အရင်တုန်းက
အိမ်မှုကိစ္စ မလုပ်တတ်ချင်နေပါစေ
ငါလိုချင်တာ အိမ်ဖော်မ မှမဟုတ်တာ ....တဲ့
အခုတော့
နင်ဘာမှလည်းမလုပ်တတ်ဘူး
ငါနင့်ကို ယူပြီးဘာလုပ်မလဲ .... တဲ့
အရင်တုန်းက
နင်ဘာမှမလုပ်ပဲ အိမ်မှာနေ
ငါနင့်ကို ရှာကျွေးမယ် .... တဲ့
အခုတော့
ငါရှာကျွေးတာကို ထိုင်စားနေပြီးတော့များ
ငါ့ကို အာမခံနဲ့. ဆရာလာမလုပ်နဲ့. .... တဲ့
အရင်တုန်းက
ငါနင့်ကို သာယာလှပတဲ့ မိသားစု လေးတခု ဖန်တီးပေးမှာပါ .... တဲ့
အခုတော့
အဲဒီ မိသားစု အိမ်လေးတခုမှာ
ညတိုင်း သူ့အပြန်လာကို စောင့်နေရတယ် ....
အရင်တုန်းက
အသုံးအနှုန်း အခေါ်အဝေါ်တွေက ပျားရည်လို နားဝင်ချို လို့
အချစ်လေး ၊ အသည်းလေး ၊ ပူးတူးတူးလေး .... နဲ့.
အခုတော့
စိတ်မကြည်ရင်... မကြည်သလို $XX....၊ $XXX.... @*€£$÷×±€£$¿...
အရင်တုန်းက
စိတ်ကောက်စိတ်ဆိုးရင် ပျာသလဲလဲနဲ့ ပြေအောင်ချော့မော့တတ်တယ်
အခုတော့
စိတ်ကောက်စိတ်ဆိုးရင် လှည့်တောင်မကြည့် ၊ ဂရုလည်းမစိုက် ....
အရင်တုန်းက
ဖျားပြီနာပြီဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့
အလေးထားပြီး ပြုစုစောင့်ရှောက် တတ်တယ်
အခုတော့
ဆေးခန်းလိုက်ပြဖို့အရေး မအားရတာနဲ့ အလုပ်ရှုပ်ရတာနဲ့
တကယ်တမ်းတော့ မိန်းကလေးတွေဟာ
ဘဝမှာ ရွေးချယ်တဲ့သူ မှန်သွားရင် တဘဝလုံး ကောင်းစားသွားပြီး
ရွေးတာမှားသွားရင် တဘဝလုံး ရှုံးရတာပဲ မဟုတ်လား ....
အချစ်တခုတည်းနဲ့တော့ ဘဝတခုတည်ဆောက်လို့မရပါဘူး
ဘဝတခုမှာ အချစ်မပါလည်း ဘာမှဖြစ်မသွားပါဘူး
အနည်းဆုံးတော့ သံယောဇဉ် ၊မေတ္တာ နဲ့ ဆက်သွားလို့ရသေးတာပဲ မဟုတ်လား
လူတယောက်ကို ချစ်မိတဲ့အခါမှာ
သူဟာ ကိုယ့်ရဲ့ဘဝလက်တွဲဖော် ဟုတ်မဟုတ်ဆိုတာ မသေချာပါဘူး
ကိုယ့်ရဲ့ ဘဝလက်တွဲဖော် ကိုတော့ချစ်ရမှာပဲလေ မဟုတ်လား ?
ဘဝလက်တွဲဖော် ဆိုတာ
အတူနေတာ ကြာလာတဲ့အခါ ဘယ်လက်က ညာလက်ကို ဆုပ်ကိုင်ထားသလိုပေါ့ ဘာခံစားချက်မှ မရှိသလို ခံစားရပေမယ့်
တဖက်ကိုသာ ဖြတ်လိုက်မယ်ဆိုရင် နာကျင်မှုကိုတော့ ခံစားရမှာပါပဲ
မိန်းကလေးများအားလုံး
ကံကောင်းကြပါစေ .....
credit>> နှလုံးသားတစ်စုံ၏ဖြောင့်ချက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။