အတွေးတွေကို ဂရုစိုက်ပါ။ သူတို့က သင့်ရဲ့ပစ္စုပ္ပန်၊
သင့်ရဲ့ အနာဂတ် ၊ သင့်ရဲ့ အတိတ်ပါ။
လူတစ်ယောက်နဲ့ တစ်ယောက် ဦးနှောက် အကောင်းဆုံး
အလုပ်လုပ်တဲ့ အချိန်မတူပါဘူး။ သိပ္ပံနည်းကျဆိုတဲ့ အဆင့်
ကို မသွားပဲ ယေဘူယျပဲ တွေးကြည့်ပါ။
တစ်ချို့က အတွေးအခေါ်ကောင်းတွေကို သီချင်းနားထောင်
ရင်းရလေ့ရှိတယ်။ တစ်ချို့က အိပ်ခါနီးတွေးတောရင်းရလေ့
ရှိတယ်။ တစ်ချို့က လမ်းလျှောက်ရင်း ရလေ့ရှိတယ်။ တစ်ချို့
က သီချင်းအော်ဆိုရင်း ရလေ့ရှိတယ်။ တစ်ချို့က အိပ်သာ
ထဲ ထိုင်နေရင်း ရလေ့ရှိတယ်။ စဉ်းစားကျပ်ရင် အိမ်သာထဲ
သွားတဲ့ သူလည်း ရှိတယ်။
သင်ရော၊ ဘယ်လိုနည်းနဲ့ပဲ Million Dollar Idea တွေရရ
သင့်ရဲ့ Idea တွေကို သင့်ဦးနှောက်က အမြဲမှတ်မထားနိုင်
ပါဘူး။ တစ်ခါတစ်လေ Idean အလန်းတစ်ခု မနက်ပိုင်းမှာ
ရသွားပေမယ့် နေ့လည် ပိုင်းမှာ ပြန်စဉ်းစားလို့ မရတာ
ရှိပါတယ်။ သင့်အတွေးတွေကို အထင်မသေးပါနဲ့။
ပန်းသီးပြုတ်ကျတာကို နယူတန်က စပ်စပ်စုစုတွေးခဲ့မိလို့
ကမ္ဘာ့ဆွဲအားကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီလိုသာဓကတွေ
အများကြီးရှိတယ်။
သင့်အတွေးတွေကို ဘယ်တော့မှ အထင်မသေးပါနဲ့။
သင့်ကိုယ်သင်တောင် အထင်သေးနေရင် သင့်ကိုဘယ်သူ
မှလည်း အထင်ကြီးမှာ မဟုတ်ပါဘူး။ အတွေးတွေကို
တန်ဖိုးထားပါ။ တစ်ခါတစ်လေ ချမှတ်ထားသင့်ရင်ချမှတ်
ထားပါ။
ကျွန်တော့် ဝင်ငွေရဲ့ ၁၀၀% က အတွေးတွေက စတင်ခဲ့
ပါတယ်။ အတွေးတွေကို တန်ဖိုးထားခဲ့တယ်။ သူတို့ကို
ပုံဖော်ခဲ့တယ်။ အခုသူတို့နဲ့ ကျွန်တော်ဆက်လက်နေထိုင်
တယ်။ သင်လည်း သင့်ရဲ့ အတွေးလေးကို တန်ဖိုးထား
တတ်ပါစေ။
#မိုးရှင်း (I.M.T)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။