#နေကြတ်ခြင်းပုံပြင်။
နေကြတ်ခြင်း(eclipse)ဆိုတာ. အားလုံးသိကြပါတယ်။.နေနဲ့ကမ္ဘာကြားမှာ.လည်ပတ်နေတဲ့လကျရော က်သွားပြီး.နေ၊လ၊ကမ္ဘာအားလုံးဟာ.တတန်းထဲဖြစ်သွားရင်.လအရိပ်ကာလိုက်တာကြောင့်.နေကိုအ ပြည့်မမြင်ရတော့ပဲ.တခြမ်း(သို့မဟုတ်)တစိပ်တပိုင်းပဲမြင်ရတော့တာပါ။.နေကြတ်တာနဲ့ပတ် သက်တဲ့.ဖြစ်ရပ်မှန်ဇာတ်လမ်း လေးတခုရှိပါတယ်။
နေကြတ်တာနဲ့ပတ်သက်ပြီး.ရှေး ခေတ်ကလူတွေမှာ.အယူအဆအမျိုးမျိုးရှိခဲ့ကြတယ်။.တရုပ်ပြည် က.ရှေးလူတွေက.ကောင်းကင်က.နဂါးကြီးတကောင်ဟာ.နေကို.နေ့ လည်စာအဖြစ်.လာရောက်စားသုံး တာကြောင့်.နေတခြမ်းပျောက်သွားတယ်လို့.လို့.ပြောကြတယ်။. နေကြတ်တယ်ဆိုတဲ့စကားလုံးဟာ. တရုတ်လို.ချီ(chi)သို့မဟုတ် .ရှီ(shi)လို့.ခေါ်ကြတယ်။.အဓိပ္ပါယ်က.စားသုံးခြင်းပါ။
၁၄၉၂ခုနှစ်က.အမေရိကတိုက်ကို .ပထမဆုံးတွေ့ရှိတဲ့.စပိန်နိုင်ငံသား.ခရစ္စတိုဖာကိုလန်ဘတ်စ်အကြောင်းကို.ပထဝီဘာသာသင် ခဲ့ဖူးသူတိုင်း.သိကြမှာပါ။
ကိုလန်ဘတ်စ်ဟာ.သဘောင်္နဲ့မကြာ ခနခရီးထွက်ပြီး.မရောက်ဖူးသေးတဲ့နယ်မြေသစ်တွေကို.လိုက်ရှာလေ့ရှိတယ်။.၁၅၀၄ခုနှစ်မှာ .စတုတ္ထခရီးစဉ်အဖြစ်.စကင်ဒီေ နးဗီးယားနိုင်ငံတွေဖက်ကိုရောက်သွားပါတယ်။.ကျွန်းငယ်လေး တခုကိုရောက်တော့.သူဟာ.နေမကောင်းဖြစ်ပြီး.ဒူးနာဂေါက်ရော ဂါကြောင့်.အိပ်ယာကမထနိုင်ဖြ စ်နေတယ်။.သင်္ဘောသားတွေက.သူ့ကိုကျွန်းပေါ်က.အစာရေစာနဲ့သဲေ သာင်ပြင်မှာ.ချန်ရစ်ထားခြဲ့ ပီး.သဘောင်္ခရီးဆက်ထွက်သွားကြ တယ်။
ရက်နဲငယ်ကြာတော့.ကိုလန်ဘတ်စ်မှာ.စားစရာကုန်သွားပါတယ်။. ကံကောင်းတာက.သူ့ကို.ကျွန်းသားတွေက.အသီးအနှံတွေကို.ခြင်းတောင်းလေးတွေထဲထဲ့ပြီး.နေ့ စဉ်လာပေးလို့.အဲဒါလေးတွေစား ရင်းနဲ့.အသက်ဆက်ရှင်နေခွင့် ရခဲ့တယ်။
ဒါပေမဲ့.လပေါင်းအတန်ကြာလာတော့.ကျွန်းသားတွေဟာ.သူ့ကို.အ လကားပေးကျွေးနေရတာကို.မသထာေ တာ့လို့.စားစရာတွေ.လာမပေးကြ တော့ဘူး။.ဒီတော့.ကိုလန်ဘတ်စ်ဟာ.အစာရေစာငတ်ပြတ်စပြုလာပြီ။.ဒါပေမဲ့.ကံကောင်းတာက.သူဖ တ်ဖူးတဲ့စာအုပ်တအုပ်ထဲက.မှတ်သားထားတာလေးတွေကို.ပြန်ဖတ် ရင်းနဲ့.မကြာခင်.တပါတ်အတွင်းမှာ.နေကြတ်တော့မယ်ဆိုတာသိလိုက်တယ်။
