Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 18, 2015

ဆွီဒင်တို့ရဲ့ ဂန္တဝင် ရောခ့်တီးဝိုင်း (သို့) Europe တို့ရဲ့ အယ်ဘမ် အသစ်


ဆွီဒင်တို့ရဲ့ ဂန္တဝင် ရောခ့်တီးဝိုင်း (သို့)
Europe တို့ရဲ့ အယ်ဘမ် အသစ်
…………………………………………………………………………

ရောခ့်ဂီတ နဲ့ပက်သက်ရင် ဥရောပရဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဟာ အမြဲတမ်း တက်ကြွ နေတတ်တာပါ အဲဒီနိုင်ငံတွေ ထဲက ဆွီဒင် ကလူတွေ အမြဲဂုဏ်ယူနေတတ်တဲ့ ရောခ့် တီးဝိုင်းဖြစ်တဲ့ Europe တို့ရဲ့ ဆယ်ချပ်မြောက် အယ်ဘမ် War of Kings (၂၁၀၅) ကို ဒီနှစ်ထဲမှာ ဖြန့်ချိ ထားခဲ့ပါတယ်။

ဆွီဒစ်ရှ် ရောခ့်ကာကြီး တွေဟာ ဒီအယ်ဘမ်မှာ သူတို့ရဲ့ ချာတိတ်ဘဝက စွဲလမ်းနှစ်ခြိုက်လာခဲ့ တဲ့ ဟဲဗီးမက်တယ်လ် ဘိုးအေကြီး Led Zeppelin, Deep Purple နဲ့ Black Sabbath တို့ ရဲ့ ပုံစံတွေကို သူတို့ရဲ့ ပုံစံတွေနဲ့ ပြန်လည် ဆန်းသစ်ထားခဲ့ကြသလို ဘလူးစ်ရောခ့်, ဟဲဗီးမက်တယ်လ်, Doom မက်တယ်လ် အငွေ့အသက်တွေနဲ့ အတူ ပရိုဂရက်စစ် ရောခ့် ပုံစံတွေကို ပါ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ဟိုတစ်ချိန်တုန်း ထဲကသူတို့ရဲ့ သီချင်းတွေမှာ KB သံတွေဟာ ထင်သာမြင်သာ ဖြစ်လွန်းခဲ့ပြီး
ဒီအယ်ဘမ်မှာလည်း KB သံတွေဟာ Deep Purple ကို အမှတ်ရစရာပါပဲ, အဆိုတော် ကြီး Joey Tempest ရဲ့ အသံကာလာက အသက်ကြီးမှ ပိုသေသပ်သလို ဖြစ်လာခဲ့တဲ့ အပြင် သူ့ရဲ့ ဒါရိုက်ရှင် ဟာ Led Zepplin က Plant ရဲ့ ဆိုဟန်တွေဘက် ရောက်နေသလို ဖြစ်ခဲ့ပြီး ဂစ်တာ သမားကြီး John Norum ရဲ့ ထူထဲလေးလံသိပ်သည်း တဲ့ ဂစ်တာ riffs တွေဟာ Black Sabbath တို့ရဲ့ အစောပိုင်း အယ်ဘမ်တွေကို အမှတ်ရစရာပါ။ ဒါ့အပြင် Pink Floyd တို့ရဲ့ပရိတ်သတ် တွေဖြစ် တဲ့အတွက် ပရိုဂရက်စစ် ရောခ့်ပုံစံတွေပါ နားဆင်ရမှာပဲဖြစ် ဖြစ်ပါတယ်။

