စင်္ကာပူနိုင်ငံမှာ သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ရတဲ့အခြေအနေလေးတွေ ကို ဗဟုသုတ အဖြစ် ဝေမျှချင်ပါတယ်။
မိုးရွာတဲ့ အခါ ရရှိလာတဲ့ မိုးရေတွေ နဲ့ လူသားတွေ အသုံးပြုပြီး ထွက်ရှိလာတဲ့ used water တွေကို၊ ရေမြောင်းတွေ၊ မြစ်ချောင်းတွေက တဆင့် ရေလှောင်ကန် (Reservoir ) တွေထဲ မှာ လှောင်ထားပြီး၊ သန့်စင်အောင် အဆင့်ဆင့်ပြုပြင်ပြီးမှ သောက်သုံးရေ အတွက်ဖြန့်ဝေပါတယ်။
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်က ရေချို (raw water) ကို ပိုက်လိုင်းကြီးတွေနဲ့ သွယ်ယူပြီးတင်သွင်းပါတယ်။ ၁၉၆၂ မှာ ချုပ်ဆိုတဲ့ စာချုပ်အရ မလေးရှားဆီက (raw water) ရေဂါလံ ၁၀၀၀ ကို ၃ ဆင့် နဲ့ စင်္ကာပူက၀ယ်ယူပြီး၊ သန့်စင်ပြီး တဲ့အချိန်မှာတော့ (treated water) ရေဂါလံ ၁၀၀၀ ကို ၅၀ ဆင့် နဲ့ စင်္ကာပူက မလေးရှားကို ပြန်ရောင်းပါတယ်။ (နည်းပညာ အားသာချက် ကြောင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းတာကို သိသာစေတဲ့ ဖြစ်စဉ်တစ်ခုပါဘဲ)
NEWater Plants လို့ ခေါ်တဲ့ အဆင့်မြင့် ရေသန့်စင် စက်ရုံ (၄) ရုံ လည်ပတ်နေပါတယ်။ treated used water ကို အဆင့်မြင့်နည်းပညာ နဲ့ ultra violet disinfection လုပ်ထားတဲ့ သောက်သုံးရေ ထုတ်လုပ်မှုပါဘဲ။
အာရှတိုက်ရဲ့ အကြီးဆုံး water treatment plant ထဲမှာပါဝင်တဲ့၊ ပင်လယ်ရေငံ မှ ရေချို ထုတ်လုပ်တဲ့ စက်ရုံကြီး seawater reverseosmosis plant
လဲ ရှိပါသေးတယ်။
ကျွန်တော်တို့ မြန်မာ နိုင်ငံလောက် မြစ်ချောင်းအင်းအိုင် ပေါများပြီး ရေအရင်းအမြစ် ပေါကြွယ်ဝ တာ ကမ္ဘာ ပေါ်မှာ ရှိနိုင်မယ် မထင်ပါဘူး။ သင့်တင့်လျှောက်ပတ်တဲ့ ရေသန့်စင်စက်ရုံလေးတွေ မြစ်တွေ ချောင်းတွေ အင်းအိုင်တွေ အနားမှာ၊ တည်ဆောက်ပေးလိုက်ရင် မြန်မာပြည်တစ်ပြည်လုံး သောက်သုံးရေ ဖူလုံနိုင်ပါတယ်။
ရေသန့် လိုချင်လို့ ရွာသားတွေကို ပါးရိုက်မယ်ဆိုတဲ့ ဗိုလ်ချုပ်အုန်းမြင့် လို နလပိန်းတုံး တွေ အုပ်ချုပ်နေမှတော့၊ ဒီလောက် လွယ်ကူတဲ့ အလုပ်ကို တောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘဲ စင်္ကာပူ ကို အမှီလိုက်မယ်လို့ အရူးချီးပန်း ပြော နေတဲ့ လက်ရှိအာဏာရ အစိုးရကို ကျွန်တော်ကတော့ လုံးဝ အယုံအကြည် မရှိပါဘူးခင်ဗျာ။
(၂၀၁၄ မေလ က ရေးခဲ့တဲ့ status)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။