Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 14, 2017

"ပီတာဒရပ်ကား ငိုကြွေးခြင်း"

"ပီတာဒရပ်ကား ငိုကြွေးခြင်း"
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ပီတာဒရပ်ကား (Peter Drucker) နဲ့ ဒေါက်တာ ရစ်ချတ်အယ်လ်ဒတ်ဖ် (Richard L. Daft) တို့ ဆိုတာ စီမံခန့်ခွဲမှုပညာ (Management) မှာ ဂုရုကြီးများ ဖြစ်ကြပါတယ်။

သူတို့ရေးသားခဲ့တဲ့ စီမံခန့်ခွဲမှု စာအုပ်များကိုအမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ပြင်သစ်၊ သြစတြီးလျ၊ အစရှိတဲ့ နိုင်ငံကြီးများအပြင် တစ်ကမ္ဘာ လုံးက တက္ကသိုလ်၊ ကောလိပ်များမှာ မှီငြမ်းကိုးကား သင်ကြားပို့ချပေးလျက် ရှိပါတယ်။

လက်တွေ့ နယ် ပယ်များနဲ့ နီးစပ်မှုရှိတဲ့အပြင် ထိရောက်အောင်မြင်စွာ အသုံးချနိုင်ကြလို့ ယနေ့တိုင် စီမံခန့်ခွဲမှုနယ်ပယ်မှာ သြဇာကြီးမား လျက်ရှိနေတာကို တွေ့ရပါတယ်။
.

အထူးသဖြင့် ခေါင်းဆောင်မန်နေဂျာများမှာ ရှိရမယ့် စီမံခန့်ခွဲမှုစွမ်းရည်များ( Management Skills )က တော့ အဖွဲ့အစည်းတော်တော်များများနဲ့ ကိုက်ညီပြီး လိုက်နာကျင့်သုံးအောင်မြင်မှုရှိကြောင်း လက်ခံထား ကြပါတယ်။
.

ဒေါက်တာရစ်ချတ်အယ်ဒတ်ဖ်ရဲ့ စီမံခန့်ခွဲမှု အဆင့်(၃)ဆင့်မှာ ထိပ်ပိုင်းစီမံခန့်ခွဲသူ (Top Manager)၊ အလယ်အလတ်စီမံခန့်ခွဲသူ (Middle Manager) နဲ့ အောက်ခြေစီမံခန့်ခွဲသူ(First-Line Manager)တို့ဖြစ်ပြီး

စီမံခန့်ခွဲမှုစွမ်းရည် (၃) မျိုးမှာ တော့ အဖွဲ့အစည်းတစ်ခုလုံးနှင့် ဆက်စပ်မှုများ အားလုံးကို လွှမ်းခြုံကြိုမြင်သုံးသပ်နိုင်မှုစွမ်းရည် (Conceptual Skills) ၊ ထိရောက်သော လူ့စွမ်းအား စီမံမှုစွမ်းရည် (Human Skills) နဲ့ ပညာရပ်ဆိုင်ရာနားလည်တတ်ကျွမ်းမှုစွမ်းရည် (Technical Skills) တို့ ဖြစ်ပါတယ်။
.
ထိပ်ပိုင်းစီမံခန့်ခွဲသူများအနေနဲ့ Conceptual Skills က ရာခိုင်နှုန်းများများ ရှိရမှာဖြစ်ပြီး Human Skills နဲ့ Conceptual Skills တို့မှာ ထိုက် သင့်တဲ့ တတ်ကျွမ်းနားလည်မှု ရှိကြရပါမယ်။
.
အလယ်အလတ်စီမံခန့်ခွဲသူများကတော့ Human Skills က ရာခိုင်နှုန်းများများ ရှိရမှာဖြစ်ပြီး Conceptual Skills နဲ့
ွှTechnical Skills တို့မှာတော့ သင့်လျော်စွာသိရှိနား လည်ကြရပါမယ်။
.
အောက်ခြေစီမံခန့်ခွဲသူများက Technical Skills က ရာခိုင်နှုန်းများများ နား လည်တတ်ကျွမ်းရမှာဖြစ်ပြီး Human Skills နဲ့ Conceptual Skills ကတော့ အသင့်အတင့် သိရှိနားလည်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

