စာကြည့်မျက်မှန်
----------------
တစ်ခါက.. စာမတတ်တဲ့ရွာသားတစ်ယောက်ရှိ သတဲ့။
အဲဒီလို စာမတတ်တဲ့ရွာသားဟာ တစ်ခါတော့ မြို့ကို အလည်အပတ် သွားခဲ့တယ်။
အဲဒီလို အလည်သွားတဲ့အခါ မြို့မှာနေထိုင်ကြတဲ လူတစ်ချို့ဟာ မျက်မှန်တပ်ပြီး
စာဖတ်နေကြတာကို တွေ့မိသတဲ့။ အဲဒီအပြင် မြို့ပြရဲ့ လမ်းဘေးမှာ
"စာကြည့်မျက်မှန်တွေ.. စာကြည့်မျက်မှန်တွေရမယ်" ဆိုပြီး မျက်မှန်တွေ
ရောင်းချနေကြတာကို တွေ့မိသတဲ့..။
ရွာကို ပြန်ရောက်တဲ့အခါ သူက ဒီလိုစဉ်းစားတယ်
"တကယ်တော့ စာတတ်တယ်ဆိုတာ လွယ်လွယ်လေးပဲ.. မျက်မှန်ဝယ်တတ်လိုက်တာနဲ့ ငါလည်း စာဖတ်နိုင်မှာပဲ၊ နောက်တစ်ခါမြို့ကိုရောက်တဲ့ အခါ မျက်မှန်တစ်လက်ဝယ်လိုက်ယုံနဲ့ စာတတ်ပေတတ် ဖြစ်လာမှာပဲ..ဟေဟေး"
ရွာသားဟာ အဲဒီလိုအတွေးနဲ့ ပိုက်ဆံတော်တော်များများ စုဆောင်းပြီး မြို့အရပ်ကို ပြန်သွားသတဲ့။ မြို့ကို ရောက်တဲ့အခါ သူဟာ ခမ်းနားတဲ့ မျက်မှန်အရောင်းဆိုင်တစ်ခုကို ၀င်သွားပြီး
"စာကြည့်မျက်မှန်တစ်လက်ရောင်းပါ" လို့ ပြောခဲ့သတဲ့ အဲဒီအခါ ဆိုင်မှာရှိတဲ့အရောင်းစာရေး က
"ပါဝါဘယ်လောက်ဆိုအဆင်ပြေမလဲ ဆရာ" လို့ပြန်ပြောတယ်။ အဲဒီအခါ ရွာသားက
"ဒါတွေငါမသိဘူး။ စာဖတ်လို့ရရင်တော်ပြီ" လို့ပြန်ပြောခဲ့တယ်။
အဲဒီအခါမှာတော့ အရောင်းစာရေးဟာ စာကြည့်မျက်မှာတစ်လက်ကို ထုတ်ယူပြီး ရွာသားကို တပ်ဆင်စေတယ်.။ ပြီးတော့အနီးမှာရှိတဲ့ သတင်းစာတစ်စောင်ကို ကောက်ယူပြီး ရွာသားကို ကမ်းပေးလိုက်တယ်။ ရွာသားဟာ ဟန်ပါပါနဲ့ သတင်းစာကို ထောင်ကြည့်လိုက်တယ်.. ပြီးတော့ သူက ဒီလိုပြောပြန်တယ်
"ဟေ့ကောင်..မင်းမျက်မှန်က ငါစာဖတ်လို့မရသေးဘူး၊ နောက်တစ်လက်ပေးဦး"
အဲဒီအခါ အရောင်းစာရေးက "ပါဝါမကိုက်သေးလို့ဖြစ်မယ်"
လို့ပြောပြီး နောက်ထပ်မျက်မှန်တစ်လက်ကို တပ်ဆင်စေပြန်တယ် အဲဒီအခါမှာလည်း ရွာသားက
"ဒါလဲ မဖတ်နိုင်ပြန်ဘူး" လို့ပြောပြီး လဲခိုင်းပြန်တယ်.။
အဲဒီလိုနဲ့ မျက်မှန် တစ်လက်ပြီးတစ်လက် လဲလှည် တပ်ဆင်ပြီး