ကျိန်းသေတာတစ်ခုက ဒီအယ်ဘမ်မှာ ခင်ဗျား တို့ Europe တို့ရဲ့ ၈၀' ၉၀' မတိုင်ခင်က အယ်ဘမ်တွေလို မယ်လိုဒစ်စ် ဖြစ်လွန်းတဲ့ ဟဒ့်ရောခ့် နဲ့ glam ပုံစံတွေမှာ ရှိနေတော့မှာ မဟုတ်တော့တာကို မြင်ရမှာပါ။ ဒါဟာ ဒီအယ်ဘမ် ကျ မှာ လားဆိုတော့ မဟုတ်ခဲ့ပါဘူး သူတို့ရဲ့ တတိယ ပိုင်းလို့ပြောရမယ့် ရှစ်ချပ်မြောက်အယ်ဘမ် ဖြစ်တဲ့ Last Look at Eden (၂၀၀၉) ကနေစပြီး ကလက်စစ်ရောခ့်နဲ့ ဘလူးစ် ရောခ့်အမာ ပုံစံတွေဘက်ကို ပိုရောက်လာခဲ့တာပဲဖြစ်သလို ကိုးချပ်မြောက်အယ်ဘမ် Bag of Bones (၂၀၁၂) မှာလည်း ဒီပုံစံအတိုင်းပဲ ဖန်တီးထားခဲ့တာပါ။ အခုနောက်ဆုံး အယ်ဘမ် မှာလည်း ဒီ ဒါရိုက်ရှင်ကို မပြောင်းလဲခဲ့သလို တစ်ချိန်က ဟဲဗီးမက်တယ်လ် ဘိုးအေကြီး တွေရဲ့ ပုံစံတွေထဲကိုပါ ပြန်လည်မွှေနှောက်လာခဲ့ တာပဲဖြစ်ပါတော့တယ်။

Europe တီးဝိုင်းဟာ ကျွန်တော် တို့နဲ့ အရမ်းရင်း နှီးလွန်းတဲ့ ရောခ့်တီးဝိုင်းတွေထဲမှာ ပါဝင်ခဲ့ ပါတယ်။ သူတို့ရဲ့ သီချင်းတွေကို ဦးဂျက်မြသောင်း, ကိုလေးဖြူ , ကိုအငဲ, ကိုဘိုဘို တိုအပြင် ကျွန်တော် တို့ဆီက ရောခ့်အဆိုတော် ကြီး တွေ တော်တော် မ် ားမ် ားကို ပြန်ဆိုထား ခဲ့တာပါပဲ။ သူတို့ကို ပြောမယ် ဆိုရင် အပိုင်းသုံးပိုင်း ခွဲပြောရမှာပဲဖြစ်သလို သူတို့ရဲ့ ဂီတ ပုံစံ နဲ့ မြူးစစ် ဒါရိုက်ရှင် ရဲ့ ပထမ ပိုင်းဖြစ်တဲ့ အစောပိုင်း အယ်ဘမ်တွေဟာ ဟဒ်ရောခ့်, glam မက်တယ်လ် ပုံစံတွေနဲ့အတူ မယ်လိုဒစ်စ် ဖြစ်လွန်းတဲ့ သီချင်းဖွဲ့စည်းပုံတွေဟာ ၈၀' ၉၀' အချိန်တွေရဲ့ ပရိတ်သတ်တွေကို ဖမ်းစားထားနိုင် ခဲ့တာပဲဖြစ်ပြီး ၁၉၇၉ လောက်ထဲက စတင်ဖွဲ့စည်းလာခဲ့တဲ့ Force ဝိုင်းကနေစခဲ့သလို Europe အဖြစ် နံမည်ပြောင်းလဲလာခဲ့တဲ့ သူတို့ရဲ့ ပွဲဦးထွက်အယ်ဘမ် Europe (၁၉၈၃) ကစပြီး အောင်မြင်လာခဲ့ပါတယ်။

