Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 24, 2015

Iron Cross (IC) ချစ်စမ်းမောင်အင်တာဗျူး


Iron Cross (IC) ချစ်စမ်းမောင်အင်တာဗျူး

Iron Cross (IC) ၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်သည် ကွယ်လွန်သူ တေးရေး ဂစ်တာသမား စောဘွဲ့မှူး၏ တပည့်တဦးဖြစ်ပြီး IC ၏ လိဒ်ဂစ်တာ သမားအဖြစ် နှစ်ပေါင်း ၂၀ ကျော် တီးခတ်ခဲ့သူ ဖြစ်သည်။

အသက် ၄ နှစ်ကျော် အရွယ်ကတည်းက ဂစ်တာ စတီးခဲ့ပြီး ယခု အသက် ၃၀ ကျော်ထိ လိဒ်ဂစ်တာကိုသာ တစိုက် မတ်မတ် တီးခတ်သူ ဖြစ်သည်။ တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီး အဖြစ် ခြောက်ကြိုးကဝေ အမည်ရှိ စီးရီးကို ထုတ်ဝေခဲ့ရာ ဂီတလောကတွင် ပြောစမှတ်တွင်သည့် စီးရီး တခွေဖြစ်ခဲ့သည်။

ချစ်စမ်းမောင်သည် အိုင်စီရှိုးတိုင်းတွင် ဂစ်တာဆိုလို တီးခတ်၍ ပရိသတ်အား ဖမ်းစားနိုင်သူဖြစ်သည်။ ရော့ခ် ဝါသနာအိုး ဂစ်တာရူးသွပ်သူ လူငယ်များက ဆရာချစ် ဟု ခေါ်တွင်သော ချစ်စမ်းမောင်ကို ဘန်ကောက်မြို့တွင် တွေ့ဆုံခိုက် ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

မေး။ ။ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ဂစ်တာနဲ့ ပတ်သက်လို့ ဘာတွေလုပ်ဖို့ ရှိပါသလဲ။

ဖြေ။ ။ ခုလောလောဆယ်မှာ စာအုပ် ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ တပ်ပ် (Tab) ကော၊ ပက်ကားနုတ်စ်ကော၊ တရုတ်နုတ်စ်ကောပါတဲ့ စာအုပ်ပေါ့။

နောက်တော့ ဗီဒီယို ဂစ်တာ lesson သဘောမျိုးလေးကောလုပ်ဖို့ အစီအစဉ် ဆွဲနေတယ်။ အဲဒါကို ဒီနှစ်ထဲမှာတော့ ပြီးအောင်လုပ်ဖို့ စဉ်းစားထားတယ်။ ပထမဆုံးအနေနဲ့က ကျနော်တို့တီးခဲ့ပြီး ကိုလေးဖြူတို့၊ ကိုအငဲတို့ ၊ မျိုးကြီးတို့ ဆိုခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ လုပ်မယ်။

ကျနော်တို့ကိုယ်တိုင် Creation လုပ်ထားတဲ့ သီချင်းတွေကို ဂစ်တာ သင်္ခန်းစာအနေနဲ့ ပြန်တီးပြမှာပေါ့။ စာအုပ်မှာလဲ အဲဒါထည့်မယ်။ တပုဒ်လုံးတော့ မဟုတ်ဘူးပေါ့။ အဓိကက ဆိုလို Parts လေးတွေ လုပ်ပြမယ်။

မေး။ ။ ကိုချစ်စမ်းမောင်အနေနဲ့ ခြောက်ကြိုးကဝေ ထွက်ခဲ့တာ ၁၀ စုနှစ် တခု ရှိခဲ့ပြီဆိုတော့ အဲလို ဆိုလို အခွေတခွေကို ခြောက်ကြိုးကဝေ တုန်းကလို ရောထွေးမနေဘဲ ချစ်စမ်းမောင်ရဲ့ သီးသန့်စတိုင်နဲ့ လုပ်ဖို့ အစီအစဉ် မရှိဘူးလား။