တဲ့အထိ ရွာသားဟာ စာဖတ်နိုင်ခြင်း မရှိသေးပဲ ဖြစ်နေခဲ့တယ်။ ကြာလာတဲ့အခါမှာတော့ အရောင်းစာရေးလေးက စိတ်မရှည်တော့ပဲ
"ခင်ဗျား.. စာရောဖတ်တတ်ရဲ့လား" လို့မေးလိုက်တယ်။ အဲဒီအခါ ရွာသားက
"စာမတတ်လို့ပိုက်ဆံအကုန်ခြံ ပီး စာကြည့် မျက်မှန်ဝယ်တတ်တာပေါ့ကွ၊ မင်းမျက်မှန်တွေက အဆင်မှမပြေဘဲ" လို့ပြောလိုက်တယ်။
အဲဒီအခါမှာတော့ အရောင်းစာရေးဟာ ရွာသားရဲ့အဖြစ်ကို သဘောပေါက်သွားပြီး ရွာသားကို စိတ်ရှည်စွာနဲ့ရှင်းပြခဲ့တယ်။
"ဒီလိုဆရာရဲ့ စာကြည့်မျက်မှန်ဆိုတာ စာဖတ်တတ်လာအောင် လုပ်မပေးနိုင်ဘူးဗျ။ စာဖတ်တဲ့အခါ ပိုပြီးအဆင်ပြေအောင်သာ လုပ်ပေးနိုင်တာ၊ ဆရာ့အနေနဲ့ စာဖတ်တတ်အောင် အရင်ဆုံးလုပ်သင့်တယ်"
ဒီပုံပြင်လေးက ကျွန်တော်တို့ကို "မတတ်ခြင်း" နဲ့ "မသိခြင်း" ရဲ့ ခြားနားခြင်းကို ခွဲခြားပြနေခဲ့တယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ စာမမတတ်တဲ့ရွာသားလို ဖြစ်နေတတ်ကြတယ်။ လောကမှာ ရှင်သန်ရုန်းကန်ကြရင်း အခြားသူများရဲ့ အောင်မြင်မှုကို အားကျလေ့ရှိကြပြန်တယ်။ အဲဒီလို "စာဖတ်နိုင်ခြင်း"ဆိုတဲ့ အောင်မြင်မှုကို အားကျနေကြပေမယ့်လည်း "စာပေသင်ယူခြင်း" နဲ့တူတဲ့ ကြိုးပမ်းအားထုတ်ခြင်းကို ပြုဖို့ထက် "စာကြည့်မျက်မှန်" နဲ့တူတဲ့ အောင်မြင်သူများရဲ့ အပေါ်ယံ အဆောင်အယောင်များကိုသာ လိုက်လံ အတုယူနေကြပြန်တယ်။ ရွာသားရဲ့ စာမတတ်ခြင်းဟာ အကြောင်းမဟုတ်ပေမယ့်၊ စာဖတ်တတ်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိခြင်းကတော့ အောင်မြင်ခြင်းနဲ့ ဝေးကွာရာ အကြောင်းပဲဖြစ်တယ်။
အဲဒီလိုပဲ အောင်မြင်ခြင်းကို မရရှိသေးတာဟာ အကြောင်းမဟုတ်ပေမယ့်၊ အောင်မြင်လာအောင် လုပ်တဲ့ နည်းလမ်းကို မသိခြင်း၊ တစ်နည်းအားဖြင့် ရေလိုက်လွဲခြင်းဟာတော့ အောင်မြင်ခြင်းနဲ့ဝေးကွာဖို့ အကြောင်းဖြစ်တယ်လို့ဆိုတယ် ။
The greatest enemy of knowledge is ignorance, it is the illusion of knowledge.
