http://38.media.tumblr.com/tumblr_lq050d5xdz1qmphwl.jpg
လူကြီး၊ လူရွယ်၊ လူလတ်၊ လူငယ်များအားလုံးတွင် ဖြစ်တတ်သော ရောဂါတစ်ခုမှာ ခါးနာခြင်းဖြစ် သည်။ နေထိုင်သွားလာ လှုပ်ရှားရာ၌ မခံချိမခံသာနာကျင်တတ်သော ဝေဒနာဖြစ်၍ ခါးနာခြင်းကို ကြောက်ရွံ့ကြသည်။ မည်သူမျှ မခံစားလိုကြပေ။
ခါးနာခြင်းသည် အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာရသော ဝေဒနာလက္ခဏာတစ်ခုသာ ဖြစ်သည်။ ခါးနာရောဂါဖြစ်လာလျှင် ဖြစ်ပေါ်လာရသောအကြောင်းရင်းကို ရှာဖွေ၍ကုသမှုပြုသင့်သည်။
ထိခိုက်ဒဏ်ရာရရှိခြင်း၊ မူမမှန်သော အနေအထား ဖိအားဒဏ်ခံစားရခြင်း၊ ပိုးတွယ်ကပ်၍ ပျက်စီးခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ နာတာရှည်အဆစ်ရောင်ရောဂါခံစားရခြင်း၊ အဆစ်ကျီးပေါင်းတက်ရောဂါ ဖြစ်ပွားခြင်း၊ အကြောညပ်ဝေဒနာခံစားရခြင်း၊ ကိုယ်တွင်းကလီစာ အစိတ်အပိုင်းများ ရောင်ရမ်းခြင်းနှင့် ရောဂါတစ်ခုခုစွဲကပ်ခြင်းတို့ကြောင့် ခါးနာခြင်းကို ဖြစ်ပေါ်စေသည်။ ကျယ်ပြန့်မြားမြောင်သော အခြား ရောဂါအမျိုးမျိုးတို့ကြောင့်လည်း ခါးနာခြင်းဝေဒနာကို ဖြစ်ပေါ်စေနိုင်သေးသည်။
ခါးဆစ်ရိုးတီဘီရောဂါခံစားရခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်း၊ အထိုင်များသော အလုပ်များကို နေ့ စဉ်လုပ်ဆောင်နေရပြီး လေ့ကျင့်ခန်းလုပ်မှုနည်းပါးခြင်း စသည်တို့ကြောင့်လည်း ခါးနာခြင်းကို ခံစားရ တတ်သည်။ လေးလံသော အရာဝတ္ထု ပစ္စည်းများကို ကုန်းပြီးမလိုက်မိခြင်း၊ ပက်လက်ကုလားထိုင်နှင့် ပုခက်စသည်တို့တွင် အိပ်စက်ခြင်းတို့ကြောင့်လည်း ခါးကိုနာစေတတ်သည်။
ခါးရိုးများရောင်ခြင်းကြောင့် ခါးနာခြင်းကိုလူငယ်များတွင် အဖြစ်များကြောင်း တွေ့ရှိရသည်။ အဆစ် ရောင်ခါးနာဟု ခေါ်ကြသည်။ အသက် (၄၀) အောက် လူငယ်လူရွယ်များတွင် အဖြစ်များပြီး မနက်စော စောတွင် ပို၍နာတတ်သည်။ ခါးရိုးရောင်နေသူသည် မတ်တတ်ရပ်ပြီး လက်ဖျားနှင့်ကြမ်းပြင်ကိုထိစေ ရန် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကြည့်ပါက လက်ဖျားနှင့် ကြမ်းပြင်မထိတော့ဘဲ ကျောရိုးကြီးတောင့်နေပါ က ခါးဆစ်ရောင်လေးဖက်နာရောဂါ ဖြစ်နိုင်သည်။ ပိုမိုသေချာစေရန် ခါးဆစ်ရိုးကို ဓာတ်မှန်ရိုက်ကြည့် ပါက တင်ပါးချိုင့်ရိုးအဆစ်သည် ရောင်နေတတ်သည်။