ဖြေ။ ။ အဲဒီ ဆိုလိုခွေက လုပ်နေတာ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီ။ ဒါပေမယ့် တချို့ဟာလေးတွေ စိတ်တိုင်းမကျလို့ ပြန်ပြင်လိုက်၊ ပြန်တီးလိုက် လုပ်တာနဲ့ မပြီးနိုင်တာ။ အဲဒါကြောင့် Lesson ခွေကို အရင်ထုတ်ဖို့ စီစဉ်လိုက်တာ။
နောက်တခုက စတိုင်ရောထွေးနေတယ် ဆိုတာကလည်း ကျနော်ကိုယ်တိုင်က Country လည်း အရမ်း ကြိုက်ခဲ့တာကိုး .. ဒါပေမယ့် အဓိက ကတော့ ရော့ခ်ပေါ့နော်။ ရော့ခ်ကြီးပဲ မဟုတ်ဘဲ အဲလို ရောတာလေးကို ကျနော်ကိုယ်တိုင်ကိုက ကြိုက်နေတာ။

မေး။ ။ ကိုချစ်စမ်းမောင် တီးခဲ့တဲ့ အနှစ်နှစ်ဆယ် သက်တမ်းမှာ တီးခဲ့တဲ့ ပုံစံတွေအရ ဟိုးအရင် ပရိသတ်နဲ့ အခုပရိသတ် ဘာတွေကွာခြားသလဲ။

ဖြေ။ ။ ပရိသတ်ကတော့ ကျနော်မြင်တာ ကတော့ အရင်ကဆို အဆိုနဲ့ အတီးနဲ့မှာ ပေါ်ပြူလာဖြစ်တဲ့ အဆိုဘက်ကို ပိုပြီး အားပေးကြတယ်။ ခုနောက်ပိုင်းတော့ တော်တော်လေး မျှလာပါတယ် အတီးသမားတွေကိုလည်း တော်တော်လေး အားပေးလာတာတွေ့ရတယ်။

မေး။ ။ ရော့ခ်သက်သက် ပရိသတ်က နည်းသွားတယ်လို့ မထင်ဘူးလား။

ဖြေ။ ။ အဲဒါကတော့ သူ့ဟာနဲ့သူ ရှိနေပါတယ်။ အားပေးတာက အမျိုးမျိုးပဲဗျ။

မေး။ ။ ဆိုလို တီးတာနဲ့ ပတ်သက်ပြီး လေ့ကျင့်မှုပိုင်းကကော။

ဖြေ။ ။ လေ့ကျင့်တာကတော့ နေ့တိုင်း တီးနေရတာပဲလေ။ နေ့တိုင်း အသံဖမ်းက ရှိနေတော့ ကိုယ်လေ့ကျင့်ချင်တာလေးတွေ အဲဒီထဲမှာပဲ ရောပြီး လေ့ကျင့်ရတာပဲ။

မေး။ ။ ပြည်တွင်းပြည်ပက ကိုချစ်စမ်းမောင် လေးစား အတုယူရတဲ့ ဂစ်တာသမားတွေက ဘယ်သူတွေလဲ။

ဖြေ။ ။ နာမည်တွေ အနေနဲ့ကတော့ အများကြီးပေါ့နော်။ ကျနော့်အပေါ်မှာ လွှမ်းမိုးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နာမည်နဲ့တော့ မပြောချင်ဘူးပေါ့။ ကျနော်က အားလုံးဆီက ကောင်းတဲ့ အချက်လေးတွေကိုပဲ ယူတာဆိုတော့ တမင် နာမည်နဲ့ မပြောချင်တာ။ တယောက်ဆီက ကိုယ်ကြိုက်တာတွေကိုပဲ ယူတဲ့ သဘောပေါ့။ ကြိုက်တာကတော့ အများကြီးရှိပါတယ်။