.
.
တကယ်တော့လည်း စီမံခန့်ခွဲမှုစွမ်းရည်(၃)မျိုးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်နေကြ တာပါ။ သက်ဆိုင်ရာဘာသာရပ် အဖွဲ့အစည်းတစ်ခုရဲ့ ပညာရပ်ဆိုင်ရာစွမ်းရည်ကို နားလည်တတ် ကျွမ်းမှု မရှိခဲ့ရင်တော့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေများကို 'မှန်ကန်စွာ ခြုံငုံသုံးသပ်ရှုမြင်နိုင်ဖို့' မလွယ်ကူလှပါဘူး။
.
မိမိ ဖြတ် သန်းခဲ့တဲ့ နောက်ကြောင်း( Background) နဲ့ အ သက်မွေးဝမ်းကြောင်းမှုပညာ (Professional)က လက်ရှိလုပ်ငန်းနဲ့ မကိုက်ညီခဲ့ရင်တော့ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းတတ်ပါတယ်။ မိမိအောက် လက်ငယ်သားများရဲ့ အထင်ကြီး ခံရဖို့အတွက် တတ် သယောင်ယောင် နေတတ်ကြပါတယ်။ 'အမိန့်၊ အာဏာကို အခြေခံတဲ့ အကြောက်တရားနဲ့ အုပ်ချုပ်မှု ပုံစံ' ဖြစ်လာတတ်ပါတယ်။
.
ဒါကြောင့်လည်း နားလည်တတ်ကျွမ်းတဲ့ မိမိလက်အောက်များထံက အ ကြံဥာဏ်ကောင်းတွေ၊ အပြန်အလှန် ယုံကြည်ကိုးစားမှုတွေ၊ စိတ်အားထက်သန်စွာ ဆောင်ရွက်မှု လုပ်အားတွေ မရနိုင်တော့ပါဘူး။ အထက်/အောက် ဆက်ဆံရေး မပြေလည်မှုနဲ့ စည်းလုံးညီညွတ်မှု မရှိတာ တွေ ကလည်း အဖွဲ့အစည်းအတွက် ရလဒ်ဆိုးတွေကို ဖြစ် ပေါ်စေပါတော့တယ်။
.
.
ကျွန်တော်တို့နိုင်ငံရဲ့ အစိုးရဌာန အဖွဲ့အစည်းများမှာလည်း အလားတူပုံစံမျိုးတွေ ဖြစ်ပေါ် နေခြင်း ရှိ၊မရှိ စိစစ်ကြဖို့ လိုအပ်နေပါပြီ။
.
ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဝန်ထမ်းလုပ်သက်နှစ် (၂ဝ) ကျော်အတွင်းမှာ အစိုးရဌာနအဖွဲ့အစည်းအားလုံးနီးပါးရဲ့ ထိပ်ပိုင်း စီမံခန့်ခွဲမှုနေရာအများစုကို အရပ်သားအရာရှိများ တာဝန်ထမ်းဆောင်ခွင့် မရရှိခဲ့ကြပါဘူး။
'မိုးကျရွှေကိုယ် အရာရှိကြီးများ' ကိုသာ တာဝန်ပေးအပ်ဆောင် ရွက်စေခဲ့ပါတယ်။
.
ဌာနအကြီးအကဲက မိုးကျရွှေကိုယ် ဆိုတော့လည်း အလယ်အလတ် စီမံခန့်ခွဲမှုနေရာများ အပြင် အောက်ခြေစီမံခန့်ခွဲမှု နေရာများကိုပါ မိုးကျ ရွှေကိုယ်လေးများက ဝင်ရောက်တာဝန်ယူဆောင်ရွက် ခဲ့ကြပါတယ်။

သင်တန်းအပတ်စဉ်ဖူးသူတွေ၊ အတူ တကွ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊ ဆရာတပည့် ဖြစ်ခဲ့ဖူးသူတွေ၊ အဘ/အစ်ကိုကြီး/ညီလေးအခေါ် အဝေါ်တွေနဲ့ အတော် အလုပ်ဖြစ်ခဲ့ကြပါတယ်။ ဌာန အားလုံးနီးပါးရဲ့ ထက်၊ လယ်၊ အောက် စီမံခန့်ခွဲမှု နေရာအတော်များများကို မိုးကျရွှေကိုယ်များက တာ ဝန်ယူ ဆောင်ရွက်ခဲ့ကြပါတယ်။
.

ထိပ်ပိုင်းစီမံခန့်ခွဲသူများ အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ လုပ်ငန်း သဘောသဘာဝကို ချက်ချင်းနား မလည်နိုင်တဲ့အပြင်Technical Skillsနဲံ့Human Skills တို့မှာအားနည်းမှု ရှိလေတော့ အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံကြိုမြင်သုံးသပ်နိုင်တဲ့ Conceptual Skills မှာ လိုအပ်ချက်တွေ ရှိလာပါတယ်။
.
ဒီတော့လည်းအဖွဲ့အစည်းရဲ့ တိုးတက်ရာတိုးတက်ကြောင်းနဲ့ ပတ်သက်ပြီး ကြိုတင်မျှော်မှန်းနိုင်မှု မရှိခြင်း၊ တိကျမှန်ကန်တဲ့ ရည်မှန်းချက်များ မချမှတ်နိုင်ခြင်း ၊ မဟာဗျူဟာမြောက်စီမံကိန်းများ မရေးဆွဲနိုင်ခြင်းနဲ့ နည်းဗျူဟာများ မဆောင်ရွက်နိုင်ခြင်း တို့ကြောင့် စွမ်းဆောင်ရည် လျော့နည်းနိမ့်ကျလာတဲ့ အဖွဲ့အစည်းအဖြစ်ကို တဖြည်းဖြည်း ရောက်ကြရပါ တော့တယ်။
.
.

