"မြန်မာပြည်၊ ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာ" (၄)
(၄) စိန်ခေါ်မှုများ
ဒီဂလိုဘယ်လ်လိုက်ဇေးရှင်းကမ္ဘာမှာ.အထင်ရှားဆုံးတွေ့ မြင်ရတဲ့ စိန်ခေါ်မှု ကတော့ ယှဉ်ပြိုင်မှုပြင်းထန်လာတာပဲ။ နိုင်ငံအချင်းချင်းရော၊အဖွဲ့ စည်းအချင်းချင်း၊
တစ်ဦးချင်းရော အပြင်းထန် ယဉ်ပြိုင်လာကြတာပဲ။ ဆက်သွယ်ရေးသိပ်ကောင်းတော့
လက်ရည်တူသွားပြီလေ၊။ ဦးနှောက်ချင်းပဲ ယှဉ်ရတော့မှာ။ ဒါကြောင့် အစပိုင်း
မှာ ဖော်ပြခဲ့တဲ့ကမ္ဘာပြားပြီ စာအုပ်ထဲက နလီခါနီ ပြောခဲ့ သလို“ ကစားကွင်းက လယ်ဗယ်တူသွားပြီဗျ”လို့ ။
နိုင်ငံတွေအနေနဲ့ ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအထိ အမေရိကန်ဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး တစ်ခုတည်းသော စူပါပါဝါအဖြစ်နဲ့ ရပ်တည်ခဲ့တယ်။အခု အခြားနိုင်ငံတွေလဲ စီးပွားရေး ပြိုင်ဖက်တွေအဖြစ်နဲ့ ပေါ်ပေါက်လာကြပြီ။ စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ဥရောပ၊ဂျပန် အပြင် စီးပွားရေးအလျှင်အမြန်ဖွံြ့ ဖိုးလာတဲ့ (emerging Market countries) တွေဖြစ်တဲ့  တရုတ်ပြည်၊အိန္ဒိယ၊ရုရှား၊ဘရာဇီးစတဲ့ နိုင်ငံတွေဟာလဲ ကမ္ဘာ့စီးပွားရေးဇာတ်ခုံတက်ြ ပီး
အပြင်းအထန် ယှဉ်ပြိုင်နေကြပြီ။ ဘာလို့လဲဆိုတော့ အမေရိကန် မှာ အခွင့်
အလမ်းရှိသလောက် တရုတ်၊အိန္ဒိယ မှာလည်းရှိတယ်။ စီးပွားရေး၊နိုင်ငံရေး၊သိပံ္ပ၊အားကစား၊ပညာရေး စတဲ့ နယ်ပယ်အသီးသီးမှာ ယှဉ်ပြိုင်လာကြတယ်။ပိုပြီးေ တာ့လဲပြင်းထန်လာကြတယ်။
ဥပမာအနေနဲ့ ... တယ်လီဖုန်း ဈေးကွက် ကြည့်ကြအောင်။ အားလုံးသိတဲ့အတိုင်း ကုမ္မဏီအကြီးအငယ် အားလုံးဟာသူတို့ ရဲ့ထုတ်ကုန် တယ်လီဖုန်းတွေအတွက် အမျိုးမျိုး ဆွဲဆောင်နေ၊ ယှဉ်ပြိုင်နေကြတာမဟုတ်လား။ ဈေးနူန်းချင်း၊အရည်သွေးချင်း၊serviceပေးတာချင်း ယှဉ်ပြိုင်နေကြတာ။ မယှဉ်နို်င်တဲ့သူ ဘေးထွက်နေရမှာပဲ။
ကျန်းမာရေးဝန်ဆောင်မှုတွေဆို ရင်လည်း စင်္ကာပူဟာအာရှမှာ သူတစ်ယောက်ထဲတော့ မဟုတ်တော့ဘူး။ ထိုင်းကလဲအပြင်းအထန်ယှဉ်ပြိုင်လာတာ အားလုံးအသိပဲ။ တစ်ဦးချင်း လဲ အရင်ကထက် ပိုယှဉ်ပြိုင် လာကြရတာပဲ။ဟိုတုန်းကလိုအလု ပ်တစ်ခုရဖို့
လွယ်လွယ်ကူကူ မဟုတ်တော့ဘူး။ ဒါက မြန်မာမှာမှ မဟုတ်ဘူး။ကမ္ဘာမှာလဲ
အတူတူပဲ။အခု အမေရိကန်မှာရော၊ ဥရောပ နိုင်ငံတွေမှာရော
အလုပ်လက်မဲ့တွေအများကြီး။ ဂရိတို့ ၊စပိန်တို့ စီပွားရေးကျတဲ့
နိုင်ငံတွေမှာပိုဆိုးတယ် ။ ဒီတော့ အလုပ်တစ်ခုတည်းမှာကိုလူပေါ င်းမြောက်များစွာ ယှဉ်ပြိုင်လာကြရတယ်။
ဒီတော့ ဂလိုဘယ်လိုက်ဖေးရှင်းကမ္ဘာရဲ့  အသိသာအထင်ရှားဆုံးစိန်ခေါ်မှု က ယှဉ်ပြိုင်ရတာပဲ။ မယှဉ်ပြိုင်နိုင်ရင် ကိုယ်က ဘေးကိုရောက်သွားမှာပါပဲ၊မယှဉ်ပြိုင်နိုင်ရင်တော့  နိုင်ငံဖြစ်ဖြစ်၊ အဖွဲ့ အစည်းဖြစ်ဖြစ်၊ တဦးချင်းဖြစ်ဖြစ် ရပ်တည်ဖို့ မလွယ်ဘူး။
ယှဉ်ပြှိုင်မှုနဲ့ပါတ်သက်လို့  ကျနော် နဲနဲအလေးထားပြောချင်တာက...ဂ လိုဘယ်လိုက်ဇေးရှင်းရဲ့ အခွင့်အလမ်းအရ ကျနော်တို့ ဟာ ကမ္ဘာကိုထွက်ြပီးယှဉ်ပြိုင်လို့ရ သလို နိုင်ငံတကာကလဲ ကိုယ့်နိုင်ငံ နဲ့လာပြီးယှဉ်ပြိုင်မှာပဲ။အဲဒီအခါ..ကိုယ့်ကွင်းမှာ ကိုယ့်အဖွဲ့အစည်းတွေက အားနည်းနေရင်တော့ ရပ်တည်ဖို့မလွယ်ဘူး။
