Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 11, 2015

ခရုသင်း/ သမင်ဖြူ ရောဂါ


ခရုသင်း/ သမင်ဖြူ ရောဂါ
================

ခရုသင်းသည် အရေပြားပေါ်တွင် အရောင်ကင်းမဲ့သောအကွက် (သို့မဟုတ် )
အဖြူကွက်များဖြစ်သော အနည်းငယ်အဖြစ်များသည့် နာတာရှည် အရေပြားရောဂါ
တစ်မျိုး ဖြစ်ပါသည်။ အရေပြား၏အရောင်ကို ဖြစ်စေသည့် မယ်လနိုဆိုက်ဆဲလ်
(melanocytes) များ သေသွားသောအခါ သို့မဟုတ် အလုပ်မလုပ်သောအခါ ဤရောဂါ
ဖြစ်ပွားပါသည်။

ရောဂါလက္ခဏာများ
**********************

အတွေ့ရအများဆုံးမှာ ခြေလက်တို့တွင် အရောင်မရှိသောအကွက်၊ အဖြူကွက်များ
ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ နေရောင်နှင့် ထိတွေပသော ကိုယ်ခန္ဓာအရေပြားတွင် အဖြစ်
များပါသည်။ သေငယ်သော အဖြူကွက်များအဖြစ် စတင်ပြီး အဖြူကွက်များ ကြီးလာခြင်းနှင့် ပုံသဏ္ဍာန်ပြောင်းလာ ခြင်းများ မကြာခဏတွေ့ရတတ်ပါသည်။ မျက်နှာ၊ လက်များနှင့် လက်ကောက်ဝတ်များတွင်ဖြစ်သော ခရုသင်းများသည် အထူးထင်ရှားတတ်ပါသည်။ ကိုယ်ခန္ဓာ၏ ဒွါရပေါက်များ - ပါးစပ်၊ မျက်လုံးများ၊ နှာခေါင်းပေါက်များ၊ လိင်အင်္ဂါတစ်ဝိုက်နှင့် ချက်တစ်ဝိုက်ဖြစ်သော အဖြူကွက်များသည်လည်း အထူးသတိထားမိစရာ ဖြစ်တတ်
ပါသည်။ အချို့အဖြူကွက်များ၏ အနားသတ်တွင် အသားရောင် ပိုရင့်နေတတ်ပါသည်။ mucous membranes များ (ပါးစပ်နှင့် နှာခေါင်းအတွင်း) တွင်လည်း ဖြစ်နိုင်ပါသည်။ ခရုသင်းအကွက်များပေါ်တွင် ပေါက်သော အမွေးများသည်လည်း တစ်ခါတစ်ရံ ဖြူနေတတ်
ပါသည်။ အချိန်မတိုင်မီ ဆံပင်များ၊ မျက်တောင်များ မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများ
ဖြူခြင်းလည်းဖြစ်နိုင်ပါသည်။ ခရုသင်းရောဂါသည် ဆေးပညာရှုတောင့်မှကြည့်လျှင် အန္တရာယ်မရှိပါ။ သို့သော် ယေဘုယျပြောရလျှင် အချို့ခရုသင်းကွက်များသည် အနာကြီး
အကွက်များနှင့် ဆင်တူတတ်ပြီး အနာကြီးရောဂါဟု အထင်ခံရတတ်ပါသည်။ ထို့ကြောင့် ခရုသင်းလူနာများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖံစားရမှုမှာ သိသိသာသာ ထိခိုက်ခံစားရ
မှုဖြစ်ပါသည်။ ထိုစိတ်ထိခိုက်မှုသည် ခရုသင်းရောဂါကိုပိုဆိုးစေနိုင်ပါသည်။ ပြင်းထန်သော ကိုယ်၊ စိတ်ပင်ပန်းမှုများသည် ခရုသင်းရောဂါကို ပိုဆိုးစေနိုင်ပါသည်။ခရုသင်းရောဂါကြောင့်
ခွဲခြားဆက်ဆံရသော သူများတွင် စိတ်ကျခြင်းနှင့် အလားတူ စိတ်ရောဂါများ ဖြစ်နိုင်ပါ
သည်။

