ငွေမကုန်ဘဲ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ်ရှိေ အာင်ဆောင်ရွက်ခြင်
-------------------------- -------------------------- ------------------
ငွေမကုန်ဘဲ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ်ရှိေ အာင်ဆောင်ရွက်တယ် ဆိုတာကတော့ ဝန်းထမ်းတွေကိုချီးမွမ်းတဲ့အလုပ်ပါ။
ချီးမွမ်းတဲ့အလုပ်ဆိုတာ စီမံခန့်ခွဲသူတွေမဖြစ်မနေသုံးရမယ့် အရိုးအရှင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ချီးမွမ်းစကားဟာ သုံးတတ်ရင် ၀န်ထမ်းအများစုအတွက်
Motivation တက်လာစေသလို ငွေကုန်ကြေးကျများတဲ့ စီမံခန့်ခွဲမှုနည်းလမ်းလည်း
မဟုတ်ပါဘူး။ ၀န်ထမ်းတွေဟာ မျှော်လင့်ချက်အမျိုးမျိုးနဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါ တယ်။ တချို့တွေအတွက် လစာမြင့်မားမှုဟာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍက ရပ်တည်နေပေမဲ့ တချို့ဝန်ထမ်းတွေအတွက်တော့
အထက်လူကြီး၊ စီမံခန့်ခွဲသူတွေရဲ့ အသိအမှတ်ပြုခံရတာ၊ လူအများအကြား ချီးမွမ်းစကား အပြောခံရတာတွေဟာ ၀န်ထမ်းတွေရဲ့ Motivation ကိုဆွဲလှုပ်ပေး နိုင်ပါတယ်။ အကြောင်းကတော့ iphone 6s ကိုင်နေတာကိုရိုးအီနေပြီဖြစ်တဲ့ ၀န်ထမ်းတစ်ယောက်ကို iphone 4 လက်ဆောင်ပေးလိုက်တာဟာ အဲဒီဝန်ထမ်းMotivation တွေ တက်လာမယ်လို့မဆိုလိုနိုင်တဲ့ သဘောပါ။
ဒါပေမဲ့ သတိပြုရမှာတခုက လက်အောက် ငယ်သားဝန်ထမ်းတွေရဲ့ Needs တွေက ဘယ် Level မှာ ရှိနေကြလဲဆိုတာကို နားလည်နေဖို့လိုအပ်ပါတယ်။ Needs အကြောင်းပြောရင် အများသိပြီးဖြစ်တဲ့ Abraham Maslow ကြီးကိုစကားထဲ ဆွဲထည့်ရပါမယ်။ အကျဉ်းချုပ်ကတော့ စား၊၀တ်၊နေရေးလိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ စိတ်ချယုံကြည်ရမှုလိုအပ်ချက် ၊
လူမှုရေးလိုအပ်ချက်၊ အသိအမှတ်ပြုခံလိုကြတဲ့ လိုအပ်ချက်နဲ့ Potential
ရှိသလောက် အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။
စီမံခန့်ခွဲသူတွေဟာ လက်အောက်က၀န်ထမ်းတွေရဲ့ လိုအပ်ချက် Level
အနေအထားကိုနားလည်နေဖို့လိုအ ပ်ပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် နေ့စားအလုပ်သမားတွေအတွက် “တော်လိုက်တာ၊ဆက်ကြိုးစားပါ ” ဆိုတဲ့ စကားတစ်ခွန်းဟာ Motivation တက်လာစေနိုင်တယ်လို့အာမခံလို့မရပါဘူး။
ဒီလိုပါပဲ အသိအမှတ်ပြုခံလိုကြတဲ့၊ ချီးမွမ်းတာကိုခံလိုကြတဲ့ဝန်ထမ်းတွေကို လစာတွေတိုးပေးရုံနဲ့ Motivation တက်လာမှာပဲလို့ယူဆလို့မရပါဘူး။ ၀န်ထမ်းတွေဟာ လစာတစ်ခုအတွက်ပဲ အလုပ်လုပ်နေကြတာမဟုတ်ဘူးဆို တာ မေ့နေလို့မရတဲ့အချက်ပါပဲ။
ဝန်ထမ်းတွေကို Motivation တက်အောင် လုပ်တဲ့နေရာမှာလိုအပ်တဲ့ အသိအမှတ်ပြု ချီးမွမ်းတဲ့ နည်းလမ်းတချို့ကို ဖေါ်ပြလိုပါတယ်။ အဲဒါတွေကတော့
