"မြန်မာပြည်၊ ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာ" (၅)
(၅) နိဂုံးပိုင်း(ကျနော်တို့ ဘာတွေလုပ်ကြရမလဲ)
ကျနော်တို့  အခု ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာရဲ့ အခွင့်အလမ်းတွေကိုလဲသိပြီ ။ စိမ်ခေါ်မှုတွေ ကိုလဲသိပြီ ဆိုတော့ အရေးကြီးတဲ့ မေးခွန်းက “ကျနော်တို့  ဘာတွေလုပ်ကြမလဲ”၊"အခွင့်အလ မ်းတွေကို အပြည့်အ၀ ဖမ်းဆွဲပြီး စိန်ခေါ်မှုတွေအတွက် ရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ကြမလဲ" ဆိုတာပါပဲ။
Thomas L.Friedman သောမတ်ဖရိုင်ဒ်မန် ကတော့ သူ့ရဲ့The world is flat “ကမ္ဘာပြားပြီ “ဆိုတဲ့ စာအုပ်ထဲက “Developing Countries and the Flat World “ဖွံ့ ဖြိုးဆဲနိုင်ငံများနှင့် အပြားကမ္ဘာ အကြောင်း” ဆိုတဲ့ အခန်း ထဲ မှာ...ဒီလိုစပြီးအကြံ ပေးပါတယ်။
“ဖွံ့ ဖြိုးဆဲနိုင်ငံတွေအနေနဲ့ စလုပ်ရမှာကသူတို့ အခြေအနေကိုသူတို့  ရိုးရိုးသားသား၊ မညှာမတာ ဝေဖန်ဆန်းစစ်ရမှာပါ” တဲ့။Brutally Honest Introspection လို့ သုံးနှုန်းပါတယ်။
နိုင်ငံအနေနဲ့ (ခေါင်းဆောင်တွေ၊အဖွဲ့ အစည်းတွေ၊ပြည်သူပြည်သားတွေ အားလုံးအနေနဲ့ ) ကိုယ့်နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဘယ်နေရာမှာရှိတယ်ဆိုတာ။ ကိုယ့်နိုင်ငံမှာ အခြားနိုင်ငံတွေ နဲ့ယှဉ်ရင် ကမ္ဘာကို ပြားသွားစေတဲ့အကြောင်းတွေ(ဥ ပမာ..အင်ဆို့ Insource၊ အောက်ဆို့ Outsource လုပ်ငန်းတွေ) ဘယ်လောက်ဖွံ့ဖြိုးနေပြီလဲ ဆိုတာတိတိကျကျ ကြည့်ရ၊သိရမယ်.တဲ့ ။
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ် စဉ်ကြောင့် ပြားသွားတဲ့ကမ္ဘာမှာကိုယ့်နိုင်ငံဟာ ဘယ်လောက်ထိ ရှေ့ ရောက်သွားတယ်(သို့မဟုတ်) နောက်ကျ ကျန်ရစ်ခဲ့သလဲဆိုတာ ဆန်းစစ်ရမယ်။ နိုင်ငံတကာနဲ့  ပူးပေါင်းဆောင်ရွက်ဖို့၊ယှ ဉ်ပြိုင်ဖို့ အတွက် ဒီ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ် စဉ်ကြီး နဲ့  လျှော်ညီအောင် ဘယ်လောက်ထိပြင်ဆင်ထားသလဲဆိုတာကိုယ့်ကိုကိုယ်မေးရမယ်…လို့  အကြံပြုပါတယ်။
ပြီးတော့ ဆက်ပြောတာက...”နိုင်ငံ တွေဟာ အနဲဆုံးအခြေခံကြတဲ့ အချက် ၄ ချက်ပေါ်မှာ အာရုံစိုက်ရပါမယ်”တဲ့။
ပထမအချက်က Right Infrastructure အခြေခံအဆောက်အအုံပါတဲ့။ ကိုယ့်နိုင်ငံလူတွေ နိုင်ငံတကာနဲ့  လွယ်လွယ်ကူကူ ဆက်သွယ်နိုင်အောင် လိုအပ်တဲ့အခြေခံ အဆောက်အအုံတွေလုပ်ပေးရမယ် ။