ခါးဆစ်များမရောင်ဘဲ ခါးနာခြင်းကို အလေးအပင်မခြင်း၊ နေထိုင်မကောင်း၍ ကြွက်သားများ နာသွား ခြင်းတို့ကြောင့် ဖြစ်တတ်ကြောင်း တွေ့ရသည်။ နာတာရှည်မခံစားရဘဲ အနေအထိုင်မှန်ကန်အောင် နေခြင်း၊ ကြွက်သားများ ပြန်လည်သန်မာလာအောင် အကြောအဆစ်လေ့ကျင့်ခန်းဌာနတွင် စနစ်တ ကျ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ရောဂါကိုသက်သာပျောက်ကင်းစေနိုင်သည်။ လူလတ်ပိုင်းများတွင် ယင်းကဲ့သို့ခါးနာခြင်းဝေဒနာအဖြစ်များကြောင်း တွေ့ရှိရသည်။
ခါးနာမှုကို သက်သာစေနိုင်သော အကောင်းဆုံးအနေအထားမှာ ညီညာသောအိပ်ရာခင်းပေါ်တွင် ပက် လက်အိပ်ကာ ခေါင်းအုံးကို ဒူးအောက်တွင်ထား၍ အိပ်စပ်လဲလျောင်းနေခြင်း၊ ခြေထောက်ကို ထိုင်ခုံ ပေါ်တင်၍ ဒူးနှင့်ပေါက်ကို ကွေးထားကာ အိပ်စက်လဲလျောင်းနားနေခြင်းတို့ကို နှစ်ရက်ခန့်ပြုလုပ်သင့် သည်။ အိပ်ရာပေါ်တွင် စိတ်ရောကိုယ်ပါ အနားယူခြင်းမှာ ခါးနာမှုကို များစွာသက်သာစေနိုင်သည်။
ထို့အတူပင် ကြာရှည်စွာရပ်၍ အလုပ်လုပ်ရမည်ဆိုပါက ခြေတစ်ဖက်ကို ခွေးခြေနိမ့်ပေါ်တွင် တင်ထား ခြင်းအားဖြင့် ခါးတွင်ဖိအားတိုက်ရိုက်သက်ရောက်မှုကို လျော့နည်းစေသဖြင့် ခါးနာမှုကိုလျော့နည်းစေ သည်။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာတိုင်း ခြေထောက်ကို ဘယ်ညာပြောင်း၍ တင်ပေးသင့်သည်။
ဘေးတစောင်းအိပ်မည်ဆိုပါက ဒူးကွေး၍ဒူးနှစ်လုံးကြားတွင် ဖက်လုံးထားကာ အိပ်စက်သင့်သည်။ ပက်လက်အိပ်ပါက ဒူးအောက်တွင် ခေါင်းအုံးထားပေးရမည်။ ခါးအောက်တွင် ခေါင်းအုံးအသေးထား၍ အိပ်သင့်သည်။ ပျော့အိသော မွေ့ရာများဖြင့် အိပ်စက်ခြင်း၊ ပက်လက်ကုလားထိုင် ထိုင်ခြင်းတို့ အထူး ဂရုပြု၍ရှောင်ရှားရမည် ဖြစ်သည်။
ထိုင်ခုံပေါ်တွင်ထိုင်ပါက ဒူးကိုပေါင်ထက်အနည်းငယ်မြင့်နေစေရန် ခွေးခြေပေါ်တွင် ခြေထောက်ကို တင်ထားရန် လိုအပ်သည်။ ခါးတစ်ခုတည်းလှည့်ခြင်းမျိုးမလုပ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးလှည့်၍ အသုံး ပြုခြင်းဖြင့် ခါးနာခြင်းမတိုးပွားအောင် ထိန်းထားနိုင်သည်။ ကားမောင်းနေစဉ် ကျောကုန်းနှင့်ခါးကို ဖြောင့်မတ်စွာထား၍ ထိုင်သင့်သည်။ ခါးနောက်တွင် ခေါင်းအုံးအသေး၊ မျက်နှာသုတ်ပဝါလိပ်တို့ကို ခု ထားသင့်သည်။ မည်သည့်နေရာ၌မဆို ခါးကိုမတ်မတ်ထား၍ ထိုင်ခြင်းဖြင့် ခါးနာခြင်းကို သက်သာစေ သည်။
ခါးနာခြင်းမှကင်းဝေးစေရန် အောက်ပါအချက်များကို လိုက်နာရပါမည်။ျ
