ရောခ့်ဂီတရဲ့ အခြေခံအုတ်မြစ် ဂန္တဝင် ဂစ်တာသမားများ …………………………………………………………
လက်ရှိ ရောခ့်ဂီတ ရေစီးကြောင်းဟာ လျှင်မြန်စွာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေခဲ့တာကို မြင်တွေ့နေကြရမှာပဲဖြစ်ခဲ့သလို ဂီတမျိုးဆက်၊ မျိုးကွဲပေါင်းများစွာ ဟာလည်း တစ်ခုနဲ့တစ်ခု ဒွေးရောယှက်တင် ပေါင်းစပ်လာခဲ့ ကြတာကိုလည်း သတိထားမိကြမှာပါ။ ဒါဟာ ၂၁ ရာစု မျိုးဆက်များရဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းများ နဲ့ ရောခ့်ဂီတကို မောင်းနှင်နေကြတာလည်း ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ SSFS က အခုပြောမယ့် ဂန္တဝင် ဂီတာသမားများနဲ့ ဂီတ ပညာရှင်တွေဟာ ၁၉၆၀ နဲ့ ၁၉၇၀ အစောပိုင်းတွေကနေ ရောခ့်အင်ရိုး ဂီတကို ဆင့်ကဲပြောင်းလဲမှုတွေ ဖန်တီးလာနိုင်ဖို့ အတွက် အခြေခံအုတ်မြစ်တွေ ဖြစ်ခဲ့ကြသူများ ထဲမှာ ပါဝင်ခဲ့ကြသူများပါပဲ။ သူတို့ဟာ လူပြောအရမ်းများလွန်းတဲ့ ဂီတာသမားတွေ ဟုတ်ချင်မှာဟုတ်နိုင်ပေမယ့် ရောခ့်အင်ရိုး သမိုင်းမှာတော့ သူတို့ရဲ့ပုံရိပ်တွေ အခိုင်အမာထင်ကျန်နေခဲ့သူများပဲဖြစ်သလို ရောခ့်ဂီတ ရဲ့အခြေခံအုတ်မြစ်ချ ပေးခဲ့တဲ့ ဂီတပညာရှင်တွေ ထဲမှာလည်း ချန်ထားခဲ့ဖို့ ခက်ခဲပါတယ်။
အဲဒီအချိန်ရဲ့ နံမည်ကြီးပြီး လူသိမ် ားတဲ့ ဂီတာသမားမ် ား ( ဥပမာ Eric Clapton, Jeff Beck, Jimmy Page, Tony Lommi, Ritchie Blackmore, Keith Richards, Carlo Santana) စတဲ့ လူပြောများတဲ့ သူတွေထက် လူပြောသိပ်မများတဲ့ ဂစ်တာသမားတွေကို ဖော်ပြပေးထားတာဖြစ်ပြီး ကျန်နေခဲ့တဲ့ ဂစ်တာသမားတွေလည်း အများကြီးပဲဖြစ် ပါတယ်။ အချိန်ရရင် အလျှင်းသင့်သလို ပြန်လည်ဖော်ပြပေးသွား မှာပဲဖြစ်သလို ဒီလို သက်တမ်းရှိသူများ အတွက် ပြည့်စုံအောင် ပြောဖို့ထက် သူတို့ရဲ့
လျှပ်တစ်ပျက် ရုပ်ပုံလွှာ
……………………………………
အနေနဲ့ပဲပြောထားပေးတာဖြစ်ပါတယ်။
Chuck Berry
…………………………
၁၉၅၅ ဆိုတဲ့ အချိန်ထဲက ရောခ့်အင်ရိုး
ဂီတကို နောက်ပိုင်း မျိုးဆက်များအတွက် ပိုမိုမာကျော လာစေအောင် မျိုးစေ့ချ ပေးခဲ့ သူပဲဖြစ်ပါတယ်။ ဂန္တဝင် တွေဖြစ်တဲ့ The Beatles က John Lennon ကတော့ ရောခ့်အင်ရိုး ဆိုတဲ့နံမည်ကို နောက်တစ်မျိုးပြောင်းပေး ဖို့ ခက်ခဲနေမယ် ဆိုရင်တော့ Chuck Berry လို့သာ ပေးဖို့ ပြောကြာဖူးခဲ့သလို တစ်ခြားနံမည်ကြီး ဂန္တဝင်တွေ ပြောထားတာတွေလည်း အများကြီးပါပဲ။ Chuck ကြီးဟာ သီချင်းဆိုလည်းကောင်းသလို သူရဲ့ ဂစ်တာတီးတဲ့ စတိုင်လ်တွေဟာလည်း များစွာ လွှမ်းမိုးထားနိုင်ခဲ့တာပဲဖြ စ်ပြီး AC DC က Angus Young ကနေစလို့ လက်ရှိမျိုးဆက်သစ် ဂစ်တာသမား တွေဟာ သူ့ကို နှစ်သက်နေတတ်ကြတာပဲဖြစ်ပါတယ်။
တစ်ကယ်က Chuck Berry ကြီးရဲ့ သီချင်းတွေဟာ ကျွန်တော်တို့ဆီ မှာလည်းရင်းနှီးခဲ့ဖူးကြသလို
အောင်မြင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ Rock and Roll Music, Sweet Little Sixteen
သီချင်းတွေဟာ ကျွန်တော်တိုဆီမှာ ပြန်ဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
(ဦးတူးတူး ဖြစ်မလားပါပဲ ကိုယ်လည်း ကလေးသာသာ ဆိုတော့ အတိအကျ မမှတ်မိ) Chuck
Berry ကြီးကို မှတ်တမ်းမှတ်ရာ တွေအရပြောကြမယ်ဆိုရင်တော့ Rolling Stone
မဂ္ဂဇင်းကြီးရဲ့ ထာဝရ အကောင်းဆုံး ဂစ်တာသမားစာရင်းမှာ ဘယ်အချိန် ပြောင်းလည်း