ကုထုံးများ
***********

ခရုသင်းရောဂါ ကုထုံးများသည် အချိန်ယူရတတ်ပြီး ၆ လ မှ ၁၈ လအထိ
တောက်လျှောက် ကုသရခြင်းမျိုးရှိတတ်ပါသည်။ ကုထုံးရွေးချယ်မှုမှာ အဖြူကွက် အရေ
အတွက်၊ ရှိနေသောနေရာ၊ အရွယ်အစား၊ ကြီးထွားပုံ စသည်တို့ပေါ် မူတည်၍ ကွဲပြားပါ
သည်။ ကုသမှုအပေါ် တုံ့ပြန်မှုမှာလည်း လူနာတစ်ဦးနှင့် တစ်ဦးမတူဘဲ ကွဲပြားတတ်ပါ
သည်။ ဖြစ်စေသောအကြောင်းအရင်းကို ကုသခြင်း မဟုတ်ဘဲ ခရုသင်း၏ အသွင်အပြင်
ကို ပြောင်းလဲစေသော နည်းလမ်းအချို့ရှိပါသည်။ အနည်းငယ် သာဖြစ်သော သူများတွင် အဖြူကွက်များကို မိတ်ကပ် သို့မဟုတ် အရောင်ပြောင်းစေသော အလှပြင် ပစ္စည်းများဖြင့် ဖုံးထားနိုင်ပါသည်။ အသားဖြူသူများတွင် နေရောင်ရှောင်ခြင်းအားဖြင့် ပုံမှန်အရေပြား ကို နေရောင်ကြောင့် အရောင်ရင့်ခြင်းအဖြစ်စေဘဲ အဖြူကွက်များကို ပို၍သိသာစေခြင်းမှ ကာကွယ် နိုင်ပါသည်။ သို့ရာတွင် နေရောင်နှင့် ထိတွေ့ခြင်းသည် တစ်ခါတစ်ရံ မယ်လနိုဆိုက်ဆဲလ်များကို ပြန်ပွားစေနိုင်ပြီး အသားအရောင်ကို ပြန်လည်ရရှိစေနိုင်
ပါသည်။အရေပြားအထူးကုဆရာဝန်အများစု၏ ထုံးတမ်းစဉ်လာကုသမှုမှာ corticosteroid လိမ်းဆေး များ ပေးခြင်းဖြစ်ပါသည်။ အလင်းရောင်ဖြင့် ကုသခြင်းမှာလည်း ထိရောက်မှု
ရှိပါသည်။ ခရမ်းလွန် ရောင်ခြည် အေ နှင့် Psoralen ဆေးပေးခြင်း၊ ခရမ်းလွန်ရောင်ခြည် ဘီ၏ အချို့သော လှိုင်းအလျား (၃၁၁-၃၁၃ နာနိုမီတာ) ဖြင့် ကုသပေးခြင်းဖြစ်သည်။
ရောဂါသည် အများစုတွင် ထိရောက်မှုရှိပါသည်။ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသော Protopic နှင့် Elidel လိမ်းဆေးများသည် ခရမ်းလွန်ရောင်ခြည် ဘီကုသမှုနှင့်တွဲ၍ အသုံးပြုလျှင် အချို့လူနာများတွင် အရေပြားအရောင်ပြန်ကောင်းလာခြင်းကို ဖြစ်စေပါသည်။
အဖြူကွက်များ အလွန်များနေသူများတွင် ဓာတုနည်းဖြင့် အရောင်ချွတ်ခြင်းကို ကုထုံးအဖြစ်
ရွေးနိုင်ပါသည်။ ၂၀ ရာခိုင်နှုန်း monobenzone ဖြင့် အရောင်ချွတ်ခြင်း ဖြစ်ပါသည်။
ပြန်၍အရောင် မဖြစ်နိုင်သော အရောင်ချွတ်ခြင်း ဖြစ်ပါသည်။ မယ်လနိုဆိုက်ဆဲလ်များကို အစားထိုးခြင်းဖြင့်လည်း ခရုသင်းရောဂါကို ထိရောက်စွာ ကုသနိုင်ပါသည်။ ၇၃ ရာခိုင်နှုန်းမှ ၈၄ ရာခိုင်နှုန်းသော လူနာများတွင် လုံးဝနီးပါး အရေပြား အရောင်ပြန်ကောင်း
လာခြင်းကို တွေ့ရပါသည်။ အရေပြားအရောင် ပြန်ကောင်း လာခြင်း၏ တာရှည်ခံမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါသည်။ မိမိကိုယ်ခန္ဓာ၏ အခြားနေရာမှ အရေပြားဖြင့်
ခရုသင်းဖြစ်နေသော အရေပြားကို အစားထိုး ခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ ငရုတ်မည်း
မှ ရရှိသော piperine သည် ခရမ်းလွန်ရောင်ခြည် ကုသမှုများနှင့် တွဲ၍အသုံးပြုလျှင် အရေပြားအရောင် ပြန်ကောင်းလာခြင်းကို အထောက်အကူပေးပါ သည်။ ယခင်ကုထုံးများ
ထက် ပို၍တာရှည်ခံသော အရေပြား အရောင်ပြန်ကောင်းလာခြင်းကို ဖြစ်စေပါသည်။
လေ့လာမှုတစ်ခုတွင် Ginkgo biloba သောက်ဆေးသည် ကျယ်ပြန့်နှုန်းနှေးသော ခရုသင်းရောဂါ၏ တိုးတက်မှုကို ရပ်တန့်စေကြောင်း တွေ့ရှိရပါသည်။

Ref:
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားရောဂါများအကြောင်းတစေ့တစောင်း

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်

1 comment:

  1. ကူးစက်နိုင်ပါသလားဆရာ

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။