MRTV-4 မှာ အင်တာဗျူးဖြေရင်း အသံတွေတုန်
ပီတိမျက်ရည်တွေ ၀ိုင်းလာတဲ့ အမေ့ကိုယ်စား ဒီစာကို ရေးပါတယ်
NLD ရှူံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ
ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ပြည်သူကို အကြွေးတင်သွားပါပြီ။
အခုပြည်သူတွေ အားပေးခဲ့တာဟာ သာမန်ကိုယ်စားလှယ်လောင်းတစ် ယောက်ကို အားပေးခဲ့တာထက် အများကြီး ရှေ့ကို သာနေပါတယ်။
ကိုယ့်ဘ၀နဲ့ ဆိုင်တဲ့ ကိစ္စမှာ
ပြေးလက်ဘာမှ မသိတဲ့ ပြိုင်မြင်းတစ်ကောင်ကို
ရှိစုမဲ့စု ပုံအောလောင်းလိုက်သလိုမျိုး မဲပေးခဲ့ကြတာပါ။
အစကနေပဲ ပြန်ကြည့်။
၄၃၆ လက်မှတ်ထိုးဆိုရင်လည်း မညည်းမညူထိုးခဲ့ကြတယ်။
ဝန်းရံကြပါဆိုရင်လည်း ရှိရှိသမျှ နေရာတွေမှာ ရဲရဲတောက် ၀န်းရံခဲ့ကြတယ်။
ကိုယ်တွေကို ပစ္စည်းတွေပေးမဲဆွယ်နေတဲ့ ဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြတယ်။
မနက် အစောကြီးထပြီး မဲပေးနိုင်အောင် ညမအိပ်ပဲ စောင့်ခဲ့ကြတယ်။
မဲပေးအပြီး မဲရေတဲ့အထိ စောင့်ကြည့်ခဲ့ကြတယ်။
ဓားခုတ်ခံရသူ၊ သံတုတ်အရိုက်ခံရသူ၊ ကုန်းသီး အပစ်ခံရသူတွေ ရှိခဲ့တယ်။
အဲဒီလို ပြည်သူတွေ ၀န်းရံခဲ့ကြတဲ့အကြွေးကို
ပြည်သူကို သစ္စာမဖောက်ခြင်းနဲ့ ဆပ်ကြပါ။
ပြည်သူ့မျက်နှာကိုပဲ ကြည့်ပါ။
ဝန်းရံရင်း ထောင်ကျသူ၊ တရားစွဲခံရသူ၊
မျက်ရည်ပေါက်ကြီးငယ်ကျရသူ ပြည်သူတွေ အပေါ်မှာ
သစ္စာ မဖေါက်ကြပါနဲ့။
အစစ အောက်ကျနောက်ကျ ပြည်သူတွေဟာ
မိတ်ဆွေတို့ကို ကောက်ရိုးတစ်စအဖြစ်
အားကိုးတကြီးဖက်တွယ်ထားရတဲ့ ရေနစ်သူတွေပါ။
ပြည်သူကို သစ္စာဖောက်တဲ့တစ်နေ့ ပြည်သူ့သစ္စာ စူးပါလိမ့်မယ်...။
Copy from.. Alinkar Tay
ပီတိမျက်ရည်တွေ ၀ိုင်းလာတဲ့ အမေ့ကိုယ်စား ဒီစာကို ရေးပါတယ်
NLD ရှူံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ
ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ပြည်သူကို အကြွေးတင်သွားပါပြီ။
အခုပြည်သူတွေ အားပေးခဲ့တာဟာ သာမန်ကိုယ်စားလှယ်လောင်းတစ်
ကိုယ့်ဘ၀နဲ့ ဆိုင်တဲ့ ကိစ္စမှာ
ပြေးလက်ဘာမှ မသိတဲ့ ပြိုင်မြင်းတစ်ကောင်ကို
ရှိစုမဲ့စု ပုံအောလောင်းလိုက်သလိုမျိုး
အစကနေပဲ ပြန်ကြည့်။
၄၃၆ လက်မှတ်ထိုးဆိုရင်လည်း မညည်းမညူထိုးခဲ့ကြတယ်။
ဝန်းရံကြပါဆိုရင်လည်း ရှိရှိသမျှ နေရာတွေမှာ ရဲရဲတောက် ၀န်းရံခဲ့ကြတယ်။
ကိုယ်တွေကို ပစ္စည်းတွေပေးမဲဆွယ်နေတဲ့ ဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြတယ်။
မနက် အစောကြီးထပြီး မဲပေးနိုင်အောင် ညမအိပ်ပဲ စောင့်ခဲ့ကြတယ်။
မဲပေးအပြီး မဲရေတဲ့အထိ စောင့်ကြည့်ခဲ့ကြတယ်။
ဓားခုတ်ခံရသူ၊ သံတုတ်အရိုက်ခံရသူ၊ ကုန်းသီး အပစ်ခံရသူတွေ ရှိခဲ့တယ်။
အဲဒီလို ပြည်သူတွေ ၀န်းရံခဲ့ကြတဲ့အကြွေးကို
ပြည်သူကို သစ္စာမဖောက်ခြင်းနဲ့ ဆပ်ကြပါ။
ပြည်သူ့မျက်နှာကိုပဲ ကြည့်ပါ။
ဝန်းရံရင်း ထောင်ကျသူ၊ တရားစွဲခံရသူ၊
မျက်ရည်ပေါက်ကြီးငယ်ကျရသူ ပြည်သူတွေ အပေါ်မှာ
သစ္စာ မဖေါက်ကြပါနဲ့။
အစစ အောက်ကျနောက်ကျ ပြည်သူတွေဟာ
မိတ်ဆွေတို့ကို ကောက်ရိုးတစ်စအဖြစ်
အားကိုးတကြီးဖက်တွယ်ထားရတဲ့
ပြည်သူကို သစ္စာဖောက်တဲ့တစ်နေ့ ပြည်သူ့သစ္စာ စူးပါလိမ့်မယ်...။
Copy from.. Alinkar Tay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။