ဖရက် ဘယ်မှာလဲ။
စပိန်နိုင်ငံ တောမြို့လေးတစ်မြို့က အာလာနိုနဲ့ မေရီဆိုတဲ့ လင်မယား နှစ်ယောက်မှာ ၆ နှစ်အရွယ် တစ်ဦးတည်းသော သားလေးတစ်ယောက်ရှိတယ်။ ကလေးနာမည်က ဖရယ်ဒရီကိုပါ။ ဖရက်လို့ နာမည်အတိုကောက် ခေါ်ကြတယ်။သူတို့ဟာ သားလေးကို အရမ်းချစ်ကြတယ်။ ဒါပေမဲ့ ကလေးဟာ ကျောင်းမှာ ဆိုးလွန်းလို့ ဆရာမတွေရဲ့ အတိုင်အတောကို ခဏခဏ ခံရတယ်။ သူတို့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။
တမနက်မှာ မေရီက ဖရက်ကို နိုးပြီး သွားတိုက် မျက်နှာသစ်ခိုင်းတယ်။ မနက်စာ ကျွေး ကျောင်းလွယ်အိတ်လွယ်ခိုင်ြး ပီး ကျောင်းကားပေါ် တင်ပေးလိုက်တယ်။
ပြီးတော့ မေရီဟာ အိမ်မှုကိစ္စလုပ် ချက်ပြုတ်ရင်းနဲ့ နေ့လည်စာစားချိန် ရောက်သွားတယ်။ ပစ္စည်းတစ်ခု ယူဖို့ ဧည့်ခန်းထဲကို ဝင်လိုက်တာ သူ့သားကို ပြုတင်းပေါက်နေ အပြင်ကို ငေးကြည့်နေတာကို တွေ့လိုက်ရလို့ အံ့အားသင့်သွားတယ်။
"ဖရက်၊ ဘာလို့ အိမ်ကို ပြန်ရောက်နေရတာလဲ။ ကျောင်းက ဘာလို့ပြန်လာရတာလဲ" လို့ မေရီက အော်ပြီး မေးလိုက်တယ်။
ဖရက်က ဘာမှ ပြန်မဖြေဘဲ သူ့အမေကို ဖြည်းဖြည်းချင်း အသာလှည့် ကြည့်လိုက်တယ်။ သူ့နဖူးမှာ သွေးစို့ပြီး ညိုမဲနေတာကို မေရီတွေ့လိုက်ရတယ်။
"ဖရက်၊ မင်းနဖူးက ဘာဖြစ်လို့ သွေးစို့ပြီး ညိုမဲနေရတာလဲ" လို့ မေရီ့အမေးကို သူက မဖြေဘဲ "ကျွန်တော် ဝမ်းနည်းပါတယ် အမေ"လို့ပဲ တိုးတိုးလေး ပြန်ပြောတယ်။
"မင်း ကျောင်းမှာ ရန်ဖြစ်လို့ ဆရာမက အိမ်ပြန်ခိုင်းလိုက်တာလား" လို့ သူ့အမေက ထပ်မေးပြန်တော့လည်း သူက "ကျွန်တော် ဝမ်းနည်းပါတယ် အမေ"လို့ အရင်လိုပဲ တိုးတိုးလေး ပြောပြန်တယ်။
"မင်းရဲ့ ဆင်ခြေတွေကို ငါ မကြားချင်ဘူး။ အပေါ်ထပ်တက်ပြီး မင်းအခန်းထဲမှာ သွားနေချေ။ မင်းအဖေ ပြန်လာမှ မင်းကို ဘယ်လို အပြစ်ပေးရမယ်ဆိုတာ သူ ဆုံးဖြတ်လိမ့်မယ်"
ဖရက်ဟာ ခေါင်းငိုက်စိုက်ချရင်း လှေခါးကနေ အပေါ်ထပ်ကို တလှမ်းချင်း မတက်ချင်တက်ချင်နဲ့ ဖြေးဖြေးလေး တက်သွားတယ်။ မေရီဟာ သူ လှေခါးပေါ်တက်နေတာကို ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါနေတယ်။
ဒီအချိန်မှာပဲ ဧည့်ခန်းထဲက တယ်လီဖုန်းမြည်လာတယ်။ မေရီ သွားကောက်ကိုင်လိုက်ပြီး "ဟဲလို"လို့ ထူးလိုက်တော့ တဖက်က
"ဖရက်ဒရီကိုရဲ့ အမေနဲ့ စကားပြောချင်လို့ပါ" လို့ ယောက်ျားသံကို ကြားလိုက်ရတယ်။
"အခု ပြောနေတာ ဘယ်သူပါလဲ ရှင်"
"ကျွန်တော်က ဖရက်ဒရီကိုရဲ့ ကျောင်းက ကျောင်းအုပ်ကြီးပါ"
"အော် ဟုတ်ကဲ့။ ကျွန်မသား ဘာများ လုပ်မိလို့ပါလဲရှင့်"
"ကျွန်တော် ဘယ်က စပြောရမှန်းမသိ ဖြစ်နေတယ်။ ဒီလိုပါ။ မနက်က ဖရက်ဒရီကိုဟာ ကျောင်းခေါင်မိုးပေါ်ကို တက်ဆော့တယ်။ အဲဒါ..."