ဆိုတဲ့ စတီဗင်ဟော့ကင်းရဲ့ စကားလို ပညာဗဟုသုတရဲ့ အကြီးမားဆုံးရန်သူဟာ "မသိနားမလည်ခြင်း" မဟုတ်ဘူး။ သိသယောင် ထင်မြင်နေခြင်းသာဖြစ်တယ် လို့ဆိုတယ်။
ကျွန်တော်တို့ဟာလည်းပဲ.. ကိုယ့်ရဲ့မသိခြင်း (မပြည့်ဝခြင်း)ကို အမှန်အတိုင်းအမြင်နိုင်ကြပဲ "မောဟ" အမိုက်မှောင်ထဲမှာသာ နေထိုင်နေတတ်ကြပြန်တယ်။
နှစ်သစ်မှာပျော်ရွှင်နိုင်ကြ ပါစေ
(ဖြိုးသုတ)
----------------
တစ်ခါက.. စာမတတ်တဲ့ရွာသားတစ်ယောက်ရှိ
ရွာကို ပြန်ရောက်တဲ့အခါ သူက ဒီလိုစဉ်းစားတယ်
"တကယ်တော့ စာတတ်တယ်ဆိုတာ လွယ်လွယ်လေးပဲ.. မျက်မှန်ဝယ်တတ်လိုက်တာနဲ့ ငါလည်း စာဖတ်နိုင်မှာပဲ၊ နောက်တစ်ခါမြို့ကိုရောက်တဲ့
ရွာသားဟာ အဲဒီလိုအတွေးနဲ့ ပိုက်ဆံတော်တော်များများ စုဆောင်းပြီး မြို့အရပ်ကို ပြန်သွားသတဲ့။ မြို့ကို ရောက်တဲ့အခါ သူဟာ ခမ်းနားတဲ့ မျက်မှန်အရောင်းဆိုင်တစ်ခုက
"စာကြည့်မျက်မှန်တစ်လက်ရောင
"ပါဝါဘယ်လောက်ဆိုအဆင်ပြေမလဲ
"ဒါတွေငါမသိဘူး။ စာဖတ်လို့ရရင်တော်ပြီ" လို့ပြန်ပြောခဲ့တယ်။
အဲဒီအခါမှာတော့ အရောင်းစာရေးဟာ စာကြည့်မျက်မှာတစ်လက်ကို ထုတ်ယူပြီး ရွာသားကို တပ်ဆင်စေတယ်.။ ပြီးတော့အနီးမှာရှိတဲ့ သတင်းစာတစ်စောင်ကို ကောက်ယူပြီး ရွာသားကို ကမ်းပေးလိုက်တယ်။ ရွာသားဟာ ဟန်ပါပါနဲ့ သတင်းစာကို ထောင်ကြည့်လိုက်တယ်.. ပြီးတော့ သူက ဒီလိုပြောပြန်တယ်
"ဟေ့ကောင်..မင်းမျက်မှန်က ငါစာဖတ်လို့မရသေးဘူး၊ နောက်တစ်လက်ပေးဦး"
အဲဒီအခါ အရောင်းစာရေးက "ပါဝါမကိုက်သေးလို့ဖြစ်မယ်"
လို့ပြောပြီး နောက်ထပ်မျက်မှန်တစ်လက်ကို တပ်ဆင်စေပြန်တယ် အဲဒီအခါမှာလည်း ရွာသားက
"ဒါလဲ မဖတ်နိုင်ပြန်ဘူး" လို့ပြောပြီး လဲခိုင်းပြန်တယ်.။
အဲဒီလိုနဲ့ မျက်မှန် တစ်လက်ပြီးတစ်လက် လဲလှည် တပ်ဆင်ပြီး
တဲ့အထိ ရွာသားဟာ စာဖတ်နိုင်ခြင်း မရှိသေးပဲ ဖြစ်နေခဲ့တယ်။ ကြာလာတဲ့အခါမှာတော့ အရောင်းစာရေးလေးက စိတ်မရှည်တော့ပဲ
"ခင်ဗျား.. စာရောဖတ်တတ်ရဲ့လား" လို့မေးလိုက်တယ်။ အဲဒီအခါ ရွာသားက
