်္ဂလိပ် စကားမပြောတတ်တာ ရှက်စရာမလိုဘူး ၊ ဒီလိုကြီးအလွတ်ကျက်ပြီးပြောနေတာမှ ရှက်ဖို.ကောင်းတာ ၊ အကောင်းဆုံးကတော. အနားမှာ စကားပြန်တစ်ယောက်ထားပြီး ပြောတာ အကောင်းဆုံးပဲလို. ကျွန်မအကြံပေးဖူးတယ် ၊ ဒါပေမယ်. သံအမတ်ကြီးကလက်မခံဘူး ။ သူအင်္ဂလိပ်လိုမပြောတတ်လို.စကားပြန်ကနေတဆင်.ပြောနေရပါတယ်ဆိုတာ နေပြည်တော်က လူကြီးတွေ သိကုန်မှာ ကို အရမ်းစိုးရိမ်နေတဲ.သဘောရှိတယ် ။ အဲဒါကြောင်. သံတမန်ဧည်.ခံပွဲတွေတက်ရင် ပြောရမယ်. စကားသုံးကြောင်းလောက်ကို အလွတ်ကျက်တယ် ။ ဘယ်သူ.ကိုတွေ.တွေ. အဲဒိစကားပဲ ပြောတယ် ။ ကျက်ထားတာကုန်ရင် ဘာမေးမေးဆက်မပြောတော.ဘူး ။ အဲဒါအမှန်ပဲ၊ သုံးကြောင်းကျက် သံအမတ်ကြီးလို.တောင်တစ်ချို.ကခေါ်ကြတယ် “
အံသြကုန်နိုင်ရာသော် ဟုသာ ကျွန်တော်ရေရွတ်နိုင်ပါတော.သည် ။
ထိုသံအမတ်ကြီးယခုရှိသေးသလား၊မရှိတော.ဘူးလားမသိပါ။သံအမ
တ်တိုင်းထိုသို. ဖြစ်မည်မဟုတ်သော်လည်း စစ်အစိုးရလက်ထက်က သံတမန်ရာထူးခန်.ထားမှုများသည် ရာထူးနှင်.ထိုက်တန်သောပညာအရည်အချင်းအလိုက်ခန်.အပ်နိုင်မှုနည်းပါးခဲ.ပါသည် ။လူတစ်ယောက်ကို ချီးမြှောက်ချင်သောအခါ (သို.မဟုတ်)ပြည်တွင်းမှာ မထားချင်တော.သောအခါ သံအမတ်ခန်.အပ်၍ ပြည်ပသို.စေလွှတ်လေ.ရှိရာ သံအမတ်ရာထူးမှာ နယ်နှင်ဒဏ်ခံရသည်.အလားဖြစ်ပါသည် ။ မြန်မာပြည်တွင် ကျွမ်းကျင်သော ပညာရှင်တွေမရှိ၍လား ဆိုတော. ဒုနဲ.ဒေးအပုံအပင်ရှိပါသည် ။
ဤနေရာတွင်ကိုယ်တွေ.ကြုံခဲ.ရသည်များကိုလဲပြောပြချင်ပါသည်။ ၁၉၈၇ တွင် ကျွန်တော် ဆယ်တန်းအောင်ပါသည် ။ ၀ိဇ္ဖာ (မြန်မာစာ ) ဘာသာတွဲတွင် ပဲခူးတိုင်းတွင် အမှတ်အများဆုံးဖြင်. ပထမရ၍ ရန်ကုန်တက္ကသိုလ် တွင် နိုင်ငံတကာဆက်ဆံရေးပညာ ( International Relations ) ဘာသာရပ်အဓိကဖြင်. ၁၉၈၇ ဒီဇင်ဘာလတွင် စတင်ပညာဆည်းပူးခွင်.ရပါသည် ။ ထိုစဉ်က ၀ိဇ္ဖာ ဘာသာရပ်များတွင် နိုင်ငံတကာဆက်ဆံရေးပညာ ( IR ) ဘာသာရပ်သည် အမှတ်အမြင်.ဆုံးဖြစ်ပါသည် ။ စီးပွားရေးတက္ကသိုလ်ထက်ရော ၊ အင်္ဂလိပ်စာ မေဂျာ ထက်ရော အမှတ်မြင်.ပါသည် ။ နယ်မှလာတက်သော ကျောင်းသားအများစုကို အစိုးရကျောင်းဆောင်များတွင်ကျောင်းအိပ်ကျောင်းစားနေထိုင်ခွင်.ပြုသဖြင်. ရန်ကုန်တက္ကသိုလ် (ပင်မ ) ၀င်းအတွင်းရှိ ပင်းယဆောင်တွင် ကျောင်းဆောင်နေထိုင်ခွင်.ရခဲ.ပါသည် ။ ကျောင်းတက်တော. RC (2) ခေါ်ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) တွင် နှစ်နှစ် ၊ ရန်ကုန်တက္ကသိုလ် (ပင်မ)တွင် နှစ်နှစ်တက်ရပါသည် ။ ကျွန်တော်တို.သည် နိုင်ငံတကာဆက်ဆံရေးပညာကျောင်းသားများတွင် စတုတ္ထ အသုတ် ( 4th Batch ) ဖြစ်ပါသည် ။