"ကျွန်မ သိပါတယ်။ သူ ပေါက်တတ်ကရ တစ်ခုခု လုပ်လိုက်ပြီဆိုတာ။ အဲဒီအတွက် သူ့အဖေ ပြန်လာရင် ဖရက်ကို အပြစ်ပေးပါလိမ့်မယ်ရှင်"
"မဟုတ်ပါဘူး။ ကျွန်တော် ပြောတာကို ဆုံးအောင် တစ်ချက်လောက် နားထောင်ပေးပါ ခင်ဗျာ။ သူ ဒီနေ့ခင်းက ကျောင်းခေါင်မိုးပေါ်က လိမ့်ကျပြီး နဖူးနဲ့ မြေကြီးဆောင့်မိလို့... ကျွန်တော် စိတ်မကောင်းပါဘူးဗျာ ..... သူ ချက်ခြင်းပဲ ဆုံးသွားရှာပါတယ်။ အဲဒါ ....."
မေရီဟာ ဖုန်းကို ပစ်ချလိုက်ပြီး အပေါ်ထပ်ကို စိုးရိမ်တကြီးနဲ့ ပြေးတက်သွားတယ်။ ဖရက်ရဲ့ အခန်းတံခါးကို တွန်းဖွင့်ပြီး ကြည့်လိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှ မရှိပါလား။
စပိန်ပုံပြင်တစ်ပုဒ်ကနေ ယူထားတာပါ။
ဗန်းမော်သိန်းဖေ
၁၀-၀၁-၂၀၁၇
စပိန်နိုင်ငံ တောမြို့လေးတစ်မြို့က အာလာနိုနဲ့ မေရီဆိုတဲ့ လင်မယား နှစ်ယောက်မှာ ၆ နှစ်အရွယ် တစ်ဦးတည်းသော သားလေးတစ်ယောက်ရှိတယ်။ ကလေးနာမည်က ဖရယ်ဒရီကိုပါ။ ဖရက်လို့ နာမည်အတိုကောက် ခေါ်ကြတယ်။သူတို့ဟာ သားလေးကို အရမ်းချစ်ကြတယ်။ ဒါပေမဲ့ ကလေးဟာ ကျောင်းမှာ ဆိုးလွန်းလို့ ဆရာမတွေရဲ့ အတိုင်အတောကို ခဏခဏ ခံရတယ်။ သူတို့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။
တမနက်မှာ မေရီက ဖရက်ကို နိုးပြီး သွားတိုက် မျက်နှာသစ်ခိုင်းတယ်။ မနက်စာ ကျွေး ကျောင်းလွယ်အိတ်လွယ်ခိုင်ြး
ပြီးတော့ မေရီဟာ အိမ်မှုကိစ္စလုပ် ချက်ပြုတ်ရင်းနဲ့ နေ့လည်စာစားချိန် ရောက်သွားတယ်။ ပစ္စည်းတစ်ခု ယူဖို့ ဧည့်ခန်းထဲကို ဝင်လိုက်တာ သူ့သားကို ပြုတင်းပေါက်နေ အပြင်ကို ငေးကြည့်နေတာကို တွေ့လိုက်ရလို့ အံ့အားသင့်သွားတယ်။
"ဖရက်၊ ဘာလို့ အိမ်ကို ပြန်ရောက်နေရတာလဲ။ ကျောင်းက ဘာလို့ပြန်လာရတာလဲ" လို့ မေရီက အော်ပြီး မေးလိုက်တယ်။
ဖရက်က ဘာမှ ပြန်မဖြေဘဲ သူ့အမေကို ဖြည်းဖြည်းချင်း အသာလှည့် ကြည့်လိုက်တယ်။ သူ့နဖူးမှာ သွေးစို့ပြီး ညိုမဲနေတာကို မေရီတွေ့လိုက်ရတယ်။
"ဖရက်၊ မင်းနဖူးက ဘာဖြစ်လို့ သွေးစို့ပြီး ညိုမဲနေရတာလဲ" လို့ မေရီ့အမေးကို သူက မဖြေဘဲ "ကျွန်တော် ဝမ်းနည်းပါတယ် အမေ"လို့ပဲ တိုးတိုးလေး ပြန်ပြောတယ်။