Find something to praise in every staff member. ၀န်ထမ်းတိုင်းမှာ ချီးမွမ်းစရာတစ်ခုတော့ရှိပါ တယ်။ ဘယ်နေရာမှာမှ မတော်တဲ့ဝန်ထမ်းဆိုတာ မရှိပါဘူး။ လုပ်ငန်းတာဝန်နဲ့ပတ်သက်တဲ့တ စ်နေရာရာမှာ
ထူးချွန်နေတတ် ပါတယ်။ ဒါကိုစီမံခန့်ခွဲသူတွေဟာ ရှာပြီး ချီးမွမ်းရပါမယ့်။
လုပ်ငန်း စွမ်းဆောင်ရည် အညံ့ဆုံးလို့ယူဆခံရတဲ့ ၀န်ထမ်းတွေကိုတောင်
ချီးမွမ်းခြင်းနဲ့ ပြောင်းလဲပေးလို့ရနိုင်ပါတယ်။ သူထူးချွန်တဲ့တစ်ခုကို ချီးမွမ်းပေးလိုက်ပါ။
Be specific with your praise. ချီးမွမ်းတဲ့နေရာမှာ ဘာကိုချီးမွမ်းလိုက်တယ် ဆိုတာကာယကံရှင်ဝန်ထမ်းနားလည်အောင်လုပ်ပါ။
“ကိုအောင်ရေ အရမ်းတော်တာပဲ” ဗျာလို့ပြောတာဟာ သိပ်အလုပ်မဖြစ်ပါဘူး။
“ကိုအောင်ရေ ဒီနေ့လုပ်တဲ့ ၀န်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ကိုအောင်အနေနဲ့
ဦးဆောင်ဆွေးနွေး ပေး သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တကယ့်ကိုအနှစ်သာရရှိပါတယ်။
တကယ်ကောင်းတဲ့ ဆွေးနွေးတင်ပြချက်တွေကို တက်ရောက်သူတွေအားလုံး
သဘောကျတယ်လို့ ကျွန်တော်သိရတယ်ဗျာ၊ ဆက်ကြိုးစားပါဗျာ” လို့ပြောတာဟာ
စောစောကပြောခဲ့တာထက်စာရင် ၀န်ထမ်းကို Motivation တက်သွားစေနိုင်ပါတယ်။
Be sincere. ရိုးရိုးသားသားနဲ့ချီးမွမ်း ပါ။ ဆိုလိုတာက မြှောက်ပင့်ချီးမွမ်းတာမျိုး မဟုတ်ဘဲ တကယ့်အစစ်အမှန်ချီးမွမ်းတာမျိုး ဖြစ်ဖို့လိုအပ်ပါတယ်။
Praise effort, not just achievement. ဘာလုပ်လိုက်လို့ချီးမွမ်းတ ယ်ဆိုတဲ့
လုပ်ရပ်ကိုပဲချီးမွမ်းပါ၊ ရလဒ်အောင်မြင်မှုကို မဟုတ်ပါဘူး။
ရလဒ်အောင်မြင်မှုဟာ ကြိုးစားအားထုတ်လိုက်ရတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်
နောက်နောင်လည်းဒီလို လုပ်ရပ်မျိုး၊ ကြိုးစားမှုမျိုးရှိလာအောင်
အားပေးချီးမွမ်းပါ။ အောင်မြင်မှုကိုသာ ချီးမွမ်းလိုက်ရင် တခါတလေမှာ
ဝန်ထမ်းတွေအနေနဲ့ ကြိုးစားအားထုတ်မှု ကြောင့်မဟုတ်ဘဲ
သူတို့တော်လို့တတ်လို့ဆိုတဲ့  အခြေအနေတွေ ဖြစ်သွား တတ်ပါတယ်။
Praise individually and in public. ဝေဖန်စရာရှိရင် ၂ ဦးချင်းမျက်နှာချင်းဆိုင် တွေ့ပြီးဝေဖန်ပါ၊ ချီးမွမ်းစရာရှိရင် အများအကြားမှာ ချီးမွမ်းပါလို့ ပြောလေ့ပြောထ ရှိပါတယ်။ အများအရှေ့မှာချီးမွမ်းရတယ် ဆိုတာဟာလည်း တချို့အခြေအနေတွေမှာ စီမံခန့်ခွဲသူအတွက် အခက်အခဲ ရှိနိုင်သလို ၀န်ထမ်းအချင်းချင်းအကြားမှာ လည်း အသင်းအဖွဲ့စိတ်ဓါတ်ပျက်သွား တာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ အခြေအနေအပေါ်မူတည်ပြီး ၂ ဦးတည်း ချီးမွမ်းဖို့လိုအပ်လား၊ လူအများအကြားချီးမွမ်းဖို့လိုအပ်လားဆိုတာကို စီမံခန့်ခွဲသူတွေအနေနဲ့ ချင့်ချိန်စဉ်းစားဖို့လိုအပ်ပါတယ်။