သတ်မှတ်သတ်မှတ် သူကတော့ ၁ ကနေ ၁၀ ထဲက ထွက်သွားလေ့ရှိသူမဟုတ်ခဲ့ပါ ဘူး။
ဒါက သတ်မှတ်ချက်တွေ ပါပဲ။ တစ်ကယ်က သူဟာ ဒါတွေထက် သမိုင်းမှတ်တမ်း
ကျန်နေခဲ့မှာပဲဖြစ်ပါတယ်။ သူ့ရဲ့ Roll Over Beethoven, Johnny B. Goode,
Maybellene သီချင်းတွေဟာ ဂန္တဝင် တွေဖြစ်နေဆဲ ဆိုတာ ခင်ဗျ
ားတို့နားထောင်ကြည့်တာနဲ့တင် လက်ခံသွားမှာပဲဖြစ်ပါတော့တယ်။
Pete Townshend (The Who)
…………………………………………………
၁၉၆၂ လောက်ထဲက စတင်လာခဲ့တဲ့ The Who တီးဝိုင်းဟာ ရောခ့်ဂီတ သမိုင်းကြောင်းမှာတော့ မှတ်တမ်းမှတ်ရာ တွေအများကြီးနဲ့တီးဝိုင်းပါ။ ဒီဘက်ခေတ်ရဲ့ ဂျင်နရေးရှင်းပေါင်းစပ်မှုတွေ
အပေါ်မှာ ခံစားဖို့ခက်ခဲ နေမယ်ဆိုရင်တော့ အဲဒီအတွက်
တာဝန်အရှိဆုံးလူတွေထဲမှာ The Who တို့ဟာ ထိပ်ဆုံးက ပါနေခဲ့မှာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ သက်တမ်း တစ်လျှောက်မှာ rock, art rock, hard rock, punk rock,
rock opears, power pop, Jazz ပေါင်းစပ်ဟန်များ စသဖြစ် အများကြီး
လုပ်ပြသွားခဲ့သူတွေပါပဲ။ အဲဒီအတွက် The Who တီးဝိုင်းရဲ့ ဂစ်တာသမား Pete
Townshend ဟာသူရဲ့ ဂစ်တာသံတွေကို အများကြီး ပေါင်းစပ်ဖန်တီးပြသွား
ခဲ့ပြီးပါပြီ။ အဲဒါတွေအပြင် သူ့ရဲ့ down strokes, finger picking
စတိုင်လ်တွေ ဟာလည်း အစောပိုင်းတွေဖြစ်နေခဲ့တာပါ ပဲ။
ဒီနေရာမှာ သူရဲ့ ရိုးပွဲစင်မြင့်တွေပေါ်မှာ ဖြေဖျော်တဲ့ ပုံစံတွေဟာ ဟဲဗီးမက်တယ်လ်, ပန့်ရောခ့် တီးဝိုင်းတွေနဲ့ ၉၀' နောက်ပိုင်း Britpop, အော်တာနေးတစ်နဲ့ ဂရန့် တီးဝိုင်းတွေအပေါ်မှာ လွှမ်းမိုးထားနိုင်ခဲ့တာလည်း
အမှန်ပဲ ဖြစ်ပါလိမ့်မယ်။ Pete ကြီးဟာ အဲဒီအချိန်ထဲက တူရိယာတွေကို
ရိုက်ချိုး ဖျက်ဆီးတတ်သလို ဂစ်တာတီးရင် ခုန်ပျံနေတတ်ပြီး လက်ကို နာရီလက်တံ
လည်သလို လှည့်ပတ်ပြီး ဂစ်တာပေါ် ခပ်ကြမ်းကြမ်း တီးခတ်လေ့ရှိတဲ့ စတိုင်တွေဟာ
လက်ရှိအချိန်ထိ အပေါ်က ပြောထားတဲ့ တီးဝိုင်းတွေရဲ့ ဂစ်တာသမားတွေဆီမှာ
တွေ့မြင်ကြရမှာပါပဲ။
The Who ရဲ့ ရောခ့် အော်ပရာ အယ်ဘမ်များ ဖြစ်တဲ့ Tommy နဲ့ Quadrophenia စတဲ့ အယ်ဘမ်တွေမှာ သူ့ရဲ့ ဂစ်တာသံတွေဟာ ဆန်းသစ်နေခဲ့သလို Who's Next အယ်ဘမ်ထဲက Won't Get Folled Again သီချင်းဟာ ယနေ့အချိန်ထိ လတ်ဆတ်နေတဲ့ သူ့ရဲ့ လက်ရာတွေပဲဖြစ်ပါတယ်။ My Generation, I'Can't Explain, Who Are You, Behind Blue Sky, Baba O' Riley စတဲ့သီချင်းတွေရဲ့ သက်တမ်းနဲ့ သူ့ရဲ့ ဂစ်တာသံတွေကို နားထောင်ကြည့်မိရင် Pete ကြီးဟာ ရောခ့်ဂီတရဲ့ အုတ်မြစ်ကြီး ဖြစ်ခဲ့တာကို လက်ခံစေမိမှာပဲဖြစ်ပါတယ်။
အထူးသဖြစ်တော့ သူဟာ ဂီတ မျိုးရိုးကမွေးဖွား ဆင်းသက်လာခဲ့သူဖြစ်တဲ့ အတွက် တူရိယာမျိုးစုံကို အကျွမ်းတဝင် ဖြစ်လွန်းခဲ့သလို ကျွမ်းကျင်စွာလည်း တီးခတ်အသုံးချ နိုင်သူဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက်တွေနဲ့ ပြောမယ်ဆိုရင်တော့ ၂၀၁၁ Rolling stone မဂ္ဂဇင်းရဲ့ ထာဝရ အကောင်းဆုံး ဂစ်တာသမားစာရင်းမှာ နံပတ် ၁၀ ချိတ်ထားခဲ့ပါတယ်။ ဒါဟာ သတ်မှတ်ချက်ပါ။ အဲဒါတွေထက် သူရဲ့ ဖန်တီးပေးထားခဲ့မှုတွေဟာ ရောခ့်ဂီတ ရဲ့ တံခါးပေါက် တွေပဲဖြစ်ပါတယ်။
Jerry Garcia ( Grateful Dead)
……………………………………………………