ထိုစဉ်က ( IR)ကျောင်းသားကျောင်းသူတော်တော်များများတွင် ဘ၀ရည်မှန်းချက်များ မြင်.မြင်.မားမား ထားရှိခဲ.ကြပါသည် ။ ကျောင်းပြီးသွားသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်ဝင်ကာ သံအရာရှိ အငယ်တန်းလေးတွေ ဘ၀မှ တစ်စတစ်စ မြန်မာနိုင်ငံကိုကိုယ်စားပြုသော သံအရာရှိကြီးများဖြစ်အောင်ကြိုးစား ကြမည်ဟူသော လူငယ်များ၏ ရိုးရိုးသားသား ဘ၀မျှော်လင်.ချက်များ ဖြစ်ပါသည် ။ ထိုသို.ကြီးမားသောမျှော်လင်.ချက်အလင်းရောင်များဖြစ်ထွန်းအောင်နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ခဲ.တာဖြစ်သည် ။ ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ရပ်နားထားသော နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို ထိုစဉ်ကလမ်းစဉ်ပါတီ ဥက္ကဌကြီး ကတော် ၊ ဆရာမကြီး ဒေါ်နီနီမြင်.က ၁၉၈၅ တွင် ပြန်လည်ဖွင်.လှစ်ကာ အနာဂါတ်မြန်မာနိုင်ငံ၏ သံတမန်ရေး လူ.စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကိုဖြည်.ဆီးရန် ရည်ရွယ်ချက်ဖြင်. တည်ထောင်သင်ကြားပေးခဲ.ခြင်းဖြစ်သည် ။
ကျွန်တော်တို.သည် ၁၉၈၇ ဒီဇင်ဘာလ၏ နှင်းမှုန်များနှင်.အတူ အဓိပတိလမ်းပေါ်သို. စတင်ခြေချခွင်.ရပြီး နောက် သုံးလကြာသောအခါ စက်မှုတက္ကသိုလ်ကျောင်းသားများနှင်. ကြို.ကုန်းရှိ အရပ်သားလူငယ်များစကားများရန်ဖြစ်သည်ကို သက်ဆိုင်ရာမှ အင်အားသုံးဖြိုခွင်းသည်မှ အစပြု၍ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်ကျဆုံးကာ ၁၉၈၈ အရေးအခင်းကြီး နှင်.ကြုံရပါတော.သည် ။ ထိုရှစ်လေးလုံး အရေးတော်ပုံကြောင်. မြန်မာ.ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အာဏာမှပြုတ်ကျသွားပြီး ပါတီဥက္ကဌ ဖြစ်သူ ဦးနေ၀င်းလည်း တရားဝင် ရာထူးတွင်မရှိတော.ပါ ။ ဦးနေ၀င်းရာထူးတွင်မရှိတော.သောအခါ မြန်မာနိုင်ငံ၏ထုံးစံအတိုင်း ဦးနေ၀င်း၏ ဇနီးဖြစ်သူ ဒေါ်နီနီမြင်.၏ လုပ်ပိုင်ခွင်.နှင်.သြဇာအာဏာများလည်း(တက္ကသိုလ် ပရ၀ုဏ်တွင် ) ကျဆင်းခဲ.ပါသည် ။ထိုအချိန်မှစ၍ ဒေါ်နီနီမြင်.နှင်. နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပေါမောက္ခ ဆရာကြီး၊ဆရာမကြီးများရည်မှန်းထားရှိသော သံတမန်လောကအတွက် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ရေး စီမံကိန်းသည် ချောင်ထိုးခံခဲ.ရပါသည် ။