မေး။ ။ နောက်ဆုံး မျိုးကြီး live show အခွေမှာဆိုရင် ကိုချစ်စမ်းမောင်ရဲ့ ဆိုလိုတီးပုံ စတိုင်က စတိဗ်ဗိုင်း (Steve Vai) ရဲ့ လွှမ်းမိုးမှု ခံနေရသလိုမျိုး ပြောကြတယ်။ အဲဒါကကော။

ဖြေ။ ။ အဲဒါကလည်း ဟုတ်ချင် ဟုတ်မှာပါပဲ။ ရော့ခ် တီးတယ် ဆိုကတည်းက တယောက်နဲ့တယောက် မကွဲကြတာမျိုး ရှိတယ်လေ။ လွှမ်းမိုးတာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မယ်။ စတိဗ်ဗိုင်းကို ကျနော် ကြိုက်ပါတယ်။ သူ့ရဲ့စတိုင် လွှမ်းမိုးတယ် ဆိုတာထက် သူ့ရဲ့ထူးခြားချက်တွေကို ကျနော်က ပိုကြည့်တယ်။

မေး။ ။ ကိုချစ်စမ်းမောင်အနေနဲ့ ဆိုလို ရှိုးကောလုပ်ဖို့ အစီအစဉ်မရှိဘူးလား။

ဖြေ။ ။ တချိန်တော့ လုပ်ဖြစ်မှာပါ။ ဒါပေမယ့် ဖြစ်သလို မလုပ်ချင်ဘူး။ ဒါမျိုးက များများစားစား လုပ်လေ့ရှိတဲ့ ပွဲလည်း မဟုတ်တော့ သေချာလေး တိုင်တိုင် ပင်ပင်နဲ့ လုပ်ချင်လို့။ နောက်ပြီး ကိုယ် တယောက်တည်း ဆိုတာထက် ကိုယ့်ထက် သမ္ဘာရှိတဲ့သူတွေနဲ့ တူတူတွဲပြီး လုပ်ချင်တယ်။ အဲဒါကြောင့် အချိန်ယူချင်တယ်။ လုပ်သင့်တဲ့ အချိန်ပေါ့နော်။
ပြောရရင် ကျနော်တို့က အရမ်း အလုပ်ရှုပ်တယ်။ ဒီနှစ်ဆိုရင် ကန်ထရိုက် စာချုပ်ချုပ်ထားတာမျိုး ရှိနေတာ ဆိုတော့ အေးအေးဆေးဆေး မရှိဘူး။ နောက်တခါ တခြား ပလေယာတွေနဲ့လည်း ညှိနှိုင်းရမယ်လေ ။ နောက်တခါ ဒါမျိုး လုပ်ပြီဆိုရင် မကျန်ခဲ့တာမျိုး မလုပ်ချင်ဘူး။

မေး။ ။ IC က အခွေတခွေ လုပ်ရင် ဘယ်လောက်ကြာလဲ။

ဖြေ။ ။ ကိုလေးဖြူ ဟာဆိုရင် တနှစ်လောက် အချိန်ယူရတယ်။ သူက ဆက်တိုက် တီးမယ်ဆိုရင်တော့ အဲလောက် မကြာဘူးပေါ့ .. ဒါပေမယ့် လုပ်ရင် ကျနော်တို့က အကောင်းဆုံး ရလဒ်ကို လိုချင်တာဆိုတော့ သေချာ လုပ်နေကြတာနဲ့ ကြာတာ။ ပလေယာ အားလုံးပဲလေ။ နောက်တခါ mixdown လုပ်ရင်လည်း တပုဒ်ကို တရက်လုံး လုပ်တာမျိုးလေ။

မေး။ ။ အခု လူငယ်တွေထဲမှာ ကိုချစ်စမ်းမောင်တို့လို လိဒ် ဆိုလို တီးဖို့ ခရေဇီဖြစ်နေတာမျိုး ရှိသေးလား။ ကိုချစ်စမ်းမောင်တို့ကို ချဉ်းကပ် လာတာမျိုး ရှိသလား။

