Band
အသစ်၊ Vocal အသစ်၊ Studio အသစ်တွေအပြင် ဒီကဏ္ဍလေးကို
တေးရေးဆရာအသစ်တွေနဲ့လည်း ဆုံတွေ့နိုင်ဖို့ ကျွန်တော်တို့
ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့က "လင်းလင်း"လို့လဲခေါ်တဲ့
ကျောက်မြောင်း စာပေလောက(၄)မှာ ဆုံဆည်းနေကြတဲ့ တေးရေးဆရာ၊ တေးဆိုဆရာတွေထဲကို
နောက်ဆုံးရောက်ရှိလာခဲ့သူလည်းဖြစ်တဲ့
အဆိုတော်ကြီး လေးဖြူကိုယ်တိုင် သူ့ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၃ ပုဒ်ကို
အသုံးပြုဖို့ စီစဉ်ထားခြင်းလဲခံရတဲ့ တေးရေးဆရာ အသစ်စက်စက်လေးတစ်ဦးနဲ့ ဆုံတွေ့ပေးလိုက်ပါတယ်။
လင်းလင်းက သီချင်းရေးတဲ့နာမည်ကျတော့။
အဲသူ။
ဇာတိက မန္တလေးနော်။
ဟုတ်ကဲ့။
သီချင်းရေးတာက။
၆ တန်း ၇ တန်းလောက်ထဲက ရေးနေတာပဲ။
စာအုပ်တွေလည်း ဖတ်ဖြစ်မှာပေါ့။
ဟုတ်ကဲ့။ သီချင်းရေးဖို့အတွက်ဆိုရင် စာအုပ်တွေလည်း ဖတ်ဖြစ်ပါတယ်။ အလင်္ကာမှာဆိုရင် နောက်ဆုံးမှာပါတဲ့ chord အကြောင်းလေးတွေ ရွေးရွေးပြီး ဖတ်တယ်။ ကူးလည်း ကူးထားတယ်။ အရင်တုန်းက ပတ်ကားနုတ် တစ်လုံးမှ မသိဘူးပေါ့နော်။ မသိတော့ သိတဲ့လူဆီသွားမေးပြီး ဘာကိုဆိုလိုတာတုန်းဆိုပြီး ကိုယ့်ဟာကိုယ်လဲ ပြန်လုပ်ကြည့်တယ်။
ဆိုဖို့ရော။
အလုပ်ချင်ဆုံးကတော့ တေးရေးပဲပေါ့ အစ်ကိုရာ။ ဆိုဖို့လဲ ရည်ရွယ်ချက်တော့ ရှိပါတယ်။ တေးရေးကတော့ ကျွန်တော့်ရဲ့ ပထမဦးစားပေး အလုပ်ပေါ့နော်။
ကျောင်းရော ပြီးပြီလား။
အခု နောက်ဆုံးနှစ် အီကို၊ မန္တလေးမှာပဲတက်တာ။
ဒီမှာရောက်တာကြာပြီလား။
ကြာပြီ။ အရင်တုန်းကတော့ ဒီလောကထဲကို ဘယ်လို ဝင်ရမှန်းလဲမသိဘူးပေါ့။ နောက် ကိုလေးဖြူတို့နဲ့ အဆက်အသွယ်မိပြီးတော့မှ ကိုမောင်မောင်ဇော်လတ်တို့နဲ့ 
ချိတ်မိပြီး ကျွန်တော်လည်း ကျောက်မြောင်းပြောင်း၊ သူတို့ကလဲ ဘေးကနေ
အကြံဉာဏ်တွေပေးတယ်။ ပံ့ပိုး ကူညီပေးကြပါတယ်။ အကုန်လုပ်ပေးပါတယ်။ စာပေလောက ၎
က ကိုစိုးနိုင်ဆိုလဲ အကုန် အကူအညီပေးပါတယ်။
ညီလေးကို သီချင်းတွေနဲ့ပတ်သက်ပြီး ဆက်သွယ်မယ်ဆိုရင်။
စာပေလောက ၄ ကျောက်မြောင်းဆိုရင် ရပါတယ်။
