Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 8, 2016

၂၁ ရာစုရဲ့နယ်ချဲ့မှုနည်းလမ်းအသစ် နည်းပညာကိုလိုနီနိုင်ငံ

၂၁ ရာစုရဲ့နယ်ချဲ့မှုနည်းလမ်းအသစ် နည်းပညာကိုလိုနီနိုင်ငံ
===================
-ဖိုးနိုင်ဝင်း (မာစတာပိစ်)

၂၁ ရာစုကို နည်းပညာခေတ်လို့ပြောကြပါတယ်။ သတင်းအချက် အလက်နည်းပညာ၊ ဆက်သွယ်ရေး၊ အီလက်ထရွန်းနစ်၊ အာကာသ၊ လေကြောင်း၊ ရေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးပညာ စတဲ့နည်းပညာတွေအားလုံး အရင်ကထက် အများကြီးတိုးတက် ပြောင်းလဲလာတာ အားလုံးအသိပါ။ အဲဒီနည်းပညာတွေထဲမှာ စဉ်းစားကြည့်ရင်တောင်မှဘယ်လိုမှနားလည်မှာမဟုတ်တဲ့ တော်ရုံ တတ်ကျွမ်းမှု၊ တော်ရုံငွေကြေးပမာဏနဲ့ အနားတောင်ကပ်လို့မရ တဲ့နည်းပညာတွေရှိနေသလို ဘာမှနားလည်စရာမလိုဘဲ သာမန် လူနေမှုဘ၀ထဲကိုရောက်ရှိလာတဲ့နည်းပညာတွေလည်း အမြောက် အမြားရှိနေပါတယ်။ အဲဒီနည်းပညာတွေအားလုံးဟာ စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့သာမက နိုင်ငံတစ်ခုလုံးရဲ့ကာကွယ်ရေး၊ လုံခြုံရေးအထိပါ သက်ရောက်မှုရှိနေပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာ နည်းပညာအားသာရင်အားသာသလို အသာစီးရ ယူကာ နည်းပညာဖြစ်တဲ့အထိလုပ်ဆောင်နိုင်နေပါတယ်။
အရင်ဆုံးစပြောရရင် ၁၉ ရာစုလောက်ကစပြီး ကိုလိုနီ နယ်ချဲ့စနစ်ထွန်းကားခဲ့ပါတယ်။ အင်အားကြီးနိုင်ငံတွေက နိုင်ငံ ငယ်တွေကိုကျူးကျော်သိမ်းပိုက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အင်္ဂလိပ်-မြန်မာစစ်မက်သုံးကြိမ်ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံး သူ့ကျွန် ဖြစ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ နှစ်တစ်ရာကျော်လောက် ဗြိတိသျကိုလိုနီဖြစ်ခဲ့တာဟာ နည်းပညာကြောင့်လို့ပြောခဲ့ရင် မှား တယ်လိုပြောလို့မရပါဘူး။ ၂၁ ရာစုဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ် တိုက်ပြီးအဓမ္မကျူးကျော်တဲ့ခေတ်မဟုတ်တော့ပါဘူး။ တကယ်လို့ ကျူးကျော်သိမ်းပိုက်ချင်ခဲ့ရင်လည်း ခလုတ်နှိပ်ပြီး တိုက်ခိုက်နိုင် လောက်အောင် နည်းပညာမြင့်မားမှုရှိနေပြီဖြစ်ပါတယ်။ နည်းပညာ အားသာချက်ကိုအသုံးချပြီး ကျည်တစ်ချက်မှမဖောက်ဘဲ နိုင်ငံတစ် နိုင်ငံကို နည်းပညာနဲ့သိမ်းပိုက်နိုင်ပါပြီ။ စီးပွားရေး၊ လူမှုရေး၊ ဘာ သာရေး၊ ကာကွယ်ရေး၊ နိုင်ငံရေး စတာတွေအားလုံးအတွက် နည်း ပညာတွေက ပတ်သက်မှုရှိနေပါတယ်။ အရေးပါနေပါတယ်။
နိုင်ငံရေးတွေ၊ ကာကွယ်ရေးတွေခဏထားပြီး စီးပွားရေး အပိုင်းကိုကြည့်ရင် ကျွန်တော်တို့နိုင်ငံဟာ ဘာထုတ်ကုန်မှထိထိ ရောက်ရောက်မထုတ်ခဲ့တာ၊ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့တာ အခုအချိန်အထိပါ။ ဘယ်လိုထုတ်ကုန်မျိုးကို အဓိကထားရည်ရွယ် ထုတ်လုပ်မလဲ၊ ဘယ်လိုလမ်းကြောင်းမျိုးကိုရွေးချယ်မလဲဆိုတာ အရေးကြီးတယ်လို့ယူဆပါတယ်။ လက်ရှိအချိန်မှာ ဘယ်လိုထုတ် ကုန်မျိုးကိုထုတ်ထုတ် အဆင်မပြေပါ။ ဘာပစ္စည်းမှထုတ်လို့တွက် ချေမကိုက်ပါ။ မကိုက်လို့ မကိုက်ဘူးဆိုတာနဲ့တင် ရှိရှိသမျပစ္စည်း တွေဝယ်သုံးနေကြတာ ကျား၊ မအတွင်းခံကနေ ဂြိုဟ်တုအထိဖြစ် ပါတယ်။