ဒုတိယအယ်ဘမ် ဖြစ်တဲ့ Winds of Tomorrow (၁၉၈၄) အယ်ဘမ်နဲ့ ပိုမိုအောင်မြင်လာခဲ့တယ်ပဲ ပြောရမှာ ဖြစ်ပြီး သူတို့ရဲ့ အအောင်မြင်ဆုံးနဲ့ ဂန္တဝင် အယ်ဘမ် လို့ပြောရမယ့် Tha Final Countdown (၁၉၈၆) ဟာ Europe တို့ကို တစ်ကမ္ဘာ လုံးအနေအထားနဲ့ကို အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ The Final Countdown ကို ကျွန်တော် တို့ဆီမှာ ဦးဂျက် ကပြန်ဆိုပေးထားခဲ့ပြီး Cherokee ဟာ ကိုလေးကြောင့် ပိုလူသိများမှာပဲဖြစ်ပါတယ်။ ဒီအယ်ဘမ် ထဲက Rock the Night, Carrie, Love Chaser တို့ဟာ အရမ်းဟစ်ဖြစ်လွန်းခဲ့တဲ့ သီချင်းတွေပါ။ လေးချပ်မြောက်အယ်ဘမ်ဖြစ်တဲ့ Out of this World (၁၉၈၈) မှာ ဂစ်တာသမား အပြောင်းအလဲဖြစ်ခဲ့ပြီး လူဟောင်းဖြစ်တဲ့ John Norum ဟာ Don Dokken နဲ့သွားပေါင်း ခဲ့သလို သူ့နေရာမှာ Kee Marcello နဲ့အစားထိုးခဲ့ပြီး ငါးခြပ်မြောက်အယ်ဘမ် Prisoners in Paradise (၁၉၉၁) နှစ်ချပ်မှာ ဝင်တီးပေးထားခဲ့ပါတယ်။

တစ်ကယ်က Kee ဝင်လာတဲ့ အယ်ဘမ်နှစ်ချပ် ဟာ Europe တို့ကို ပိုမိုမာကြောစေခဲ့သလို ပုံမှန် အတိုင်း ခေတ်ရဲ့ နားဝင်လွယ်လွန်းတဲ့ သီချင်းပုံစံတွေထဲမှာ ရှိမနေခဲ့ပဲ သူတို့ကို ပိုမို ဟဲဗီး ဖြစ်စေခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ တီးဝိုင်းဟာ ရပ်တန့်သွားခဲ့ပြီး သူတို့ဟာ ဂီတ မြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပါတယ်။ ခုနှစ်နှစ် အကြာ ၁၉၉၈ မှာ အဆိုတော် Joey နဲ့ ဘော့စ်ဂစ်တာ သမား John Leven တို့ ပြန်လည်စုံတွေခဲ့ရာကနေစပြီး တီးဝိုင်းကိုပြန်လည် အသက်သွင်းလာခဲ့သလို ဂစ်တာသမား Kee ဟာ ဆက်ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ Europe တို့ရဲ့ ဂန္တဝင် လိုင်းအပ်လို့ပြောရမယ့် The Final Countdown အယ်ဘမ်က လူတွေဟာ ပြန်လည်စုစည်းခဲ့ကြပြီး Europe တို့ဟာ ပြန်လည် လှုပ်ရှားလာခဲ့ပါတော့တယ်။