ထိုစဉ်က နိုင်ငံတကာဆက်ဆံရေးပညာဌာနကို ရန်ကုန်နှင်.မန္တလေးတက္ကသိုလ်များတွင် နှစ်စဉ် လူဦးရေ တက္ကသိုလ်တစ်ခုလျှင် တစ်ရာခန်.ခေါ်ပါသည် ။ ထိုလူတစ်ရာထဲတွင် ကျောင်းသား(၅၀) ကျောင်းသူ (၅၀) မျှတစွာခေါ်ပါသည် ။ ကျွန်တော်သည် IR အပါတ်စဉ် (၄) အဖြစ်စတင်တက်ရောက်ခဲ.ရာ စာများမှာ အလွန်ခက်ခြင်း၊ အရေးအခင်းကြောင်. တက္ကသိုလ်များ နှစ်ရှည်ပိတ်လိုက်ခြင်း ၊ စာမေးပွဲကျရှုံး၍ ကျောင်းမှထွက်သွားခြင်း၊ အချို.မှာ ကွယ်လွန်သွားကြခြင်း စသည်ဖြင်. နှုတ်လိုက်သောအခါ ၁၉၈၈ ၌မူလကလူ(၁၀၀) ရှိသော စာသင်သားများမှာ ၁၉၉၄ တွင်လူ(၆၀)ကျော် ခန်.သာ ဘွဲ.ရကြပါသည် ။
ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသင်ကြားကြရပြီး ကျွန်တော်တို.သင်ကြားခဲ.ရသောဘာသာရပ်များမှာ
- နိုင်ငံရေးသိပ္ဖံ ( ၈၈ အရေးအခင်းဖြစ်ပြီးသောအခါ ထိုဘာသာရပ်ကို ဖြုတ်ပစ်လိုက်ပါသည် )
- အင်္ဂလိပ်စာ
- နိုင်ငံတကာဆက်ဆံရေးပညာ ( International Relations )
- နိုင်ငံတကာအုပ် ချုပ်ရေးပညာ ( International Administrations )နောက်ပိုင်းဤဘာသာရပ်ကိုလည်းဖြုတ်လိုက်ပါသည်
-
- သံတမန်ကျင်.ထုံး ( Diplomacy )
- နိုင်ငံတကာဥပဒေ ( International Law )
- ပထ၀ီနိုင်ငံရေး ( Geopolitics )
- သမိုင်း( History )
- ဘောဂဗေဒ ( Economics ) တို.ဖြစ်ကြပြီး ရိုးရိုးဘွဲ.အတွက် လေးနှစ် ( ကျောင်းပိတ်ထားသောကာလများမပါ ) သင်ယူရပါသည် ။ဂုဏ်ထူးတန်းအတွက် ငါးနှစ် ၊ မဟာဘွဲ.အတွက် Thesis အပါအ၀င် ခြောက်နှစ် အပြင်းအထန် ကြိုးစားလေ.လာရပါသည်။
-

ကျောင်းပြီးသောအခါ ကျွန်တော်တို.သူငယ်ချင်း ၆၀ ကျော်တွင် နှစ်ယောက်သာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်ရပါသည် ။ ထိုနှစ်ယောက်လုံး၏ မိဘများသည် ထိုအချိန်က အစိုးရဌာနများတွင်ဧရာမရာထူးလက်ရှိများဖြစ်ကြပါသည် ။သူတို.တွေကတော.ကျောင်းမပြီးခင်ကပင် ကြိုကြိုတင်တင်အလုပ်ရကြပါသည်။ ကျန်လူများကတော.အလုပ်မရကြပါ။ကျွန်တော်တို.ထက်စော၍ ကျောင်းပြီးသော ရန်ကုန်နှင်.မန္တလေးမှ B.A (IR ) ဘွဲ.ရများသည်လည်း ဘွဲ.လက်မှတ်ကြီးများကိုကိုင်ကာ ဘာလုပ်ရမည်မသိပဲ ယောင်ချာချာဖြစ်နေကြပါသည် ။ ကျွန်တော်တို.လေ.လာသင်ကြားခဲ.သော ပညာများကိုလက်တွေ.