ကျွန်တော်တို့နိုင်ငံကို စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတစ်ခုခုပေါ် အခြေခံအဓိကထားထုတ်လုပ်တဲ့နိုင်ငံလားဆို တော့ မဟုတ်ပြန်ပါဘူး။ ဆိုလိုတာက ဆန်စပါး၊ ဂျုံ၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို တစ်နိုင်ငံလုံးအဓိကထား ထုတ်လုပ်နေတာလား၊ အဓိကထားစိုက်ပျိုးနေတာလား၊ ရာဘာ၊ ကော်ဖီ၊ ရေနံ၊ ကား၊ နာရီ စသဖြင့် ကမ္ဘာအထိပေါက်သွားတဲ့ထုတ်ကုန်မျိုးမထုတ်လုပ်နိုင်ခဲ့ ပါ။ ဆန်စပါးကိုအဓိကထားထုတ်လုပ်နေတယ်ဆိုပေမဲ့ ကမ္ဘာ့ဆန် တင်ပို့မှုအပိုင်းမှာ ထိပ်တန်းကရပ်တည်နေခဲ့တဲ့ အရင်ကအခြေ အနေကိုမမီပြန်ပါဘူး။ အကြမ်းဖျင်းအနေနဲ့ ဒီမြေဒီရေမှာပဲစိုက် ပျိုးထုတ်လုပ်ခဲ့တဲ့ ဆန်စပါးထုတ်လုပ်မှုအပိုင်းမှာ နည်းပညာအနေ နဲ့ အများကြီးနောက်ကျကျန်ခဲ့ပါပြီ။ အိမ်နီးချင်းနိုင်ငံတွေက ကိုယ့် ထက်အများကြီးအသာရနေပြီးဖြစ်ပါတယ်။ ဆန်စပါးစိုက်ပျိုးမှုရဲ့ နောက်ကွယ်မှာ နည်းပညာတွေအများကြီးရှိနေပါတယ်။ သုတေသန လုပ်ငန်းတွေ တကယ်မလုပ်ခဲ့တာ၊ စီမံကိန်းတွေလက်တွေ့မဆန် ခဲ့တာ၊ ကျယ်ကျယ်ပြန့်ပြန့်မရှိတာဟာ တိုင်းပြည်တစ်ခုလုံးရဲ့စီးပွား ရေးကို အများကြီးသက်ရောက်မှုရှိခဲ့ပါတယ်။
ဆန်စပါးစိုက်ပျိုးမှု လက်တွေ့လုပ်ဆောင်နေရတာက တောင်သူဦးကြီးတွေဖြစ်ပြီး သူတို့လက်တွေ့ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ နည်းပညာအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့လိုပါ တယ်။ သိထားတာလေးတစ်ခုက မျိုးစပါးကိစ္စပါ။ မျိုးစပါးကိုဝယ် သုံးတဲ့နေရာတွေမှာ ပြည်ပကမျိုးဝယ်သုံးခဲ့ရင်မျိုးစပါးစိုက်၊ သီးလာ တဲ့စပါးပြန်လုပ်ခဲ့ရင် အထွက်နှုန်းမမှန်တော့တာဖြစ်ပါတယ်။ ပြည် ပက တိုက်ရိုက်ဝယ်သုံးတဲ့မျိုးစပါးက တစ်ဧကတင်း ၆၀၊ ၇၀ ထွက် ပေမဲ့ အဲဒီစပါးကိုစပါးစိုက်၊ ထွက်လာတဲ့စပါးကိုနောက်တစ်ကြိမ်မျိုး ယူ၊ အဲဒီမျိုးစပါးကိုထပ်စိုက်ခဲ့ရင် တင်း ၆၀၊ ၇၀ မထွက်တော့ဘူးဆို တော့ တစ်သက်လုံး သူများဆီကမျိုးစပါးကိုဝယ်သုံးရမလိုဖြစ်နေပါ တယ်။ စပါးမျိုးအားလုံး သုတေသနတွေမလုပ်၊ တစ်တိုင်းပြည်လုံး ကဒေသအားလုံး မဆိုလိုပါ။ မျိုးစပါးလည်း ဆရာစားချန်ထား လို့ရကြောင်း ရည်ရွယ်ရေးထားတာပါ။
တစ်ချိန်ကနာမည်ကြီး ပျားလိမ္မော်ထွက်တဲ့မိုင်းဆက်မှာ ဘာလိမ္မော်မှမစိုက်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေး ဈေးကြီးလို့ပါတဲ့။ လိမ္မော်ပျိုးပင်တွေကို အိမ်နီးချင်းထိုင်းနိုင်ငံက ၀ယ်ရပါတယ်။ အဲဒီအပင်တွေအတွက် မြေသြဇာ၊ ပိုးသတ်ဆေးတွေ ကို ထိုင်းနိုင်ငံကပဲဝယ်ရတယ်။ အသီးဆွတ်ခါနီးမှာ ချိုတဲ့ဆေးဖြန်းရ ပါတယ်။ အဲဒီဆေးက သုံးဆလောက်ဈေးကြီးသွားလို့ဈေးပိုရတဲ့ ထိုင်းကိုပြန်သွင်းရင်တောင်မှ မကိုက်တော့လို့ပါ။ အဲဒီဆေးက အိတ်စပို့လုပ်တာကိုပဲဈေးတင်ထားတာလား၊ သူတို့ဆီမှာပါဈေး တတ်လာလားတော့မသိပါ။ တစ်ခါ ဟင်းသီးဟင်းရွက်သစ်သီးဝလံ တွေကရော မြန်မာပြည်မှာစိုက်တဲ့ဖရဲသီးက ထိုင်ဝမ်ဖရဲမျိုးက ထိုင်ဝမ်ကလာပုံပါတယ်။ သိပ်မခါးတဲ့ ကြက်ဟင်းခါးသီး၊ အမွှာ သိသိသာသာကြီးနေတဲ့ ပိန္နဲသီး၊ ဒူးရင်းသီးစတာတွေအစ ဒီမှာမျိုး စပ်တာ၊ မျိုးစေ့ထုတ်တာ တွင်တွင်ကျယ်ကျယ်မလုပ်နိုင်သေးပါ။ အဲဒီနောက်ကွယ်က စည်သွပ်လုပ်ငန်းတွဲမလာတဲ့အတွက် အထား မခံတဲ့အသီးအနှံတွေကို သူများဖြတ်တဲ့ဈေးနဲ့ရောင်း၊ အနှိမ်ခံရောင်း နေရတာပါ။ သူများတွေက မင်းဂွတ်၊ လိုင်းချီး၊ မာကလာသီး၊ ပိန္နဲ သီး၊ ကြက်မောက်သီး၊ ငှက်ပျောသီးမှည့်၊ သင်္ဘောသီး၊ သရက်သီး၊ နာနတ်သီး စတာတွေစည်သွတ်ရောင်းတာတွေသိကြပြီးသားပါ။ ပိန္နဲသီးအနုပိန္နဲကွင်းတွေ၊ ပဲပြုတ်၊ မျစ်၊ အုန်းနို့၊ အုန်းစိမ်းရည်၊ ထန်းသီး၊ ငှက်ပျောဖူးတွေကိုပါ စည်သွတ်ဈေးကွက်တင်ထားတာ တွေ့ရပါမယ်။ ကမ္ဘာပတ်၊ အိတ်စပို့လုပ်ပြီးခဲ့တာ နှစ် ၃၀၊ နှစ် ၄၀ လောက်ရှိနေပြီးပါပြီ။ ဖရဲသီးစိုက်တာတောင်မှ ဒီမှာမြေလာငှားပြီး စိုက်တယ်။ ဘယ်နည်းဘယ်ပုံလုပ်လိုက်တယ်မသိ သူတို့စိုက်ပြီး တဲ့မြေ ဆက်မငှားတော့ရင် အဲဒီမြေက တခြားသီးနှံတွေစိုက်မရ ဖြစ်တယ်လို့ကြားပါတယ်။
မွေးမြူရေးကြည့်ရင်ကော ကြက်မွေးမြူရေးလုပ်ရင် ဥစား ပဲဖြစ်ဖြစ်၊ အသားစားပဲဖြစ်ဖြစ် ကြက်ပေါက်လေးတွေဝယ်မွေး၊ အဲဒီ ကြက်ပေါက်လေးတွေကြီးလာရင် အဲဒီကြက်တွေမျိုးပြန်ဖောက် လို့ပေါက်လာတဲ့ကြက်လေးတွေဟာ ဥထွက်နှုန်း၊ အသားထွက်နှုန်း မကောင်းပါ။ မျိုးစပ်လို့ရတဲ့ Parent Stock ကြက်တွေကို သီးခြား ဈေးကြီးပေးဝယ်ရပါတယ်။ ဆရာစားတစ်ကွက်ချန်ထားတာနည်း ပညာကြောင့်ပါ။ နို့စားနွားမွေးတော့ကောဘာထူးလို့လဲ၊ နို့ကိုအလို အလျောက်ညှစ်ပေးပြီး ပိုက်တွေနဲ့လှောင်ကန်ထဲထည့်၊ အဲဒီလှောင် ကန်ကနေ နို့ချက်စက်ရုံကို နို့သယ်တဲ့ဘောက်ဆာတွေနဲ့ပို့၊ အဲဒီစက် ရုံကနေ နို့၊ နို့မှုန့်၊ ဒိန်ခဲ၊ ထောပတ်စတာတွေ ထုတ်လုပ်ရောင်းချပြီး တစ်ကမ္ဘာလုံးဖြန့်နေတဲ့ဈေးကွက်ဈေးနှုန်းကို တစ်နိုင်တစ်ပိုင်မွေး မြူရေးလုပ်ရုံလောက်ပဲ လုပ်ငန်းအတွေ့အကြုံနည်းပညာအတွေ့ အကြုံရှိတဲ့သူတွေအတွက် ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ပါဘူး။
သစ်ခွတို့၊ ပိန်းပန်းတို့စိုက်တာကြည့်ရင်ကော သိပ်မကြာ သေးခင်ကပဲ မယ်ဆိုင်ရောက်လို့ ပိန်းပန်းခြံတစ်ခုကို သွားကြည့်ပါ တယ်။ တင်းနစ်ကွင်းနှစ်ခုစာလောက်အဆောက်အအုံထဲမှာ ပိန်း ပန်းပင်တွေစိုက်ထားတာ မျက်စေ့တစ်ဆုံးပါ။ သူများနိုင်ငံက နိုင်ငံ အစွန်အဖျားမှာလုပ်နေတဲ့လုပ်ငန်းမျိုး၊ မြန်မာပြည်က မြို့ကြီးတွေ မှာတောင်မှ လုပ်လို့မရနိုင်ပါ။ အပင်တွေက အပွင့်စုံ၊ အရွယ်တူရ အောင်စိုက်ပျိုးထားတာဖြစ်လို့ အသုံးများတဲ့အရောင်အနီတို့၊ အဖြူ တို့ အပင်တစ်ထောင်၊ အပွင့်တစ်ထောင်လိုချင်တယ်။ အခုမျက်စေ့ ရှေ့မှာတင်ရှိတယ်။ အခုဝယ် အခုကားပေါ်တင်သွားလို့ရပါတယ်။ အရွယ်တူ၊ ဆိုက်တူ၊ အရောင်တူအပင်တွေ အများကြီးရှိနေပါတယ်။ ပလတ်စတစ်ပေါင်းမိုးကြီးတွေမိုးပြီး ပန်ကာကြီးလေးလုံးသုံး၊ အပူ ချိန် စိုထိုင်းဆထိန်းထားပါတယ်။ လျပ်စစ်မီးသုံးရပြီဆိုကတည်းက ဒီမှာလုပ်ဖို့မလွယ်တော့ပါ။ ပန်းပင်တွေတင်တဲ့စင်က အလူမီနီယံ ဆလိုက်ထိုးလုပ်ထားပြီး ၁၄_၄ ပေလောက်အကန့်တွေကို လျော တိုက်ရွှေ့လို့ရအောင်လုပ်ထားပါတယ်။ အရင်းအနှီးမရှိလို့ပန်းစိုက် မလို့ကြံပါတယ်။ ပန်းစိုက်ဖို့မြေနေရာ၊ ၂၄ နာရီလျပ်စစ်မီးလိုတယ် ဆိုတဲ့အတွက် အရန်မီးစက်ကိစ္စတွေအပြင် ပျိုးပင်တွေအထိ Micropropagation ၊ Tissue Culture ပါကိုယ့်ဘာသာကိုယ်ထုတ် လုပ်ရမှာဖြစ်လို့ ကျွမ်းကျင်သူတွေလိုလာမှာဖြစ်ပါတယ်။ ကုန်ကျ စရိတ်လည်း နည်းမှာမဟုတ်ပါ။ အဲဒီပန်းခြံကလိုတဲ့မျိုးတွေ၊ ပျိုး ပင်ပေါက်တွေ၊ ဆေးတွေကို ဘန်ကောက်ကမှာပုံရပါတယ်။
Tissue Culture ပျိုးပင်တွေအဆင့်အထိ ကိုယ့်ဘာသာကိုယ်ထုတ်လုပ် ဖို့လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ဆေး၊ ကျောက်ကျော၊ ဖန်ပြွန်စတဲ့ Tissue Culture Media
ဝယ်လို့မလွယ်ပြန်ပါဘူး။ အွန်လိုင်းက ၀ယ်ရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ အွန်လိုင်းကငွေချေလို့မရပြန် ပါဘူး။ ဘဏ်တွေမှာ နိုင်ငံခြားငွေအကောင့်ဖွင့်၊ Debit Card
လုပ် ထားရင် အွန်လိုင်းငွေချေလို့ရမှန်းသိပါတယ်။ အွန်လိုင်းငွေချေဖို့ ဘယ်အင်တာနက်လိုင်း၊ ဘယ်ပလန်လောက်မှ အဆင်ပြေမှာလဲ။ ဖုန်းကနေတော့အဆင်မပြေနိုင်ပါဘူး။ ပို့ခက ဈေးအများကြီးကြီး နေပြီး မြန်မာပြည်ကိုပစ္စည်းပို့မပေးပါဆိုတဲ့အွန်လိုင်းဆိုက်တွေက ရှိနေပါတယ်။ ဒါတင်ပဲလားဆိုတော့မကသေးပါ။ သူတို့ဆီမှာသုံး တဲ့ပန်းအိုးအပါးတွေ ဒီမှာမတွေ့မိပါ။ ရှိခဲ့ရင်လည်း ထိုင်းကတင် သွင်းရောင်းချတာဖြစ်ပါလိမ့်မယ်။ ဒီမှာထုတ်လုပ်ရောင်းချတာ မဟုတ်နိုင်ပါ။ ဒီထက်ပိုဆိုးတာက အဲဒီမှာလုပ်နေတဲ့အလုပ်သမား တွေက မြန်မာပြည်ကဖြစ်နေတာပါ။ သစ်ခွပင်တွေကလည်း ထူး မခြားနားပါ။ ဒါတွေရေးထားတာဟာ လုပ်ကြံရေးထားတာ၊ သူများ ပြောတာတွေရေးထားတာမဟုတ်ပါ။ ပေးတဲ့သူတွေက ပေး၊ ၀ယ်တဲ့ ဟာဝယ်နဲ့များလာလို့ သစ်ခွခြံလေးလုပ်မလို့လေ့လာထားတာပါ။ သစ်ခွပင်၊ ပိန်းပန်းပင်လိုအပင်မျိုးကိုတောင်မှ အိမ်နီးချင်းနိုင်ငံတွေ က၀ယ်သုံးနေရတာဝယ်သုံးတဲ့သူ မှားသလား၊ လက်ရှိအခြေအနေ ကမှားနေသလား၊ ရေးတဲ့သူကပဲမှားနေသလားဆိုရင်တော့ ရေးမိ တာက မှားတာပါခင်ဗျား။
အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှုကို ခဏအသာ ထားပြီး အိမ်သုံးလျပ်စစ်ပစ္စည်းမီးကြိုး၊ မီးခလုတ်၊ မော်တာစတာ တွေကို ကိုယ့်နိုင်ငံမှာ ကိုယ်တိုင်ထုတ်ရင်မဖြစ်ဘူးလား။ လက်ရှိ အခြေအနေအထိမဖြစ်ပါ။ စက်ရုံတည်ဖို့မြေနေရာ၊ လျပ်စစ်မီး၊ ထရန်စဖော်မာ၊ အရန်မီးစက် စက်ပစ္စည်းကိရိယာ၊ ကျွမ်းကျင် လုပ်သား၊ ဈေးကွက်အနေအထား၊ ဈေးကွက်လိုအပ်ချက်တွေကို အားလုံးပေါင်းလိုက်ရင်LEDလက်နှိပ်ဓာတ်မီးထုတ်ခဲ့ရင်တောင် မှ အများနဲ့ထုတ်လုပ်ရောင်းချထားတဲ့ဈေးနှုန်းကိုယှဉ်နိုင်မှာမဟုတ် ပါဘူး။ သူတို့ဆီမှာ အင်တာနက်တို့၊ ဖုန်းတို့သုံးပြီးဆက်သွယ်လုပ် ဆောင်မှာယူနိုင်တဲ့ အပိုပစ္စည်းထောက်ပံ့လုပ်ဆောင်ပေးနိုင်တဲ့ ကုမ္ပဏီတွေမရှိပါ။ LED
