အေမရိကန္ရွိ ဦးသန္႔ကြ်န္း (U Thant Island)
ပံုမွာ ျမင္ေတြ႕ေနရတဲ့ ကြ်န္းကို ဦးသန္႔ကြ်န္းလို႔ အမည္ ေပးထားၾကပါတယ္။ နယူးေယာက္ စီတီး Manhattan မွာ ရွိတဲ့ ကြ်န္းျဖစ္ပါတယ္။
ကုလသမဂၢ ရံုးခ်ဳပ္ အနီးမွာ တည္ရွိျပီး အတိအက် ေျပာရမယ္ဆုိရင္ UN Headquarter နဲ႔ Gantry Plaza State ပန္းျခံ တုိ႔ရဲ႕ ၾကားမွာ ရွိတဲ့ East River က ကြ်န္းငယ္ေလး ျဖစ္ပါတယ္။ အမွန္ေတာ့ ယင္းကြ်န္းဟာ သဘာဝကြ်န္း မဟုတ္ပဲ လူလုပ္ကြ်န္း ျဖစ္ပါတယ္။ ၁၈၉၀ ေနာင္းပိုင္းက ဂ်ာမနီလူမ်ိဳး အေမရိကန္ေရာက္ စီးပြားေရး လုပ္ငန္းရွင္က ဝီလီယ်ံ စတိန္းေဝးမွ ျပဳလုပ္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။
အမွန္ေတာ့ ျမစ္တစ္ဖက္ကမ္းနဲ႔ တစ္ဖက္ကမ္း ေရေအာက္ျဖတ္ ရထားလိုဏ္ဂူေဆာက္ဖို႔ ျဖစ္ပါတယ္။
ယင္း အစီအစဥ္ေၾကာင့္ ကြ်န္းငယ္ေလးကိုပါ လုပ္ျဖစ္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ယင္း ကြ်န္းဆီကို ေရေပၚေကာ လုိဏ္ဂူကပါ အေရာက္ သြားႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။
ယင္း ကုန္းေျမေလးကို ၁၉၇၇ ခုႏွစ္ေရာက္မွ ကြ်န္းတစ္ခု အျဖစ္ ကုလသမဂၢ ဝန္ထမ္းမ်ားရဲ႕အားထားေလးစားတဲ့ ဒႆန ပညာရွင္၊ ဂုရု Sir Chinmoy က ဦးေဆာင္ျပီး အတည္ျပဳေပးလိုက္ပါတယ္။
Sir Chinmoy ဟာ ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ အျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ဦးသန္႔ရဲ႕အရင္းႏွီးဆံုး မိတ္ေဆြ တစ္ဦး ျဖစ္ပါတယ္။ ဒါေၾကာင့္ Chinmoy ကိုယ္တိုင္ ယင္းကြ်န္းကို U Thant Island လို႔ အမည္ေပးလိုက္ပါတယ္။ ယခင္ အမည္ကေတာ့ Belmont ကြ်န္း ျဖစ္ပါတယ္။
အရြယ္အစားအားျဖင့္ ေပ ၁၀၀ x၂၀၀ ပတ္လည္သာ ရွိတဲ့ ယင္းကြ်န္းကို ကမၻာ့ အထူးဆန္းဆံုး ကြ်န္း ၁၀ ခု စာရင္းထဲ ထည့္သြင္းခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံမွ အေသးငယ္ဆံုး ကြ်န္းလည္း ျဖစ္ပါတယ္။
နယူးေယာက္တိုင္းမ္ မဂၢဇင္းမွ ၁၉၉၉ ခုႏွစ္က ၃၀ ရာစုမွာ ေပ်ာက္ကြယ္သြားမယ့္ ကြ်န္းလို႔ ေဖာ္ျပခဲ့့ပါတယ္။ ကုန္းေပၚမွာ ငွက္မ်ား၊ ေရေအာက္မွာ ေရေမာ္ညွိမ်ားတြယ္ျပီး လွပေနတဲ့ ဦးသန္႔ကြ်န္းေလးဟာ ကမၻာသိ ထူးဆန္း ကြ်န္းငယ္ေလး တစ္ခု ျဖစ္ပါတယ္။
----
Ref : wiki
ေအာင္ခမ္း (ရိုးရာေလး) www.yoyarlay.com
#aungkham_yyl #knowledge_yyl
(unicode version)
အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)
ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည် ပေးထားကြပါတယ်။ နယူးယောက် စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။
ကုလသမဂ္ဂ ရုံးချုပ် အနီးမှာ တည်ရှိပြီး အတိအကျ ပြောရမယ်ဆိုရင် UN Headquarter နဲ့ Gantry Plaza State ပန်းခြံ တို့ရဲ့ ကြားမှာ ရှိတဲ့ East River က ကျွန်းငယ်လေး ဖြစ်ပါတယ်။ အမှန်တော့ ယင်းကျွန်းဟာ သဘာဝကျွန်း မဟုတ်ပဲ လူလုပ်ကျွန်း ဖြစ်ပါတယ်။ ၁၈၉၀ နောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေး လုပ်ငန်းရှင်က ဝီလီယျံ စတိန်းဝေးမှ ပြုလုပ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ မြစ်တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်း ရေအောက်ဖြတ် ရထားလိုဏ်ဂူဆောက်ဖို့ ဖြစ်ပါတယ်။
ယင်း အစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါ လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယင်း ကျွန်းဆီကို ရေပေါ်ကော လိုဏ်ဂူကပါ အရောက် သွားနိုင်အောင် ပြုလုပ်ထားပါတယ်။
ယင်း ကုန်းမြေလေးကို ၁၉၇၇ ခုနှစ်ရောက်မှ ကျွန်းတစ်ခု အဖြစ် ကုလသမဂ္ဂ ဝန်ထမ်းများရဲ့အားထားလေးစားတဲ့ ဒဿန ပညာရှင်၊ ဂုရု Sir Chinmoy က ဦးဆောင်ပြီး အတည်ပြုပေးလိုက်ပါတယ်။
Sir Chinmoy ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ရဲ့အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် Chinmoy ကိုယ်တိုင် ယင်းကျွန်းကို U Thant Island လို့ အမည်ပေးလိုက်ပါတယ်။ ယခင် အမည်ကတော့ Belmont ကျွန်း ဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် ပေ ၁၀၀ x၂၀၀ ပတ်လည်သာ ရှိတဲ့ ယင်းကျွန်းကို ကမ္ဘာ့ အထူးဆန်းဆုံး ကျွန်း ၁၀ ခု စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ အသေးငယ်ဆုံး ကျွန်းလည်း ဖြစ်ပါတယ်။
နယူးယောက်တိုင်းမ် မဂ္ဂဇင်းမှ ၁၉၉၉ ခုနှစ်က ၃၀ ရာစုမှာ ပျောက်ကွယ်သွားမယ့် ကျွန်းလို့ ဖော်ပြခဲ့့ပါတယ်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမော်ညှိများတွယ်ပြီး လှပနေတဲ့ ဦးသန့်ကျွန်းလေးဟာ ကမ္ဘာသိ ထူးဆန်း ကျွန်းငယ်လေး တစ်ခု ဖြစ်ပါတယ်။
----
Ref : wiki
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။