Show your appreciation in many ways. စီမံခန့်ခွဲသူတွေဟာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့  ပတ်သက်လာရင် အမြဲတမ်း လေ့လာအသိအမှတ်ပြုနေကြောင်းသိအောင်လုပ်ရ ပါမယ်။ တခါတလေမှာ အထက်လူကြီးစီမံခန့်ခွဲသူရဲ့ အပြုံးတခု၊ ခေါင်းတညိတ်ဟာ ၀န်ထမ်းတွေ အတွက်အားဆေးတစ်ခွက်လိုဖြစ်သွားတတ်ပါတယ်။ ဒါတွေကို နည်းလည်ပြီး အသုံးချတတ်ဖို့လိုအပ်ပါတယ်။
လေးစားစွာဖြင့်
ပိုင်စိုး (Management)
Ref; The Management Bible by Neil Flanagan & Jarvis Finger
Reshared by MESI
www.EntrepreneurSME.com
www.eSMEmm.com
--------------------------
ငွေမကုန်ဘဲ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ်ရှိေ
ချီးမွမ်းတဲ့အလုပ်ဆိုတာ စီမံခန့်ခွဲသူတွေမဖြစ်မနေသံ
အထက်လူကြီး၊ စီမံခန့်ခွဲသူတွေရဲ့ အသိအမှတ်ပြုခံရတာ၊ လူအများအကြား ချီးမွမ်းစကား အပြောခံရတာတွေဟာ ၀န်ထမ်းတွေရဲ့ Motivation ကိုဆွဲလှုပ်ပေး နိုင်ပါတယ်။ အကြောင်းကတော့ iphone 6s ကိုင်နေတာကိုရိုးအီနေပြီဖြစ
ဒါပေမဲ့ သတိပြုရမှာတခုက လက်အောက် ငယ်သားဝန်ထမ်းတွေရဲ့ Needs တွေက ဘယ် Level မှာ ရှိနေကြလဲဆိုတာကို နားလည်နေဖို့လိုအပ်ပါတယ်။ Needs အကြောင်းပြောရင် အများသိပြီးဖြစ်တဲ့ Abraham Maslow ကြီးကိုစကားထဲ ဆွဲထည့်ရပါမယ်။ အကျဉ်းချုပ်ကတော့ စား၊၀တ်၊နေရေးလိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ စိတ်ချယုံကြည်ရမှုလိုအပ်ချက်
ဒီလိုပါပဲ အသိအမှတ်ပြုခံလိုကြတဲ့၊ ချီးမွမ်းတာကိုခံလိုကြတဲ့ဝန
ဝန်ထမ်းတွေကို Motivation တက်အောင် လုပ်တဲ့နေရာမှာလိုအပ်တဲ့ အသိအမှတ်ပြု ချီးမွမ်းတဲ့ နည်းလမ်းတချို့ကို ဖေါ်ပြလိုပါတယ်။ အဲဒါတွေကတော့
Find something to praise in every staff member. ၀န်ထမ်းတိုင်းမှာ ချီးမွမ်းစရာတစ်ခုတော့ရှိပါ
Be specific with your praise. ချီးမွမ်းတဲ့နေရာမှာ ဘာကိုချီးမွမ်းလိုက်တယ် ဆိုတာကာယကံရှင်ဝန်ထမ်းနားလည
Be sincere. ရိုးရိုးသားသားနဲ့ချီးမွမ်း
Praise effort, not just achievement. ဘာလုပ်လိုက်လို့ချီးမွမ်းတ
Praise individually and in public. ဝေဖန်စရာရှိရင် ၂ ဦးချင်းမျက်နှာချင်းဆိုင် တွေ့ပြီးဝေဖန်ပါ၊ ချီးမွမ်းစရာရှိရင် အများအကြားမှာ ချီးမွမ်းပါလို့ ပြောလေ့ပြောထ ရှိပါတယ်။ အများအရှေ့မှာချီးမွမ်းရတယ်
Show your appreciation in many ways. စီမံခန့်ခွဲသူတွေဟာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ
လေးစားစွာဖြင့်
ပိုင်စိုး (Management)
Ref; The Management Bible by Neil Flanagan & Jarvis Finger
Reshared by MESI
www.EntrepreneurSME.com
www.eSMEmm.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။