မီးသီးလိုနေပြီ ဘယ်ကိုမှာရမလဲ၊ မိုလ် ပုံစံခွက်တစ်ခုသစ်လိုချင်တယ်။ အလွယ်တကူမှာလို့ရမလား၊ ထုတ် လုပ်တဲ့စက်ချို့ယွင်းသွားတာ ပြုပြင်ထိန်းသိမ်းတဲ့သူတွေကို ဖုန်း ဆက်ခေါ်လို့ရမလား။ ပြည်ပကနေအကုန်မှာ၊ အကုန်ခေါ်ပြင်နေ ကြရတာတွေ့နေရပါတယ်။ စက်အသစ်လာဆင်၊ စက်ပျက်တာလာ ပြင်တဲ့သူက စင်ကာပူက မြန်မာအင်ဂျင်နီယာပါ။
တခြားမကြည့်ပါနဲ့၊ အာလူးကြော်ထုတ်မယ့်စက်ရုံတစ်ခု လုပ်ကြည့်ပါလား။ တီဗီမှာပြနေတဲ့အစီအစဉ်တွေကိုပဲဖြစ်ဖြစ် အင်တာနက်ကနေပဲဖြစ်ဖြစ် ရှာကြည့်လိုက်ရင် လုပ်ချင်စိတ်ပျောက် သွားပါလိမ့်မယ်။ ရိုဘော့စက်လက်တံတွေသုံး ထုတ်နေတာပါ။ ဒီဘက်ကအာလူးတွေကို မြေသယ်ကားနဲ့သွန်လိုက်ရင် ဟိုဘက်မှာ ထုပ်ပိုးပြီး ဈေးကွက်ပို့ဖို့အသင့်အချောင်း၊ အပြား၊ အအေးခံထား ပြီးသား၊ ပုံစံအမျိုးမျိုးနဲ့ထုပ်ပိုးပြီး အသင့်ထွက်လာတာပါ။ ငွေကြေး တတ်နိုင်လို့ စက်ရုံတည်နိုင်တယ်ထားဦး၊ အာလူးကလိုသလောက်ရ ပါ့မလား၊ ထွက်လာတဲ့အာလူးကြော်အများကြီးကို ဘယ်လိုရောင်းရ မလဲ။ အာလူးကြော်ပဲကွာ သူတို့လိုစက်ရုံတွေတည်ပြီးထုတ်မှပဲ အာလူးကြော်ဖြစ်ရမလား၊ ဘယ်လိုကြော်ကြော် အာလူးကြော်ဖြစ် စားလို့ရတာပဲလို့ အငြင်းပွားစရာရှိလာနိုင်ပါတယ်။ ဒါဆိုရင် ကြက် ကြော်ပဲအိမ်မှာကြော်စားလည်းရတာပဲ။ ဘာဖြစ်လို့KFC
ဆိုင်က ကြက်ကြော်ဝယ်စားသလဲလို့ ကျွန်တော်က ပြန်မေးစရာရှိပါတယ်။ ဈေးနှုန်း၊ အရည်အသွေးတူပြီး ထုပ်ပိုးတဲ့ပုံစံပိုကောင်း၊ ပိုလှတဲ့ ပုံစံပိုကောင်းလို့ ဈေးပိုရရင်ရောင်းသူအတွက်ပိုမကောင်းဘူးလား။ အိမ်နီးချင်းနိုင်ငံတွေကို ပို့ကုန်အနေနဲ့ပို့မယ်ဆိုရင်ကော ဒီမှာလက် ရှိရောင်းချနေတဲ့အာလူးကြော်ထုပ်ကို ဘယ်လိုအိတ်စပို့လုပ်မလဲ။ အာလူးကြော်က မလိုဘူး။ မဖြစ်နိုင်ဘူးထားပါ။ လက်ဖက်ခြောက် တို့၊ ကော်ဖီတို့ကျတော့ ထုပ်ပိုးတဲ့ပုံစံပိုကောင်းဖို့ ကျိန်းသေလိုလာ ပါပြီ။
လယ်ယာသုံးဂေါ်ပြား၊ ပေါက်တူးတွေက အရင်က ကစလ ကထုတ်တာတွေရှိပါတယ်။ အခုဘယ်ကတင်သွားထားရသလဲ။ ဆောက်လုပ်ရေးလုပ်ငန်းမှာဆိုရင်လည်း ဘိလပ်မြေ၊ သုတ်ဆေး၊ ဓား၊ တူ၊ ဆောက်၊ ပလာယာ၊ ညှပ်၊ ဖောက်စက်၊ ဖြတ်စက်၊ တွင်ခုံ၊ ၀ရိန်စက် ရှိရှိသမျကိရိယာတွေ၊ ၀က်အူ၊ ပတ္တာ၊ လက်ကိုင်၊ သော့၊ သော့ချိတ်၊ မူလီ၊ သုတ်ဆေး၊ ဘိလပ်မြေ၊ ကော်၊ သွပ်၊ အိမ်ရိုက်သံ၊ သံချောင်း၊ သံပြား၊ မီးဖိုချောင်သုံး၊ ရေအိမ်သုံးပစ္စည်းတွေက သွင်း ကုန်တင်သွင်းနေကြတာပါ။ ထိုင်းနိုင်ငံရဲ့အစွန်ဆုံး မယ်ဆိုင်မြို့မှာ နာမည်ကြီးတံဆိပ် Power tool
တွေရဲ့ဈေးနှုန်းဟာ တော်ရုံလူဝယ် သုံးနိုင်တဲ့ဈေးနှုန်းဖြစ်ပေမဲ့ ရန်ကုန်ရောက်ရင်ဈေးနှုန်းကနှစ်ဆ လောက်ဖြစ်သွားပြီး လွှစက်တော့ရှိပါရဲ့၊ လွှအမျိုးအစားစုံ၊ အရွယ် စုံဝယ်မရတာ၊ တစ်ခုခုချို့ယွင်းရင်ပြင်ဖို့မလွယ်တာ၊ အပိုပစ္စည်းဝယ် မရတာမျိုးတွေဟာ ဈေးကွက်ထဲမှာ လက်တွေ့သုံးနေတဲ့သူတွေ ရင်ဆိုင်နေရတဲ့ပြဿနာတွေဖြစ်ပါတယ်။