စင်္ကာပူနိုင်ငံဟာ လူ့ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကိုတော်ေ တ်ာအလေးထားတဲ့နိုင်ငံ။
သဘာဝသယံဇာတဆိုတာမရှိတော့ human resourse ကိုပဲ သူတို့ကအဓိကထားပြီး
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်တောင် ကြိုးစားခဲ့တာ။ သူတို့ လဲ
ကမ္ဘာကိုတက်ပြီးယှဉ်ပြိုင်တယ်။ သူတို့ က ကမ္ဘာကြီးကိုလဲ ဖွင့်ပေးတယ်။ သူများနိုင်ငံက လာယှဉ်ပြိုင်တာကိုလဲလက်ခံတဲ့  နိုင်ငံတစ်ခုပေါ့။ဒါပေမဲ့ မနှစ်က ရွေးကောက်ပွဲမှာ စင်္ကာပူ ပြည်သူပြည်သားတွေကြားမှာကျယ်ကျယ်လောင်လောင်
ပြောလာတဲ့ အကြောင်းအရာ ရှိတယ်။ဒါကတော့ ဒီစင်္ကာပူမှာ ရှိတဲ့
အလုပ်ကိုင်အခွင့်လမ်းတွေ တော်တော်များများကို နိုင်ငံခြားသားတွေ
ယူသွားကြတဲ့အတွက် စင်္ကာပူ နိုင်ငံသားတွေဟာအလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးသွားနေပြီ ဆိုတာပေါ့။ စင်္ကာပူနိုင်ငံကို ဥရောပကလဲလာတယ်၊အမေရိကန်၊သြစ တေးလျ တို့ ကလဲလာတယ်၊တစ်ခြားအာရှနိုင်ငံ တွေကလဲလာတယ်။ အလုပ်ကိုင်အခွင့်လမ်းတွေကို စင်္ကာပူလူမျိုးတွေနဲ့ သူတို့ယှဉ်ပြိုင်တယ်။အလုပ် ရှင်ကတော့ သူ့ အလုပ်နဲ့သင့်တော်တဲ့သူကိုရွေးမှာပါပဲ။
အဲဒီတော့ခြုံပြောရရင် ကမ္ဘာကြီးဟာပိုပြီး ယှဉ် ပြိုင်နို်င်လာတယ်၊ယှဉ်ပြိုင်လာကြပါတယ်။ အဲဒီအခါမှာ ကိုယ်က ကမ္ဘာကတက်ပြီး ယှဉ်ပြိုင်လို့ရသလိုကမ္ဘာကလဲ ကိုယ့်ဆီလာပြီး ယှဉ်ပြိုင်ပါလိမ့်မယ်။ ပြင်ဆင်ထားကြဖို့ သိပ်အရေးကြီးပါတယ်။
(အပိုင်း-၅ဆက် ကြည့်ရန်)
အားလုံးအောင်မြင်ပျော်ရွှင် ကြပါစေ
ဒေါက်တာအောင်မျိုး(၅-၄-၂၀၁၃ )
(၄) စိန်ခေါ်မှုများ
ဒီဂလိုဘယ်လ်လိုက်ဇေးရှင်းကမ
နိုင်ငံတွေအနေနဲ့ ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအထိ အမေရိကန်ဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး တစ်ခုတည်းသော စူပါပါဝါအဖြစ်နဲ့ ရပ်တည်ခဲ့တယ်။အခု အခြားနိုင်ငံတွေလဲ စီးပွားရေး ပြိုင်ဖက်တွေအဖြစ်နဲ့ ပေါ်ပေါက်လာကြပြီ။ စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ဥရောပ၊ဂျပန် အပြင် စီးပွားရေးအလျှင်အမြန်ဖွံြ့
ဥပမာအနေနဲ့ ... တယ်လီဖုန်း ဈေးကွက် ကြည့်ကြအောင်။ အားလုံးသိတဲ့အတိုင်း ကုမ္မဏီအကြီးအငယ် အားလုံးဟာသူတို့ ရဲ့ထုတ်ကုန် တယ်လီဖုန်းတွေအတွက် အမျိုးမျိုး ဆွဲဆောင်နေ၊ ယှဉ်ပြိုင်နေကြတာမဟုတ်လား။
ကျန်းမာရေးဝန်ဆောင်မှုတွေဆို
ဒီတော့ ဂလိုဘယ်လိုက်ဖေးရှင်းကမ္ဘာရဲ
ယှဉ်ပြှိုင်မှုနဲ့ပါတ်သက်လို
စင်္ကာပူနိုင်ငံဟာ လူ့ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကိုတော်ေ
အဲဒီတော့ခြုံပြောရရင် ကမ္ဘာကြီးဟာပိုပြီး ယှဉ် ပြိုင်နို်င်လာတယ်၊ယှဉ်ပြု
(အပိုင်း-၅ဆက် ကြည့်ရန်)
အားလုံးအောင်မြင်ပျော်ရွှင်
ဒေါက်တာအောင်မျိုး(၅-၄-၂၀၁၃
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။