. [Zawgyi]

Ref: Eleven Media Group http://news-eleven.com/…/%E1%80%91%E1%80%AD%E1%80%AF%E1%80%…
_________________
. [Unicode]
ထိုင်၀မ်၌ပြုလုပ်မည့် Miss Charity Queen 2015 တွင် ချင်းတိုင်းရင်းသူ ရိုစီသောခ့်ထာပါရ် သွားရောက် ယှဉ်ပြိုင်မည်
ထိုင်၀မ်တွင် ပြုလုပ်မည့် Miss Charity Queen 2015 တွင် ခ ျင်းတိုင်းရင်းသူ ရိုစီသော့ခ်ထာပါရ်က သွားရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု သတင်း ရရှိသည်။ Miss Charity Queen 2015 ပြိုင်ပွဲကို နို၀င်ဘာ ၁၆ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နို၀င်ဘာ ၁၅ ရက်တွင် ချင်းတိုင်းရင်းသူ ရိုစီသော့ခ်ထာပါရ်က ထိုင်၀မ်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ အလှမယ် ပြိုင်ပွဲသည် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုနဲ့ ယှဉ်တွဲကာ အမှတ်ပေး ရွေးချယ်သည့် အလှမယ် ပြိုင်ပွဲတစ်ပွဲဖြစ်ကာ သွားရောက် ယှဉ်ပြိုင်မည့် ရိုစီသော့ခ်ထာပါရ်သည်လည်း ပရဟိတ လုပ်ငန်းများစွာ လုပ်ကိုင်နေသည့် အလှမယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
“Rosy တို့ကို ဆရာဂျွန်လွင်က ရွေးချယ်ခဲ့တာပါ။ ဒီပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကတော့ အများကြီးပဲ ပြုလုပ်ခဲ့ရပါတယ်။Talent အတွက်လည်း ပြင်ဆင်ခဲ့ရတယ်။ နိုင်ငံတကာ ပြိုင်ပွဲအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ ဘာသာစကား ကျွမ်းကျင်မှုနဲ့ အခြားလိုအပ်တာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ အကောင်းဆုံးတော့ ကြိုးစား ယှဉ်ပြိုင်ခဲ့မှာပါ” ဟု ချင်းတိုင်းရင်းသူ အလှမယ် ရိုစီသော့ခ်ထာပါရ်က ပြောကြားသည်။
Miss Charity Queen 2015 အလှမယ် ရွေးချယ်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့် ချင်းတိုင်းရင်းသူ အလှမယ် Rosy Tawk Tha ၀တ်ဆင်မည့် ၀တ်စုံများကို Star& Models Int'l Agency ကပင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။