အိမ်မှာစိုက်ထားတဲ့သစ်ခွပင်တွေကို စာကလေးတွေလာ ဆိတ်လို့ စာခြောက်ဖို့စဉ်းစားပါတယ်။ အရုပ်လုပ်မလား၊ သိမ်းငှက် လိုရာဘာအရုပ်ဝယ်သုံးရင်ကော၊ ဒါမှမဟုတ် လှုပ်ရှားမှုကိုအာရုံ ခံလုပ်ဆောင်ပေးမယ့်ဆင်ဆာတပ်ထားပြီး စာကလေးတွေလာရင် ခြောက်လွှတ်မယ့်ကိရိယာကို အီလက်ထရွန်းနစ်နားလည်တဲ့သူ တွေကိုလုပ်ခိုင်းရင်ကောဆိုပြီး အမျိုးမျိုးစဉ်းစားကြည့်ပါတယ်။ ကွန်ပျူတာသမားဆိုတော့ အင်တာနက်ထဲအရင်ရှာကြည့်ဦးမှပါပဲ ဆိုပြီးရှာကြည့်တာ Lazada.com
ထဲမှာ လုပ်ပြီးသားဈေးနှုန်း လည်းသိပ်မမြင့်တဲ့ပစ္စည်းတွေရှိနေပြီးသားတွေ့ရပါတယ်။ ရေစိုခံ အောင်၊ နေ့ဘက်ကိုအသံနဲ့ ညဘက်ကိုမီးနဲ့၊ ဒါမှမဟုတ် စွန်တို့၊ သိမ်းငှက်တို့လိုအရုပ်၊ ကိုယ့်စိတ်ကူးက အများကြီးနောက်ကျနေ ပါပြီ။ ကိုယ့်ဘာသာကိုယ်ထွင်ပြီးရောင်းခဲ့ရင် ဘယ်နှစ်ခုရောင်းရ မလဲ။ သူ့လိုကုန်ကျစရိတ်လျော့ပြီးရောင်းနိုင်ပါ့မလား။ နောက်ဆုံး တော့ ၀ယ်သုံးလိုက်တာကပဲ ပိုအဆင်ပြေနေပါတယ်။
ပထမကမ္ဘာစစ်မှာ တင့်ကားကိုစသုံးခဲ့ပြီး ဒုတိယကမ္ဘာ စစ်မှာတော့ ရုရှားနဲ့ဂျာမနီရဲ့တင့်ကားတိုက်ပွဲဟာ ထင်ရှားတဲ့တိုက် ပွဲကြီးတွေဖြစ်ပြီး ရုရှားက ဂျာမနီကိုနိုင်ခဲ့ပေမဲ့ သူ့ဘက်ရော ဂျာမနီ ဘက်ပါ တင့်ကားတွေဆုံးရှုံးမှုများခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အာရပ်-အစ္စရေးစစ်ပွဲမှာ သူ့ထက်အင်အားအများကြီးများတဲ့အာရပ် တင့်ကားတွေကိုခြေမှုန်းနိုင်ခဲ့တာတွေ့ရပါမယ်။ ကူဝိတ်ကို အီရတ် ကသိမ်းပိုက်ထားတာကိုအမေရိကန်တွေဝင်တိုက်ရာမှာ အမေရိကန် ဘက်ကတင့်ကားတွေဟာ အကျအရှုံးမရှိသလောက်ဖြစ်ပေမဲ့ ကူဝိတ်မှာရှိတဲ့အီရတ်တင့်ကားတွေကတော့ အကုန်ချေမှုန်းခံခဲ့ရပါ တယ်။ အဲဒီတိုက်ပွဲဟာ ပထမဦးဆုံး GPS (Global Positioning System)
သုံးတိုက်ခဲ့တဲ့တင့်ကားတိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်တိုက်ရာ မှာလည်ွးဏှ လိုပါတယ်။ အဲဒီနောက်ပိုင်းထုတ်တင့်ကားတွေ ကတော့ လေဆာပဲ့ထိန်းသုံးထားတာတွေသုံးလာပြီး ကျည်ကွယ် မျက်ကွယ်ကရန်သူ့ပစ်မှတ်တွေကို အတိအကျပစ်ခတ်လာနိုင်ပါပြီ။ အခုတိုက်ပွဲတွေမှာ ရန်သူ့ပစ်မှတ်တွေကို အတိအကျပစ်ခတ်လာ နိုင်ပါပြီ။ အခုတိုက်ပွဲတွေမှာရန်သူ့တင့်ကားအစီး ၂၀ သိမ်းမိလို့ တိုက်လေယာဉ်တွေသိမ်းမိလို့ ၀မ်းမသာနိုင်တဲ့အခြေအနေပါ။ အနည်းဆုံး မောင်းမရသုံးမရအောင်လုပ်ထားနိုင်ပြီး အဝေးထိန်း စနစ်သုံးဖျက်ချပစ်လို့ရအောင်လုပ်လို့ရတဲ့နည်းပညာတွေ ရှိနေပြီး ဖြစ်ပါတယ်။ တင့်ကားတွေ၊ တိုက်လေယာဉ်တွေမပြောပါနဲ့။ တန်ဖိုး ကြီးဇိမ်ခံကားတချို့ဟာ ခိုးသွားရင် သော့ဖွင့်နှိုးလို့မရအောင် လော့ဂ်ချထားနိုင်တယ်လို့ကြားဖူးပါတယ်။
