Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 27, 2015

“ပြုပြင်ပြောင်းလဲရာဝယ်”

“ပြုပြင်ပြောင်းလဲရာဝယ်”
တကယ်တော့ လူသားတွေအနေနဲ့ အပြောင်းအလဲကို လိုချင်ကြတာ သဘာဝပါပဲ။ အပြောင်းအလဲ ဆိုတာကို ဘယ်လိုအဓိပ္ပာယ် သတ်မှတ်မလဲ။ ဘယ်ကစပြီး ပြောင်းလဲမှာလဲ။ ဘာအတွက် ပြောင်းလဲမှာလဲ စတဲ့အရာတွေဟာ တကယ့်ကို အရေးကြီးပါတယ်။ လူငယ်တွေအနေနဲ့ သတိပြုရမှာက အပြောင်းအလဲဆိုတာ ကိုယ်တိုင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အရာတစ်ခုဆိုတာကိုပါ။ အပြောင်းအလဲကို ဘယ်လိုရယူမလဲဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ကိုယ်ကို ပြန်မေးဖို့လိုပါတယ်။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲအတွက် မစဉ်စားမီ ကိုယ့်ရဲ့အပြောင်းအလဲအတွက် ကိုယ်တိုင်ပြန်လည် သုံးသပ်စဉ်းစားတတ်ဖို့ လိုပါတယ်။


စာရေးသူရဲ့ စာသင်ခန်းကို ရောက်လာတဲ့ သင်တန်းသား/သူတိုင်းကို မေးခွန်းတစ်ခု မေးကြည့်လေ့ရှိပါတယ်။ အဲဒီ မေးခွန်းကတော့ “ကိုယ့်အားနည်းချက်က ဘာတွေလဲ သိပါသလား”ဆိုတဲ့ မေးခွန်းပါ။ တကယ်တော့ ဒီမေးခွန်းဟာ ရိုးရိုးရှင်းရှင်း မေးခွန်းပါပဲ။ ဒါပေမဲ့ အဓိပ္ပာယ်ကတော့ နက်နဲလွန်းပါတယ်။ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင်က အမှန်တကယ် သိပြီဆိုရင် အဲဒီလူဟာ အောင်မြင်မှုလမ်းစကို စရောက်နေပြီလို့ပဲ ဆိုချင်ပါတယ်။ လူငယ်တွေ သတိပြုရမှာက လူအများစုဟာ အခြားသူရဲ့ အားနည်းချက်ကို သိကောင်း၊ ဝေဖန်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့အားနည်းချက်ကိုတော့ မသိရှိကြပါဘူး။
ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်တိုင်က မသိတဲ့သူတွေဟာ ဘယ်လိုဘယ်ပုံနဲ့ အားသားချက်အဖြစ်ကို ပြောင်းလဲယူနိုင်မလဲ။ အားသားချက်အဖြစ် ပြောင်းလဲယူနိုင်မှ အဲဒီအားသာချက်တွေနဲ့ ကိုယ့်ရဲ့အခွင့်အလမ်းတွေကို ဖန်တီးယူနိုင်မှာဖြစ်တယ်။ အားနည်းချက်တွေကို မသိရှိ/မဖော်ထုတ်နိုင်တဲ့အခါ လူအများစုဟာ အဲဒီအားနည်းချက် ကြောင့်ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ ဘ၀နိဂုံးချုပ်သွားသူတွေ မနည်းပါဘူး။ ကိုယ့်ရဲ့ အားသာချက်ကို မသိတဲ့အတွက် အခွင့်အလမ်းတွေနဲ့ ကြုံတွေရတဲ့အခါတောင်မှ ဘယ်လိုရယူ အသုံးချရမလဲ မသိရှိ ပါဘူး။ ဒါကြောင့် အပြောင်းအလဲဆိုတာ ကိုယ်တိုင်က စတင်ပြီး လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရာပါပဲ။

 ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး Lewinရဲ့ Change Management Modelကို လူငယ်တွေအတွက် ပြန်လည်မျှဝေ ချင်ပါတယ်။ သူက ရေခဲတုံးတစ်တုံးနဲ့ ဥပမာပေးခဲ့ပါတယ်။ ဥပမာ ကိုယ့်မှာရှိတဲ့ ရေခဲတုံးကို ကိုယ်လိုရာ အခြားပုံစံ တစ်ခုကို ပြောင်းချင်တယ်ဆိုပါစို့။ ပထမဦးစွာ အရည်ပျော်အောင် လုပ်ဆောင်ရပါတယ်။ အဲဒီအဆင့်ကို Unfreeze (ကိုယ့်အတွက် သင်လျော်မယ့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်း)လို့ ခေါ်ပါတယ်။ ပြီးမှသာလျှင် ကိုယ်လိုချင်တဲ့ ပုံစံခွက်ထဲကို ထည့်သွင်းပြီး ပုံသွင်းယူလို့ ရတာပါ။ ဒါကိုတော့ Change(ပြောင်းလဲခြင်း)လို့ ခေါ်ပါတယ်။ နောက်ဆုံးအဆင့်အဖြစ် ကိုယ်လိုချင်တဲ့ ပုံစံခွက်ထဲမှာ ထည့်သွင်းထားတဲ့ရေကို ပြန်လည်အေးခဲစေခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကိုတော့ Refreeze (ပုံစံသစ်မှာ အတည်ကျ ဖြစ်တည်မှု)လို့ ခေါ်ပါတယ်။

 ပြောင်းလဲချင်တဲ့ လူငယ်တွေအနေနဲ့ Lewinရဲ့ အဆိုကို ကိုးကားသင့်ပါတယ်။ ပထမဦးစွာ ကိုယ့်ဘ၀ကို ဘယ်လိုပုံစံ နဲ့ဖြတ်သန်းမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ ဒီအချက်ဟာ လူငယ်တွေအတွက် အင်မတန် အရေးကြီးပါတယ်။ ကိုယ်ဟာ ကိုယ့်ဘ၀ကို သူလိုကိုယ်လိုနဲ့ပဲ အဆုံးသတ်မလား။ ဒါမှမဟုတ် အောင်မြင်သူအဖြစ်နဲ့ ရပ်တည်ချင်သလား။ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ လိုပါတယ်။ အောင်မြင်သူအဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ ဘ၀ပုံစံဟောင်းကနေ ဖောက်ထွက်ပြီး ပြောင်းလဲဖို့လိုပါတယ်။ ဘယ်အရာတွေကို ပြောင်းလဲယူရမလဲ။ ဒါမေးခွန်းဟာလည်း အရေးကြီးပါတယ်။

လူငယ်တွေအနေနဲ့ ပထမဦးစွာ ကိုယ့်ရဲ့အခြေခံစိတ်ဓာတ်ကို ပြောင်းလဲဖို့ လိုပါတယ်။ ဘယ်လိုပြောင်းလဲ မလဲဆိုတော့ လူငယ်တွေမှာ အနာဂတ်အမြင်(Vision)၊ ပစ္စုပ္ပန်မျှော်မှန်းချက် (Mission)၊ တန်ဖိုးထားမှု၊ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေ သေသေချာချာ သတ်မှတ်ထားနိုင်တဲ့ ခိုင်မာတဲ့စိတ်ဓာတ်ရေးရာ လိုပါတယ်။ အရင်က မရှိသေးဘူးဆိုရင် အခုကစပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲပါတော့။ စကားတစ်ခွန်းကို ပြန်လည်မျှဝေချင်ပါတယ်။ “ဘ၀မှာ အောင်မြင်ချင်ပါတယ်”လို့ ပြောသူတွေဟာ တကယ့်လက်တွေ့မှာ မအောင်မြင်သူတွေ များပါတယ်။ “ဘာ… ဖြစ်ချင်ပါတယ်”လို့ ပြောဆိုသူတွေသာ သူတို့ရဲ့ ဖြစ်ချင်တဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ကြတာပါ။ ဒါကြောင့် တိကျပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထားရှိနိုင်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကို ပြောင်းလဲပါ။

အနာဂတ်အမြင်ကို ပြောင်းလဲသတ်မှတ်ပါ။ အနာဂတ်အိပ်မက်ဆိုတာ လူငယ်တိုင်းမှာ ရှိသင့်ပါတယ်။ ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ကပဲ ဖန်တီးလို့ရပါတယ်။ ဘယ်သူဘယ်ဝါကမှ ဖန်တီးပေးလို့ မရနိုင်ပါဘူး။ အနာဂတ်အိပ်မက်ကို ကွဲကွဲပြားပြား သိတဲ့သူတွေဟာ လက်ရှိကာလကို ဘယ်လိုအသုံးချရမလဲဆိုတာကို သိရှိပါ တယ်။ အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကို သိရှိဖို့လိုပါတယ်။ စည်း ကမ်းလိုက်နာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အများအကျိုး ဆောင်ရွက်မှု၊ ပညာဆည်းပူးမှု၊ စာကောင်းပေကောင်း ဖတ်ရှုမှုစတဲ့အရာတွေကို တန်ဖိုးထားစရာအဖြစ် ရှုမြင်တတ်ဖို့လိုပါတယ်။ တန်ဖိုးထားမှု လွဲမှားနေတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုနည်းနဲ့မှ တိုးတက်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူငယ်တွေ အနေနဲ့ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေကို သိရှိပြောင်းလဲဖို့ လိုပါတယ်။