လွန်ခဲ့တဲ့ကာလများမှာတော့ ထိပ်ပိုင်း စီမံခန့်ခွဲသူများ အနေနဲ့ အဖွဲ့အစည်းများရဲ့ ထိ ရောက်အသုံးဝင်တဲ့ မဟာဗျူဟာများကို ပီပြင်စွာ မချမှတ်နိုင်ခဲ့တာ တွေ့ရ ပါတယ်။ မိမိမကျွမ်းကျင်တဲ့ နယ်ပယ်ရဲ့ထိပ်ပိုင်းတာဝန်ကြီးတွေကို ယူထားကြရ တော့လည်း လုပ်ငန်းသဘောသဘာဝကို လေ့လာဖို့ အချိန်(၂)နှစ်/(၃)နှစ်ခန့် ယူတတ်ကြပါတယ်။ အသင့်အတင့်နားလည်လာပြန်တော့လည်း အငြိမ်းစား ယူဖို့ အချိန်နီးကပ်လာတာကြောင့် ရေလိုက်ငါးလိုက်နေ ပြီး သာသာယာယာနဲ့ အဆုံးသတ်သွားကြတာပါ။ ရှေ့လူကြီးက အနားယူသွားတော့လည်း နောက်ထပ် မိုးကျရွှေကိုယ်တစ်ဦး ရောက်လာခဲ့ပြီး အရင်လို ထူးမခြားနားသာ ဖြစ်နေပြန်ပါတယ်။ တပည့် မိုးကျ ရွှေကိုယ်များကလည်း ဆရာအားကိုးနဲ့ လက်ဝါး စောင်း ထက်ခဲ့ကြပါတယ်။
.
ဌာနမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သန္ဓေဝန်ထမ်းများမှာ တော့ မိုးကျရွှေကိုယ်များနှင့် နှိုင်းယှဉ်ရရင် အခွင့် အရေးတူ မရရှိခဲ့ကြပါဘူး။ ရာထူးတိုးပိတ်ဆို့ခြင်း၊ မိမိ၏စွမ်းဆောင်ရည်ကို ထုတ်ဖော်ခွင့် မရခြင်း၊ အရေးတယူအသိမှတ်ပြုမှု မခံရခြင်း၊ အကြောက်တရားဖြင့် အုပ်ချုပ်ခံရခြင်း စသည်ဖြင့် ခံစားခဲ့ ကြရတယ်လို့ဆိုကြပါတယ်။
.
ဒါ့အပြင် မိုးကျရွှေကိုယ် များရဲ့ လုပ်ငန်းမကျွမ်းကျင်မှုနှင့် တလွဲစီမံခန့်ခွဲမှုများ အပေါ်သန္ဓေဝန်ထမ်းများရဲ့ မယုံကြည်မှုတွေကြောင့် ဆက်ဆံရေး မပြေလည်မှုတွေ ပေါ်ပေါက်လာစေခဲ့ ကြပါတယ်။
.
အချုပ်ဆိုရရင်တော့ အဖွဲ့အစည်းများမှာ တိကျ မှန်ကန်လက်တွေ့ကျတဲ့ ရည်မှန်းချက်ပန်းတိုင်ချမှတ် နိုင်မှုမရှိခြင်း၊ မတူကွဲပြားသောအုပ်စုများနှင့် ကျွမ်းကျင် မှုများကို ပေါင်းစည်းနိုင်မှုမရှိခြင်း၊ အဖွဲ့အစည်း အတွင်း အထက်အောက် အပြန်အလှန် ယုံကြည်မှု လျော့နည်းခြင်း၊ ဗဟိုချုပ်ကိုင်မှုပုံစံကို အားပြု ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှုစွမ်းရည်များ မပြည့်စုံခြင်း၊ ဆရာတပည့် မွေးခြင်း၊ တံစိုးလက်ဆောင်ယဉ်ကျေးမှု ထွန်းကားခြင်းနှင့် ကိုယ်ကျိုးစီးပွားကိုရှေ့တန်းတင်ခြင်း တို့ကအဖွဲ့အစည်းများကို အဘက်ဘက်က ချွတ်ခြုံကျ လာစေခဲ့ကြောင်း သုံးသပ်မိပါတယ်။
.
.

