ရေခဲမုန့် ရာဇ၀င်
==============
ရေခဲမုန့် ကို ဘယ်သူက ဘယ်အချိန်မှာထွင်တယ်ဆိုပြီး မရှိပါဘူး။
ဒါပေမဲ့ လွန်ခဲ့သော B.C နှစ်ရာခန့် က တရုတ်ပြည်မှာ တရုတ်ဧက ရာဇ်မင်း များကို အပန်းဖြေစားသောက်နိုင်ရန်အလို့ ဌာ၊ စာဖိုမှူးများက တောင်ပေါ်ရှိ ဆီးနှင်းေ ရခဲများကို အရသာရှိစေရန်အတွက် သစ်သီး၊ ပျားရည်တို့ ဖြင့် ရောနှောကာ ဆက်သခဲ့ကြရပါ သည်။ တန်မင်းဆက် (ဘီစီ ၆၁၈-၉၇) ရောက်သောအခါ တရုတ်ပြည်၏ ဆီးနှင်းရေခဲမုန့် စား သုံးမှု သည် ဥရောပတိုက်သို့ ရွေ့ လျားလာခဲ့ပါသည်။
ပြီးတော့ တရုတ်လူမျိုးတွေ ဟာ ပထမဆုံးရေခဲမုန့် လုပ်တဲ့စက်ကိုတီထွင်ခဲ့ကြပါတယ်။ ရေခဲမုန့် ကြိုက်တဲ့အထဲမှာ Alexander The Great တောင် အပါအ၀င်ဖြစ်ပါတယ်။ သူအကြိုက်ဆုံး ရေခဲမုန့် ကတော့ နို့ ကို ပြားရည်ဆမ်းထားတာပဲဖြစ်ပါတယ်။ အစောပိုင်းရေခဲမုန့် တွေ က ချမ်းသာတဲ့လူတွေစားတာမို့ လို့  လူတိုင်းတော့မစားနိုင်ပါဖူး..ပြီးတော့ စက်တွေလည်းမရှိတာကြောင့် ရေခဲမုန့် တွေကို နှင်းတောင်တွေ အထိတောင်သွားရောက်ပြီး ပြုလုပ်ကြရပါတယ်။
ယခုခေတ်မှာထုတ်လုပ်မဲ့ရေခဲမုန့် တွေရဲ့အစကတော့ အီတလီပဲဖြစ်ပါတယ်။ မာကိုပိုလို က တရုတ်ပြည်ကို ရောက်တုန်း ရေခဲမုန့် လုပ်တဲ့ နည်းလမ်းကို အီတလီအထိသယ်ဆောင်လာခဲ့ပါတယ်။
၁၅၃၃ သို့ ရောက်သောအခါ၊ အီတလီမင်းသမီး ကက်သရင်းသည် ပြင်သစ်ဘုရင် ဟင်နရီ (၂) ဖြင့် လက် ဆက်ခဲ့ပါသည်။ သူမသည် ပြင်သစ်ရဲတိုက်သို့ ရောက်သောအခါ၊ အီတလီနိုင်ငံ လုပ် နို့ ရေခဲမုန့် ကို စားသုံးခဲ့ရာမှတဆင့် ပြင်သစ်နိုင်ငံ၏ မင်းစိုးရာဇာများအလယ် တွင် နို့ ရေခဲ မုန့် စားသုံးမှုသည် ရေပန်းစားလာခဲ့ပါသည်။ ပြင်သစ်စားဖိုမှူးတစ်ဦးသည် ချောကလက်နှင့်စတော်ဘယ်ရီ
ရေခဲမုန့် များကို စမ်းသပ်တီထွင်အောင်မြင်ခဲ့ပါသည်။
၁၆၀၀ ပြည့်နှစ်တွင် အင်္ဂလန်မင်းသား ချားလ်စ်(၁) သည် ပြင်သစ်နိုင်ငံသို့ ချစ်ကြည်ေ ရးအ လည် အပတ် ရောက်ရှိခဲ့ပါသည်။ ထိုခရီးစဉ် တွင် ရေခဲမုန့် ဖြင့်ဧည့်ခံသောအခါ၊ ချားလ်စ်(၁) သည် အရသာကိုကြိုက်နှစ်သက်လှသဖြင့်၊ စားဖိုမှူးထံမှ ရေခဲမုန့် လုပ်သော နည်းပညာ ကို ၀ယ်ယူခဲ့ပါသည်။ ထိုမှတဆင့် အင်္ဂလန်နိုင်ငံ၏ ရေပေါ်ဆီလူ့ မလိုင်အသိုင်း အ၀ိုင်းတွင် ရေခဲ မုန့်  အချိုပွဲကိုမြိန်ယှက်စွာစားသုံးလာ ခဲ့ကြပါသည်။ ၁၇၀၀ ပြည့်နှစ်ရောက်သောအခါတွင်တော့ အင်္ဂလန်တိုင်းသူပြည်သားများအားလုံး ရေခဲမုန့် စားသုံးသော ယဉ်ကျေးမှု ထွန်းကာလာခဲ့ ပါ သည်။