ဖြေ။ ။ အဲဒီလိုမျိုး ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကြိုးစားအားထုတ်မှုအနေနဲ့ကတော့ ကျနော်တို့တုန်းကလိုမျိုး မဟုတ်တော့ဘူး။ အားမရဘူးပေါ့။ အဲဒါ ဘာလို့လဲဆိုတော့ အဓိကက နောက်ပိုင်းမှာ Backing ကို သူတို့ ဦးစားပေး တီးလာကြတော့ ဆိုလိုပိုင်းမှာ အားနည်းလာတဲ့ သဘောပါ။
Backing ပိုင်းမှာတော့ သေသေ သပ်သပ် တီးနိုင်လာကြပါတယ်။ ဒါပေမယ့် ဆိုလိုပိုင်းမှာတော့ သိပ်ပြီး ဖန်တီးမှု မလုပ်နိုင်ကြတော့ဘူး။ အခု ပေါ်လာတဲ့ ဂီတအမျိုးအစားကို သူတို့ မှီခိုတာမျိုးလည်း ဖြစ်နိုင်တာပေါ့နော်။

မေး။ ။ မေးနေကျ မေးခွန်းဟောင်း တခုကိုပဲ ပြန်မေးချင်ပါတယ်။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်မှာ ဖန်တီးရတာ ဘယ်ဟာကို ပို အားထုတ်ရသလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ကော်ပီ ဆိုတာက သူတို့တီးတာကို တူအောင်ပြန် တီးရတာဆိုတော့ လွယ်တာရှိသလို လက်ပေါက်ကပ်တာမျိုးလည်း ရှိပါတယ်။ နောက်တခုက သူတို့ရဲ့ ကာလာကို အနီးစပ်ဆုံး တူအောင် တီးရတာဆိုတော့ အရမ်းချိန်ဆရပါတယ်။
ကိုယ်ပိုင်သံစဉ်ကတော့ ပိုလွတ်လပ် တာပေါ့ .. ကော်ပီကတော့ ဘောင်နဲ့ဆိုတော့ လုပ်ရတာ သိပ်မလွတ် လပ်ဘူး။ ခုနောက်ပိုင်းမှာတော့ ကိုယ်ပိုင်သံစဉ်ကိုပဲ ပိုပြီး လုပ်ချင် မိတယ်။ ဒါပေမယ့် ခု ကိုယ်ပိုင်သံစဉ် လုပ်နိုင်တယ် ဆိုတာကလည်း တချိန်က ကော်ပီခွေတွေ အများကြီး တီးခဲ့လို့ ပညာရတာမျိုးလည်း ပါတာပေါ့။

အခုခေတ် လူငယ်တွေက ကော်ပီကို သိပ် မတီးကြရဘူး။ ကျနော်တို့ ကော်ပီ တီးတယ်ဆိုတာက သူ့ရဲ့မူရင်းကို မီအောင် တီးရတာလေ။ ကော်ပီ သီချင်းတပုဒ်ကို ရှိုးတီးတယ်ဆိုတာက အပေါ်ယံကြောပဲ။ ဒါပေမယ့် အသံသွင်းပြီဆိုရင် သူ့ရဲ့တလိုင်းချင်းစီကို နုတ်ထုတ်ပြီး သေချာလုပ်ရတာလေ။
အဲဒီတော့ သူ့ကို အတွင်းကျကျ လေ့လာသလိုဖြစ်တယ်။ ဆိုလိုတာက ငယ်ငယ်က ကော်ပီတီးတဲ့ အလေ့အကျင့်က ကိုယ့်ဘာသာ ကိုယ်ပိုင် ဖန်တီးမှု လုပ်တဲ့အခါမှာ အများကြီး အသုံးဝင်တယ် ဆိုတာပါ။