"စာမတတ်လို့ပိုက်ဆံအကုန်ခြံ
အဲဒီအခါမှာတော့ အရောင်းစာရေးဟာ ရွာသားရဲ့အဖြစ်ကို သဘောပေါက်သွားပြီး ရွာသားကို စိတ်ရှည်စွာနဲ့ရှင်းပြခဲ့တယ
"ဒီလိုဆရာရဲ့ စာကြည့်မျက်မှန်ဆိုတာ စာဖတ်တတ်လာအောင် လုပ်မပေးနိုင်ဘူးဗျ။ စာဖတ်တဲ့အခါ ပိုပြီးအဆင်ပြေအောင်သာ လုပ်ပေးနိုင်တာ၊ ဆရာ့အနေနဲ့ စာဖတ်တတ်အောင် အရင်ဆုံးလုပ်သင့်တယ်"
ဒီပုံပြင်လေးက ကျွန်တော်တို့ကို "မတတ်ခြင်း" နဲ့ "မသိခြင်း" ရဲ့ ခြားနားခြင်းကို ခွဲခြားပြနေခဲ့တယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ စာမမတတ်တဲ့ရွာသားလို ဖြစ်နေတတ်ကြတယ်။ လောကမှာ ရှင်သန်ရုန်းကန်ကြရင်း အခြားသူများရဲ့ အောင်မြင်မှုကို အားကျလေ့ရှိကြပြန်တယ်။ အဲဒီလို "စာဖတ်နိုင်ခြင်း"ဆိုတဲ့ အောင်မြင်မှုကို အားကျနေကြပေမယ့်လည်း "စာပေသင်ယူခြင်း" နဲ့တူတဲ့ ကြိုးပမ်းအားထုတ်ခြင်းကို ပြုဖို့ထက် "စာကြည့်မျက်မှန်" နဲ့တူတဲ့ အောင်မြင်သူများရဲ့ အပေါ်ယံ အဆောင်အယောင်များကိုသာ လိုက်လံ အတုယူနေကြပြန်တယ်။ ရွာသားရဲ့ စာမတတ်ခြင်းဟာ အကြောင်းမဟုတ်ပေမယ့်၊ စာဖတ်တတ်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိခြင်းကတော့ အောင်မြင်ခြင်းနဲ့ ဝေးကွာရာ အကြောင်းပဲဖြစ်တယ်။
အဲဒီလိုပဲ အောင်မြင်ခြင်းကို မရရှိသေးတာဟာ အကြောင်းမဟုတ်ပေမယ့်၊ အောင်မြင်လာအောင် လုပ်တဲ့ နည်းလမ်းကို မသိခြင်း၊ တစ်နည်းအားဖြင့် ရေလိုက်လွဲခြင်းဟာတော့ အောင်မြင်ခြင်းနဲ့ဝေးကွာဖို
The greatest enemy of knowledge is ignorance, it is the illusion of knowledge.
ဆိုတဲ့ စတီဗင်ဟော့ကင်းရဲ့ စကားလို ပညာဗဟုသုတရဲ့ အကြီးမားဆုံးရန်သူဟာ "မသိနားမလည်ခြင်း" မဟုတ်ဘူး။ သိသယောင် ထင်မြင်နေခြင်းသာဖြစ်တယ် လို့ဆိုတယ်။
ကျွန်တော်တို့ဟာလည်းပဲ.. ကိုယ့်ရဲ့မသိခြင်း (မပြည့်ဝခြင်း)ကို အမှန်အတိုင်းအမြင်နိုင်ကြပဲ
နှစ်သစ်မှာပျော်ရွှင်နိုင်ကြ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။