ဒုတိယကမ္ဘာစစ်အမြန်အဆုံးသတ်အောင် ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားနဲ့ နာဂစကီးမြို့ကို အမေရိကန်က အဏုမြူဗုံးနှစ်လုံးကြဲ ချခဲ့တာ ဘာမှခုခံကာကွယ်နိုင်ခြင်းမရှိခဲ့ပါ။ မြို့နှစ်မြို့မှာ လူပေါင်း တစ်သိန်းခွဲကျော်ချက်ချင်းသေဆုံးသလိုဗုံးကြဲအပြီး ကျန်ရစ်သူ တွေ၊ ဒဏ်ရာရသူတွေ၊ ကယ်ဆယ်ကုသရေးလုပ်ဆောင်သူတွေ အတွက် ဘာရေဒီယိုသတ္တိကြွအကာအကွယ်ပစ္စည်းမှအဆင့်သင့် မဖြစ်ခဲ့ပါ။ ဘာဗုံးကြဲသွားသလဲဆိုတာ အတိအကျမသိခဲ့ပါ။ သိပ် မကြာသေးတဲ့ ၁၉၇၀ ပြည့်ဝန်းကျင်လောက်က အမေရိကန်သူလျို လေယာဉ်တွေ တရုတ်နိုင်ငံပေါ်အကြိမ်ပေါင်းများစွာ ဖြတ်သန်း ထောက်လှမ်းတာကို ဘာမှမတုံ့ပြန်နိုင်ခဲ့ဘဲ ၁၂၃ ကြိမ်မြောက်၊ ၁၂၄ ကြိမ်မြောက်အသိပေးခြင်း စတဲ့သံတမန်နည်းလမ်းအရသာ ကန့်ကွက်နိုင်ခဲ့ပါတယ်။
အမေရိကန်ကနေတီထွင်ထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဟာ ကမ္ဘာ့သမုဒ္ဒရာကြမ်း ပြင်ကို သုတေသနပြု၊ မြေပုံရေးဆွဲမြောက်ဝင်ရိုးစွန်းတည့်တည့်ရေ ခဲပြင်အောက်ကိုသွားခဲ့တာ ကမ္ဘာပတ်ခဲ့တာ ၁၉၅၅ ခုနှစ်ကတည်း ကပါ။ တိုက်လေယာဉ်တွေ၊ တိုက်သင်္ဘောတွေ၊ လေယာဉ်တင် သင်္ဘောတွေကလည်း ခေတ်မီတိုးတက်လာတာ အများအသိပါ။ အမေရိကန်သက်တမ်းကုန်စက်ချို့ယွင်းပြီး အလုပ်မလုပ်တော့တဲ့ စပိုင်ဂြိုလ်တုအပျက်တစ်လုံးကို ပစိဖိတ်သမုဒ္ဒရာထဲက တိုက်ချင်း ပစ်ဖျက်သင်္ဘောကနေပစ်ချခဲ့ပြီး လူတွေနေတဲ့မြို့ရွာတွေပေါ်မကျ အောင်တွက်ချက်ပြီး ဖျက်ဆီးပြခဲ့ပြီးဖြစ်ပါတယ်။ တိုက်လေယာဉ် တွေက မောင်းသူမဲ့၊ ဗုံးကြဲလေယာဉ်တွေ၊ သင်္ဘောတွေက ရေဒါ ဖမ်းမမိနိုင်တဲ့ယာဉ်တွေ (Stealth Fighter ? Stealth Bomber? Stealth Destroyer)
သုံးလာကြပြီး သုတ်ထားတဲ့ဆေးကိုက ရေဒါ လှိုင်းတွေယိုင်ကုန်၊ ဖမ်းမမိဖြစ်အောင် ဆေးတွေသုတ်ထားပါတယ် တဲ့။
အားကစားမှာကြည့်ရင်လည်း ကမ္ဘာ့အားကစားအဆင့် ကိုခဏထားပြီး အရှေ့တောင်အာရှအဆင့်မှာ ငါးကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ၁၉၆၉ ခုနှစ်ကနေ ၂၇ ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၂၀၁၃ ခုနှစ်အထိ အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပနိုင်ခဲ့ခြင်းမရှိတဲ့အတွက် ရိုးရာအားကစားနည်းတစ်ခုထည့်သွင်းခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရပါ တယ်။ အဲဒီအတောအတွင်းမှာ အိမ်နီးချင်းနိုင်ငံက သူတို့နိုင်ငံ အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့အချိန်မှာ ပိုက်ကျော်ခြင်းခတ်ကစားနည်း ကိုထည့်သွင်းခွင့်ရခဲ့တဲ့အပြင် ပြိုင်ပွဲသုံးခြင်းလုံးကို ပလတ်စတစ် နဲ့ပြုလုပ်ဈေးကွက်တင်ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာပြည်က အိမ် ရှင်အဖြစ်ကျင်းပခဲ့ ၂၀၁၃ ခုနှစ်ကျမှ ရိုးရာဝိုင်းခြင်းခတ်ကစားနည်း ကိုထည့်သွင်းနိုင်ခဲ့ပြီး လက်မှုပညာနဲ့လုပ်ထားတဲ့ကြိမ်ခြင်းလုံးကို သုံးခဲ့တာတွေ့ရပါမယ်။ ခြင်းလုံးကိုပြောင်းသုံးတာကောင်းတယ်။ မကောင်းဘူး ဝေဖန်လိုရင်းမဟုတ်ပါ။ ဒါပေမဲ့ အရွယ်တူ၊ အလေး ချိန်တူခြင်းလုံးမျိုးကို အမြောက်အမြားထုတ်လုပ်ရာမှာ ပလတ် စတစ်ခြင်းလုံးက အားသာနေပါတယ်။ ကြိမ်နဲ့လုပ်ထားတဲ့ခြင်းလုံး က နေလှန်းရတာ၊ ဆေးမှုတ်ရတာ၊ အသားကျအောင်ကျင့်ရတာ အလုပ်ပိုနေပါတယ်။ ဈေးကွက်တင်ရောင်းတမ်းဝင်ဖို့ အခက်အခဲ ရှိနေပါတယ်။ သူတို့က အဲဒီခြင်းလုံးကို အရှေ့တောင်အာရှမှာ တွင်တွင်ကျယ်ကျယ်ရောင်းချခဲ့ပြီး နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ရော၊ အကျိုးအမြတ်အနေနဲ့ပါ တော်တော်တွက်ခြေကိုက်နေပြီးဖြစ်နေပါ ပြီ။
