(၁)
လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ ဇွန်းပြုတ်ကျသွားတယ်။ ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်းထုတ်ပေးတယ်။ ဒါကို သူကတအံ့တသြနဲ့ စားပွဲထိုးကို မေးတယ်။
"ဘာဖြစ်လို့ ဇွန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရတာလဲ"
စားပွဲထိုး....
"ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်ကနေ ချက်ချင်းထုတ်ပေးနိုင်အောင်
စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁%
ရှိသွားပါတယ်။ ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့် အသွားအလာချိန်ကို
သက်သာစေပါတယ်"
"အင်း သိပ်ကောင်းတဲ့ အကြံပါပဲ"
ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူသွားလိုက်မယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ ကြိုးတစ်ချောင်းချိတ်ထားတာကို သူတွေ့လိုက်တယ်။ တအံ့တသြနဲ့ သူမေးကြည့်ပြန်တော့ စားပွဲထိုးက...
"အကြံပေးသူတွေက ဇစ်မှာကြိုးချိတ်ထားခြင်းအားဖြင့် ကျွန်တော်တို့ အပေါ့သွားချင်တဲ့အချိန် ဇစ်ကို လက်နဲ့တိုက်ရိုက်ဆွဲဖွင့်စရာမလိုဘဲ ကြိုးဆွဲလိုက်ရုံနဲ့ရအောင် စီစဉ်ထားပေးပါတယ်။ ဒါဟာ သန့်ရှင်းမှုကို ပိုဦးစားပေးတယ်လို့ ဆိုပါတယ်"
"အင်း သိပ်ကောင်းတဲ့ အကြံပဲ"
ငွေရှင်းပြီး ကောင်တာက သူလှည့်ထွက်ခါနီးမှာ တစ်ခုခုကို သူသတိရလိုက်တယ်။ ဒီလိုနဲ့ စားပွဲထိုးကို သူပြန်မေးလိုက်တယ်။
"ဒါနဲ့.. အပေါ့သွားပြီး မင်းတို့ရဲ့ ဟိုဒင်းကို လက်မသုံးဘဲ ဘောင်းဘီထဲ ဘယ်လိုပြန်ထည့်သလဲ"
"တခြားလူတော့ မပြောတတ်ဘူး.. ကျွန်တော်ကတော့ ဇွန်းနဲ့ပဲ သုံးလိုက်တယ်"
(၂)
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာထောင်ထားတဲ့ဆိုင်းဘုတ်ကို
အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းဘုတ်ပ်ါမှာရေးထားတဲ့ "အန္တရာယ်ရှိသည်။
အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့်
လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။
ဒါကိုအမေတွေ့တော့ ဆိုင်းဘုတ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။
ဆိုင်းဘုတ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အင်္ကျီချွတ်ပါ"
ဆိုတာဖြစ်တယ်။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းဘုတ်တစ်ခုယူပြီး
သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းဘုတ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊
အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ
ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းဘုတ်တစ်ခုကို အမေ ယူလိုက်တယ်။
အဲဒီဆိုင်းဘုတ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းဘုတ်ပေါ်ရေးထားတာက
"မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့်  သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့်
အမေ နောက်ဆိုင်းဘုတ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့်
အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းဘုတ်ပေါ်မှာ
ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ
အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ"
ဆိုတာပဲဖြစ်တယ်။
------
အားလုံးပြုံးရယ်ဖို့ ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်...
နိုင်းနိုင်းစနေ
လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ ဇွန်းပြုတ်ကျသွားတယ်။ ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်းထုတ်ပေးတယ်။
"ဘာဖြစ်လို့ ဇွန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရတာလဲ"
စားပွဲထိုး....
"ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆ
"အင်း သိပ်ကောင်းတဲ့ အကြံပါပဲ"
ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူသွားလိုက်မယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ ကြိုးတစ်ချောင်းချိတ်ထားတာက
"အကြံပေးသူတွေက ဇစ်မှာကြိုးချိတ်ထားခြင်းအာ
"အင်း သိပ်ကောင်းတဲ့ အကြံပဲ"
ငွေရှင်းပြီး ကောင်တာက သူလှည့်ထွက်ခါနီးမှာ တစ်ခုခုကို သူသတိရလိုက်တယ်။ ဒီလိုနဲ့ စားပွဲထိုးကို သူပြန်မေးလိုက်တယ်။
"ဒါနဲ့.. အပေါ့သွားပြီး မင်းတို့ရဲ့ ဟိုဒင်းကို လက်မသုံးဘဲ ဘောင်းဘီထဲ ဘယ်လိုပြန်ထည့်သလဲ"
"တခြားလူတော့ မပြောတတ်ဘူး.. ကျွန်တော်ကတော့ ဇွန်းနဲ့ပဲ သုံးလိုက်တယ်"
(၂)
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာထောင်ထားတဲ့ဆ
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းဘုတ်တစ်ခုယူပြီး
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့်
------
အားလုံးပြုံးရယ်ဖို့ ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်...
နိုင်းနိုင်းစနေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။