၁။ ခါးကုန်း၍ ပစ္စည်းမခြင်း မပြုရပါ။ ပစ္စည်းမရန် ဒူးကွေး၍ ဆောင့်ကြောင့်ထိုင်ပါ။ နောက်ကျောကို ဖြောင့်မတ်အောင်ထားပြီး ပစ္စည်းကိုမိမိနှင့်နီးကပ်အောင် ကိုင်၍မပါ။ ခါးအားကိုမသုံးဘဲ ဒူးအားကိုသုံး ၍ ပြန်ထပါ။ ပစ္စည်းမနေစဉ် ကိုယ်ကိုလိမ်စောင်းမသွားအောင် ဂရုစိုက်ပါ။
၂။ ကြာရှည်စွာ ထိုင်သည့်အခါ တင်ပါးနှင့် ကျောကိုနောက်မှီနှင့်ကပ်ထားပြီး တည့်တည့်မတ်မတ်ထိုင် ပါ။
၃။ လေးလံသော ပစ္စည်းများကို ရွှေ့သည့်အခါမဆွဲဘဲ တွန်း၍ရွှေ့ပါ။
၎။ ကြာရှည်စွာကားမောင်းရမည်ဆိုပါက မကြာမဏရပ်၍ အနားယူပါ။
၅။ ဒေါက်မြင့်ဖိနပ်များစီးခြင်းကို ရှောင်ပါ။
၆။ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ ခါးပိုနာတတ်သဖြင့် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
မည်သည့်အကြောင်းကြောင့် ခါးနာသည်ဖြစ်စေ ခါးနာရောဂါသည် အချိန်တိုအတွင်း ပျောက်ကင်းနိုင် သကဲ့သို့ တစ်ခါတစ်ရံ၌ အသက်အန္တရာယ်ကိုဖြစ်ပေါ်စေတတ်သော အခြေအနေမျိုးလည်း ရှိတတ် သည်။ သတိရှိဂရုစိုက်ဖို့ လိုပါသည်။
ခါးနာကျင်မှုသည် အောက်ပိုင်းသို့ ပျံ့နှံ့သွားခြင်း၊ ခြေနှစ်ဖက်စလုံးအားနည်းသွားခြင်း၊ ခြေလက်၊ ပေါင် ခြံနှင့် စအိုတစ်ဝိုင်တွင် ထုံခြင်း၊ ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆီးဝမ်းဖျားခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆီးဝမ်းလုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်ခြင်း၊ နာကျင်လွန်းသဖြင့် လုံးဝမလှုပ်နိုင် ခြင်း၊ နှစ်ပတ်၊ သုံးပတ်ကြာသည်အထိ နာကျင်မှုမသက်သာခြင်းတို့ ဖြစ်ပေါ်ခံစားလာရပါက သင်၏ခါး နာရောဂါသည် ပြင်းထန်လာပြီဖြစ်၍ ဆရာဝန်နှင့်ပြသကာ စနစ်တကျ ကုသမှုခံယူရပါမည်။ နှောင့်နှေး ကြန့်ကြာနေပါက အသက်အန္တရာယ်ရှိလာနိုင်ပါသည်။
ခါးနာခြင်း၏ ကုသမှုစက်ဝန်းမှာ အလွန်ရိုးရှင်းပါသည်။ ရောဂါလက္ခဏာပေါ်မူတည်၍ ကောင်းမွန်သည့် အနေအထိုင်အလေ့အထကို မွေးမြူခြင်း၊ စနစ်တကျအနားယူခြင်း၊ ဆေးဝါးမှီဝဲခြင်း၊ စနစ်တကျလေ့ ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် ရောဂါသက်သာပျောက်ကကင်းအောင် ကုသနိုင်ပါသည်။
ခါးနာခြင်းရောဂါဝေဒနာ ကင်းဝေးကြပါစေ။
ကြေးမုံသတင်းစာ
Search Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။