ဈေးသက်သာတဲ့  အင်တာနက်ဆက်သွယ်ရေးတွေ၊ မိုဘိုင်းဖုန်းတွေက အစ ခေတ်မီတဲ့
လေဆိပ်တွေ၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကောင်းအောင်လုပ်ပေးရမှာပါ..တဲ့။ နလိခါန ပြောခဲ့သလို..တစ်ကမ္ဘာလုံး ဘရော့ဘင်းနဲ့ချိတ်နိုင်ဖို့ ၊ ပင်လယ်ရေအောက်မှာ ကယ်ဘယ်ကြိုးတွေချနိုင်ဖို့ ပေါ့။
ဒုတိယအချက်က..Right Educational System ပညာရေးစနစ်။ကိုယ့်နိုင်ငံ က လူတွေ နိုင်ငံတကာနဲ့  ပူးပေါင်းဆောင်ရွက်နိုင်မဲ့  ။တီထွင်ဖန်တီးနိုင်မှုကို အားပေးတဲ့ ပညာရေးစနစ် တည်ထောင်ဖို့ ပါ တဲ့။
တတိယအချက်ကတော့ Right Governance မှန်ကန်တဲ့စီမံခန့်ခွဲမှုစန စ်။ ကိုယ့်နို်င်ငံက လူတွေ နိုင်ငံတကာ နဲ့ ဆက်ဆံအလုပ်လုပ်တဲ့အခါ ထိထိရောက်ရောက်၊ချောချောမွေ့ မွေ့ ဖြစ်အောင်ဖန်တီးပေးမဲ့ စနစ်မျိုးဖန်တီးဖို့ ပါတဲ့။
စတုတ္ထအချက်ကတော့..Right Environment ကောင်းမွန်တဲ့သဘာဝ ပတ်ဝန်းကျင်။ သဘာဝပါတ်ဝန်းကျင်ကိုလဲထိမ်းသိမ်းရမယ်တဲ့။ဒါ မှ knowledge worker လို့ ခေါ် တဲ့ပညာရှင်တွေကို ကိုယ့်ဆီမှာနေချင်အောင် ဆွဲဆောင်ထားနိုင်မှာတဲ့။
ဒါတွေဟာ မျက်မှောက်ခေတ်ကမ္ဘာမှာ နိုင်ငံတကာနဲ့ပူးပေါင်းဆော င်ရွက်ဖို့ ၊ယှဉ်ပြိုင်နိုင်ဖို့  မရှိမဖြစ် လိုအပ်တဲ့ အခြေခံတွေပါ။ဒါ့ပြင်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။
လူတဦးချင်းရဲ့ စွမ်းဆောင်ရည်တွေ တက်လာအောင်Human Resource Development လူသားအရင်းအမြစ်ဖွံ့ ဖြိုးမှု အစီအစဉ်တွေ။ စီးပွားရေး၊လူမှုရေး၊အစိုး ရနဲ
့နိုင်ငံဝန်ထမ်း၊ နိုင်ငံရေးပါတီ၊ ကျောင်း စတဲ့ အဖွဲ့ အစည်းတွေအား
လုံးစွမ်းဆောင်ရည်ပြည့်ဝ တဲ့ အဖွဲ့ အစည်းတွေဖြစ်အောင်လုပ်ရမဲ့  Organizational Excellenceလုပ်ငန်းတွေ။ ခေါင်းဆောင်နေရာမှာ ရှိနေကြ၊ ရှိလာကြမဲ့ လွှတ်တော်၊ အစိုးရအဖွဲ့ ၊နိုင်ငံရေးပါတီကသူတွေအတွ က်
ထိရောက်တဲ့၊မဟာဗျူဟာ ကျကျ စဉ်းစား တွေးခေါ် ဦးဆောင်နို်င်မဲ့ Effective
and StrategicLeadership သင်တန်းတွေနဲ့ လေ့ကျင် ပျိုးထောင်မှုတွေ။ လူငယ်တွေ
တွေးခေါ် မှု၊ တီထွင်မှုကို အားပေါ်တဲ့ ပညာရေးစနစ်တွေ…စတဲ့ Capacity
Building စွမ်းဆောင် ရည်တိုးတက်ဖို့  အများကြီးလုပ်ကြရအုန်းမှာ ။
ကဲ…လောလောဆယ်တော့…အခြေခံလိုအပ်တဲ့ ၄ ချက်ကိုပဲဆန်းစစ်ကြရအောင်။
ဂလိုဘယ် လိုက်ဇေးရှင်းကမ္ဘာ(သို့ မဟုတ်)ကမ္ဘာပြား ထဲကို ၀င်ဖို
့ကျနော်တို့  ဘယ်လောက် အဆင်သင့်ဖြစ်ပြီလဲ။ ကျနော်တို
