" သိပ်ချစ်မိတဲ့အခါ " ...
..heart emoticon
ကောင်မလေး ။ ။ငါကရုပ်ဆိုးတယ်ဟ။ကြာလာရင်န င်ငါ့ကို ငြီးငွေ့သွားပြီးထားခဲ့မှာပါ။
ကောင်လေး။ ။အချစ်ဆိုတာလှတာမလှတာနဲ့မဆိုင်ပါဘူး ဟ။
ငါပြောပြမယ်---သေချာနားထောင်။အရေပြားတစ်ထောက်စာအလှဆိုတာ
မတည်မြဲတဲ့အရာပါ။ အရေပြားအောက်မှာရှိနေတဲ့cel ls တွေဟာ စက္ကန့်နဲ့အမျှဖြစ်ပျက်ပြောင်းလဲနေတာလေ။ဒါကြောင့်ပြောင်းလဲတတ်တဲ့အလှပတရား တစ်ခုတည်းကြည့်ပြီးလူတစ်ယော က်ကိုချစ်
တာဆိုရင်တော့အဲဒီအချစ်ဟာမတည်မြဲတဲ့အချစ်ပဲဖြစ်လိမ့်မယ် ။
ထာဝရအတွက်ရည် ရွယ်ထားရင်ရုပ်ရည်ဆိုတာထည့် စဉ်းစား စရာမလိုတဲ့အချက်ပါဟာ- ကောင်လေးရဲ့အဖြေကြောင့်ကောင်မလေးကျေနပ်သွား သည်။
ကောင်မလေး။ ။ပီးတော့ငါကမချမ်းသာဘူးနော် ။
ကောင်လေး။ ။ နင်မချမ်းသာတာနင့်အပြစ်မှမဟုတ်တာ။ ပြီးတော့ငါကယောက်ျားပါဟ။ပြည့်ပြီးသား ကိုအခန့်သားနေရာဝင်ယူရမှာထက်မပြည့် သေးတဲ့ကွက်လပ်ကိုပဲအတူဖြည့် မယ့်သူ ပါ။ တကယ်လိုအပ်တာကငါ့အပေါ်နင့်ရဲ့  ယုံကြည်မှုနဲ့နင့်အချစ်တွေပါ ပဲ။ ဒါတွေကငါ့အတွက်အဖိုးမဖြတ်နိုင်တဲ့ အားတွေလေ။ ကောင်လေးရဲ့စကားတွေကိုနားထောင်ပြီးကောင်မလေးရဲ့ ကိုယ်ထဲအားအင်တွေစီးဆင်းသွားသလိုနွေးထွေးသွားသည်။
ကောင်မလေး ။ ။ငါကပညာလည်းမတတ်ဘူးနော်။
ကောင်လေး ။ ။ဘွဲ့တွေရမှပညာတတ်တယ်လို့ြေ ပာတာ လား။အတွေးခေါင်မနေစမ်းပါနဲ့ ကောင်မလေးရဲ့။နင်နဲ့ငါရဲ့ဘဝ ခရီးမှာဘာ ဘွဲ့တွေ၊ဒီဂရီတွေမှမလိုပါဘူးဟ။ အရေးကြီးတာက---နင်ကငါ့ကိုထိ န်းမတ်ပေး နိုင်ပြီးမိသားစုရဲ့စံပြအိမ်ရှင်မအဖြစ်နေပေး ရုံနဲ့ပြည့်စုံပါပြီဟ။မိသား စုတစ်ခု၊အိမ်ထောင် တစ်ခုကိုထိန်းသိမ်းနိုင်တဲ့ ပညာကိုပဲလူတိုင်း တတ်နိုင်တာမဟုတ်ဘူးနော်။ ကောင်လေးရဲ့စကားကကောင်မလေးရ င်ထဲတစ်သက်လုံးကအမြစ်တွယ်လာ ခဲ့တဲ့သိမ်ငယ်စိတ်ကိုအမြစ်က နေဆွဲ နှုတ်ပစ်လိုက်နိုင်သလိုပါပဲ။
ကောင်မလေး ။ ။ငါကအရပ်လည်းပုတယ်နော်။
ကောင်လေး ။ ။ ငါလည်းအရပ်မရှည်ပါဘူးဟ။အသက် ကြီးလို့ ခါးကိုင်းသွားရင်တုတ်ကောက်ေ လးဆင်တူ ထောက်လို့တစ်ယောက်လက်တစ်ယော က် တွဲသွားမယ်လေ။
ကောင်မလေး။ ။ဆံပင်တွေဖြူပြီးအခုချိန်လောက်ရင်ခုန်စရာ မကောင်းတော့ရင်ရော။