အဆိုတော်, သီချင်းရေးဆရာ, ဂစ်တာသမား စသဖြစ် Jerry Garcia ကို ဂီတပညာရှင် အဖြစ်သတ်မှတ်ထားကြပါတယ်။ အဲဒါတွေအပြင် Jam rock တွေရဲ့ ဦးဆောင်တီးဝိုင်းအဖြစ် သတ်မှတ်ပေးခဲ့ကြတဲ့ ဂန္တဝင်တီးဝိုင်း Grateful Dead ရဲ့ဦးဆောင် အဆိုတော်, ဂစ်တာသမား နဲ့ ပရိုဂျူ ဆာ အဖြစ်လည်း လူသိများကြတာပါပဲ။ Greatful Dead တို့ဟာလည်း ဂီတအမျိုးအစား မျိုးစုံကို ပေါင်းစပ်ထားခဲ့ ကြပြီး မျိုးဆက်သစ် ရောခ့်ဂျင်နရေးရှင်း ပေါင်းစပ်မှုများ အပေါ်မှာ အုတ်မြစ်ချပေးခဲ့သူများပဲဖြစ်ပါတယ်။ country, folk, blues rock, reggae, jazz rock, psychedelia, space rock စသဖြစ် ရေးရတာထက် သူတို့ရဲ့ သီချင်းတွေမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။
Greatful Dead ရဲ့ ဂစ်တာသမားဖြစ်တဲ့ အတွက် Jerry ရဲ့ ဂစ်တာသံတွေ, ဂစ်တာဆိုလို တွေဟာ လျှင်မြန်လွန်းမနေပဲ နှေးနှေး ပီပီသသနဲ့ အပြောင်းအလဲတွေဟာ မြန်ဆန်သလို သူ့ရဲ့ လက်တန်း တီးခတ်တဲ့ စတိုင်လ်တွေဟာ တီးဝိုင်းအပေါ်မှာရော တစ်ခြား အတီးသမားတွေ အပေါ်မှာရော အမြဲထောက်ပံ မှုပေးနေတတ်တဲ့ စိတ်ကူးဥဏ်ကွန့်မြူးနိုင်လွန်းတဲ့ ဂစ်တာသမား အဖြစ်လည်း ပြောလေ့ရှိကြပါတယ်။ ရိုးလင်းစတုန်းရဲ့ သတ်မှတ်ချက်ကတော့ ၂၀၀၃ မှာ အဆင့် ၁၃ ဖြစ်ပြီး အခုချိန်မှာတော့ ၄၆ ဖြစ်မယ်ထင်ပါတယ်။
Johnny Ramone ( Ramones )
…………………………………………………
Ramones တို့ရဲ့ Blitzkrieg Bop, Judy Is a Punk သီချင်းတွေကို နားထောင်ဖူးကြရင်တော့ Johnny Ramone ရဲ့ ရစ်သမ် ဂစ်တာ riffs တွေကို ပြောဖို့လိုမယ်တောင် မထင်ပါဘူး။ သူဟာ ဂစ်တာဆိုလိုတွေ လှိမ့်တီးနေတဲ့ ဂစ်တာသမားတော့ မဟုတ်ပါဘူး အဲဒီအတွက် ရိုလင်းစတုန်းရဲ့ အဆင့်သတ်မှတ်ချက် ၁၆ ဆိုတာဟာ တစ်ချို့ လူတွေအတွက် စိတ်ထဲတစ်မျိုးဖြစ်နေမလား ပါပဲ။
punk rock ရဲ့ ခေါင်းကိုင်ဖခင်အဖြစ် ပြောလေ့ရှိပြီး ၁၉၆၅ လောက်ကတည်းက စတင်လာခဲ့ကြသလို Ramones တီးဝိုင်းရဲ့ ဂစ်တာသမားဖြစ်တဲ့ Johnny Ramone ရဲ့ စတိုင်လ်ဖြစ်တဲ့ အောက်ကို အဆက်မပြတ်ရိုက်ချ တတ်တဲ့ down stroke တီးဟန် စတိုင်လ် တွေဟာ thrash မက်တယ်လ် ကြီးလေးကြီး တွေဖြစ်တဲ့ Metallica က James နဲ့ Kirk, Megadeth က Mustaine အပြင် Paul Gilbert နဲ့ နောက်ပိုင်း အော်တာနေးတစ် တီးဝိုင်းတွေအတွက် အခြေခံ အုတ်မြစ်ဖြစ်ခဲ့ကြတာလို့လည်း
ပြောလေ့ရှိကြပြန်တာပါပဲ။ (လွပ်လပ်စွာ သဘောကွဲလွဲနိုင်) အဲဒီအတွက် Johnny
Ramone ကို ရိုးလင်းစတုန်းက နံပတ် ၁၆ နဲ့ ၂၀၀၃ က Time မဂ္ဂဇင်းရဲ့ 10
greatest electric - guitar players စာရင်းထဲမှာ ထည့်သွင်းပေးထားခဲ့တာလည်း
ဖြစ်ခဲ့မှာပါ။
Frank Zappa
………………………
Frank Zappa ကို ဂီတ အမျိုးအစားအစုံလောက်နီးနီး ပေါင်းစပ်ဖန်တီးထားတတ်တဲ့ ဂစ်တာသမား, အဆိုတော် အဖြစ်ပြောလေ့ရှိကြပါတယ်။ တူရိယာ အမျိုးမျိုး တီးခတ်လေ့ရှိပြီး ၁၉၅၅ လောက်ထဲက စတင်လာခဲ့တဲ့ Frank Zappa ကြီးဟာ တစ်ကယ်လည်း အဲလိုသတ်မှတ်ရ လောက်အောင်သူရဲ့ ဂီတဖန်တီးမူတွေဟာ ဆန်းကျယ်ခဲ့ပြီး သူ့ရဲ့ ဖန်တီးမှုတွေဟာ ဂီတအမျိုးအစား လိုင်းပေါင်းစုံက ပညာရှင်တွေအတွက် တံခါးဖွင့်ထားပေးခဲ့သူပါပဲ။