ရည်မှန်းချက်ပန်းတိုင်ကိုလည်း မြင့်မြင့်မားမား ချမှတ်ထားဖို့ လိုပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့ကျဖို့လည်း လိုအပ်ပါတယ်။ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အဖျက်ဆီး မခံပါနဲ့။ ပတ် ၀န်းကျင်ရဲ့ တိုက်ခိုက်မှုဒဏ်ဆိုတာ ရှိစမြဲပါ။ သိပ်မကြာခင်ကမှ ကမ္ဘာ့စင်မြင်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာအလှမယ် မေဘရဏီသော်ရဲ့ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှာ ကြည့်လိုက်ရပါတယ်။ ညနေခင်းဝတ်စုံ ၀တ်ဆင်ပြီး စင်မြင့်ထက်မှာ ထိုင်လျက်သား လဲကျသွားတာပါ။ ဒါပေမဲ့ ခပ်သွက်သွက် ပြန်ထပြီး အပြုံးမပျက်ဘဲ သူ့ရဲ့ပန်းတိုင်ကို ပြီးဆုံးအောင် လျှောက်လှမ်းသွားနိုင်တဲ့ မြန်မာအလှမယ်ရဲ့ စိတ်ဓာတ်ရေးရာ ကြံ့ခိုင်မှုကို လူငယ်တွေအနေနဲ့ အတုယူစေချင် ပါတယ်။ ဒါကြောင့် လဲကျတဲ့အခါ ပြန်လည်ရုန်းထနိုင်အောင် ကြိုးစားပါ။ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဘ၀ကိုပြောင်းလဲ တည်ဆောက်ပါ။

ပြီးတော့ “Change management is bigger than leadership” ဆိုတဲ့ စကားရှိပါတယ်။ ဆိုလိုချင်တာကတော့ “ပြောင်းလဲနိုင်မှုက ခေါင်းဆောင်မှုထက် ပိုနက်ရှိုင်းတယ်”ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါကြောင့် တစ်ဦးတစ်ယောက်ရဲ့ ခေါင်းဆောင်မှုက ပေးစွမ်းနိုင်မယ့်အရာတွေကို မျှော်လင့်နေတာထက် ပြောင်းလဲမှုကို ကိုယ်တိုင်က စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ ဥပမာတစ်ခု ပေးပါရစေ။ ဘဲအုပ်တစ်အုပ်ကို ကြည့်လိုက်ပါ။ ရှေ့ဆုံးက ဘဲတစ်ကောင် သွားသလို နောက်က ဘဲတွေကလည်း လိုက်သွားကြတယ်။ ရှေ့ဆုံးဘဲက ဗွက်အိုင်ကို နင်းပြီးသွားရင် နောက်က အကောင်တွေလည်း လိုက်နင်းပြီး သွားတယ်။ ရှောင်းကွင်းသွားဖို့ သတိမရှိကြပါဘူး။

ဒါဟာ ရှေ့ဆုံးက ဘဲအနေနဲ့ ဦးဆောင်မှုပေးတာပါ။ တကယ်လို့ ရှေ့ဆုံးဘဲက ဗွက်အိုင်ကို ဘယ်လိုဘယ်နည်းနဲ့ ဆင်ခြင်ရှောင်ကွင်းသွားမလဲ ဆိုတာကိုသာ သင်ပေးလိုက်ရင် နောက်ဘဲတွေလည်း ဆင်ခြင်ရှောင်ကွင်းသွားမှာ ဖြစ်ပါတယ်။ ဒီတော့မှ ပြောင်းလဲပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်မှာပါ။ ဒါကြောင့် တိုင်းပြည် အမှန်တကယ် တိုးတက်ဖို့အတွက် ပြောင်းလဲနိုင်မှုက ပိုအရေးကြီးရခြင်းပါ။ တိုင်းပြည်ကို ကိုယ်စားပြုသူတွေ အနေနဲ့လည်း ပြောင်းလဲမှုကို ကောင်းစွာအုတ်မြစ်ချပေးဖို့ လိုအပ်ပါတယ်။ အခြေခံခိုင်မာတဲ့ ပြောင်းလဲမှု လမ်းကြောင်းမှာ လူငယ်တွေရဲ့ လျှောက်လမ်းတွေ တည့်မတ်နေမှသာလျှင် တိုင်းပြည်တစ်ပြည်လုံး တိုးတက်မှာ ဖြစ်ပါတယ်။