ဒါဟာ သူတို့ရဲ့ ဂီတ ပုံစံ နဲ့ မြူးစစ် ဒါရိုက်ရှင် ဒုတိယပိုင်းပါပဲ ခြောက်ခြပ်မြောက် အယ်ဘမ် Start from the Dark (၁၉၉၉) မှာ သူတို့ဟာ အရင်ပုံစံ ဟဒ်ရောခ့်, ဟဲဗီးမက်တယ် နဲ့ glam မက်တယ်လ် ပုံစံတွေကို ခေတ်နဲ့ လိုက်လျှော ညီထွေမှုဖြစ်အောင် ဆန်းသစ်ထားခဲ့ပြီး ပိုမိုမာကျောပြင်းထန်တဲ့ မော်ဒန်ဟဒ့်ရောခ့် မော်ဒန် glam နဲ့ ဟဲဗီး ပုံစံတွေ ဆီကို ဖန်တီးပြ ထားခဲ့သလို သီချင်းပုံစံ တွေဟာ သူတို့ရဲ့ အရင်ပုံစံတွေမှာ ရှိမနေခဲ့ပါဘူး။ ဒီအယ်ဘမ် ထဲက ကိုအငဲ ပြန်ဆိုထားတဲ့ Sattle for Love ကို ခင်ဗျားတို့ နားထောင်ကြည့်လိုက်ရင် သူတို့ရဲ့ အရင်ပုံစံတွေလို မယ်လိုဒစ်စ် ဖြစ်လွန်းတဲ့ Soft ရောခ့်ပုံစံတွေထဲမှာ ရှိမနေခဲ့တဲ့ အပြင် ဒီပုံစံ နဲ့ ခုနှစ်ချပ်မြောက် အယ်ဘမ် Secret Society (၂၀၀၈) ကို ဖြန်ချိထားခဲ့ ပါတယ်။ ဒီအယ်ဘမ် နှစ်ချပ်ဟာ လုံးဝ လက်မလွှတ်သင့်တဲ့ Europe တို့ရဲ့ အယ်ဘမ် အမိုက်စားတွေပါပဲ။ ဒီအယ်ဘမ် တွေထဲက Got to Here Faith, Flames, Hero, Wake Up Call, Reason,Roll With You သီချင်းတွေရဲ့ ဂစ်တာ riffs တွေနဲ့ ဖန်တီးမှု တွေဟာ ခေတ်နဲ့ လုံးဝ အံဝင်လွန်းနေခဲ့တာ မြင်ရမှာပါ။

အဲဒီ နောက်ပိုင်းကတော့ အစပိုင်းမှာ ပြောထားသလို သူတို့ရဲ့ တတိယပိုင်း ဖြစ်တဲ့ ဘလူးစ်ရောခ့် တွေနဲ့ ကလက်စစ် ဟဲဗီးမက်တယ်လ် ပုံစံတွေပဲဖြစ်ပါတယ်။ ခင်ဗျား တို့ဟာ Europe တို့ရဲ့ ပရိတ်သတ် ဖြစ်ခဲ့မယ် ဆိုရင် လုံးဝလက်မလွှတ်သင့်တဲ့ အယ်ဘမ် လေးတစ်ချပ်ရှိပါသေးတယ်။ အဲဒါက ၂၀၀၈ မှာ သူတို့ဖြေဖျော်ခဲ့တဲ့ Almost Unplugged အယ်ဘမ် လေးပါ။ ဒီအယ်ဘမ်မှာ သူတို့ ငယ်စဉ်က စွဲလန်း နှစ်သက်လာခဲ့တဲ့ ဂန္တဝင် ရောခ့် တီးဝိုင်းတွေဖြစ်တဲ့ Pink Floyd ရဲ့ Wish you were Here, Led Zeppelin ရဲ့ Since I've Been Lovin', UFO ရဲ့ Love to Love , Thin Lizzy ရဲ့ Suicide တို့ကို ပြန်ဆိုထားခဲ့ ပြီး သူတို့ရဲ့ ဂန္တဝင် သီချင်း The Final Countdown ကို နူးညံသိမ့်မွေ့တဲ့ သီချင်းပုံစံ အဖြစ် ဗိုက်ရှင်း ပြောင်းဆိုထားတာကို နားထောင်ရမှာပဲဖြစ် ပါတယ်။

Europe တို့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂီသက်တမ်း ကြောင့် ခွေပေးဖို့ ခေါင်းစားခဲ့ရပေမယ့် သူတို့ရဲ့ အယ်ဘမ် အသစ် War of Kings (၂၀၁၅) နဲ့ တော်တော် မိုက်တဲ့ Almost Unplugged (၂၀၀၈) အယ်ဘမ် လေးတွေဒေါင်းဖို့ပေးထား ပါတယ်။

…\m/ထွဋ်\m/…
ခင်သောမင်သော
စေကာ္ပီယံမ် ား

DL: http://www.mediafire.com/download/t1c72lk3nb6b30o/EUWOF.rar

DL (Unplugged) : http://www.mediafire.com/download/ns7238dgx7s2pl4/EUN.rar

**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။