rock 'n roll, jazz, funk, classical, orchestral စတဲ့ ဂီတပုံစံအမျိုးမျိုးကို ရောခ့်ဂီတ နဲ့ဆွဲကပ်ပေးခဲ့သူဖြစ်သလို ၇၀' လောက်က I'm the Smile သီချင်းမှာ သူ့ရဲ့ စကားပြောပုံစံ, Jazz ပေါင်းစပ် funk ရောခ့်ပုံစံ နဲ့ ဖန်တီးပြီး ဆိုထားခဲ့တာဟာ အခုအချိန်ဆို rap ရွတ်တယ် ပြောမလား rap rock လို့ပြောကြမလားပါပဲ။ သူရဲ့ ဂစ်တာသံတွေ နည်းစနစ်ပိုင်းတွေဟာ မျိုးဆက်သစ် ရောခ့်တွေနဲ့ အော်တာနေးတစ်ရောခ့် ဂစ်တာသမားတွေ အပေါ်မှာတော့ လမ်းဖောက်ပေးခဲ့သူပဲဖြစ်ပါတ ယ်။ ရိုးလင်းစတုန်းကတော့ အဆင့် ၄၅ အဖြစ် သတ်မှတ်ပေးထားပါတယ်။
Billy Gibbons ( ZZ Top )
…………………………………………
၁၉၆၉ လောက်က စတင်လာခဲ့တဲ့ ZZ Top ရဲ့ ဂစ်တာသမား အဆိုတော် ဖြစ်တဲ့ Billy Gibbons ကြီးကလည်း blues ရောခ့်တွေကို ဆန်းသစ်လမ်းဖေါက် ပေးခဲ့သူပဲဖြစ်ပါတယ်။ အထူးသဖြစ် သူရဲ့ ZZ Top နဲ့ အစောပိုင်း အယ်ဘမ်တွေမှာ ဖန်တီးထားခဲ့တဲ့ ဂစ်တာသံတွေဟာ strong blues rock နဲ့ hard rock ပုံစံတွေပဲဖြစ်ပြီး ဘလူးစ် ပုံစံတွေကို ပိုမိုညက်ညောအောင် ပေါင်းစပ်ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ သူ့ကို ပါဝါ ဘလူးစ်ရောခ့် ဂီတာသမားအဖြစ်လည်း ပြောတတ်ကြတာပါ။
Billy ကြီးဟာ အများအားဖြစ် blues rock, boggie rock, hard rock စတိုင်လ် တွေကို ဖန်တီးတတ်ပေမယ့် ၈၀' နောက်ပိုင်း ZZ Top တို့ရဲ့ ရောင်းအားအရ အအောင်မြင်ဆုံး အယ်ဘမ်တွေလို့ ပြောရမယ့် Eliminator, Afterburner, Recyler စတဲ့ အယ်ဘမ်တွေမှာတော့ new wave, dance rock, punk rock စတဲ့ ပုံစံတွေကို ထပ်မံ တွဲစပ်ထားခဲ့ပြန်ပါတယ်။ အဲဒီအတွက်
နောက်ပိုင်းမျိုးဆက်သစ်တွေဟာ သူရဲ့ လမ်းဖောက်ပေးထား ခဲ့မှုတွေနဲ့အတူ အများကြီး ဆန်းသစ်ထားနိုင်ခဲ့ကြတာပဲဖြ စ်ပါတယ်။ ရိုးလင်းစတုန်း ကတော့ နံပတ် ၃၂ သတ်မှတ်ပေးထားခဲ့ပါတယ်။
Paul Kossoff ( Free )
………………………………………
၁၉၇၀ ကထွက်ရှိခဲ့တဲ့ Free တို့ရဲ့ All Right Now သီချင်းက ဂစ်တာ riffs တွေဟာ hard rock ဂီတရဲ့ အရေးပါတဲ့ အပြောင်းအလဲ တစ်ခုမှာ ပါဝင်ထားခဲ့တာပါ။ အဲဒီ ဂစ်တာ riffs တွေကို ဖန်တီးထားခဲ့သူကတော့ Paul Kossoff ဆိုတဲ့ ဂီတာသမားပဲဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ခဲ့ရတဲ့ ရောခ့်ဂီတရဲ့ ကြယ်ပွင့် အဖြစ်လည်း ပြောကြလေ့ရှိသူပါပဲ။ ဒီသီချင်းဟာ ဗြိတိလျှ ဟဒ့်ရောခ့် ဦးဆောင်သူတွေ ဖြစ်တဲ့ Free တို့ရဲ့ ဂန္တဝင် သီချင်းတစ်ပုဒ်ဖြစ်ခဲ့သလို သူတို့ရဲ့ Mr.Big, Fire the Water သီချင်းတွေဟာလည်း ဘလူးစ်ရောခ့်နဲ့ ဟဒ့်ရောခ့် ပေါင်းစပ်ဟန်တွေရဲ့ ဂန္တဝင် သီချင်းတွေ ဖြစ်ခဲ့ပြန်တာပဲဖြစ်ပါတယ်။
တစ်ကယ်တော့ Free က Paul Rodgers ကြီးနဲ့ Paul Kossoff တို့ဟာ မျိုးဆက်သစ် ဟဒ့်ရောခ့် တီးဝိုင်းတွေ အပေါ်မှာ အများကြီး ထောက်ပံပေးခဲ့ကြသူတွေပါ။ G'NR က Slash အပါအဝင် ၈၀' နောက်ပိုင်း မျိုးဆက် တွေဟာ သူတို့ကို အမြဲတမ်း အမှတ်တရ ရှိနေတတ်ပါတယ်။ လက်ရှိ ဘလူးစ်ရောခ့် ကြယ်ပွင့် Joe Bonamasaa ကတော့ Paul Kossoff ရဲ့ Mr. Big သီချင်းဟာ သူ့ရဲ့ ထာဝရ အကောင်းဆုံး သီချင်းတွေထဲ ထိပ်ဆုံးက ရွေးချယ်ပေးထားခဲ့တာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ၂၀၀၃ လောက်မှာ ရိုးလင်းစတုန်းကတော့ နံပတ် ၅၁ နေရာမှ သတ်မှတ်ပေးထားခဲ့တာပါပဲ။
Allen Collins ( Lynyrd Skynyrd )
………………………………………………………