မေး။ ။ ခုနောက်ပိုင်းမှာ ရော့ခ်သမားတွေ ကိုယ်ပိုင်သံစဉ် လုပ်လာကြတာတွေ့ရတယ်။ မျိုးကြီး၊ ကိုလေးဖြူ ထွက်ပြီးပြီ .. ခု နောက်ထပ် ကိုအငဲ ထွက်ဦးမယ်ပြောတယ်။ အဲလိုဖြစ်တာဟာ ဘာကြောင့်လဲ။ ဂီတရေစီးကြောင်း ပုံစံပြောင်းသွား လို့လား။

ဖြေ။ ။ အဲဒါက ဒီလိုဗျ။ ကျနော်တို့ ကြိုက်ကြတဲ့ ပုံစံတွေ၊ ကျနော်တို့ တီးချင်တဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေ၊ သူတို့ အဆိုတော်တွေ ဆိုချင်တဲ့ ပုံစံတွေက ခုမှ တေးရေးတွေ ထွက်လာတာဗျ။ အရင်တုန်းကဆို ရှိတယ်ဆိုပေမယ့် တေးရေးတွေနဲ့ အဆက်အစပ် မတည့်တာမျိုးလည်းဖြစ်မယ်။
နောက်ပိုင်း ရေးနိုင်တဲ့သူတွေလည်း ပေါ်လာတယ်။ အဓိကကတော့ သီချင်းနားထောင်အားပါပဲ။ ခုနောက်ပိုင်း လူငယ်တွေဆို မော်ဒန်ရော့ခ်ပုံစံကို နားထောင်တာများတော့ သီချင်းရေးတဲ့အခါ အဲဒီပုံစံမျိုးတွေချည်းဖြစ်တာ မြင်ဖူးတယ်။

မေး။ ။ ကိုချစ်စမ်းမောင်က စက်တွေကိုလည်း စိတ်ဝင်စားတယ်၊ စက်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ခရေဇီဖြစ်တယ် ကြားဖူးတယ်။ အဲတော့ ကိုချစ်စမ်းမောင်ရဲ့အလုပ်က နှစ်ခု ဖြစ်မနေဘူးလား။

ဖြေ။ ။ ဖြစ်တယ်ဗျ။ တကယ့်တကယ်ကျတော့ ပလေယာ တယောက်က နည်းပညာကိုလည်း သိထားဖို့ လိုတယ်ဗျ။ ကိုယ်လိုချင်တဲ့ ကာလာတွေကို မရမချင်း ရှာတာမျိုးပေါ့ .. အဲဒါက အချိန်ပေး ရတာပေါ့။
စက်ကတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ကျနော်ကတော့ ကျနော်လိုချင်တဲ့အသံကို မရ ရအောင် ချိန်ရတာမျိုး သဘောကျတယ်။ နောက် အသံသွင်းတဲ့ အပိုင်းမှာပေါ့ .. အဲဒီ အပိုင်းမှာလည်း ကိုယ်က သိနေတာဆိုတော့ ပိုကောင်းတယ်လေ။

မေး။ ။ ရော့ခ်ဆိုတာက ခုဆို တော်တော်လေးကြာလာပြီလို့ ပြောလို့ ရတယ်နော်။ ကြားထဲမှာ တခြား ဂီတပုံစံတွေ ပေါ်လာပေမယ့် ရော့ခ်က ဒီတိုင်းပဲ .. အဲဒါကို ဘယ်လိုထင်လဲ။

ဖြေ။ ။ အဲဒါကတော့ ကျနော်တို့သာ သေသွားမယ် ရော့ခ်က ပျောက်သွားမှာ မဟုတ်ဘူးလို့ပဲ ထင်တယ်။ လူရဲ့လက်နဲ့ လုပ်တဲ့ လုပ်အားက ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူး။

မေး။ ။ ခုနောက်ပိုင်း စက်နဲ့၊ ပရိုဂရမ်တွေနဲ့ လုပ်လာကြတော့ လက်နဲ့ ဖန်တီးမှုအားက တိမ်ကေသွားမယ် ထင်လား။