ကောင်လေး။ ။ ဆံပင်ဖြူဖြူနဲ့လိုက်ဖက်ညီတဲ့ အဖြူရောင် ဝတ်စုံလေးတွေဆင်တူဝတ်ကြမယ်။ ပြီးတော့ငါတို့ရင်ထဲကဖြူစင် ခြင်းတွေအရင်း တည်လို့တစ်ယောက်နဲ့ဖေးမပြီး ထာဝရလက် တွဲထားကြမယ်လေ။
ကောင်မလေး။ ။သွားတွေမရှိတော့လို့ရယ်လို က်တိုင်းရုပ်ဆိုး နေရင်ရော-
ကောင်လေး ။ ။စိတ်မပူပါနဲ့ကောင်မလေးရယ်။ ကမ္ဘာပေါ်မှာအလှဆုံးဆိုတဲ့နင့် အပြုံးတွေကို ငါပိုင်ဆိုင်ဖူးတာအိပ်မက်မှ မဟုတ်ဘဲဟာ။ ရင်ထဲမှာထာဝရသိမ်းထားရင်းတစ်သက်လုံး ချစ်သွားမယ့်ငါပါဟ။
ကောင်မလေးကကောင်လေးကိုစစ်ဆေးနေတဲ့ Interviewလေးပြီးဆုံးသွားပါ ပြီ။ အဆုံးသတ်မှာတော့ကောင်လေးနဲ့ ကောင်မလေးတို့တစ် ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်တွဲလို့ရယ်ရင်းမောရင်း နဲ့ဘဝခရီးလမ်းကိုဆက်လျှောက် ဖို့ထွက်သွားကြလေသည်။ ချမ်းသာအတူဆင်းရဲမခွဲ၊ခိုင် ခိုင်မြဲတဲ့ချစ်ခြင်းတွေနဲ့ သူတို့ အတူရင်ဆိုင်ကြမယ့်အနာဂတ်ကို လှမ်းမျှော်ကြည့်ရင်း သူတို့ခြေလှမ်းတွေကနောက်မတွ န့်တမ်းသွက်သွက်လှမ်း နေကြတာပေါ့။ ။
Credit : မနောဖြူ
မြတ်နီလာ ။ ( မိုမိုလေး )
ဟာသနဲ့ ဗဟုသုတတွေကိုမှန်မှန်ကြည့်ဖို့ Momolay Android app ကို နီးစပ်ရာ ဖုန်းဆိုင်တိုင်း (သို့) www.momolay.com (သို့ ) Google paly မှာအခုပဲဒေါင်းလိုက်ပါ
..heart emoticon
ကောင်မလေး ။ ။ငါကရုပ်ဆိုးတယ်ဟ။ကြာလာရင်န
ကောင်လေး။ ။အချစ်ဆိုတာလှတာမလှတာနဲ့မဆိ
ငါပြောပြမယ်---သေချာနားထောင
မတည်မြဲတဲ့အရာပါ။ အရေပြားအောက်မှာရှိနေတဲ့cel
တာဆိုရင်တော့အဲဒီအချစ်ဟာမတည
ထာဝရအတွက်ရည် ရွယ်ထားရင်ရုပ်ရည်ဆိုတာထည့်
ကောင်မလေး။ ။ပီးတော့ငါကမချမ်းသာဘူးနော်
ကောင်လေး။ ။ နင်မချမ်းသာတာနင့်အပြစ်မှမဟ
ကောင်မလေး ။ ။ငါကပညာလည်းမတတ်ဘူးနော်။
ကောင်လေး ။ ။ဘွဲ့တွေရမှပညာတတ်တယ်လို့ြေ
ကောင်မလေး ။ ။ငါကအရပ်လည်းပုတယ်နော်။
ကောင်လေး ။ ။ ငါလည်းအရပ်မရှည်ပါဘူးဟ။အသက်
ကောင်မလေး။ ။ဆံပင်တွေဖြူပြီးအခုချိန်လေ
ကောင်လေး။ ။ ဆံပင်ဖြူဖြူနဲ့လိုက်ဖက်ညီတဲ
ကောင်မလေး။ ။သွားတွေမရှိတော့လို့ရယ်လို
ကောင်လေး ။ ။စိတ်မပူပါနဲ့ကောင်မလေးရယ်။
ကောင်မလေးကကောင်လေးကိုစစ်ဆေ
Credit : မနောဖြူ
မြတ်နီလာ ။ ( မိုမိုလေး )
ဟာသနဲ့ ဗဟုသုတတွေကိုမှန်မှန်ကြည့်ဖ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။