အသုံးချရမည်. အလုပ်အကိုင်နယ်ပယ်သည် မရှိသလောက်ကျဉ်းမြောင်းလှပါသည် ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ခေါ်သောအခါ နိုင်ငံတကာဆက်ဆံရေးဖြင်.ဘွဲ.ရရမည် ဟု မခေါ်ပဲ မည်သည်.ဘွဲ.ရမဆိုလျှောက်ထားနိုင်သည် ဟု ဆိုရာ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဓါတုဗေဒ၊ ရူပဗေဒ ၊ သင်္ချာ ၊ စိတ်ပညာ ၊ ကုန်ထုတ်ဓါတု ၊ စသည်ဖြင်. နိုင်ငံတကာဆက်ဆံရေးနှင်. မည်သို.မျှ မသက်ဆိုင်သော သူများ သာ တွင်ကျယ်စွာ အလုပ်ရကြလေ၏ ။ များသောအားဖြင်. နိုင်ငံခြားသံရုံးများတွင် အလုပ်ခန်.ရန် ရာထူးလစ်လပ်သောအခါ လူသိရှင်ကြားခေါ်ယူလေ. မရှိသလောက်နည်းပြီး လက်သိပ်ထိုးခေါ်ယူပြီး နီးစပ်ရာမှ ၀င်သွားသည်သာများသည် ။ တရားဝင်ခေါ်ယူသောအခါတွင်လည်း ကြိုတင်သတ်မှတ်ထားပြီးသူများရှိနေသကဲ.သို.ပလာစတာမရှိသော IR ဘွဲ.ရများမှာ နောက်တွင်ကျန်ရစ်ခဲ.သည်သာများပါသည် ။နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၀န်ထမ်းဘယ်နှစ်ယောက်ရှိပြီး ထိုဝန်ထမ်းများထဲတွင် သက်ဆိုင်ရာဘာသာရပ်ဖြင်.ဘွဲ.ရထားသူဘယ်နှစ်ယောက်ရှိသလဲဆိုတာ တရားဝင်စာရင်းပြုစုအချိုးချကြည်.လျှင်( လွှတ်တော်မှာမေးခွန်းမေးကြည်.ခဲ.လျင် ) စာရေးသူပြောတာဟုတ်မဟုတ် ပေါ်လွင်ထင်ရှားပေလိမ်.မည်။

ထိုအခါစိုးနိုင်ဆိုသော ခပ်ရွတ်ရွတ် သူငယ်ချင်ူး တစ်ယောက်က “ စိုးနိုင် B.A ( IR ) ကြံရည်ဆိုင် “ ဟုဆိုကာ ပုသိမ်မြို.တွင် ယနေ.တိုင် အအေးရောင်းချနေပါသည် ။သူငယ်ချင်းတစ်ယောက်ကလည်း သူ၏ဇာတိဖြစ်ရာ ၀က်ထီးကန်မြို.သို.ပြန်ကာ စပါးပွဲစားလုပ်နေပါသည်။ ဂုဏ်ထူးတန်းဝင်၍ စာသိပ်တော်သော သူငယ်ချင်းတစ်ယောက်ကလည်း ပဲနွယ်ကုန်းသို.ပြန်ကာ ၀ါးဓနိ ရောင်းစားနေပါသည် ။ ကျွန်တော်တို.လည်း နိုင်ငံတကာဆက်ဆံရေးဘွဲ.ရပြီးကာမှ ဈေးသည် ၊ မူလတန်းကျောင်းဆရာ ၊ စာရေးစာချီ ၊ မလုပ်ကိုင်လိုတော.သဖြင်. ကိုယ် တတ် ထားသောပညာနှင်.ဆိုင်ဆိုင်မဆိုင်ဆိုင် ရရာအလုပ်များဝင်လုပ်ရရာ အချို. (အများစု ) မှာ ဧည်.လမ်းညွှန်များဖြစ်လာကြပါသည်(ဥပမာ ကျွန်တော်ကိုညီညီ် ၊ ကိုရဲမြတ်ထွန်း (ဥက္ကဌ (မြန်မာနိုင်ငံဧည်.လမ်းညွှန်အသင်း/မန္တလေး ) ၊ ခင်မြတ်မော်(ဂျာမန်ဘာသာဧည်.လမ်းညွှန်)၊ စန္ဒာဝင်း (ပြင်သစ်ဘာသာဧည်.လမ်းညွှန်) စသည်ဖြင်. ။ အချို.မှာ ကျူရှင်ဆရာများ ၊ အချို.က ဂျာနယ်လစ် ၊ အချို.ကပုဂ္ဂလိကကျောင်းတည်ထောင်သူ (ဥပမာ ၊ ကိုရဲထွန်း Horizon International School) အချို.