မင်းရဲ့ သီချင်းတွေကို နားထောင်ဖြစ်ကြမယ်၊ အားပေးကြမယ့် ပရိသတ်ကိုလည်း စကားပြောပေးပါဦး။
အားမနာတမ်း၊ ပိုးစိုးပက်စက်လေး ဝေဖန်ပေးပါလို့ပဲ ပြောချင်ပါတယ်။ အစ်ကိုတို့ကိုလည်း ကျေးဇူးတင်ပါတယ်။
★ ★ ★ ၂၀၀၅ ခုနှစ်ထုတ် အလင်္ကာ ဂီတမဂ္ဂဇင်းမှာပါခဲ့တဲ့ လင်းလင်းနဲ့အင်တာဗျူးပါ။ ကျွန်တော့်အထင် ပထမဆုံး အင်တာဗျူးဖြစ်မယ် ထင်ပါတယ်။ ဗျူးသူရဲ့အမည်တော့ မပါဝင်ပါဘူး။
လင်းလင်းက သီချင်းရေးတဲ့နာမည်ကျတော့။
အဲသူ။
ဇာတိက မန္တလေးနော်။
ဟုတ်ကဲ့။
သီချင်းရေးတာက။
၆ တန်း ၇ တန်းလောက်ထဲက ရေးနေတာပဲ။
စာအုပ်တွေလည်း ဖတ်ဖြစ်မှာပေါ့။
ဟုတ်ကဲ့။ သီချင်းရေးဖို့အတွက်ဆိုရင် စာအုပ်တွေလည်း ဖတ်ဖြစ်ပါတယ်။ အလင်္ကာမှာဆိုရင် နောက်ဆုံးမှာပါတဲ့ chord အကြောင်းလေးတွေ ရွေးရွေးပြီး ဖတ်တယ်။ ကူးလည်း ကူးထားတယ်။ အရင်တုန်းက ပတ်ကားနုတ် တစ်လုံးမှ မသိဘူးပေါ့နော်။ မသိတော့ သိတဲ့လူဆီသွားမေးပြီး ဘာကိုဆိုလိုတာတုန်းဆိုပြီး ကိုယ့်ဟာကိုယ်လဲ ပြန်လုပ်ကြည့်တယ်။
ဆိုဖို့ရော။
အလုပ်ချင်ဆုံးကတော့ တေးရေးပဲပေါ့ အစ်ကိုရာ။ ဆိုဖို့လဲ ရည်ရွယ်ချက်တော့ ရှိပါတယ်။ တေးရေးကတော့ ကျွန်တော့်ရဲ့ ပထမဦးစားပေး အလုပ်ပေါ့နော်။
ကျောင်းရော ပြီးပြီလား။
အခု နောက်ဆုံးနှစ် အီကို၊ မန္တလေးမှာပဲတက်တာ။
ဒီမှာရောက်တာကြာပြီလား။
ကြာပြီ။ အရင်တုန်းကတော့ ဒီလောကထဲကို ဘယ်လို ဝင်ရမှန်းလဲမသိဘူးပေါ့။ နောက် ကိုလေးဖြူတို့နဲ့ အဆက်အသွယ်မိပြီးတော့မှ ကိုမောင်မောင်ဇော်လတ်တို့နဲ
ညီလေးကို သီချင်းတွေနဲ့ပတ်သက်ပြီး ဆက်သွယ်မယ်ဆိုရင်။
စာပေလောက ၄ ကျောက်မြောင်းဆိုရင် ရပါတယ်။
မင်းရဲ့ သီချင်းတွေကို နားထောင်ဖြစ်ကြမယ်၊ အားပေးကြမယ့် ပရိသတ်ကိုလည်း စကားပြောပေးပါဦး။
အားမနာတမ်း၊ ပိုးစိုးပက်စက်လေး ဝေဖန်ပေးပါလို့ပဲ ပြောချင်ပါတယ်။ အစ်ကိုတို့ကိုလည်း ကျေးဇူးတင်ပါတယ်။
★ ★ ★ ၂၀၀၅ ခုနှစ်ထုတ် အလင်္ကာ ဂီတမဂ္ဂဇင်းမှာပါခဲ့တဲ့ လင်းလင်းနဲ့အင်တာဗျူးပါ။ ကျွန်တော့်အထင် ပထမဆုံး အင်တာဗျူးဖြစ်မယ် ထင်ပါတယ်။ ဗျူးသူရဲ့အမည်တော့ မပါဝင်ပါဘူး။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။