အဲဒီတော့.ကိုလန်ဘတ်စ်က.ကျွန်းသားတွေကို.ပြောလိုက်တယ်။. သူ့ကို.အစာရေစာလာမပေးဘူးဆို ရင်.ကောင်းကင်မှာ.ထွန်းလင်း တောက်ပနေတဲ့နေမင်းကြီးကို.ကိုက်စားပစ်လိုက်မယ်လို့ပြော လိုက်တယ်။.ကျွန်းသားတွေက.သူ့ စကားကိုမယုံကြဘူး။.ရီစရြာေ ပာတယ်ထင်လို့.ဘယ်သူမှ.အစားအ စာ.လာမပေးကြပါဘူး။
ကိုလန်ဘတ်စ်မှန်းထားတဲ့အတို င်းပဲ.တပါတ်အကြာမှာ.နေစကြတ် ပါတယ်။.တဖြည်းဖြည်းနဲ့.နေရဲ့ အစိပ်အပိုင်းအတော်များများ ကို.အမှောင်ဖုံးလာတယ်။.ဒီတော့.ကျွန်းသားတွေဟာ.နေမရှိရင်.သူတို့တသက်လုံးအမှောင်ထဲမှာပဲ.နေကြရတော့မှာကို.ကြောက်လာကြတယ်။.ပြီးတော့.ကိုလန်ဘ တ်စ်ဟာလဲ.တန်ခိုးရှင်တယောက် လို့.ယုံကြည်လာကြတယ်။.ဒါကြောင့်.ကျွန်းသားတွေဟာ.သူ့ကို .အစားအသောက်တွေအများကြီးယူလာကြပြီး.နေမင်းကြီးကိုဆက်မစားဖို့.ရှိခိုးတောင်းပန်ကြတ ယ်။.အဲဒီတော့.ကိုလန်ဘတ်စ်က. နောက်ရက်အနဲငယ်ကျရင်.နေမင်း ကိုစားနေတာ.ရပ်ပေးမယ်လို့ြေ ပာလိုက်တယ်။.သူက.စာဖတ်ထားတော့.နေကြတ်တာပြီးဆုံးဖို့.ရက်အနဲငယ်ပဲလိုတော့တယ်ဆိုတာ.သိနေတယ်လေ။
သူပြောတဲ့အတိုင်း.မကြာခင်နေ ကြတ်တာပြီးဆုံးသွားပြီး.နေမ င်းကြီးဟာ.နဂိုအတိုင်း.ပြန် လည်ထွန်းလင်းတောက်ပလာခဲ့တယ် ။.ကျွန်းသားတွေက.သူ့ကို.တန် ခိုးရှင်တယောက်အဖြစ်.နေ့စဉ် ရက်ဆက်အစာရေစာလာပေးနေလို့.အဲဒါတွေစားရင်းနဲ့.ကိုလန်ဘတ် စ်ဟာ.လပေါင်းအတန်ကြာ.ကျွန်း ပေါ်မှာ.ဆက်နေခဲ့တယ်။.နောက်ဆုံးတော့.သူဟာ.လာခေါ်တဲ့သင်္ဘော နဲ့.စပိန်နိုင်ငံကိုပြန်သွားခဲ့ပါတယ်။.သူ့သားပြန်ပြော ပတာကို.သမိုင်းမှာမှတ်တမ်းတ င်ထားတာပါ။
အဲဒါကြောင့်ပြောတာ.စာဖတ်ကြပါလို့။.စာဖတ်တော့.အသိဉာဏ်ကြွယ်ဝတယ်။.အသိဉာဏ်ကြွယ်ဝသူဟာ .စာမဖတ်လို့.အသိဉာဏ်နဲသူထက် သာတယ်ဆိုတဲ့.သာဓကတခုပါ။
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၂၃)ရက်
နေကြတ်ခြင်း(eclipse)ဆိုတာ.
နေကြတ်တာနဲ့ပတ်သက်ပြီး.ရှေး
၁၄၉၂ခုနှစ်က.အမေရိကတိုက်ကို
ကိုလန်ဘတ်စ်ဟာ.သဘောင်္နဲ့မကြာ
ရက်နဲငယ်ကြာတော့.ကိုလန်ဘတ်စ
ဒါပေမဲ့.လပေါင်းအတန်ကြာလာတေ
အဲဒီတော့.ကိုလန်ဘတ်စ်က.ကျွန
ကိုလန်ဘတ်စ်မှန်းထားတဲ့အတို
သူပြောတဲ့အတိုင်း.မကြာခင်နေ
အဲဒါကြောင့်ပြောတာ.စာဖတ်ကြပ
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၂၃)ရက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။