တကယ်တော့ လူငယ်တွေအနေနဲ့ သတိပြုရမှာက ခေါင်းဆောင်မှုဟာ ဟင်းစားပဲ ပေးနိုင်တာပါ။ တိုးတက်ဖို့အတွက် ပြောင်းလဲမှုကို ဘယ်လိုဘယ်ပုံ စီမံခန့်ခွဲတတ်ရမယ်လို့ နည်းပေးလမ်းပြမှသာလျှင် ကွန်ချက်အစစ်ဖြစ်ပါတယ်။ ဟင်းစားရဲ့ သဘာဝက ဟင်းတစ်ခွက်စာမျှ ရရုံသာပါပဲ။ ကွန်ချက်ရဲ့ သဘောတရားကို သိရှိမှသာလျှင် ဟင်းခွက်ပေါင်းများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်အတွက် တကယ့်အစစ်အမှန် လိုအပ်ချက်က လူတစ်ဦးချင်းစီကို ပြောင်းလဲမှုလမ်းကြောင်းမှာ တည့်မတ်စွာ လျှောက်လှမ်းနိုင်သူတွေ ဖြစ်နိုင်စေဖို့ပါ။ အဲဒီတော့မှသာလျှင် လူငယ်တွေအနေနဲ့လည်း ထူးချွန်ပြောင်မြောက်တဲ့ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းရှိသူ (Change Champion) ဖြစ်လာမှာပါ။

ထူးချွန်ပြောင်မြောက်တဲ့ ပြောင်းလဲနိုင်စွမ်းရှိသူတစ်ဦး ဖြစ်လာဖို့ဆိုရင်တော့ ပထမအဆင့်အနေဖြင့် ကိုယ့်ရဲ့လိုအပ်ချက်ကို ရှာဖွေဖော်ထုတ်ဖို့ လိုပါတယ်။ ဒုတိယအဆင့်အနေဖြင့် လိုအပ်ချက်ကို ပြုပြင်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်ကို ချမှတ်ဖို့လိုပါတယ်။ တတိယအဆင့်အနေဖြင့် ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို လက်တွေ့အကောင်အထည် ဖော်ဖို့လိုပါတယ်။ နောက်ဆုံးအဆင့်အနေဖြင့် ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်မှု ရှိ/မရှိ ဆန်းစစ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအဆင့်(၄)ဆင့်ကို ဟန်ချက်ညီညီ ထိန်းထားပြီး ပြောင်းလဲနိုင်ပြီ ဆိုရင်တော့ အောင်မြင်တဲ့ဘ၀ကို တည်ဆောက်နိုင်တဲ့သူ ဖြစ်ပါပြီ။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ အဖွဲ့အစည်းတစ်ခုမှာဖြစ်စေ၊ တိုင်းပြည်တစ်ပြည်မှာဖြစ်စေ စနစ်၊လုပ်ငန်းစဉ်နဲ့ လူ့စွမ်းအားစုဆိုပြီး အပိုင်း(၃)ပိုင်းခွဲခြား သတ်မှတ်လေ့ရှိပါတယ်။ 

စနစ်နဲ့လုပ်ငန်းစဉ်ဆိုတာ လူတွေက ပဲ့ကိုင်လုပ်ဆောင် နေတာပါ။ ဒါကြောင့် အဲဒီအပိုင်း(၃)ပိုင်းအနက် အရေးအကြီးဆုံးက လူ့စွမ်းအားစုတွေပဲ ဖြစ်ပါတယ်။ လူ့စွမ်းအားစုဖြစ်တဲ့ လူငယ်တွေဟာ တစ်ဦးချင်းစီမှသည် ကိုယ်တိုင်ကစပြီး ပြုပြင်ပြောင်းလဲကာ လူ့စွမ်းအားစုတစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ထိုမှတစ်ဆင့် ခိုင်မာတဲ့ စနစ်၊ တိကျတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ကာ မိမိတိုင်းပြည်ကို တိုးတက်ပြောင်းလဲအောင် ၀ိုင်းဝန်းပံ့ပိုးဖို့ လိုအပ်ပါတယ်။ လူငယ်တိုင်း မိမိတို့၏ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲနိုင်သော နိုင်ငံသားကောင်းများ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၇.၁၂.၂၀၁၅

Ref: Change Management Model by Lewin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။