ဖေဖေပြောတဲ့ စကြာဝဠာ
-------------------------- ------
ညတစ်ညမှာပေါ့
ဖေဖေနဲ့ကျွန်မဟာ ခြံရှေ့က ခုံတန်းလျှားလေးပေါ်မှာ အပျင်းပြေထိုင်နေရင်း
ဟိုးးးး မိုးကောင်းကင်က ကြယ်တွေကို
အတူငေးမောနေခဲ့ဖူးတယ်
သားအဖနှစ်ယောက်ထဲအပျင်းပြေထိုင်နေရင်း အဲ့ဒီ့တုံးက ဖေဖေက ကျွန်မပုခုံးလေးကို အသာဖတ်ထားပြီး ကျွန်မကိုမေးခွန်းတစ်ခုကို အရင်စမေးတယ်
သမီးကို ဖေဖေမေးမယ်ကွာ မိုးကောင်းကင်ဆိုတာ ဘယ်မှာလဲသမီးတဲ့
ရုပ်တရက်မေးလာသော ဖေဖေ့ရဲ့မေးခွန်းကြောင့် ကျွန်မကြောင်သွားမိသည်
ကျွန်မက အဲ့ဒီ့တုံးက ငါးတန်းကျောင်းသူဆိုတော့ ဆယ်နှစ်ဝန်းကျင်အရွယ်ပေါ့
မိုးကောင်းကင်ဆိုတာ မသိဘဲနေပါ့မလား သိတာပေါ့
ဖေဖေကမေးတော့ ဖြေရမှာကကျွန်မတာဝန်ဆိုတော့ လဲ
"ဟာ ဖေဖေကလဲ ဖေဖေနဲ့သမီး အခုကြည့်နေတာ မိုးကောင်းကင်ပေါ့ဖေဖေရဲ့"
အဲ့ဒီ့လိုကျွန်မဘက်ဖြေလိုက် တော့ ဖေဖေက နောက်တစ်ခွန်းထပ်မေးပြန်သည်
အင်း ဟုတ်ပါပြီ ဒါဆိုရင် စကြာဝဠာကိုရော သမီးမြင်ဖူးလားတဲ့
သေရောရှင်... ဒီမေးခွန်းကိုတော့ ကျွန်မဖြေဖို့တော်တော်ခက်သွားခဲ့တယ်
ဒါပေမယ့် ဖေဖေမေးတာကိုတော့ ကျွန်မနားလည်သလောက် ဖြေကြည့်ချင်လို့ ကြိုးစားပြီးဖြေလိုက်ပါတယ်
စကြာဝဠာဆိုတာ မိုးကောင်းကင်ရဲ့အပြင်မှာမဟုတ်ဘူးလားဖေဖေ
စကြာဝဠာဆိုတာ ဟိုးးးမိုးကောင်းကင်ရဲ့ အပြင်မှာရှိနေလို့ မမြင်တွေ့နိုင်ဘူးလို့ သမီးကြားဖူးတယ်ဖေဖေ အဲ့ဒါဟုတ်လားဟင်
ကျွန်မရဲ့ ဖြေလဲဖြေ မေးလဲမေးတဲ့မေးခွန်းကို ဖေဖေကနားထောင်ပြီး
သူ့ရဲ့နုတ်ခမ်းစပ် နှစ်ဖက်ကို အပေါ်တက်အောင်ပြုံးပြီး ဟိုးမိုးပေါ်ကိုသေချာကြည့်နေ ပြန်တော့သည်
ခဏအကြာမှဖေဖေက စကားကိုဖြေးဖြေးချင်းပြောပြ ပါတယ်
ဖေဖေ့သမီးက အရမ်းကိုညာဏ်ကောင်းပြီး တော်လဲတော်ပါတယ်
ဒါပေမယ့် သမီးကိုဖေဖေအခုပြောပြမယ့် စကြာဝဠာရဲ့အကြောင်းကို သမီးလေးသေချာနားထောင်နော်
သမီးနဲ့ဖေဖေ အခုမြင်တွေ့နေရတဲ့ ကြယ်တွေဟာ စကြာဝဠာထဲမှာရှိနေတာသမီးရဲ့
သမီးနဲ့ဖေဖေက အခု စကြာဝဠာကိုမြင်တွေ့နေရတဲ့သူ တွေပေါ့
တကယ်တော့ မိုးကောင်းကင်ရယ် စကြာဝဠာကြီးရယ်ဟာ အတူတူပါဘဲ
မိုးဆိုတာ နေ့ဘက်မှာမြင်တွေ့ရတဲ့ မိုးသားတွေကိုခေါ်တယ်
အဲ့ဒီ့မိုးသားတွေက တစ်ခါတစ်လေအုပ်မိုးထားလို့
ကောင်းကင် စကြာဝဠာကြီးကို မမြင်ရတာပါ
အမြဲရှိနေတဲ့အရာမဟုတ်ပါဘူး
ဒါပေမယ့် လူတွေတော်တော်များများဟာ