့အမီလိုက်ချင်၊ကျော်တက်ချင်တဲ့အာရှနိုင်ငံ တွေကြည့်ရင် အချို့ က ကမ္ဘာပြား(flat world) ထဲကို တော်တော်များများ၊ တချို့တပိုင်းတစ…ရောက်နေခဲ့ ကြပြီ။
ဗိုလ်ချုပ်ပြောခဲ့သလို..သူများကခြေတစ်လှမ်းလှမ်းရင်၊ ကိုယ်က..ခြေလှမ်း လေး၊ငါး၊ဆယ်လှမ်း..လှမ်းနိုင်မှ တန်ကာကြမှာ။ကဲ.. မြန်မြန်လှမ်းလိုက်ကြစို့ ။
(ပြီးပါပြီ)
အားလုံးအောင်မြင်ပျော်ရွှင် ကြပါစေ…
ဒေါက်တာအောင်မျိုး
(၁၅-၄-၂၀၁၃)
(၅) နိဂုံးပိုင်း(ကျနော်တို့ ဘာတွေလုပ်ကြရမလဲ)
ကျနော်တို့  အခု ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာရဲ့ အခွင့်အလမ်းတွေကိုလဲသိပြီ
Thomas L.Friedman သောမတ်ဖရိုင်ဒ်မန် ကတော့ သူ့ရဲ့The world is flat “ကမ္ဘာပြားပြီ “ဆိုတဲ့ စာအုပ်ထဲက “Developing Countries and the Flat World “ဖွံ့ ဖြိုးဆဲနိုင်ငံများနှင့် အပြားကမ္ဘာ အကြောင်း” ဆိုတဲ့ အခန်း ထဲ မှာ...ဒီလိုစပြီးအကြံ ပေးပါတယ်။
“ဖွံ့ ဖြိုးဆဲနိုင်ငံတွေအနေနဲ့ စလုပ်ရမှာကသူတို့ အခြေအနေကိုသူတို့  ရိုးရိုးသားသား၊ မညှာမတာ ဝေဖန်ဆန်းစစ်ရမှာပါ” တဲ့။Brutally Honest Introspection လို့ သုံးနှုန်းပါတယ်။
နိုင်ငံအနေနဲ့ (ခေါင်းဆောင်တွေ၊အဖွဲ့ အစည်းတွေ၊ပြည်သူပြည်သားတွေ
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်
ပြီးတော့ ဆက်ပြောတာက...”နိုင်ငံ တွေဟာ အနဲဆုံးအခြေခံကြတဲ့ အချက် ၄ ချက်ပေါ်မှာ အာရုံစိုက်ရပါမယ်”တဲ့။
ပထမအချက်က Right Infrastructure အခြေခံအဆောက်အအုံပါတဲ့။ ကိုယ့်နိုင်ငံလူတွေ နိုင်ငံတကာနဲ့  လွယ်လွယ်ကူကူ ဆက်သွယ်နိုင်အောင် လိုအပ်တဲ့အခြေခံ အဆောက်အအုံတွေလုပ်ပေးရမယ်
ဒုတိယအချက်က..Right Educational System ပညာရေးစနစ်။ကိုယ့်နိုင်ငံ
တတိယအချက်ကတော့ Right Governance မှန်ကန်တဲ့စီမံခန့်ခွဲမှုစန
စတုတ္ထအချက်ကတော့..Right Environment ကောင်းမွန်တဲ့သဘာဝ ပတ်ဝန်းကျင်။ သဘာဝပါတ်ဝန်းကျင်ကိုလဲထိမ်
ဒါတွေဟာ မျက်မှောက်ခေတ်ကမ္ဘာမှာ နိုင်ငံတကာနဲ့ပူးပေါင်းဆော
လူတဦးချင်းရဲ့ စွမ်းဆောင်ရည်တွေ တက်လာအောင်Human Resource Development လူသားအရင်းအမြစ်ဖွံ့ ဖြိုးမှု အစီအစဉ်တွေ။ စီးပွားရေး၊လူမှုရေး၊အစိုး
ကဲ…လောလောဆယ်တော့…အခြေခံလို
ဗိုလ်ချုပ်ပြောခဲ့သလို..သ
(ပြီးပါပြီ)
အားလုံးအောင်မြင်ပျော်ရွှင်
ဒေါက်တာအောင်မျိုး
(၁၅-၄-၂၀၁၃)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။