ဂန္တဝင် southern rock တီးဝိုင်း Lynyrd Skynyrd ရဲ့ Free Bird ရဲ့ ဂစ်တာဆိုလိုဟာ အကောင်းဆုံး ဂစ်တာဆိုလို စာရင်းတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတတ်တာပါ။ ဒီသီချင်းကို ဖန်တီးထားခဲ့တာကတော့ သူတို့ရဲ့ ဂစ်သမား Allen Collins ပဲဖြစ်ပါတယ်။ Lynyrd တို့ရဲ့ ဂန္တဝင်ဖြစ်ခဲ့တဲ့ ၁၉၆၄ ကနေ စပြီး အဆိုတော် Ronnie Van Zant နဲ့ Allen Collins တို့ဟာ လက်တွဲညီခဲ့ကြပြီး ဒါဟာ Lynyrd တို့ရဲ့ ပထမပိုင်းပဲဖြစ်ပါတယ်။
Sweet Home Alabama, Gimme Back My Bullet, Every Mother Son, Simple Man, Gimme Three Steps စတဲ့ သီချင်းတွေဟာ Lynyrd တို့ရဲ့ ဂန္တဝင် သီချင်းတွေပဲဖြစ်ပါတယ်။ အထူးသဖြစ်တော့ ဒီသီချင်းတွေဟာ အမေရိကန် တောင်ပိုင်းသားတွေရဲ့ ရိုးရာ သီချင်းတွေလို့တောင် သတ်မှတ်ရမလိုဖြစ်ခဲ့ပြီး တောင်ပိုင်းရောခ့်ဂီတရဲ့ အရေးပါလွန်းတဲ့ နေရာမှာ သတ်မှတ်ပေးထားရမှာဖြစ်သလို နောက်ပိုင်း southern ရောခ့် နဲ့ southern metal မျိုးဆက်သစ်တွေအတွက် လမ်းဖောက်ပေးခဲ့တာပဲဖြစ်ပါတ ယ်။
ဒါပေမယ့် အဆိုတော် Ronnie ဆုံးသွားပြီး နောက်ပိုင်း Lynyrd တို့ဟာ
ခဏရပ်တန့်သွားခဲ့ရသလို Allen ဟာလည်း ၁၉၉၀ မှာ အက်ဆီဒင့် တစ်ခုကြောင့်
ကြွေလွင့်ခဲ့ရတဲ့ ရောခ့်ကြယ်ပွင့် တစ်ဦးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၉၁ ကနေ
လက်ရှိအချိန်ထိ Lynyrd ရဲ့ အဆိုတော် ကတော့ Ronnie Van Zant ရဲ့ ညီ Johnny
Van Zant ကဦးဆောင်ကာ သူ့အကိုနဲ့ Allen တို့ရဲ့ ဂန္တဝင် လက်ရာတွေကို
ထိန်းသိမ်းပေးနေဆဲပဲဖြစ်ပါေ တာ့တယ်။
…\ထွဋ်/…
ခင်သောမင်သော
စေကာ္ပီယံမ် ား
လက်ရှိ ရောခ့်ဂီတ ရေစီးကြောင်းဟာ လျှင်မြန်စွာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေခဲ့တာကို မြင်တွေ့နေကြရမှာပဲဖြစ်ခဲ့သလို ဂီတမျိုးဆက်၊ မျိုးကွဲပေါင်းများစွာ ဟာလည်း တစ်ခုနဲ့တစ်ခု ဒွေးရောယှက်တင် ပေါင်းစပ်လာခဲ့ ကြတာကိုလည်း သတိထားမိကြမှာပါ။ ဒါဟာ ၂၁ ရာစု မျိုးဆက်များရဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းများ နဲ့ ရောခ့်ဂီတကို မောင်းနှင်နေကြတာလည်း ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ SSFS က အခုပြောမယ့် ဂန္တဝင် ဂီတာသမားများနဲ့ ဂီတ ပညာရှင်တွေဟာ ၁၉၆၀ နဲ့ ၁၉၇၀ အစောပိုင်းတွေကနေ ရောခ့်အင်ရိုး ဂီတကို ဆင့်ကဲပြောင်းလဲမှုတွေ ဖန်တီးလာနိုင်ဖို့ အတွက် အခြေခံအုတ်မြစ်တွေ ဖြစ်ခဲ့ကြသူများ ထဲမှာ ပါဝင်ခဲ့ကြသူများပါပဲ။ သူတို့ဟာ လူပြောအရမ်းများလွန်းတဲ့ ဂီတာသမားတွေ ဟုတ်ချင်မှာဟုတ်နိုင်ပေမယ့် ရောခ့်အင်ရိုး သမိုင်းမှာတော့ သူတို့ရဲ့ပုံရိပ်တွေ အခိုင်အမာထင်ကျန်နေခဲ့သူများပဲဖြစ်သလို ရောခ့်ဂီတ ရဲ့အခြေခံအုတ်မြစ်ချ ပေးခဲ့တဲ့ ဂီတပညာရှင်တွေ ထဲမှာလည်း ချန်ထားခဲ့ဖို့ ခက်ခဲပါတယ်။
အဲဒီအချိန်ရဲ့ နံမည်ကြီးပြီး လူသိမ် ားတဲ့ ဂီတာသမားမ် ား ( ဥပမာ Eric Clapton, Jeff Beck, Jimmy Page, Tony Lommi, Ritchie Blackmore, Keith Richards, Carlo Santana) စတဲ့ လူပြောများတဲ့ သူတွေထက် လူပြောသိပ်မများတဲ့ ဂစ်တာသမားတွေကို ဖော်ပြပေးထားတာဖြစ်ပြီး ကျန်နေခဲ့တဲ့ ဂစ်တာသမားတွေလည်း အများကြီးပဲဖြစ် ပါတယ်။ အချိန်ရရင် အလျှင်းသင့်သလို ပြန်လည်ဖော်ပြပေးသွား မှာပဲဖြစ်သလို ဒီလို သက်တမ်းရှိသူများ အတွက် ပြည့်စုံအောင် ပြောဖို့ထက် သူတို့ရဲ့