ဖြေ။ ။ မဖြစ်နိုင်ဘူးဗျ။ ပရိုဂရမ်တွေ လုပ်တယ် ဆိုတာကလည်း လူက Command ပေးရတာပဲလေ။ အဲဒီတော့ ဒီမျူးဇစ် က မပျောက်နိုင်ဘူး။ ဥပမာ Country မပျောက်သလိုပေါ့။ မျူးဇစ်တွေသာ ထပ်တိုးရင် တိုး သွားမယ်ပေါ့ဗျာ။

မေး။ ။ ကိုချစ်စမ်းမောင်က ရော့ခ်အပြင် ဘာကြောင့် Country ကို ကြိုက်ရတာလဲ။

ဖြေ။ ။ ဘာကြောင့်ကြိုက်လဲဆိုတော့ ပညာပါလို့ပါ။ သူက ရော့ခ်လို စကေးလ်တွေ တီးရုံနဲ့ မပြီးဘူးဗျ။ open string လိုမျိုးပေါ့ ဘင်ဂျို စတိုင်လေးတွေ ပါရင်ပါမယ်။ သူ့ အယူအဆလေးတွေက တမျိုး။ နောက်တခုက လွယ်လွယ်ကူကူနဲ့ တီးလို့ မရဘူး။ သူ့ မယ်လိုဒီကိုက up .. down အရမ်းများတယ်။
အသက်ကြီးလာရင်လည်း အဓိကကတော့ ရော့ခ်ကိုပဲ အခြေခံပြီး သွားမှာပဲ။ အားလုံးကိုတော့ ခံစားတတ် ပါတယ် .. pop တွေကော နောက် ကုန်ကုန်ပြောရရင် ရိုးရာသီချင်းတွေလည်း ခံစားတတ် ပါတယ်။

မေး။ ။ ပြည်ပ tour တွေသွားရင် ဂစ်တာ ဘယ်နှစ်လက် ယူသွားလေ့ရှိလဲ။

ဖြေ။ ။ ပြည်ပသွားရင်တော့ အနည်းဆုံး ၂ လက်ပေါ့။ ပြည်တွင်းမှာတော့ ၆ လက်၊ ၇ လက် အဲလို ယူတယ်။ အဲဒါကလည်း သီချင်းကာလာ မတူတာရှိမယ်။ နောက် tunings တွေ အမျိုးမျိုး ပြောင်းနေတာ မျိုးဆိုတော့ ဂစ်တာကို ပြောင်းသုံးဖို့ လိုအပ်တယ်လေ။ နောက်ပိုင်းတော့ စက်နဲ့ညှိတဲ့ ဂစ်တာပေါ့နော် အဲဒါပဲ သုံးတယ်။ အဲဒါက တိကျတယ်လေ။

မေး။ ။ ပြည်ပ ခရီးထွက်ရင် ဘယ်လို ပစ္စည်းနဲ့ မှ တီးနိုင်မယ်ဆိုတာမျိုး လုပ်လို့ရလား။

ဖြေ။ ။ များသောအားဖြင့်တော့ ရပါတယ်။ ကျနော်တို့က ပေးနိုင်မယ့် ပစ္စည်းစာရင်းကို တောင်းလိုက်တယ်။ ပြီးတော့ ဘယ်လိုဟာ လိုချင်တယ် ဆိုတာပြောလိုက်တယ်။ ဒါပေမယ့် နှစ်စမှာတီးခဲ့တဲ့ ဘန်ကောက်ရှိုးမှာတော့ ပစ္စည်းတွေက တော်တော်ကို ညံ့တယ်။ ကျနော်တို့ ပြည်တွင်းမှာတောင် ဒါမျိုး မသုံးဘူး။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ သုံးလိုက်ရတာမျိုး ရှိတာပဲ။