က အကျိုးဆောင်အေဂျင်စီ ၊ အချို.ကနိုင်ငံရေးသမား (ဥပမာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး)၊ စသည်ဖြင်. ( သံတမန်လောကမှအပ )နယ်ပယ်အသီးသီးသို.ရောက်သွားကြပါသည် ။ယခုဆောင်းပါးသည် ကျွန်တော်တို. အလုပ်လိုချင်၍ရေးသောဆောင်းပါးမဟုတ်ပါ ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ခေါ်ခဲ.ပါလျှင်လည်းယခုအခါလုပ်ကိုင်လိုစိတ်မရှိကြတော.ပါ။နောက်တက်မည်.လူငယ်များ၏ရှေ.တွင်သာတက်လမ်းကိုပိတ်၍မရပ်ကြပါနှင်.ဟုဆိုလိုရင်းဖြစ်သည် ။
အခြားဌာနများတွင်လည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ စက်ရုံတစ်ရုံ၏ စက်ရုံမှုးရာထူး ကို ခန်.အပ်ခံရသူမှာ မြန်မာစာဖြင်.ကျောင်းပြီးထားသောစက်ရုံအတွေ.အကြုံလုံးဝမရှိသူတစ်ဦးဖြစ်သည် ။ သူ၏ တော်ကွက်မှာ အလုပ်ခန်.ရာတွင်အဆုံးအဖြစ်အဖြတ်ပေးနိုင်သော ထိုဌာန၏ အမြင်.ဆုံး ပုဂ္ဂိုလ် နှင်. တူဝမ်းကွဲတော်သည် ဟူသတတ်။ ထို.အတူ အစိုးရပိုင်ဟိုတယ်တစ်ခု၏ အထွေထွေမန်နေဂျာသည် ဟိုတယ်တွင် တစ်ခါမှမတည်းခိုဖူးသူ ၊ Department ဘယ်နှစ်ခုရှိမှန်းမသိသူဖြစ်နေသည် ။ သူကမသိပဲအုပ်ချုပ်နေသဖြင်. F & B department ( အစားအသောက် ချက်ပြုတ် ၊ ဧည်.ခံကျွေးမွေးရေးဌာန)မှ ၀န်ထမ်းများက လုပ်ချင်သလိုလုပ်သည် ။ ဧည်.သည်စားရန် ကြက်သားဝယ်ရာတွင် ကြက်များကို လိုတာထက်ပိုဝယ်ပြီး ၊ အပြင်တွင်ပြန်ရောင်းစားသည် ။
တစ်ခါကလည်း(ယခင် န၀တ /နအဖ လက်ထက်) မြန်မာနိုင်ငံသို. ကမ္ဘာလှည်.ခရီးသည် များလာရောက်လည်ပါတ်ရာတွင် ပုဂ္ဂလိက ခရီးသွားကုပ္မဏီများနှင်.သာ နိုင်ငံခြားသားများ လာရောက်လည်ပါတ်သော်လည်း နိုင်ငံတော်ပိုင် မြန်မာ.ခရီးသွားလုပ်ငန်းဌာန ( Myanamr Travels and Tours )နှင်.ဆက်သွယ်၍ နိုင်ငံခြားသားများ မလာရောက်သည်.အကြောင်းနှင်.ပါတ်သက်၍ ၀န်ကြီးဌာန တာဝန်အရှိဆုံးပုဂ္ဂိုလ်က ၀န်ထမ်းများကို ပွင်.ပွင်.လင်းလင်းဝေဖန်အကြံပြုကြဖို.ဖိတ်ခေါ်သည် ။
“ ပုဂ္ဂလိက ကုမ္မဏီတွေက ကားတွေကောင်းတယ် ၊ Air-con လဲ ကောင်းတယ် ကျွန်တော်တို. ဌာနက ကားတွေက မကောင်းပါဘူး ၊ အဲကွန်းလဲမရတာများပါတယ် ဒါ.ကြောင်. တိုးရစ်တွေက ပိုကောင်းတဲ.ဆီသွားတာပါ “ ဟု အရာထမ်းတစ်ယောက်ကအကျိုးသင်.အကြောင်းသင်.တင်ပြသည် ။ လူကြီးသည် ခနနားထောင်နေပြီး တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင်.