လျှပ်တစ်ပျက် ရုပ်ပုံလွှာ
……………………………………
အနေနဲ့ပဲပြောထားပေးတာဖြစ်ပါတယ်။
Chuck Berry
…………………………
၁၉၅၅ ဆိုတဲ့ အချိန်ထဲက ရောခ့်အင်ရိုး
ဂီတကို နောက်ပိုင်း မျိုးဆက်များအတွက် ပိုမိုမာကျော လာစေအောင် မျိုးစေ့ချ ပေးခဲ့ သူပဲဖြစ်ပါတယ်။ ဂန္တဝင် တွေဖြစ်တဲ့ The Beatles က John Lennon ကတော့ ရောခ့်အင်ရိုး ဆိုတဲ့နံမည်ကို နောက်တစ်မျိုးပြောင်းပေး ဖို့ ခက်ခဲနေမယ် ဆိုရင်တော့ Chuck Berry လို့သာ ပေးဖို့ ပြောကြာဖူးခဲ့သလို တစ်ခြားနံမည်ကြီး ဂန္တဝင်တွေ ပြောထားတာတွေလည်း အများကြီးပါပဲ။ Chuck ကြီးဟာ သီချင်းဆိုလည်းကောင်းသလို သူရဲ့ ဂစ်တာတီးတဲ့ စတိုင်လ်တွေဟာလည်း များစွာ လွှမ်းမိုးထားနိုင်ခဲ့တာပဲဖြ
တစ်ကယ်က Chuck Berry ကြီးရဲ့ သီချင်းတွေဟာ ကျွန်တော်တို့ဆီ မှာလည်းရင်းနှီးခဲ့ဖူးကြသလိ
Pete Townshend (The Who)
…………………………………………………
၁၉၆၂ လောက်ထဲက စတင်လာခဲ့တဲ့ The Who တီးဝိုင်းဟာ ရောခ့်ဂီတ သမိုင်းကြောင်းမှာတော့ မှတ်တမ်းမှတ်ရာ တွေအများကြီးနဲ့တီးဝိုင်းပါ။ ဒီဘက်ခေတ်ရဲ့ ဂျင်နရေးရှင်းပေါင်းစပ်မှုတေ
ဒီနေရာမှာ သူရဲ့ ရိုးပွဲစင်မြင့်တွေပေါ်မှာ ဖြေဖျော်တဲ့ ပုံစံတွေဟာ ဟဲဗီးမက်တယ်လ်, ပန့်ရောခ့် တီးဝိုင်းတွေနဲ့ ၉၀' နောက်ပိုင်း Britpop, အော်တာနေးတစ်နဲ့ ဂရန့် တီးဝိုင်းတွေအပေါ်မှာ လွှမ်းမိုးထားနိုင်ခဲ့တာလည်း
The Who ရဲ့ ရောခ့် အော်ပရာ အယ်ဘမ်များ ဖြစ်တဲ့ Tommy နဲ့ Quadrophenia စတဲ့ အယ်ဘမ်တွေမှာ သူ့ရဲ့ ဂစ်တာသံတွေဟာ ဆန်းသစ်နေခဲ့သလို Who's Next အယ်ဘမ်ထဲက Won't Get Folled Again သီချင်းဟာ ယနေ့အချိန်ထိ လတ်ဆတ်နေတဲ့ သူ့ရဲ့ လက်ရာတွေပဲဖြစ်ပါတယ်။ My Generation, I'Can't Explain, Who Are You, Behind Blue Sky, Baba O' Riley စတဲ့သီချင်းတွေရဲ့ သက်တမ်းနဲ့ သူ့ရဲ့ ဂစ်တာသံတွေကို နားထောင်ကြည့်မိရင် Pete ကြီးဟာ ရောခ့်ဂီတရဲ့ အုတ်မြစ်ကြီး ဖြစ်ခဲ့တာကို လက်ခံစေမိမှာပဲဖြစ်ပါတယ်။
အထူးသဖြစ်တော့ သူဟာ ဂီတ မျိုးရိုးကမွေးဖွား ဆင်းသက်လာခဲ့သူဖြစ်တဲ့ အတွက် တူရိယာမျိုးစုံကို အကျွမ်းတဝင် ဖြစ်လွန်းခဲ့သလို ကျွမ်းကျင်စွာလည်း တီးခတ်အသုံးချ နိုင်သူဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက်တွေနဲ့ ပြောမယ်ဆိုရင်တော့ ၂၀၁၁ Rolling stone မဂ္ဂဇင်းရဲ့ ထာဝရ အကောင်းဆုံး ဂစ်တာသမားစာရင်းမှာ နံပတ် ၁၀ ချိတ်ထားခဲ့ပါတယ်။ ဒါဟာ သတ်မှတ်ချက်ပါ။ အဲဒါတွေထက် သူရဲ့ ဖန်တီးပေးထားခဲ့မှုတွေဟာ ရောခ့်ဂီတ ရဲ့ တံခါးပေါက် တွေပဲဖြစ်ပါတယ်။
Jerry Garcia ( Grateful Dead)
……………………………………………………
အဆိုတော်, သီချင်းရေးဆရာ, ဂစ်တာသမား စသဖြစ် Jerry Garcia ကို ဂီတပညာရှင် အဖြစ်သတ်မှတ်ထားကြပါတယ်။ အဲဒါတွေအပြင် Jam rock တွေရဲ့ ဦးဆောင်တီးဝိုင်းအဖြစ် သတ်မှတ်ပေးခဲ့ကြတဲ့ ဂန္တဝင်တီးဝိုင်း Grateful Dead ရဲ့ဦးဆောင် အဆိုတော်, ဂစ်တာသမား နဲ့ ပရိုဂျူ ဆာ အဖြစ်လည်း လူသိများကြတာပါပဲ။ Greatful Dead တို့ဟာလည်း ဂီတအမျိုးအစား မျိုးစုံကို ပေါင်းစပ်ထားခဲ့ ကြပြီး မျိုးဆက်သစ် ရောခ့်ဂျင်နရေးရှင်း ပေါင်းစပ်မှုများ အပေါ်မှာ အုတ်မြစ်ချပေးခဲ့သူများပဲဖြစ်ပါတယ်။ country, folk, blues rock, reggae, jazz rock, psychedelia, space rock စသဖြစ် ရေးရတာထက် သူတို့ရဲ့ သီချင်းတွေမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။
