Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 6, 2015

အစာကို ဆေးဝါးအဖြစ် အသုံးချပြီး ပိုမိုကျန်းမာလာစေရန်


အစာကို ဆေးဝါးအဖြစ် အသုံးချပြီး ပိုမိုကျန်းမာလာစေရန်

အစားအသောက်ဆိုတာ နေ့စဉ် သင့်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။ ကျန်းမာဖို့ရာအတွက် တစ်နေ့ သုံးကြိမ်စားလေ့ရှိတဲ့ အစားအသောက်ထဲမှာ ဘယ်လို အာဟာရကို များများ ထည့်စားသင့်ပြီး ဘယ်လို အစားအသောက်တွေကို လျှော့စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ သိစေဖို့ ရေးသားလိုက်ရပါတယ်။

(၁) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

တစ်နေ့တာမှာ မပါမဖြစ် ထည့်စားသင့်တဲ့အရာက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တစ်နေ့ကို ထမင်းသုံးကြိမ်စားရင် သုံးကြိမ်စလုံးမှာ ဟင်းသီးဟင်းရွက် ပါဝင်သင့်ပါတယ်။ သစ်သီးတွေကိုတော့ သရေစာအနေနဲ့ ထည့်စားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက အရောင်ရင့်လေ အာဟာရတန်ဖိုး ပိုရှိလေဖြစ်ပါတယ်။ ဒေသထွက်ဖြစ်ရင်၊ သြဂဲနစ် အမျိုးအစားဖြစ်ရင်၊ သင့်လက်နဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ထွက်ပစ္စည်းဖြစ်ရင် သင့်ကျန်းမာရေးအတွက် အာနိသင် ပိုရှိပါတယ်။

(၂) အသားနှင့် ငါး

လေ့လာမှုတစ်ရပ်အရ ပြုပြင်ထားမှု မရှိတဲ့ အနီရောင်အသားကို နေ့စဉ်စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း မြင့်တက်ပြီး ပြုပြင်ထားတဲ့ အနီရောင်အသား (ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ အမဲခြောက်) ကို စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း မြင့်တက်မှု ရှိကြောင်း သိရပါတယ်။ အနီရောင် အသားအစား ငါးကို အစားထိုးစားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၇ ရာခိုင်နှုန်း လျော့ကျစေကြောင်း၊ အနီရောင်အသားအစား အခွံမာတဲ့ အစေ့အဆန်ကို အစားထိုး စားပေးမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၉ ရာခိုင်နှုန်း လျော့ကျစေကြောင်းနဲ့ ပဲအမျိုးမျိုးကို အစားထိုး စားပေးမယ်ဆိုပါမူ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။

(၃) ကဖင်း

ကော်ဖီကို အသင့်အတင့် သောက်ရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကော်ဖီစေ့ဟာ အပင်ထွက် အစာဖြစ်လို့ ရောဂါကာကွယ်နိုင်တဲ့ ဖိုင်တိုကမ်မီကယ်လ် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ကဖင်းဓာတ်များများ သောက်ရင် ရေဓာတ် ခန်းခြောက်စေပြီး ပူပင်သောက များတာနဲ့ စိတ်ဖိစီးမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကော်ဖီ တစ်ခွက်-နှစ်ခွက်ထက် ပိုမသောက်သင့်ပါ။

(၄) ကောက်နှံစာ

အခွံချွတ်ထားတဲ့ ကောက်နှံစာကိုတော့ လျှော့စားသင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင် ခေါက်ဆွဲ၊ ပေါင်မုန့်ညို) စတာတွေကို အစားထိုးစားပေးရင် သင့်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေပါတယ်။

(၅) အဆီဓာတ်

အဆီဓာတ်ဟာ ဦးနှောက်ကို အလုပ်လုပ်ဖြစ်စေပြီး စွမ်းအင်ကို ကြာကြာပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအကျိုးပြုတဲ့ အဆီကို ရွေးချယ်တတ်ဖို့တော့ အရေးကြီးပါတယ်။ အမဲဆီ၊ ဝက်ဆီစတဲ့ တိရစ္ဆာန်ထွက် အဆီတွေနဲ့ စားအုန်းဆီတွေလို အခန်းအပူချိန်မှာ ခဲသွားတဲ့ အဆီတွေကို ရှောင်ရပါမယ်။ ထောပတ်သီးအဆီမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီနဲ့ ဖောလစ်အက်စစ်တို့လို မရှိမဖြစ် အာဟာရဓာတ် ၂၀ နီးပါး ပါဝင်တာကြောင့် စားသင့်တဲ့အဆီပါ။ သံလွင်ဆီမှာလည်း အိုလစ်အက်စစ်ပါဝင်မှု များတာကြောင့် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ကြောင်း လေ့လာမှု အများအပြားအရ သိရပါတယ်။

(၆) သကြား

အခွံချွတ်ထားတဲ့ သကြားဖြူတွေက သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ သကြားဖြူကို များများစားရင် အဒီနယ်ဂလင်းကို လှုံ့ဆော်မှု ဖြစ်စေတဲ့အတွက် ဟော်မုန်းမမျှတမှုဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဖြစ်စေနိုင်ပါတယ်။

(၇) အယ်လ်ကိုဟော

တစ်နေ့မှာ အမျိုးသမီးတစ်ဦးက ဝိုင်တစ်ဖန်ခွက်၊ အမျိုးသားတစ်ဦးက ဝိုင်နှစ်ဖန်ခွက် သောက်တာက အန္တရာယ်ကင်းပါတယ်။ ခန္ဓာကိုယ်က ဒီအယ်လ်ကိုဟော ပမာဏကို ချေဖျက်နိုင်လို့ပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး သောက်ရင် ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ ဝိုင်နီမှာပါတဲ့ အင်တီအောက်ဆီးဒင့်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အသင့်အတင့်သောက်ရင် နှလုံးကျန်းမာစေပါတယ်။

(၈) နို့နှင့် နို့ထွက်ပစ္စည်း

ကယ်လ်စီယမ်ဓာတ် ရရှိစေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း နေ့စဉ် မှီဝဲသင့်ပါတယ်။ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီမပါတဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်ပါ။

(၉) အိုမီဂါ ၃ ဖက်တီးအက်စစ်

လူ့ခန္ဓာကိုယ်ဟာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မထုတ်နိုင်ပါဘူး။ ဒါကြောင့် ဒီအကျိုးပြုအဆီကို စားတဲ့အစာက ရယူဖို့ လိုပါတယ်။ အရွယ်ရောက် လူကြီးတစ်ဦးက အိုမီဂါ ၃ တစ်နေ့ ၁ ဒသမ ၄ – ၄ ဒသမ ၆ ဂရမ် လိုအပ်ပြီး အိုမီဂါ ၆ကို တစ်နေ့ ၈ – ၁၄ ဂရမ် လိုအပ်ပါတယ်။ ဒါတွေက ပိုလီမပြည့်ဝဆီတွေဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်။

(၁၀) မာလ်တီဗီတာမင်

တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို မရရင် အရည်အသွေးမြင့် ဖြည့်စွက်ဆေးတစ်လုံးကို သောက်သင့်ပါတယ်။ သင့်ကျန်းမာရေးအတွက် သင့်တော်တဲ့ မာလ်တီဗီတာမင် ဖြည့်စွက်ဆေးကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်ပေးပါ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Ref: Good Health
@[1489494484619945:1:
ကျန်းမာရေးဗဟုသုတများရယူဖို

🔴ဒီနေရာတွင်နှိပ်ပါ🔴
]ကျန်းမာရေးအတွက်ဆေးတစ်ခွက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။