ဘဝဆိုတာ ရေတစ်ခွက်
"ဘုရားသခင်က လူတိုင်းကို ရေတစ်ခွက်စီပေးခဲ့တယ်။ လူတွေက အဲဒီရေကို ဘဝထဲထည့်ခဲ့ကြတယ်"
လူတိုင်းမှာကိုယ်နှစ်သက်တဲ့ ဘဝကို ရွေးချယ်ပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်ရှိကြတယ်။ ဒါပေမယ့် ဘဝကိုဖယ်ရှားပစ်လို့ မရကြဘူး။
ဘဝဆိုတာ ရေတစ်ခွက်
ဆင်းရဲတာ၊ ချမ်းသာတာ၊ အင်အားကြီးတာ၊ အင်အားနည်းတာ စတာတွေက လူတွေရဲ့ စိတ်နေသဘောထား၊ အရည်အချင်းပေါ်မှုတည်ပြီး ဘဝထဲ ထပ်ဖြည့်လိုက်ကြတဲ့ အရာတွေပါ။
လူတချို့ကပြည့်စုံတက်ကြွတဲ့ ဘဝကို နှစ်သက်တယ်။ ဘဝကို အရသာအမျိုးမျိုးဖြစ်အောင် သူတို့လုပ်လိုက်ကြတယ်။
တချို့က ဘဝခါးခါးကို နှစ်သက်တယ်။ ဘဝကို ကော်ဖီဖြစ်အောင် သူတို့လုပ်လိုက်ကြတယ်။
တချို့က ဘဝချိုမြိန်မြိန်ကို ကြိုက်တယ်။ ဘဝကို အချိုရည်ဖြစ်အောင် သူတို့လုပ်လိုက်ကြတယ်။
တချို့က ဘဝကို ရေနွေးကြမ်းဖြစ်အောင် လုပ်လိုက်ကြတယ်။ ဖန်ချိုချိုအရသာမှာ လက်ဖက်ခြောက်ရဲ့ ရနံ့မွှေးမွှေးကို သူတို့အရသာခံကြတယ်။
တချို့က ဘဝထဲ ဘာမှမရောဘူး။ ဒီအတိုင်း နဂိုအရသာ ရေဖြူဖြူကိုပဲ နှစ်သက်ကြတယ်။
တချို့ကျတော့ ဘဝကို ဆေးခါးဖြစ်အောင် လုပ်လိုက်ကြတယ်။ အဆိပ်ဖြစ်အောင်လုပ်လိုက်ကြ ပြီး ကိုယ့်လက်နဲ့ ကိုယ့်ဘဝကို သဂြိုလ်လိုက်ကြတယ်။
နိုင်းနိုင်းစနေ
#သုတဇုန်
www.thutazone.com
"ဘုရားသခင်က လူတိုင်းကို ရေတစ်ခွက်စီပေးခဲ့တယ်။ လူတွေက အဲဒီရေကို ဘဝထဲထည့်ခဲ့ကြတယ်"
လူတိုင်းမှာကိုယ်နှစ်သက်တဲ့
ဘဝဆိုတာ ရေတစ်ခွက်
ဆင်းရဲတာ၊ ချမ်းသာတာ၊ အင်အားကြီးတာ၊ အင်အားနည်းတာ စတာတွေက လူတွေရဲ့ စိတ်နေသဘောထား၊ အရည်အချင်းပေါ်မှုတည်ပြီး ဘဝထဲ ထပ်ဖြည့်လိုက်ကြတဲ့ အရာတွေပါ။
လူတချို့ကပြည့်စုံတက်ကြွတဲ့
တချို့က ဘဝခါးခါးကို နှစ်သက်တယ်။ ဘဝကို ကော်ဖီဖြစ်အောင် သူတို့လုပ်လိုက်ကြတယ်။
တချို့က ဘဝချိုမြိန်မြိန်ကို ကြိုက်တယ်။ ဘဝကို အချိုရည်ဖြစ်အောင် သူတို့လုပ်လိုက်ကြတယ်။
တချို့က ဘဝကို ရေနွေးကြမ်းဖြစ်အောင် လုပ်လိုက်ကြတယ်။ ဖန်ချိုချိုအရသာမှာ လက်ဖက်ခြောက်ရဲ့ ရနံ့မွှေးမွှေးကို သူတို့အရသာခံကြတယ်။
တချို့က ဘဝထဲ ဘာမှမရောဘူး။ ဒီအတိုင်း နဂိုအရသာ ရေဖြူဖြူကိုပဲ နှစ်သက်ကြတယ်။
တချို့ကျတော့ ဘဝကို ဆေးခါးဖြစ်အောင် လုပ်လိုက်ကြတယ်။ အဆိပ်ဖြစ်အောင်လုပ်လိုက်ကြ
နိုင်းနိုင်းစနေ
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။