Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 14, 2017

အရင်းနည်းနည်းနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ အကောင်းဆုံးလုပ်ငန်းများ

အရင်းနည်းနည်းနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ အကောင်းဆုံးလုပ်ငန်းများ
++++++++++++++++

သူငယ်ချင်းတို့ရေ .... ကိုယ်ပိုင်စီးပွားရေးတစ်ခုခုလုပ်ဖို့ ရည်ရွယ်ထားသလား ? အဲဒီရည်ရွယ်ချက်ပြည့်မြောက်ဖို့အတွက် အဓိကကျတာက အိုင်ဒီယာကောင်းတစ်ခုနဲ့ အပင်ပန်းခံကြိုးစားအားထုတ်ဖို့ပါပဲ။ ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ အသင့်ရှိနေပေမယ့် ဘယ်လုပ်ငန်းကို လုပ်ရမှန်းမသိရင် မစိုးရိမ်ပါနဲ့။ စီးပွားရေးလုပ်ငန်းငယ်တွေအတွက် ကောင်းမွန်တဲ့အိုင်ဒီယာတွေကို businessnewsdaily.com က ဖြော်ပထားပါတယ်။ မြန်မာနိုင်ငံမှာ လက်တွေ့လုပ်နိုင်မယ့် အိုင်ဒီယာတွေကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

သူများအတွက် ရှော့ပင်းထွက်ပေးတာ

ရှော့ပင်းထွက်ရတာ ကြိုက်လား။ သူများအတွက် ရှော့ပင်းထွက်ရင်း အကျိုးအမြတ်ရနိုင်ပါတယ်။ ဈေးမသွားနိုင်တဲ့ အိမ်ရှင်မတွေအတွက် ဈေးသက်သာတဲ့နေရာကို သွားဝယ်ပေးတာမျိုး၊ အပြင်မသွားနိုင်သူ၊ အချိန်မရသူတွေအတွက် ပစ္စည်းတွေ ဝယ်ပေးတာမျိုး လုပ်လို့ရပါတယ်။ လူတွေကို သူတို့လိုအပ်တဲ့ပစ္စည်းစာရင်းလုပ်ခိုင်းပြီး ဝယ်ပေး၊ ပြီးရင် ဝန်ဆောင်မှုအတွက် အဖိုးအခတောင်းလိုက်ရုံပါပဲ။ သူငယ်ချင်းတွေအတွက် ဝယ်တာကစပြီး ဖောက်သည်ခေါ်ပါ။

အဟောင်းတွေကနေ ပစ္စည်းဖန်တီးတာ

“လူတစ်ယောက်အတွက် အမှိုက်ဟာ နောက်တစ်ယောက်အတွက် ရွှေ” ဆိုတဲ့စကားပုံရှိပေမယ့် တကယ့်လက်တွေ့မှာ အသုံးချသူ နည်းပါလိမ့်မယ်။ ကိုယ့်မှာ အနုပညာဓာတ်ခံရှိရင် ဒါမှမဟုတ် နည်းသိရင် လွှင့်ပစ်ရမယ့်ပစ္စည်းတွေကို အသုံးဝင်တဲ့ပစ္စည်းတွေဖြစ်အောင် ပြန်လည်ဖန်တီးပြီး ရောင်းချနိုင်ပါတယ်။

အွန်လိုင်းစတိုး

ဒါကတော့ မြန်မာနိုင်ငံမှာလည်း ခေတ်စားလာတဲ့ လုပ်ငန်းပါ။ အွန်လိုင်းစတိုးစတင်ဖို့ အရင်းအနှီးအများကြီး မလိုပါဘူး။ ကိုယ်နိုင်သလောက်လေး အရင်းအနှီးလုပ်၊ ဖေ့စ်ဘုတ်ခ်ပေါ်မှာ လူသိများအောင် ကြော်ငြာပြီး ကိုယ်တိုင် အိမ်အထိ လိုက်ပို့ပေးနိုင်ရင်အကောင်းဆုံးပါ။ အခုခေတ်စားနေတဲ့ အထည်အလိပ်၊ အလှကုန်တွေကို ရောင်းလို့ရသလို ကိုယ့်ကိုယ်ပိုင် လက်ရာလေးတွေကို ရောင်းရင်လည်း ဖြစ်တာပါပဲ။

ပွဲစီစဉ်သူ

လူစုလူဝေးနဲ့ ပျော်ပျော်ပါးပါးနေရတာ၊ လူစုရတာ ကြိုက်သလား။ ပွဲဖြစ်မြောက်အောင် စီစဉ်ပေးပြီး ကိုယ့်ဝါသနာကို အကျိုးအမြတ်ဖြစ်ထွန်းအောင် လုပ်လိုက်ပါ။ ကိုယ့်အသိမိတ်ဆွေအတွက် မင်္ဂလာဆောင်စီစဉ်တာ၊ ကုမ္ပဏီနှစ်ပတ်လည်အခမ်းအနားတွေအတွက် စီစဉ်ပေးတာလိုမျိုး အသေးစား၊ အလတ်စားတွေကနေ ကုန်စည်ပြပွဲလို ပွဲကြီးတွေအထိ ပွဲစီစဉ်သူမပါလို့ မဖြစ်ပါဘူး။ ပွဲစီစဉ်သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်မှာ ရင်းမြစ်၊ အသိမိတ်ဆွေများပြားရမယ့်အပြင် အသေးစိတ်အချက်တွေကို ဂရုတစိုက်ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် အလုပ်အပ်သူတွေရဲ့ တောင်းဆိုမှုတွေကို စိတ်ရှည်ရှည် ဖြေရှင်းပေးဖို့၊ ကြိုတင်မမြင်နိုင်တဲ့၊ စိတ်ဓာတ်ကျစရာကောင်းတဲ့အခြေအနေတွေ ဖြစ်လာရင် ခေါင်းအေးအေးထားတတ်ဖို့လည်း လိုပါတယ်။