Greatful Dead ရဲ့ ဂစ်တာသမားဖြစ်တဲ့ အတွက် Jerry ရဲ့ ဂစ်တာသံတွေ, ဂစ်တာဆိုလို တွေဟာ လျှင်မြန်လွန်းမနေပဲ နှေးနှေး ပီပီသသနဲ့ အပြောင်းအလဲတွေဟာ မြန်ဆန်သလို သူ့ရဲ့ လက်တန်း တီးခတ်တဲ့ စတိုင်လ်တွေဟာ တီးဝိုင်းအပေါ်မှာရော တစ်ခြား အတီးသမားတွေ အပေါ်မှာရော အမြဲထောက်ပံ မှုပေးနေတတ်တဲ့ စိတ်ကူးဥဏ်ကွန့်မြူးနိုင်လွန်းတဲ့ ဂစ်တာသမား အဖြစ်လည်း ပြောလေ့ရှိကြပါတယ်။ ရိုးလင်းစတုန်းရဲ့ သတ်မှတ်ချက်ကတော့ ၂၀၀၃ မှာ အဆင့် ၁၃ ဖြစ်ပြီး အခုချိန်မှာတော့ ၄၆ ဖြစ်မယ်ထင်ပါတယ်။
Johnny Ramone ( Ramones )
…………………………………………………
Ramones တို့ရဲ့ Blitzkrieg Bop, Judy Is a Punk သီချင်းတွေကို နားထောင်ဖူးကြရင်တော့ Johnny Ramone ရဲ့ ရစ်သမ် ဂစ်တာ riffs တွေကို ပြောဖို့လိုမယ်တောင် မထင်ပါဘူး။ သူဟာ ဂစ်တာဆိုလိုတွေ လှိမ့်တီးနေတဲ့ ဂစ်တာသမားတော့ မဟုတ်ပါဘူး အဲဒီအတွက် ရိုလင်းစတုန်းရဲ့ အဆင့်သတ်မှတ်ချက် ၁၆ ဆိုတာဟာ တစ်ချို့ လူတွေအတွက် စိတ်ထဲတစ်မျိုးဖြစ်နေမလား ပါပဲ။
punk rock ရဲ့ ခေါင်းကိုင်ဖခင်အဖြစ် ပြောလေ့ရှိပြီး ၁၉၆၅ လောက်ကတည်းက စတင်လာခဲ့ကြသလို Ramones တီးဝိုင်းရဲ့ ဂစ်တာသမားဖြစ်တဲ့ Johnny Ramone ရဲ့ စတိုင်လ်ဖြစ်တဲ့ အောက်ကို အဆက်မပြတ်ရိုက်ချ တတ်တဲ့ down stroke တီးဟန် စတိုင်လ် တွေဟာ thrash မက်တယ်လ် ကြီးလေးကြီး တွေဖြစ်တဲ့ Metallica က James နဲ့ Kirk, Megadeth က Mustaine အပြင် Paul Gilbert နဲ့ နောက်ပိုင်း အော်တာနေးတစ် တီးဝိုင်းတွေအတွက် အခြေခံ အုတ်မြစ်ဖြစ်ခဲ့ကြတာလို့လည်
Frank Zappa
………………………
Frank Zappa ကို ဂီတ အမျိုးအစားအစုံလောက်နီးနီး ပေါင်းစပ်ဖန်တီးထားတတ်တဲ့ ဂစ်တာသမား, အဆိုတော် အဖြစ်ပြောလေ့ရှိကြပါတယ်။ တူရိယာ အမျိုးမျိုး တီးခတ်လေ့ရှိပြီး ၁၉၅၅ လောက်ထဲက စတင်လာခဲ့တဲ့ Frank Zappa ကြီးဟာ တစ်ကယ်လည်း အဲလိုသတ်မှတ်ရ လောက်အောင်သူရဲ့ ဂီတဖန်တီးမူတွေဟာ ဆန်းကျယ်ခဲ့ပြီး သူ့ရဲ့ ဖန်တီးမှုတွေဟာ ဂီတအမျိုးအစား လိုင်းပေါင်းစုံက ပညာရှင်တွေအတွက် တံခါးဖွင့်ထားပေးခဲ့သူပါပဲ။
rock 'n roll, jazz, funk, classical, orchestral စတဲ့ ဂီတပုံစံအမျိုးမျိုးကို ရောခ့်ဂီတ နဲ့ဆွဲကပ်ပေးခဲ့သူဖြစ်သလို ၇၀' လောက်က I'm the Smile သီချင်းမှာ သူ့ရဲ့ စကားပြောပုံစံ, Jazz ပေါင်းစပ် funk ရောခ့်ပုံစံ နဲ့ ဖန်တီးပြီး ဆိုထားခဲ့တာဟာ အခုအချိန်ဆို rap ရွတ်တယ် ပြောမလား rap rock လို့ပြောကြမလားပါပဲ။ သူရဲ့ ဂစ်တာသံတွေ နည်းစနစ်ပိုင်းတွေဟာ မျိုးဆက်သစ် ရောခ့်တွေနဲ့ အော်တာနေးတစ်ရောခ့် ဂစ်တာသမားတွေ အပေါ်မှာတော့ လမ်းဖောက်ပေးခဲ့သူပဲဖြစ်ပါတ
Billy Gibbons ( ZZ Top )
…………………………………………
၁၉၆၉ လောက်က စတင်လာခဲ့တဲ့ ZZ Top ရဲ့ ဂစ်တာသမား အဆိုတော် ဖြစ်တဲ့ Billy Gibbons ကြီးကလည်း blues ရောခ့်တွေကို ဆန်းသစ်လမ်းဖေါက် ပေးခဲ့သူပဲဖြစ်ပါတယ်။ အထူးသဖြစ် သူရဲ့ ZZ Top နဲ့ အစောပိုင်း အယ်ဘမ်တွေမှာ ဖန်တီးထားခဲ့တဲ့ ဂစ်တာသံတွေဟာ strong blues rock နဲ့ hard rock ပုံစံတွေပဲဖြစ်ပြီး ဘလူးစ် ပုံစံတွေကို ပိုမိုညက်ညောအောင် ပေါင်းစပ်ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ သူ့ကို ပါဝါ ဘလူးစ်ရောခ့် ဂီတာသမားအဖြစ်လည်း ပြောတတ်ကြတာပါ။
