Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 22, 2015

အလိုက်သိတတ်သောမိန်းမ နှင့် အတ္တကြီးမိသောကျွန်တော်

 

အလိုက်သိတတ်သောမိန်းမ နှင့် အတ္တကြီးမိသောကျွန်တော်

တစ်ချို့ကပြောတယ်
မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာ ပြန်တောင်းဖို့အရမ်းခတ်တယ်တဲ့
အကုန်မပေးဘဲ ကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့
ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲ သုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်

ကျွန်တော် နေမကောင်းဖြစ်ချိန် နေ့ရက်များစွာဝင်ငွေမရှိလို
ဆေးခန်းပြဖို့ဝေလာဝေး ဆန်ဝယ်ဖို့တောင်ငွေမရှိတဲ့အခါ
ကျွန်တော်မသိတဲ့ သူ့စုဗူးလေးကိုဖောက်တယ် မိန်းမမှာစုထားတာရှိတယ်ပြောပြီး
ကျွန်တော့်နဖူးကိုအသာစမ်းလို့ ဆေးခန်းသွားမယ်ဆန်ဝယ်မယ် ဘာမှစိတ်မပူနဲ့တဲ့
ကျွန်တော်လေ သူ့အပြုံးတွေကိုကြည့် ကျွန်တော့်အပြုအမူတွေကိုပြန်သတိရတော့ ရင်ထဲမှာဆို့နင့်သွားခဲ့ရဖူးတယ်

တစ်ချို့ကပြောတယ်
မိန်းမဆိုတာ ကိုယ့်အပေါ် မီးသေနေရမယ်တဲ့
ကိုယ်ပြောတာဘာမဆို လိုက်နာတဲ့သူမျိုးဖြစ်ရမယ်ဆိုလို့
ဟိုအရင်တစ်ခါက အလုပ်ကအပြန် သူ့ကိုအိမ်မှာမတွေ့တော့ စိတ်တိုပြီးစကားများကြရတဲ့အခါ
သူ့ကိုလက်နဲ့ရွှယ်လိုက်မိတာ သိပ်ကိုမှားသွားတယ်

ကျွန်တော့လက်ကိုသေချာကြည့်ပြီး သူဟာလေ
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်
အခုရွှယ်လိုက်တဲ့လက်အတွက် လက်စွပ်လေးသူသွားလုပ်တာတဲ့
အဲဒီလိုနဲ့ သူ့မျက်နှာကိုကြည့်ပြီး ရင်ထဲမချိအောင် နာကျင်ခဲ့ရဖူးတာလဲရှိတယ်

တစ်ချို့ကပြောတယ်
ကိုယ့်မိဘလောက်ဘယ်အရာမှအရေးမကြီးဘူးတဲ့
ကိုယ့်မိဘကို အဓိကပြုစုစောင့်ရှောက်ရမယ်ဆိုလို့
ဟိုအရင်တုံးက ကျွန်တော့်မိဘအတွက်ကိုဘဲ အမြဲတမ်းဦးစားပေးပြီး သတိတရနဲ့ပေးကမ်းခဲ့တာက
အိမ်ထောင်ရှင်ကျွန်တော့အတွက်တော့ သိပ်ကိုတစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမှန်းသိခဲ့ရဖူးတယ

ကျွန်တော့်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကိုသက်သက်ဖယ်လိုက်မိတဲ့ လကုန်ရက်တစ်ရက်မှာ
မိန်းမကပြောတယ်
အခုဒီလခအထဲကနေ ယောင်္ကျားဆီမှာပိုက်ဆံနဲနဲလောက်မပိုဘူးလားတဲ့
ဟာာာ မိန်းမကလဲကွာ ဘယ်ကလာပိုရမှာလဲ ဒီမှာအခုခွဲခြမ်းလိုက်တာအားလုံးကွက်တိဘဲလေ
ဘာလုပ်မလို့လဲလို့ပြန်မေးလိုက်တော့ မျက်နှာနဲနဲညိုးပြီး
ဘာမှမဟုတ်တော့ပါဘူးယောင်္ကျားရယ်တဲ့
ဒီလိုနဲ့ဘဲ ကျွန်တော့်မိဘဆီကိုငွေပို့ပြီး နောက်နေ့မနက်မှာ မိန်းမရဲ့ဖုန်းဆီကို ဖုန်းဝင်လာတော့
မိန်းမကဖုန်းနားမှာမရှိဘူး ရေအိမ်ထဲသွားနေလို့ ကျွန်တော်ကောက်ကိုင်လိုက်တယ

ဖုန်းကို နားအနားကိုကပ်လိုက်ပြီး ဟယ်လိုလို့မလုပ်ရသေးခင်မှာဘဲ တဖက်ကအလောတကြီးနဲ့စကားစပြောပါတော့တယ်

သမီးလား
အမေအခုအရေးကြီးနေလို့ သမီးဆီကို ထက်ပြီးဖုန်းခေါ်လိုက်ရတာ
သမီးဆီကနေ အမေပိုက်ဆံပြောထားတာအဆင်ပြေနိုင်လားသမီးလေး
ဒီမှာသမီးအဖေကလဲတော်တော်လေးနေမကောင်းဖြစ်နေတယ်
ဒီနှစ်ကမိုးအရမ်းရွှာလို့ သီးနှံတွေလဲရေနစ်တော့ အမေတို့ဆီမှာတော်တော်လေးအခတ်အခဲဖြစ်နေတယ်သမီးရယ်
သမီးမှာအဆင်ပြေရင် အမေ့ကိုပိုက်ဆံနဲနဲလောက်ကူပါအုံးနော်တဲ့

နားထဲကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ဟာ ဆွံ့အသွားမိတယ်

တဖတ်က ဆက်ပြောတယ် ဟယ်လို ဟယ်လို သမီးလေး အမေပြောတာကြားလားတဲ့

" အော်
အမေ့သမီးမဟုတ်ပါဘူးအမေ ကျွန်တော်ပါ
အမေ့သမီးက နောက်ဖေးသွားနေလို့ ကျွန်တော်ဖုန်းကိုင်လိုက်တာပါ

ဟယ်
အမေက သမီးထင်လို့ စကားတွေလောလောနဲ့ပြောလိုက်မိတာပါ အားနာလိုက်တာသားရယ်တဲ့

ကြည့်စမ်းး ကျွန်တော်ကို ယောက်ခမလုပ်သူက အားနာလို့တဲ့လေ
သူ့သမီးရဲ့ရှာစာမရှိတော့ သူပြောတဲ့စကားအတွက် ကျွန်တော့်ကိုအားနာသွားမှာပေါ့
ကျွန်တော်ချက်ချင်းဘဲ စကားပြန်ပြောလိုက်ပါတယ်

ဟာ မဟုတ်တာဘဲအမေရယ် ကျွန်တော့်ကိုဘာအားနာစရာရှိလို့လဲ အမေတို့အခတ်အခဲကိုကျွန်တော်လဲအခုလိုသိမှဖြစ်မှာပေါ့ ဘာမှစိတ်မပူနဲ့နော် ကျွန်တော်အမေ့သမီးနဲ့တိုင်ပင်ပြီး အမေတို့အခတ်အခဲကိုအဆင်ပြေအောင်လုပ်မှာပါ မပူနဲ့တော့နော်

ကျွန်တော့်ရဲ့စကားကြောင့် တစ်ဖတ်ကဖုန်းသံထဲမှာ တရှုံ့ရှုံ့နဲ့ငိုနေသံကိုကြားနေရတယ်
ကျွန်တော်မကြားရက်လို့ ဖုန်းကိုပြန်ချလိုက်ပြီး အနောက်ကိုလှည့်လိုက်တော့

သြော် မိန်းမလုပ်သူက ကျွန်တော့်အနောက်နားမှာရောက်နေတာကိုး
ဖုန်းပြောနေတဲ့အသံတွေကိုသူကြားသွားပြီဘဲ
မျက်ရည်တွေရစ်ဝဲနေတဲ့ မိန်းမရဲ့မျက်နှာကိုကြည့်ပြီး ကျွန်တော်သူ့ကိုပြုံးပြလိုက်ပါတယ်

အဲ့ဒီ့နောက် သူ့အနားကထွက်လာခဲ့ပြီး ကျွန်တော်သတိထားလိုက်မိတာက
ကျွန်တော့်မိန်းမဟာ သူ့မိဘကိုကျွေးချင်ပေးချင်တာလေးတွေရှိခဲ့ပေမယ့် တစ်ချိန်လုံးကျွန်တော့်မျက်နှာကိုကြည့်ပြီး လင်မယားချင်းတောင် ပြောရမှာအားနာနေခဲ့တာတွေရှိလိမ့်မယ်ဆိုတာပါဘဲ
ဒီလိုမျိုးအဖြစ်တွေ သူခံစားခဲ့ရတာ ဘယ်လောက်တောင်များနေခဲ့မလဲလို့တွေးမိတော့
ကျွန်တော့်စိတ်ထဲလုံးဝမကောင်းခဲ့ဘူး
ကျွန်တော်ဟာ ကိုယ့်မိဘတစ်ဘက်ထဲကိုဘဲဂရုစိုက်မိခဲ့တာမဟုတ်လား
တကယ်ဆိုရင် သူ့မိဘဘက်ကိုလဲ ကျွန်တော်ဂရုစိုက်မိခဲ့ရမှာပေါ့
အေးအတူပူအမျှဆိုတဲ့သဘောတရားမှာ သူ့မိဘအတွက်တော့ သူ့ကိုပူပင်စေခဲ့ပြီး
ကိုယ့်မိဘအတွက်တော့ ကိုယ်ကအေးမြစေခဲ့တယ်မဟုတ်လာ
ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်တယ်ဆိုတာ ဘာလဲလို့
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိခဲ့တယ်

အဲဒါကြောင့် ကျွန်တော်ပြောချင်တာကတော့လေ
အိမ်ထောင်တစ်ခုမှာ ဇနီးမယားဆိုတာငွေကြေးဥစ္စာနဲ့အတူ အခြားကိစ္စတွေမှာ
ကျွန်တော်တို့ယောင်္ကျားတွေသတိမပြုမိတဲ့
အခွင့်အရေးတော်တော်များများဆုံးရှုံးနေခဲ့ရတာတွေ အများကြီးရှိလိမ့်မယ်ဆိုတာပါဘဲ

တကယ်တော့
ဘေးစကားတွေဟာအလကားပါဗျာ
ကိုယ့်ရဲ့အိမ်ထောင်ရေးဟာ ကိုယ်တိုင်အသိဆုံးဖြစ်ရင်
ကိုယ်တိုင်ကဘဲ အကောင်းဆုံးတွေးခေါ်နိုင်ပြီး အကောင်းဆုံးသာယာချမ်းမြေ့မူကိုတည်ဆောက်နိုင်ကြမှာပါ

လောက၌ ရှိရှိကြသမျှကုန်သော မိသားစုအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ

Credit to မင်း ကျန်စစ်
K.K(ကနောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။