မိုးကျရွှေကိုယ်အားလုံးကိုဝါးလုံးရှည်နဲ့ရမ်းပြီး အပြစ်တင်တဲ့သဘော ကျွန်မ ဆိုလိုတာ(လုံးဝ)မဟုတ်ပါဘူး။ လုပ်ငန်းမကျွမ်းကျင် လှပေမဲ့ လုပ်ရည်ကိုင်ရည်နဲ့ စိတ်နေစိတ်ထားအလွန် ကောင်းမွန်တဲ့ မိုးကျရွှေကိုယ်များစွာနဲ့လည်း လက်တွဲ ခဲ့ဖူးပါတယ်။
.
.

အမှန်မှာတော့ ကျွန်မတို့အားလုံးဟာ 'စနစ်ရဲ့သားကောင်များ' ဖြစ်နေခဲ့ကြရတာကို နားလည် နိုင်ကြဖို့ ဆိုလိုတာပါ။ 'ထားရာနေ၊ စေရာသွား၊ ရတာယူ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့' ဆိုတဲ့ စနစ်ကြီးရဲ့ အောက်မှာ မိမိအတ္တများ ရှင်သန်နိုင်ဖို့အတွက် ကျွန်မတို့အားလုံး ရုန်းကန်ခဲ့ကြရတယ်လို့ ခံယူရပါမယ် ။
.
.

အများပြည်သူယုံကြည်ကိုးစားတဲ့ဌာန၊ အဖွဲ့ အစည်းများအဖြစ် ရပ်တည်နိုင်ကြဖို့အတွက် လိုအပ် ချက်ပေါင်းများစွာ ပြုပြင်ဆောင်ရွက်ကြရမှာပါ။ အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အချက် ကတော့ လူစွမ်းအားအရင်းအမြစ် စနစ်တကျဖွံ့ဖြိုးတိုး တက်ရေး(Human Resoyrce Plan)ပင် ဖြစ်ကြောင်း ယုံကြည်မိပါတယ်။ ကိုက်ညီတဲ့ တတ်ကျွမ်းသူများ ကို ထိုက်တန်တဲ့တာဝန်ပေးအပ်ဖို့ အချိန်တန်ပြီလို့ ထင် မြင်မိပါတယ်။ ယခုရေတွင်းတူး ယခုရေကြည် သောက်လို့ မရနိုင်ပါဘူး။ ဒီကနေ့စတင်ဆောင်ရွက် ကြရင်တောင် နှစ်အတန်ကြာ အချိန်ယူကြရဦးမှာပါ။
.
.

သီတဂူဆရာတော်ကြီး ဟောကြားတော်မှုခဲ့တဲ့ လူ မိုက်လက္ခဏာ(၄)ပါးဖြစ်တဲ့

(၁) နည်းမှားတွေကို လုပ်တယ်
(၂) သူတစ်ပါးကိုလည်း အဲဒီအမှားတွေ လုပ်ခိုင်းတယ်
(၃) အဲဒီနည်းလမ်းအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်
(၄) မှားနေပြီလို့ပြောရင် ပြောတဲ့သူကို ရန်မူတယ်

ဆိုတာကို ဆုပ်ကိုင်ထားကြဦးမယ် ဆိုရင်တော့ တိုးတက်မှုလမ်းကြောင်းပေါ်ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။
ကိုယ့်အရပ်၊ ကိုယ့်ဇာတ်နဲ့ ကိုယ့်ကိုယ်ကို အဟုတ် မှတ်နေကြမယ်ဆိုရင်လည်း အဆိုးသံသရာကနေ ဘယ်လိုမှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။
.
ကမ္ဘာနိုင် ငံအများစုက လက်ခံထားပြီးတိုးတက်တဲ့ အဖွဲ့အစည်း အများစုမှာ ကျင့်သုံးနေကြတဲ့ စီမံခန့်ခွဲမှုပညာရပ် တွေကလည်း ကျွန်မတို့နိုင်ငံမှာ ဘယ်လိုမှအရာဝင်နိုင်မှာမဟုတ်ပါဘူး။ ဒါတွေကို ကမ္ဘာကျော်စီမံ ခန့်ခွဲမှုပညာရှင် ဂုရုကြီး ပီတာဒရပ်ကား သိခဲ့ရင်တော့ ဘူးသီးလုံးလောက်ရှိတဲ့ မျက်ရည်များနဲ့ တမလွန်ကနေ ငိုကြွေးနေမှာတော့ သေချာပါတယ်။
.

Credit : Copy
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ပီတာဒရပ်ကား ငိုကြွေးခြင်း ___
.
The Right Time News
VOL -2; No -20
2014 June 11

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။