“ မဟုတ်သေးဘူး ကွ ၊ ဒီကောင်တွေ (တိုးရစ်များကိုဆိုလိုသည် ) ကို ငါတွေ.ဘူးပါတယ် ။ လေးဘီးကားလဲစီးတာပဲ ၊ ဆိုက္ကားလဲစီးနေကြတာပဲ အဲကွန်းမပါလို.မစီးဘူးဆိုရင် ဒါတွေလဲဘယ်စီးမလဲ ။မင်းတို.ပြောတာမဟုတ်သေးပါဘူး “ ဟုဆိုကာ အောက်ခြေမှပေးသောအကြံဥာဏ်ကိုပါယ်ချခဲ.၏ ။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည် ဇိမ်ခံခရီးသည် ( Package Tour ) နှင်. ကျောပိုးအိပ်လွယ်ခရီးသည် ( Foreign Independent Traveller / FIT ) ကိုခွဲမသိသဖြင်. ဆိုက္ကားစီးသူနှင်. မာစီဒီးစီးသူကို အတူတူမှတ်ယူနေခြင်းမှာ လုပ်ငန်းသဘောကိုနားမလည်ခြင်းဖြစ်သည် ။ သို.သော် မည်သူမျှစောဒကမတက်ဝံ.ကြချေ။
စက်သုံးဆီဆိုင်များကိုပုဂ္ဂလိကသို.မပေးမီကလည်း မြန်မာတစ်နိုင်ငံလုံးတွင် ဓါတ်ဆီဆိုင်ပိုင်ရှင်များ ၊ဆိုင်ဝန်ထမ်းများ တန်ခိုးထွားခဲ.ဘူးသည် ။ အခွန်ထမ်းပြည်သူများ၏ငွေဖြင်. လည်ပါတ်နေသော နိုင်ငံတော်ပိုင်စက်သုံးဆီများကို သူတို.၏ဘိုးဘွားပိုင် ပစ္စည်းများသဖွယ် စိတ်ထင်တိုင်း အလွဲသုံးပြီးအကျိုးအမြတ်ရယူ ခဲ.ကြသည် ။ထိုစက်သုံးဆီဆိုင်များတွင်လည်း အလုပ်သမားမှ အစ ၊ ဆိုင်မန်နေဂျာအဆုံး အပြင်လူအ၀င်မခံပဲ ဆွေစဉ်မျိုးဆက် လက်ဝါးကြီးအုပ်မောင်ပိုင်စီးခဲ.ကြသည် ။ ဘွဲ.ရများအလုပ်လက်မဲ. ဖြစ်နေသောခေတ်ကြီးတွင် ပညာတတ်တတ်မတတ်တတ် သူတို.နှင်.အမျိုးတော်သူများကို ဆွဲခန်.ဖြင်.နေရာပေးခဲ.ကြသည် ။

ဌာနများစွာတွင် ဌာနမှူး ၊ ဦးစီးမှုး ၊ညွှန်မှူး ၊ မန်နေဂျာ ဆိုသူများသည် မိုးပေါ်မှ တဖွဲဖွဲကျလာလေ.ရှိသည် ။ အခွန်ရုံးမှအခွန်ဦးစီးမှူးဆိုသူတော်တော်များများသည်တပ်မတော်မှဆေးပင်စင်ဖြင်.အငြိမ်းစားယူထားသူများဖြစ်နေတတ်သည်။ဌာနတစ်ခုတွင်နှစ်ပေါင်းများစွာအနစ်နာခံကာလုပ်ကိုင်ဆောင်ရွက်လာသူများသည်လုပ်ငန်းကျွမ်းကျင်ပါလျက် ရာထူးတက် ချိန်တွင် ဘယ်ကရောက်လာမှန်းမသိသော မိုးကျရွှေကိုယ်များ ကနေရာဝင်ယူသွားပါက အလုပ်ခွင်တွင် ကြိုးစားလိုစိတ်မရှိတော.ပဲ နိုင်ငံ.ဖွံ.ဖြိုးရေး အတွက်ထိခိုက်နိုင်သောကြောင်. ရှောင်ကျဉ်ရမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန်ကလည်း၎င်း၏ နိုင်ငံတော်မိန်.ခွန်းထဲတွင်ထည်.သွင်းမှာကြားခဲ.ပြီးဖြစ်သည် ။
