Yangon Media Group added 2 new photos.
+++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ နိုဝင်ဘာ ၁၀-
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့မှုအ တွက် ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ဂုဏ်ပြု စကားပြောကြား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့်မကြာမီကတွေ့ဆုံခဲ့သူတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ပြောသည်။
“နိုင်ငံတော်သမ္မတကြီးနဲ့ ဇနီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့
တရားဝင်ရလဒ်တွေကို စောင့်ကြည့်နေပါတယ်။ ရွေးကောက်ပွဲကော်မရှင်၏
တရားဝင်ရလဒ်တွေထုတ်ပြန်ပြီးချိန်မှာ NLD အနိုင်ရတာကို ဖုန်းဆက်ပြီး
ဂုဏ်ပြုစကားပြောဖို့ ဆန္ဒရှိနေကြပါတယ်။ သမ္မတကြီးနဲ့ ဇနီးတို့က လည်း အေးအေး
ချမ်းချမ်းရှိနေကြပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။
ယင်းကဆက်လက်ပြီး နိုင်ငံတော်သမ္မတကြီးက ယခုငါးနှစ်တာကာလ အတွင်း တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ်ပြောင်းလဲနိုင်ရန် အတွက် ဆောင်ရွက်ခဲ့ရတဲ့အတွက် တာဝန်ကျေပြီဟု ပြောကြားကြောင်းနှင့် ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာတဲ့အတွက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်ဟု ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီသည် နိုဝင်ဘာ ၈ရက်ကကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် နေရာအများစုတွင် အနိုင်ရရှိခဲ့သဖြင့် အစိုးရဖွဲ့နိုင်သည့် အနေအထားကိရရှိခဲ့ပြီဖြစ် ပြီး လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်မှုကိုစောင့်ဆိုင်းနေသည်။
#Democracytoday

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။