အိမ်တွင်းအချက်အပြုတ်

ဟင်းချက်တာ၊ပြုတ်တာကို ဝါသနာကြီးသူဆိုရင် ဟင်းချက်ရင်းနဲ့ စီးပွားရှာနိုင်ပါတယ်။ ပွဲလမ်းသဘင်တွေအတွက် ချက်ပြုတ်ပေးတာ၊ ချိုင့်ဆွဲထမင်းပို့တာ၊ ကိုယ်အကျွမ်းကျင်ဆုံးဟင်းကိုချက်ပြီး ရောင်းချတာတွေ လုပ်ပါ။ အရသာ၊ စေတနာနဲ့ သန့်ရှင်းမှုတို့ ပေါင်းစပ်နိုင်ရင် တစ်ဆင့်စကားနဲ့ ကိုယ့်လုပ်ငန်းကြီးကျယ်လာပြီး ဆိုင်ဖွင့်နိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

နေ့ကလေးထိန်း

ကျောင်းအားချိန်၊ အလုပ်အားချိန်မှာ ကလေးထိန်းပေးတာ၊ ကလေးတွေကို စာသင်ပေးတာတွေ လုပ်လို့ရပါတယ်။ လုပ်ငန်းခွင်ဝင်ရတဲ့ မိဘများပြားလာတာနဲ့အမျှ သူတို့ရဲ့ကလေးတွေကို ထိန်းပေးတာဟာ ပိုမိုကြီးကျယ်လာမယ့် အိုးမကွာအိမ်မကွာစီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ခြင်းပါပဲ။

ကွန်ပျူတာ၊ဖုန်းပြုပြင်ထိန်းသိမ်းတာ

နည်းပညာကို တတ်ကျွမ်းနားလည်လား။ အခုခေတ်မှာ တစ်အိမ်ထောင် ဖုန်းတစ်လုံးမက ပိုင်ဆိုင်နေပြီမို့ အဲဒီဖုန်းတွေ၊ လက်ပ်တော့တွေ၊ တက်ဘလက်တွေအတွက် ဝန်ဆောင်မှုတွေ လိုအပ်လာပါပြီ။ ကွန်ပျူတာအတွက် အင်တီဗိုင်းရပ်စ်သွင်းပေးတာ၊ ဆော့ဖ်ဝဲဒေါင်းလုပ်ချတာ၊ ပရင်တာဆင်ပေးတာ၊ ဖုန်းရင်းတုန်းတွေ၊သီချင်းတွေ၊အက်ပ်တွေ ထည့်တာကအစ ဂျီမေးလ်ဖွင့်၊ဖေ့စ်ဘုတ်အကောင့်လုပ်တာမျိုးအထိ အခု ဟော့နေတာတွေပေါ်မူတည်ပြီး စီးပွားရှာလို့ရပါတယ်။

ပစ္စည်းဟောင်းတွေကို ရီဆိုက်ကယ်လုပ်တာ

ကိုယ့်လက်ပ်တော့အဟောင်းကြီးဟာ ကိုယ့်အတွက် ရွှေတွင်းဖြစ်ရင်ဖြစ်နေမှာပါ။ လက်ပ်တော့ထဲက သတ္ထု၊ ကြေးနီနဲ့ ကွန်ပျူတာအစိတ်အပိုင်းတွေကို တစ်စစီသွားရောင်းလို့ ရတယ်။ ဒါမှမဟုတ် ကိုယ့်မှာ ပြုပြင်တတ်တဲ့အရည်အချင်းရှိရင် ပြုပြင်ပြီး အဟောင်းဈေးနဲ့ ပြန်ရောင်းနိုင်တယ်။ ဖုန်း၊ လက်ပ်တော့ စတာတွေလည်း အဲဒီလိုပါပဲ။ ပြန်သုံး၊ ရီဆိုက်ကယ်ပြန်လုပ်ခြင်းဖြင့် ကိုယ့်မှာ ငွေကြေးအဆင်ပြေမယ့်အပြင် ကမ္ဘာမြေကြီးကို ကူညီရာလည်း ရောက်ပါတယ်။

ဘာသာပြန်၊ စကားပြန်

လုပ်ငန်းအများစုမှာ ဘာသာပြန်၊ စကားပြန်တွေ အချိန်ပြည့်လိုအပ်ရင်တောင် မငှားရမ်းနိုင်ကြပါဘူး။ ဒီအတွက် အလွတ်တမ်းဘာသာပြန်၊ စကားပြန်တွေ လိုအပ်ပါတယ်။ ကိုယ်ဟာ နိုင်ငံခြားဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားရင်၊ ကာစတန်မာတွေနဲ့ ရေလည်အောင် ပြောဆိုတတ်ရင်၊ ကောင်းမွန်တဲ့ဈေးကွက်မြှင့်တင်ရေးစီမံကိန်းတစ်ခုရှီရင် အလုပ်တွေ လက်မလည်အောင် လုပ်ရမှာပါ။

ကဲ.. သူငယ်ချင်းတို့မှာရော ဘယ်လိုစီးပွားရေးလုပ်ငန်းအိုင်ဒီယာတွေ ရှိသလဲ ? အားလုံးသိရအောင် မျှဝေပေးခဲ့ပါဦး ။

Ref; Business News Daily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။