မိုးကောင်းကင်နဲ့ စကြာဝဠာကို နှစ်ပိုင်းခွဲပြီးမြင်နေကြတ ယ်
***ဖေဖေပြောပြချင်တာက မရှိတဲ့အရာကို တကယ်အရှိလို့ဆိုပြီး
မျက်လုံးနဲ့ မတွေ့တာတောင် ရှိနေသေးတယ်လို့
ယုံကြည်နေကြတဲ့ ထင်မြင်မူ့ကြောင့်
တကယ့်အစစ်ကို မြင်နေရတဲ့အခါမှာတောင်
မြင်နေပါလျှက်နဲ့ မမြင်ရဘူးလို့ ထင်မြင်သွားတက်ကြတယ်***
ဖေဖေ့သမီးလေးကငယ်သေးတော့ ဖေဖေပြောပြတာတွေကို
နားလည်ချင်မှ နားလည်လိမ့်မယ်
ဒါပေမယ့် ဖေဖေ့သမီးကြီးလာတဲ့အခါ
* သူငယ်ချင်းအစစ်ကို မြင်နေပါလျှက်နဲ့
သူငယ်ချင်းအတုကို မြင်တွေ့ခဲ့ဖူးတာကြောင့်
သူငယ်ချင်းအစစ်မဟုတ်ဘူးလို့
အရမ်းကာရော မမြင်မိပါစေနဲ့
* မိတ်ဆွေကောင်းကိုတွေ့နေရပြီး
မိတ်ဆွေအတုတွေကို တွေ့ခဲ့ဖူးတာကြောင့်
မိတ်ဆွေအစစ်မဟုတ်ဘူးလို့
အရမ်းကာရော မမြင်မိပါစေနဲ့
* အချစ်စစ် အချစ်မှန်ကို တွေ့နေရတာတောင်
အချစ်အတု အချစ်အယောင်ဆောင်တွေ တွေ့ခဲ့ဖူးတာကြောင့်
အချစ်စစ် အချစ်မှန်မဟုတ်ဘူးလို့
အရမ်းကာရော မမြင်မိပါစေနဲ့
အဲ့ဒီ့လို အမှန်ကိုမမြင်နိုင်ဘူးဆိုရင်တော့ ဖေဖေ့သမီးလေးဟာ အခုလိုဘဲ
"အခု စကြာဝဠာထဲက ကြယ်တွေကိုမြင်နေရတာတောင်
စကြာဝဠာကြီးတစ်ခုလုံး ဆုံးရှုံးနေရတဲ့လူ အမြဲဖြစ်နေလိမ့်မယ်"
Credit;မင်းကျန်စစ်(azl) နေပြည်တော်
Edit;Love Theorey
--------------------------
ညတစ်ညမှာပေါ့
ဖေဖေနဲ့ကျွန်မဟာ ခြံရှေ့က ခုံတန်းလျှားလေးပေါ်မှာ အပျင်းပြေထိုင်နေရင်း
ဟိုးးးး မိုးကောင်းကင်က ကြယ်တွေကို
အတူငေးမောနေခဲ့ဖူးတယ်
သားအဖနှစ်ယောက်ထဲအပျင်းပြေထ
သမီးကို ဖေဖေမေးမယ်ကွာ မိုးကောင်းကင်ဆိုတာ ဘယ်မှာလဲသမီးတဲ့
ရုပ်တရက်မေးလာသော ဖေဖေ့ရဲ့မေးခွန်းကြောင့် ကျွန်မကြောင်သွားမိသည်
ကျွန်မက အဲ့ဒီ့တုံးက ငါးတန်းကျောင်းသူဆိုတော့ ဆယ်နှစ်ဝန်းကျင်အရွယ်ပေါ့
မိုးကောင်းကင်ဆိုတာ မသိဘဲနေပါ့မလား သိတာပေါ့
ဖေဖေကမေးတော့ ဖြေရမှာကကျွန်မတာဝန်ဆိုတော့
"ဟာ ဖေဖေကလဲ ဖေဖေနဲ့သမီး အခုကြည့်နေတာ မိုးကောင်းကင်ပေါ့ဖေဖေရဲ့"
အဲ့ဒီ့လိုကျွန်မဘက်ဖြေလိုက်
အင်း ဟုတ်ပါပြီ ဒါဆိုရင် စကြာဝဠာကိုရော သမီးမြင်ဖူးလားတဲ့
သေရောရှင်... ဒီမေးခွန်းကိုတော့ ကျွန်မဖြေဖို့တော်တော်ခက်သွ
ဒါပေမယ့် ဖေဖေမေးတာကိုတော့ ကျွန်မနားလည်သလောက် ဖြေကြည့်ချင်လို့ ကြိုးစားပြီးဖြေလိုက်ပါတယ်
စကြာဝဠာဆိုတာ မိုးကောင်းကင်ရဲ့အပြင်မှာမဟ