"မင်း ကျောင်းမှာ ရန်ဖြစ်လို့ ဆရာမက အိမ်ပြန်ခိုင်းလိုက်တာလား" လို့ သူ့အမေက ထပ်မေးပြန်တော့လည်း သူက "ကျွန်တော် ဝမ်းနည်းပါတယ် အမေ"လို့ အရင်လိုပဲ တိုးတိုးလေး ပြောပြန်တယ်။
"မင်းရဲ့ ဆင်ခြေတွေကို ငါ မကြားချင်ဘူး။ အပေါ်ထပ်တက်ပြီး မင်းအခန်းထဲမှာ သွားနေချေ။ မင်းအဖေ ပြန်လာမှ မင်းကို ဘယ်လို အပြစ်ပေးရမယ်ဆိုတာ သူ ဆုံးဖြတ်လိမ့်မယ်"
ဖရက်ဟာ ခေါင်းငိုက်စိုက်ချရင်း လှေခါးကနေ အပေါ်ထပ်ကို တလှမ်းချင်း မတက်ချင်တက်ချင်နဲ့ ဖြေးဖြေးလေး တက်သွားတယ်။ မေရီဟာ သူ လှေခါးပေါ်တက်နေတာကို ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါနေတယ်။
ဒီအချိန်မှာပဲ ဧည့်ခန်းထဲက တယ်လီဖုန်းမြည်လာတယ်။ မေရီ သွားကောက်ကိုင်လိုက်ပြီး "ဟဲလို"လို့ ထူးလိုက်တော့ တဖက်က
"ဖရက်ဒရီကိုရဲ့ အမေနဲ့ စကားပြောချင်လို့ပါ" လို့ ယောက်ျားသံကို ကြားလိုက်ရတယ်။
"အခု ပြောနေတာ ဘယ်သူပါလဲ ရှင်"
"ကျွန်တော်က ဖရက်ဒရီကိုရဲ့ ကျောင်းက ကျောင်းအုပ်ကြီးပါ"
"အော် ဟုတ်ကဲ့။ ကျွန်မသား ဘာများ လုပ်မိလို့ပါလဲရှင့်"
"ကျွန်တော် ဘယ်က စပြောရမှန်းမသိ ဖြစ်နေတယ်။ ဒီလိုပါ။ မနက်က ဖရက်ဒရီကိုဟာ ကျောင်းခေါင်မိုးပေါ်ကို တက်ဆော့တယ်။ အဲဒါ..."
"ကျွန်မ သိပါတယ်။ သူ ပေါက်တတ်ကရ တစ်ခုခု လုပ်လိုက်ပြီဆိုတာ။ အဲဒီအတွက် သူ့အဖေ ပြန်လာရင် ဖရက်ကို အပြစ်ပေးပါလိမ့်မယ်ရှင်"
"မဟုတ်ပါဘူး။ ကျွန်တော် ပြောတာကို ဆုံးအောင် တစ်ချက်လောက် နားထောင်ပေးပါ ခင်ဗျာ။ သူ ဒီနေ့ခင်းက ကျောင်းခေါင်မိုးပေါ်က လိမ့်ကျပြီး နဖူးနဲ့ မြေကြီးဆောင့်မိလို့... ကျွန်တော် စိတ်မကောင်းပါဘူးဗျာ ..... သူ ချက်ခြင်းပဲ ဆုံးသွားရှာပါတယ်။ အဲဒါ ....."
မေရီဟာ ဖုန်းကို ပစ်ချလိုက်ပြီး အပေါ်ထပ်ကို စိုးရိမ်တကြီးနဲ့ ပြေးတက်သွားတယ်။ ဖရက်ရဲ့ အခန်းတံခါးကို တွန်းဖွင့်ပြီး ကြည့်လိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှ မရှိပါလား။
စပိန်ပုံပြင်တစ်ပုဒ်ကနေ ယူထားတာပါ။
ဗန်းမော်သိန်းဖေ
၁၀-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။