၁၇၇၆ နောက်ပိုင်း၌၊ အမေရိကန်ပြည်ထောင်စု၏ နယူးယော့ခ်မြို့ တော်တွင် ပထမဆုံးေ သာ ရေခဲမုန့် ဆိုင်ကို ဖွင့်လှစ်ရောင်းချနိုင်ခဲ့ ပါသည်။ ထိုခေတ်ကာလတွင် ရေခဲမုန့် ကို သစ် သားလက်ဆွဲပုံးထဲထဲ့ကာ လှည်းဖြင့်လှည့်လည်ရောင်းချခဲ့ကြပါသည်။ ၁၈၁၂ ခုနှစ်တွင် သမ္မ တကတော် ဒေါ်လီမဒီဆန်သည် ရေခဲမုန့် ကို အလွန်ကြိုက်နှစ်သက်သူတစ်ေ ယာက်ဖြစ်ေ ပရာ၊ အိမ်ဖြူတော်သို့ ရောက်လာသော ဧည့်သည်တော်များကို ရေခဲမုန့် ဖြင့် ဧည့်ခံကျွေးမွေးလေ့ ရှိပါသည်။
၁၉၀၂ ခုနှစ်တွင် နည်းပညာများလဲ တဖြည်းဖြည်း ခေတ်မှီလာသည့် အတွက် ရေခဲမုန့် ကို ကေ တာ့(Cone) ဖြင့်လည်းကောင်း၊ ဝေဖာခွက်ငယ်ကလေးများ ဖြင့်လည်းကောင်း စားသုံး သူများ အဆင်ပြေစေရန် တီထွင်လာနိုင် ခဲ့ပါသည်။ ထိုခေတ်အခါက ရေခဲမုန့် ကိုဘီစကစ်ဖြင့် တွဲဖက် ၍ စားလေ့ရှိကြပါသည်။ ရေခဲမုန့် ဝယ်လိုမှုအားများလေလေ၊ ထုတ်လုပ်မှု အားကောင်းေ လေ လဖြစ်ရာ ၁၉၁၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတခွင်၌ ရေခဲမုန့် ဆိုင်ငယ်များ လက်ညှိုး ထိုး မလွဲ အောင် ပေါများလာခဲ့ပါသည်။
ကျန်းမာရေးရှုထောင့်မှကြည့်ရမည်ဆိုပါလျှင် ရေခဲမုန့် ကိုနို့ နှင့် နို့ ထွက်ပစ္စည်းများမှ အခြေခံ၍ြ ပုလုပ်ထားသောကြောင့် ကယ်လ်စီယမ် ဓာတ်ပေါကြွယ်ဝကာ ခန္ဓာကိုယ်၏အရိုးတည်ေ ဆာ က် မှု ကို အားပေးပါသည်။ ထို့ ပြင် ကယ်လ်စီယမ် သည် သွေးထဲရှိအဆီကိုလော င်ကျွမ်းေ စနိုင်သဖြင့် အူကင်ဆာ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်တွင် ကျောက် တည်ခြင်းဝေဒနာ တို့  ကို လျော့နည်းစေပါသည်။
( သို့ သော်အချိုကဲ ထားသော ရေခဲမုန့် များကို အလွန်အကျွံမ ဟုတ်ဘဲ သင့်တင့်လျောက်ပတ်စွာ စားသုံးရုံမျှဖြင့် ဘေးထွက်ဆိုးကျိုးမဖြစ်စေနိုင်ပါ။)
ရေခဲမုန့် ကိုလူမျိုးမရွေး၊ဘာသာမရွေး ကြိုက်နှစ်သက်ကြပါသည်။ အခြားအခြားသော သွားရည် စာအချိုပွဲပေါင်း မြောက်များစွာရှိကြသော် လဲဘဲ၊ အအေးစာအချိုပွဲ(၁)မျိုးဖြစ်ေ သာ ရေခဲမုန့် ကိုေ န့  စဉ် စားသောက်ခြင်းဖြင့်လဲ မရိုးအီနိုင်ပါ။ ရေခဲမုန့် ဆိုသည်မှာနို့ကရင်မ်ကို အခြေခံ၍၊ အရ သာကိုအချိုကဲကာ နှစ်သက်ရာ အသီးများ (သို့ မဟုတ်) သစ်သီးရနံ့ တို ဖြင့် ပြုပြင်စီမံအေးခဲ ထားခြင်းဖြစ်ပါသည်။ ရေခဲမုန့် ၏ အပူချိန်ကိုထိန်းပေးနိုင်ရန်အတွက် ဆားဖြင့်ရောနှောေ ပးေ သာ နည်းပညာသည် အဓိကကျလှပါသည်။ ရေခဲမုန့် ကို ထမင်းစား သောက်ပြီးနောက်၊ အချို တည်းရန်အတွက်လည်းကောင်း၊ တီဗွီကြည့်ရင်း သွားရည်စာအဖြစ်လည်းကောင်း၊ ပူ အိုက်ေ သာညနေညခင်းများ တွင် အအေးစာအဖြစ်လည်းကောင်း ၊ မောပန်းနွမ်းနယ်ေ သာအခါများတွင် အမောပြေအဖြစ်လည်းကောင်း စသည်ဖြင့် အချိန်အခါမရွေး စားသုံးလေ့ရှိကြပါသည်။
#PEP_Myanmar #MIlk #Myanmar
Reference : taunzulat , History of Ice-Cream

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။