စကြာဝဠာဆိုတာ ဟိုးးးမိုးကောင်းကင်ရဲ့ အပြင်မှာရှိနေလို့ မမြင်တွေ့နိုင်ဘူးလို့ သမီးကြားဖူးတယ်ဖေဖေ အဲ့ဒါဟုတ်လားဟင်
ကျွန်မရဲ့ ဖြေလဲဖြေ မေးလဲမေးတဲ့မေးခွန်းကို ဖေဖေကနားထောင်ပြီး
သူ့ရဲ့နုတ်ခမ်းစပ် နှစ်ဖက်ကို အပေါ်တက်အောင်ပြုံးပြီး ဟိုးမိုးပေါ်ကိုသေချာကြည့်နေ
ခဏအကြာမှဖေဖေက စကားကိုဖြေးဖြေးချင်းပြောပြ
ဖေဖေ့သမီးက အရမ်းကိုညာဏ်ကောင်းပြီး တော်လဲတော်ပါတယ်
ဒါပေမယ့် သမီးကိုဖေဖေအခုပြောပြမယ့် စကြာဝဠာရဲ့အကြောင်းကို သမီးလေးသေချာနားထောင်နော်
သမီးနဲ့ဖေဖေ အခုမြင်တွေ့နေရတဲ့ ကြယ်တွေဟာ စကြာဝဠာထဲမှာရှိနေတာသမီးရဲ့
သမီးနဲ့ဖေဖေက အခု စကြာဝဠာကိုမြင်တွေ့နေရတဲ့သူ
တကယ်တော့ မိုးကောင်းကင်ရယ် စကြာဝဠာကြီးရယ်ဟာ အတူတူပါဘဲ
မိုးဆိုတာ နေ့ဘက်မှာမြင်တွေ့ရတဲ့ မိုးသားတွေကိုခေါ်တယ်
အဲ့ဒီ့မိုးသားတွေက တစ်ခါတစ်လေအုပ်မိုးထားလို့
ကောင်းကင် စကြာဝဠာကြီးကို မမြင်ရတာပါ
အမြဲရှိနေတဲ့အရာမဟုတ်ပါဘူး
ဒါပေမယ့် လူတွေတော်တော်များများဟာ
မိုးကောင်းကင်နဲ့ စကြာဝဠာကို နှစ်ပိုင်းခွဲပြီးမြင်နေကြတ
***ဖေဖေပြောပြချင်တာက မရှိတဲ့အရာကို တကယ်အရှိလို့ဆိုပြီး
မျက်လုံးနဲ့ မတွေ့တာတောင် ရှိနေသေးတယ်လို့
ယုံကြည်နေကြတဲ့ ထင်မြင်မူ့ကြောင့်
တကယ့်အစစ်ကို မြင်နေရတဲ့အခါမှာတောင်
မြင်နေပါလျှက်နဲ့ မမြင်ရဘူးလို့ ထင်မြင်သွားတက်ကြတယ်***
ဖေဖေ့သမီးလေးကငယ်သေးတော့ ဖေဖေပြောပြတာတွေကို
နားလည်ချင်မှ နားလည်လိမ့်မယ်
ဒါပေမယ့် ဖေဖေ့သမီးကြီးလာတဲ့အခါ
* သူငယ်ချင်းအစစ်ကို မြင်နေပါလျှက်နဲ့
သူငယ်ချင်းအတုကို မြင်တွေ့ခဲ့ဖူးတာကြောင့်
သူငယ်ချင်းအစစ်မဟုတ်ဘူးလို့
အရမ်းကာရော မမြင်မိပါစေနဲ့
* မိတ်ဆွေကောင်းကိုတွေ့နေရပြီ
မိတ်ဆွေအတုတွေကို တွေ့ခဲ့ဖူးတာကြောင့်
မိတ်ဆွေအစစ်မဟုတ်ဘူးလို့
အရမ်းကာရော မမြင်မိပါစေနဲ့
* အချစ်စစ် အချစ်မှန်ကို တွေ့နေရတာတောင်
အချစ်အတု အချစ်အယောင်ဆောင်တွေ တွေ့ခဲ့ဖူးတာကြောင့်
အချစ်စစ် အချစ်မှန်မဟုတ်ဘူးလို့
အရမ်းကာရော မမြင်မိပါစေနဲ့
အဲ့ဒီ့လို အမှန်ကိုမမြင်နိုင်ဘူးဆိုရင
"အခု စကြာဝဠာထဲက ကြယ်တွေကိုမြင်နေရတာတောင်
စကြာဝဠာကြီးတစ်ခုလုံး ဆုံးရှုံးနေရတဲ့လူ အမြဲဖြစ်နေလိမ့်မယ်"
Credit;မင်းကျန်စစ်(azl) နေပြည်တော်
Edit;Love Theorey
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။