ရည်းစားတွေ မကွဲခင် ဖြစ်တတ်သော အချက်များ ...
။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။
ရည်းစားဖြစ်ကာစကတော့ တစ်ယောက်နဲ့တစ်ယောက် သဲသဲလှုပ်နေတတ် တယ်။ အကြောင်းမဆီလျော်လို့ ကွဲခါနီးရောက်ရင်တော့ ဘယ်လိုဖြစ်ကြမလဲ။
၁။ ပြောချင်သလိုလို၊ မပြောချင်သလိုလို။
မိန်းကလေးက မေးနေတဲ့မေးခွန်းကို ဂရုတစိုက်မဖြေချင်၊ စိတ်မဝင်စား ရင်တော့ သတိထားတော့နော်။
၂။အလုပ်အကြောင်းတွေပဲ ပြောနေရင်။ အချိန်မရှိတဲ့ကြားက တွေ့နေရတဲ့ အချိန်မှာ အလုပ်အကြောင်း၊ စိတ်ညစ်ရတဲ့ အကြောင်းတွေကိုချည်းပဲ ပြောနေ ရင်တော့ စိတ်ပျက်စရာပေါ့။
၃။ ပိုက်ဆံစကားများသည်ထက်များလာရင်။
ဘာလို့ပိုက်ဆံကို ဒီလောက်သုံးနေရတာလဲ။ ဒီနေမှာ မသုံးနဲ့
ဒီနေရာမှာသုံးဆိုပြီး လိုက်ပြီး ပိုက်ဆံအကြောင်းကို ချုပ်ချယ်နေရင်တော့
အဆင်ပြေနိုင်မည်မဟုတ်ပါ။
၎။ ကတိတွေပျက်လာရင်။ ကတိဆိုတာဟာ ပေးပြီး လိုက်နာရမှာပါ။ ကတိတွေပျက်လာရင်တော့ နှစ်ယောက်ကြားက အချိန်တွေပေးပြီး တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေက ပျက်ပြားလာမှာပါ။
၅။ ဖုန်းကြည့်ပြီးစကားပြောလာရင်။ဖုန်းကြည့်ပြီးစကားတွေပြောနားထောင်နေ တဲ့သူကို လေးစားဖို့ကောင်းသလား။ လေကုန်ခံပြီးပြောနေတဲ့စကားေ တွကို လေးလေးစားစားနားမထောင်ရင်တော့ ဝမ်းနည်းစရာပါ။
၆။ ဆောရီးကွာ၊ အလုပ်တွေ မပြီးသေးလို့ပြောလာရင်။ အရင်တုန်းကတော့ အလုပ်တွေဘယ်လောက်များများမိ န်းကလေးအတွက်အချိန်တွေပေးပြီး စောင့်ရှောက်ပေးခဲ့ပင်မဲ့လည်း အခုကျတော့ ချစ်သူထက် အလုပ်က အရေးကြီးနေပြီဆိုရင်တော့ ဖြေရှင်းရခက်ပါပြီ။
၇။ ဝေဖန်မှုတွေများလာရင်။ မင်းရဲ့အကျင့်တွေကို ပြင်သင့်တယ်။ ဒါကို ဒီလိုလုပ်ဆိုပြီး နေရာတိုင်းမှာ ဆရာလုပ်နေရင်တော့ မိန်းကလေးက သူ့ ဝန်ထမ်းမဟုတ်သလို စက်ရုပ်မှ မဟုတ်တာ။ ကောင်းအောင်ပြင်တာထက် အနိုင်ကျင့်သလို ပြောနေမယ်ဆိုရင်တော့ မဟုတ်တော့ပါ။
၈။ အမှားကိုပဲထောက်ပြနေရင်။ ဘာဖြစ်လို့ ဒါလေးတောင်မလုပ်နိုင်တာလဲ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ကြီးပြင်းလာတဲ့ နေရာ၊ မိသားစု အသိုင်း အဝိုင်းလဲ တူတာမဟုတ်တာကြောင့် နေပုံထိုင်ပုံလည်း တူမှာမဟုတ်ပါ။ ဒါတွေကို အပြစ်တွေချည်းပဲ လိုက်ပြောနေရင်တော့ ဆုံးတော့မှာ မဟုတ်သလို၊ ရှေ့ဆက်ပြီးတော့လည်း လက်တွဲနိုင်မှာ မဟုတ်တော့ပါ။