ICTလို့ခေါ်တဲ့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး နည်းပညာကတော့ ဂိုဏ်းချုပ်ကြီးပါ။ ရေးပေါင်းလည်းများနေပြီ ဖြစ်လို့ အကျယ်ချဲ့မရေးတော့ပါဘူး။ စက်ရုံတွေရဲ့အလိုအလျောက် ထိန်းချုပ်တဲ့စနစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေအားလုံးကိုထိန်း ချုပ်ထားပါတယ်။ သဲကနေထုတ်လုပ်တဲ့ဆီလီကွန်ကိုသုံးပြီး ပရို ဆက်ဆာတွေ၊ အိုင်စီ၊ ချစ်ပ်တွေထုတ်လုပ်ပါတယ်။ သဲတစ်တန်ကို ဘယ်လောက်တန်မလဲ၊ အဲဒီသဲကို နည်းပညာသုံးထုတ်လုပ်ခဲ့ရင် ချစ်ပ်တစ်လုံး ဒေါ်လာတစ်ရာကနေ ဒ်ါလာတစ်ထောင်နဲ့အထက် ရနိုင်ပါတယ်။ မိုလ်ဘိုင်းဖုန်းတွေကလည်း ဒေါ်လာခုနစ်ရာ၊ ရှစ် ရာအထိတန်နေပါတယ်။ တပ်ဆင်တဲ့လိုင်းတစ်လိုင်းမှာ တစ်နာရီ ကို အလုံးသုံးထောင်ထုတ်နိုင်ခဲ့ရင် အဲဒီလိုင်း ၂၀ ဆိုရင် တစ်နာရီ ကိုအလုံးခြောက်သောင်း၊ ၂၄ နာရီဆိုရင် အလုံး ၁ç၄၄၀ç၀၀၀ ထုတ်လုပ်နိုင်ပါတယ်။ ဖုန်းတစ်လုံးကို ၄၀ ရာခိုင်နှုန်းလောက်မြတ် ပါတယ်။ တစ်ရက်မှာဘယ်လောက်အမြတ်ရသလဲ။ နှစ် ၅၀ ကနေ နှစ် ၈၀ လောက်စိုက်ထားတာရတဲ့ကျွန်းသစ်တစ်တန်က ဒေါ်လာ ၇၅၀ ကနေ နှစ်ထောင်ကျော်ပဲရပါတယ်။ ဒီမှာအခုဖြစ်နေတာက ဘိုးဘွားအမွေရထားတဲ့ရှေးဟောင်းအိမ်ကြီးတစ်လုံးကို တစ်စစီ ဖဲ့ရောင်းပြီး သယံဇာတပေါကြွယ်ဝတဲ့တိုင်းပြည်ဆိုတာ ခုထိကြွားနေ တုန်းပါ။ သယံဇာတဆိုတာ မကုန်တော့ဘူးလား။ ကျောက်စိမ်းကို အသက်အန္တရာယ်ထိခိုက်လောက်အောင်တူးပြီး အရိုင်းတုံးတွေကို အောက်ဈေးနဲ့ရောင်း၊ သူများကစက်ရုံဝင်းထဲမှာအေးအေးဆေးဆေး ကုန်ချောထုတ်၊ ဒေါ်လာသိန်း၊ သန်းချီအမြတ်ရ၊ ရေနံသဘာဝ ဓာတ်ငွေ့တွေထုတ်ရောင်း၊ ရှာတဲ့တူးတဲ့နည်းပညာပစ္စည်းတတ် ကျွမ်းသူမရှိ၊ ဒီလုပ်ကွက်မှာရေနံတူး ထွက်ရင်ဘယ်လောက်ပေးဆို ပြီး လက်ညိုးထိုးရောင်းစားခဲ့တာပါ။ သူ့ကြောင့်၊ ငါ့ကြောင့်ဆိုပြီး အပြစ်တင်နေတာမျိုးမဟုတ်ပါ။ သယံဇာတဆိုတာအားကိုးလို့မရ ကြောင်း၊ တစ်ချိန်ချိန်မှာ ကုန်သွားမှာဖြစ်ကြောင်းသက်ဆိုင်တဲ့ နည်းပညာတွေနဲ့တွဲဖက်လုပ်ဆောင်နိုင်ခြင်းမရှိတဲ့အတွက် အဘက် ဘက်ကနစ်နာနေကြောင်း၊ နည်းပညာရဲ့အရေးပါမှုသိသာအောင် ရေးသားထားတာပါ။
အခုဆောင်းပါးတစ်ခုလုံး အပျက်တွေချည်းရေးထား သလိုဖြစ်နေပါတယ်။ လက်ရှိအခြေအနေက ကွန်ပျူတာစီပီယူ ထုတ်တတ်စရာနည်းပညာမလိုပါဘူး။ မော်တော်ကား၊ အချိုရည် ဘယ်လိုထုတ်သလဲဆိုတာလေ့လာသင်ယူ သုတေသနလုပ်နေစရာ မလိုပါဘူး။ နိုင်ငံတကာအဆင့်ကုမ္ပဏီကြီးတွေ ကိုယ့်နိုင်ငံမှာလာ ရောက်ရင်းနှီးမြှုပ်နှံထုတ်လုပ်နိုင်အောင် လုပ်ဆောင်ပေးရင်ရပါပြီ။ စီပ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။