တစ်ခေတ်တစ်ချိန်က နားလည်တတ်ကျွမ်းသောသူများကို သူ.နေရာနှင်.သူ အရည်အချင်းအလိုက်မခန်.ထားခဲ.သောကြောင်. ပြည်သူများကြားတွင် PH 7 / PH 8/PH 9 ညွှန်ကြားချက် ၊ Weather မကောင်းကပြင်ရန် မှာကြားချက် ၊ ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကိုမှီနေသည် ဟုသော ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ စကားပုံရှင်းလင်းချက် ၊ စသည်တို.မှာ ကောလဟလလိုလို ၊ တကယ်အတည်လိုနှင်. ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ.ရသည် ။
တကယ်တမ်း၌ မြန်မာနိုင်ငံ၏ပြသနာမှာ လူ.စွမ်းအားအရင်းအမြစ် အလွန်.အကျွံရှားပါး၍ ဘယ်သူ.ကိုတာဝန်ပေးရမှန်းမသိဖြစ်နေသော ပြသနာမဟုတ် ၊ ကျွမ်းကျင်သူများရှိနေပါလျက်ဘေးဖယ်ထုတ်ကာ ငါနှင်.ငါသာ နှိုင်းစရာ ဆိုသော (အမျိုးကိုလွန်စွာချစ်သည်.)မျိုးချစ်ပုဂ္ဂိုလ်များ၏ လက်သင်.ရာစားတော်ခေါ်သော ပြသနာဖြစ်သည် ။
ယနေ.ခေတ်ဝယ် ရေပန်းအစားဆုံးသောမေးခွန်းဖြစ်သည်. မြန်မာနိုင်ငံဘယ်တော.လောက် တိုးတက်မလဲ ၊ ဘယ်တော.လောက် အရှေ.တောင်အာရှ၏ ကျားတစ်ကောင်ဖြစ်မလဲဟူသောမေးခွန်းကို အလွယ်ကူဆုံးဖြေရပါကသက်ဆိုင်ရာနယ်ပယ်အသီးသီးရှိနိုင်ငံ.ခေါင်းဆောင်များသည် တိုင်းပြည်မျက်နှာကိုသာကြည်.ကာ မြန်မာနိုင်ငံ၏ဌာနဆိုင်ရာတော်တော်များများဝယ်ကုတ်ကပ်နေရာယူထားသော အရည်အချင်းမပြည်.သူမိုးကျရွှေကိုယ်များကိုထုတ်ပယ်၍ ကျွမ်းကျင်ပညာရှင်များကို လူမှန်နေရာမှန် ခန်.ထားနိုင်သောတစ်နေ.သည် ဖွံ.ဖြိုးမှုလမ်းကြောင်းပေါ်သို. ပြန်ရောက်သော နေ.ဖြစ်သည်ဟု ရဲရဲကြီးပြောနိုင်ပါကြောင်း ။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။