အပေါ်မှာရေးထားတဲ့အချက်တွေထဲ က
၃ ချက်အထက် ကိုယ်ရဲ့ရည်းစားမှာ ရှိနေပြီဆိုရင်တော့ သတိထားပါ။
ပျော်ရွှင်စရာကောင်းတဲ့ သမီးရည်းစား ဘဝကို ပိုင်ဆိုင်ကြပါစေလို့
ဆုတောင်းလိုက်ပါတယ်။
Credit : tabi-labo, Chelmo Team
။။။။။။။။။။။။။။။။။။။။။။။။။။
ရည်းစားဖြစ်ကာစကတော့ တစ်ယောက်နဲ့တစ်ယောက် သဲသဲလှုပ်နေတတ် တယ်။ အကြောင်းမဆီလျော်လို့ ကွဲခါနီးရောက်ရင်တော့ ဘယ်လိုဖြစ်ကြမလဲ။
၁။ ပြောချင်သလိုလို၊ မပြောချင်သလိုလို။
မိန်းကလေးက မေးနေတဲ့မေးခွန်းကို ဂရုတစိုက်မဖြေချင်၊ စိတ်မဝင်စား ရင်တော့ သတိထားတော့နော်။
၂။အလုပ်အကြောင်းတွေပဲ ပြောနေရင်။ အချိန်မရှိတဲ့ကြားက တွေ့နေရတဲ့ အချိန်မှာ အလုပ်အကြောင်း၊ စိတ်ညစ်ရတဲ့ အကြောင်းတွေကိုချည်းပဲ ပြောနေ ရင်တော့ စိတ်ပျက်စရာပေါ့။
၃။ ပိုက်ဆံစကားများသည်ထက်များလ
၎။ ကတိတွေပျက်လာရင်။ ကတိဆိုတာဟာ ပေးပြီး လိုက်နာရမှာပါ။ ကတိတွေပျက်လာရင်တော့ နှစ်ယောက်ကြားက အချိန်တွေပေးပြီး တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေက ပျက်ပြားလာမှာပါ။
၅။ ဖုန်းကြည့်ပြီးစကားပြောလာရင
၆။ ဆောရီးကွာ၊ အလုပ်တွေ မပြီးသေးလို့ပြောလာရင်။ အရင်တုန်းကတော့ အလုပ်တွေဘယ်လောက်များများမိ
၇။ ဝေဖန်မှုတွေများလာရင်။ မင်းရဲ့အကျင့်တွေကို ပြင်သင့်တယ်။ ဒါကို ဒီလိုလုပ်ဆိုပြီး နေရာတိုင်းမှာ ဆရာလုပ်နေရင်တော့ မိန်းကလေးက သူ့ ဝန်ထမ်းမဟုတ်သလို စက်ရုပ်မှ မဟုတ်တာ။ ကောင်းအောင်ပြင်တာထက် အနိုင်ကျင့်သလို ပြောနေမယ်ဆိုရင်တော့ မဟုတ်တော့ပါ။
၈။ အမှားကိုပဲထောက်ပြနေရင်။ ဘာဖြစ်လို့ ဒါလေးတောင်မလုပ်နိုင်တာလဲ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ကြီးပြင်းလာတဲ့ နေရာ၊ မိသားစု အသိုင်း အဝိုင်းလဲ တူတာမဟုတ်တာကြောင့် နေပုံထိုင်ပုံလည်း တူမှာမဟုတ်ပါ။ ဒါတွေကို အပြစ်တွေချည်းပဲ လိုက်ပြောနေရင်တော့ ဆုံးတော့မှာ မဟုတ်သလို၊ ရှေ့ဆက်ပြီးတော့လည်း လက်တွဲနိုင်မှာ မဟုတ်တော့ပါ။
အပေါ်မှာရေးထားတဲ့အချက်တွေထဲ
Credit : tabi-labo, Chelmo Team

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။