အပျိုကြီးဘ၀ဆိုတာ တကယ့်အေးချမ်းတဲ့ဘ၀ပါ
(အပျိုကြီးတွေ ဒါလေးဖတ်ပြီးရင် အားငယ်စရာမလိုတော့ပါ)
▬▬☻▬▬▬☻▬▬▬
ဘယ်သူတွေဘယ်လောက်လှမ်းအော် အော်
လမင်းက အရောင်မပြောင်းပါဘူး
အပျိုကြီးဆိုတာ လပြည့်ဝန်းကြီးနဲ့တူတယ်
တည်တည်တံ့တံ့ ခန့်ခန့်ထည်ထည်ကြီး
ငါးဆိုတာ
သက်တမ်းရင့်လေ ဝင်းဝါလှပလေ
ကျွန်းပင်ဆိုတာလည်း
သက်တမ်းရင့်လေ အနှစ်ပြည့်လေပဲ
သားပူ
လင်ပူ
ကြွေးပူ
နားပူ ကင်းတယ်
သားကို သခင်
လင်ကို ဘုရားမဟုတ်ပဲ
မိဘကို ဘုရားခန်းထားပြီး
ပြုစုထားခွင့်ရသွားတယ်
ပူမှန်မသိလို့ တိုးသူတွေတိုးကြပါစေ
တို့ကတော့
အေးအေးလူလူ ယပ်တောင်ခတ်နေမယ်
ရည်းစားထားတာ
ဆံပင်ဖြောင့်သလောက် စိတ်မရှည်ဘူး
ဒုက္ခကို အသည်းအသန်ဝယ်ဖို့ အစီအစဉ်မရှိသလို
အချစ်လို့ခေါင်းစဉ်တပ် ညာရောင်းလည်းမဝယ်ဘူး
ဘဝကိုဗိုင်းရပ်စ် အကိုက်ခံပြီး
ဒေါင်းလော့မဆွဲဘူး
အပျိုကြီးလုပ်မယ်
အပူကင်းတယ်
တသက်လုံး မုဆိုးမမဖြစ်သလို
တသက်လုံး အလှမပျက်ဘူး
ကြားဖူးတယ်မလား
ဘာဟောင်လို့ ဘာမရွေ့ပါဘူးဆိုတာလေ
ဘယ်သူတွေ ဘာပြောပြော
အပျိုကြီးဘဝဆိုတာ
တောနက်နက်က သဘာဝစမ်းချောင်းလေးတခုလိုပဲ
တကယ်ရောက်ဖူးတယ့်သူတွေပဲ အေးချမ်းမှုအစစ်ကိုသိတာ . . . ။ ။
ကော်ပီ...
(အပျိုကြီးတွေ ဒါလေးဖတ်ပြီးရင် အားငယ်စရာမလိုတော့ပါ)
▬▬☻▬▬▬☻▬▬▬
ဘယ်သူတွေဘယ်လောက်လှမ်းအော်
လမင်းက အရောင်မပြောင်းပါဘူး
အပျိုကြီးဆိုတာ လပြည့်ဝန်းကြီးနဲ့တူတယ်
တည်တည်တံ့တံ့ ခန့်ခန့်ထည်ထည်ကြီး
ငါးဆိုတာ
သက်တမ်းရင့်လေ ဝင်းဝါလှပလေ
ကျွန်းပင်ဆိုတာလည်း
သက်တမ်းရင့်လေ အနှစ်ပြည့်လေပဲ
သားပူ
လင်ပူ
ကြွေးပူ
နားပူ ကင်းတယ်
သားကို သခင်
လင်ကို ဘုရားမဟုတ်ပဲ
မိဘကို ဘုရားခန်းထားပြီး
ပြုစုထားခွင့်ရသွားတယ်
ပူမှန်မသိလို့ တိုးသူတွေတိုးကြပါစေ
တို့ကတော့
အေးအေးလူလူ ယပ်တောင်ခတ်နေမယ်
ရည်းစားထားတာ
ဆံပင်ဖြောင့်သလောက် စိတ်မရှည်ဘူး
ဒုက္ခကို အသည်းအသန်ဝယ်ဖို့ အစီအစဉ်မရှိသလို
အချစ်လို့ခေါင်းစဉ်တပ် ညာရောင်းလည်းမဝယ်ဘူး
ဘဝကိုဗိုင်းရပ်စ် အကိုက်ခံပြီး
ဒေါင်းလော့မဆွဲဘူး
အပျိုကြီးလုပ်မယ်
အပူကင်းတယ်
တသက်လုံး မုဆိုးမမဖြစ်သလို
တသက်လုံး အလှမပျက်ဘူး
ကြားဖူးတယ်မလား
ဘာဟောင်လို့ ဘာမရွေ့ပါဘူးဆိုတာလေ
ဘယ်သူတွေ ဘာပြောပြော
အပျိုကြီးဘဝဆိုတာ
တောနက်နက်က သဘာဝစမ်းချောင်းလေးတခုလိုပဲ
တကယ်ရောက်ဖူးတယ့်သူတွေပဲ အေးချမ်းမှုအစစ်ကိုသိတာ . . . ။ ။
ကော်ပီ...
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။