မေး။ ။ IC အနေနဲ့ မေးရရင် ခုချိန်ထိ ဘာကြောင့် ဒီအဆိုတော်တွေ၊ ဒီတီးတဲ့သူတွေနဲ့ မြဲနေတာလဲ။ ကိုချစ်စမ်းမောင်ရဲ့ အမြင်ကို ပြောပါဦး။

ဖြေ။ ။ ကျနော့်အမြင်ပြောရရင် အဓိက တယောက်နဲ့တယောက် နားလည်မှုပေါ့နော်။ နောက်တခုက ကျနော်တို့မှာ မူးယစ်ဆေးနဲ့ပတ်သက်လို့ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ နောက် တယောက်နဲ့တယောက် ပွင့်လင်းတယ်။ မကျေနပ်တာရှိလည်း ချက်ချင်းရှင်းကြ .. အဲလိုသွားနိုင်လို့ ကျနော်တို့ ဒီလို ရေရှည် တည်တံ့တယ်လို့ထင်တယ်။

မေး။ ။ IC အနေနဲ့ မေးရရင် ခုချိန်ထိ ဘာကြောင့် ဒီ အဆိုတော်တွေ၊ ဒီ တီးတဲ့သူတွေနဲ့ မြဲနေတာလဲ။ ကိုချစ်စမ်းမောင် ရဲ့ အမြင်ကို ပြောပါဦး။
ရှေ့လျှောက်လည်း အဲလိုပဲ သွားမှာပဲ။ ခုလောက်ထိ လုပ်လာကြပြီးမှ နားရင်လည်း အားလုံး နားလိုက်ကြမယ်။ အဲလိုပဲ စိတ်ကူးထားတယ်။

မေး။ ။ ကိုချစ်စမ်းမောင်ရဲ့ မိသားစုကို အချိန် ဘယ်လိုပေးလဲ။ မိသားစု အကြောင်း ပြောပြပါဦး။

ဖြေ။ ။ ပြောရရင်တော့ ကျနော့်မိန်းမက ကျနော့်ကို အများကြီး နားလည်တော့ ကျနော် ဘာမှသိပ်မလိုဘူး။ နောက်တခါ ကျနော့်စတူဒီယိုကလည်း အိမ်မှာ ဆိုတော့ အိမ်မှာပဲ အလုပ်တွေ များနေတတ်တယ်။ အဲဒီကြား တအိမ်ထဲနေပြီး မတွေ့တာမျိုးရှိတယ် .. ဒါပေမယ့် သူက တော်တော်လေး နားလည်ပေးတယ်။
ရေရှည် သွားနိုင်တာက သူ နားလည်ပေးလို့ ဒီလိုမျိုး သွားနိုင်တာ မဟုတ်ရင် မလွယ်ဘူး။ ဒီနေ့ အခြေ အနေ ရောက်လာတာကလည်း ပထမဆုံးက ဘုရားကျေးဇူးပေါ့။ နောက် တခုက ကျနော့်မိသားစုရဲ့ အားပေးမှုပေါ့။
ကလေး သုံးယောက်မှာ အငယ်ဆုံးကတော့ ဝါသနာပါတယ်။ ကျနော်ကတော့ ကလေးတွေကို အတင်းကြီး တွန်းအား မပေးချင်ဘူး။ ကျနော်တို့တုန်းက ဒီလို ပစ္စည်းတွေအတွက် အရမ်းကို ကြိုးစားရပေမယ့် သူတို့ကျတော့ အရမ်းကို လွယ်ကူလွန်းနေတာ မြင်ရတာတော့ ကျနော်မကြိုက်ဘူး။
သူတို့ကို ဒီ့ထက် ပိုကြိုးစား စေချင်တယ်။ ။

ဧရာဝတီ မီဒီယာမှ

★ ★ ★ အင်တာဗျူး အဟောင်းပါ။ i.c နဲ့ ဆရာချစ်ပရိသတ်တွေအတွက်......

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။