Billy ကြီးဟာ အများအားဖြစ် blues rock, boggie rock, hard rock စတိုင်လ် တွေကို ဖန်တီးတတ်ပေမယ့် ၈၀' နောက်ပိုင်း ZZ Top တို့ရဲ့ ရောင်းအားအရ အအောင်မြင်ဆုံး အယ်ဘမ်တွေလို့ ပြောရမယ့် Eliminator, Afterburner, Recyler စတဲ့ အယ်ဘမ်တွေမှာတော့ new wave, dance rock, punk rock စတဲ့ ပုံစံတွေကို ထပ်မံ တွဲစပ်ထားခဲ့ပြန်ပါတယ်။ အဲဒီအတွက်
နောက်ပိုင်းမျိုးဆက်သစ်တွေဟာ သူရဲ့ လမ်းဖောက်ပေးထား ခဲ့မှုတွေနဲ့အတူ အများကြီး ဆန်းသစ်ထားနိုင်ခဲ့ကြတာပဲဖြ
Paul Kossoff ( Free )
………………………………………
၁၉၇၀ ကထွက်ရှိခဲ့တဲ့ Free တို့ရဲ့ All Right Now သီချင်းက ဂစ်တာ riffs တွေဟာ hard rock ဂီတရဲ့ အရေးပါတဲ့ အပြောင်းအလဲ တစ်ခုမှာ ပါဝင်ထားခဲ့တာပါ။ အဲဒီ ဂစ်တာ riffs တွေကို ဖန်တီးထားခဲ့သူကတော့ Paul Kossoff ဆိုတဲ့ ဂီတာသမားပဲဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ခဲ့ရတဲ့ ရောခ့်ဂီတရဲ့ ကြယ်ပွင့် အဖြစ်လည်း ပြောကြလေ့ရှိသူပါပဲ။ ဒီသီချင်းဟာ ဗြိတိလျှ ဟဒ့်ရောခ့် ဦးဆောင်သူတွေ ဖြစ်တဲ့ Free တို့ရဲ့ ဂန္တဝင် သီချင်းတစ်ပုဒ်ဖြစ်ခဲ့သလို သူတို့ရဲ့ Mr.Big, Fire the Water သီချင်းတွေဟာလည်း ဘလူးစ်ရောခ့်နဲ့ ဟဒ့်ရောခ့် ပေါင်းစပ်ဟန်တွေရဲ့ ဂန္တဝင် သီချင်းတွေ ဖြစ်ခဲ့ပြန်တာပဲဖြစ်ပါတယ်။
တစ်ကယ်တော့ Free က Paul Rodgers ကြီးနဲ့ Paul Kossoff တို့ဟာ မျိုးဆက်သစ် ဟဒ့်ရောခ့် တီးဝိုင်းတွေ အပေါ်မှာ အများကြီး ထောက်ပံပေးခဲ့ကြသူတွေပါ။ G'NR က Slash အပါအဝင် ၈၀' နောက်ပိုင်း မျိုးဆက် တွေဟာ သူတို့ကို အမြဲတမ်း အမှတ်တရ ရှိနေတတ်ပါတယ်။ လက်ရှိ ဘလူးစ်ရောခ့် ကြယ်ပွင့် Joe Bonamasaa ကတော့ Paul Kossoff ရဲ့ Mr. Big သီချင်းဟာ သူ့ရဲ့ ထာဝရ အကောင်းဆုံး သီချင်းတွေထဲ ထိပ်ဆုံးက ရွေးချယ်ပေးထားခဲ့တာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ၂၀၀၃ လောက်မှာ ရိုးလင်းစတုန်းကတော့ နံပတ် ၅၁ နေရာမှ သတ်မှတ်ပေးထားခဲ့တာပါပဲ။
Allen Collins ( Lynyrd Skynyrd )
………………………………………………………
ဂန္တဝင် southern rock တီးဝိုင်း Lynyrd Skynyrd ရဲ့ Free Bird ရဲ့ ဂစ်တာဆိုလိုဟာ အကောင်းဆုံး ဂစ်တာဆိုလို စာရင်းတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတတ်တာပါ။ ဒီသီချင်းကို ဖန်တီးထားခဲ့တာကတော့ သူတို့ရဲ့ ဂစ်သမား Allen Collins ပဲဖြစ်ပါတယ်။ Lynyrd တို့ရဲ့ ဂန္တဝင်ဖြစ်ခဲ့တဲ့ ၁၉၆၄ ကနေ စပြီး အဆိုတော် Ronnie Van Zant နဲ့ Allen Collins တို့ဟာ လက်တွဲညီခဲ့ကြပြီး ဒါဟာ Lynyrd တို့ရဲ့ ပထမပိုင်းပဲဖြစ်ပါတယ်။
Sweet Home Alabama, Gimme Back My Bullet, Every Mother Son, Simple Man, Gimme Three Steps စတဲ့ သီချင်းတွေဟာ Lynyrd တို့ရဲ့ ဂန္တဝင် သီချင်းတွေပဲဖြစ်ပါတယ်။ အထူးသဖြစ်တော့ ဒီသီချင်းတွေဟာ အမေရိကန် တောင်ပိုင်းသားတွေရဲ့ ရိုးရာ သီချင်းတွေလို့တောင် သတ်မှတ်ရမလိုဖြစ်ခဲ့ပြီး တောင်ပိုင်းရောခ့်ဂီတရဲ့ အရေးပါလွန်းတဲ့ နေရာမှာ သတ်မှတ်ပေးထားရမှာဖြစ်သလို နောက်ပိုင်း southern ရောခ့် နဲ့ southern metal မျိုးဆက်သစ်တွေအတွက် လမ်းဖောက်ပေးခဲ့တာပဲဖြစ်ပါတ
…\ထွဋ်/…
ခင်သောမင်သော
စေကာ္ပီယံမ် ား
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။