သံမဏိနှလုံးသား သံမဏိပြည်သူ
======================
တကယ်ဆိုရင် ဒီအမျိုးသမီးကြီးဟာ မြန်မာနိုင်ငံကိုပြန်လာပြီး နိုင်ငံရေးကို စူးစိုက်နှစ်ပြီး လုပ်နေတာ ၂၇ ကြာသွားပြီဗျာ။
မြန်မာ့သမိုင်းမှာ သီပေါကို အင်္ဂလိပ်တွေ အိန္ဒိယကို ဘာဖြစ်လို့ဖမ်းသွားသလဲ။ ရည်ရွယ်ချက်ရှိရှိပါ။ ဘုရင်ချစ်တဲ့ လူမျိုးတွေရဲ့ စိတ်ဓာတ်မှာ ကိုးကွယ်အားထားစရာ မရှိအောင်လုပ်ပြီး စိတ်ဓာတ်တွေကို အညွန့်ချိုးလိုက်တာ။ မြန်မာနိုင်ငံကို ပြန်မလာရအောင် လုပ်ထားလိုက်တော့ သီပေါမင်းရဲ့ သားမြေးတွေ ကုလားတွေနဲ့ညားပြီး ကုလားတွေဖြစ်ကုန်ရတာပေါ့။ မျိုးဆက်တစ်ဆက်ကို ရည်ရွယ်ချက်နဲ့ ဖျောက်ပစ်ကြတာ။
ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်သွားတော့
ဗိုလ်နေဝင်းရဲ့ စီမံမှုကြောင့် ဒေါ်ခင်ကြည်နဲ့ သူ့သားသမီးတွေ အိန္ဒိယမှာ
သွားနေကြရသဗျာ။ အပြောကတော့ သံတမန်ပါ။ ဒါပေမဲ့ ဗိုလ်ချုပ်မိသားစုလည်း
ယဉ်ကျေးစွာ ပြည်နှင်ဒဏ် အပေးခံထားရတာပါ။
ဒေါ်ခင်ကြည်ကို ပြုစုဖို့ပြန်လာရင်း မြန်မာ့နိုင်ငံရေးကို လမ်းကြုံလို့လုပ်တာလို့ အာဏာရှင်အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲကြသဗျ။
နိုင်ငံရေးစင်မြင့်ပေါ်တက်တယ်ဆိုတာ
ပြည်သူက လက်မခံဘဲ တက်လို့မရဘူး။ ၁၉၈၈ ခုနှစ်က နိုင်ငံရေး စင်မြင့်ပေါ်ကို
လက်ခမောင်းခတ်ပြီး တက်လာတဲ့သူတွေ အများကြီးပဲ။ ဦးအောင်ကြီးလည်း ဆင်ဖမ်းမယ်
ကျားဖမ်းမယ်ဆိုပြီးတက်လာတယ် ။
ဝန်ကြီးချုပ်ဟောင်း ဦးနုတက်လာတယ်။ အများကြီးပဲ။ ရဲဘော်ဟောင်းတွေ
နိုင်ငံရေးသမားဟောင်းတွေ အများကြီးတက်လာတာပဲ။ ဒါပေမဲ့ စိတ်ဓာတ်တွေ စေတနာတွေ
မမှန်တော့ တစ်ယောက်ပြီးတစ်ယောက် ဇာတိတွေပေါ်လာပြီး နိုင်ငံရေးက
နောက်ဆုတ်သွားခဲ့ရတယ်။
၁၉၈၈ ခုနှစ်ကတည်းက ပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်တင်ပြီး အာဏာရှင် ဖြုတ်ချရေးတာဝန်ကို ပေးလိုက်တာ။ အဲဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် ၂၇ နှစ်လုံးလုံး တာဝန်ကျေစွာ ထမ်းဆောင်တယ်။ ပြည်သူတွေကလည်း ၂၇ နှစ်လုံးလုံးထောက်ခံခဲ့ကြတာ ။ တကယ့် သံမဏိ နိုင်ငံရေးသမား၊ တကယ့် သံမဏိနှလုံးသားနဲ့ ပြည်သူတွေ။
မနေ့တစ်နေ့ကမှ နိုင်ငံရေးလုပ်မယ်ဆိုပြီး တိုက်ပုံလေးကောက်ဝတ်တဲ့ကောင်တွေကို မေးကြည့်ချင်တာက ခင်ဗျားတို့ ပြည်သူတွေအတွက် ဘယ်နှနှစ်လောက် စွန့်လွှတ်အနစ်နာခံပြီးပြီလဲ ။
မိသားစုကို စွန့်လွှတ်ပြီး နိုင်ငံရေးမှာ နှစ်မြှုပ်ထားဖူးသလား။ ၂၇
နှစ်လုံးလုံး ဘာကိုယ်ကျိုးမှမရှာ၊ စစ်အာဏာရှင်တွေဆီမှာ လုပ်ပိုင်ခွင့် တွေ
လက်ဖြန့်မတောင်း၊ ကိုယ့်အိမ်မှာကိုယ် အကျယ်ချုပ်နဲ့ပြန်နေရပြီး
နိုင်ငံရေးလုပ်နိုင်သလားဆို တာ ပြန်တွေး ပြီးမှ ဆန့်ကျင်ကြပါဗျာ။
.
.
Tin Nyunt
================
======================
တကယ်ဆိုရင် ဒီအမျိုးသမီးကြီးဟာ မြန်မာနိုင်ငံကိုပြန်လာပြီး
မြန်မာ့သမိုင်းမှာ သီပေါကို အင်္ဂလိပ်တွေ အိန္ဒိယကို ဘာဖြစ်လို့ဖမ်းသွားသလဲ။ ရည်ရွယ်ချက်ရှိရှိပါ။ ဘုရင်ချစ်တဲ့ လူမျိုးတွေရဲ့ စိတ်ဓာတ်မှာ ကိုးကွယ်အားထားစရာ မရှိအောင်လုပ်ပြီး စိတ်ဓာတ်တွေကို အညွန့်ချိုးလိုက်တာ။ မြန်မာနိုင်ငံကို ပြန်မလာရအောင် လုပ်ထားလိုက်တော့ သီပေါမင်းရဲ့ သားမြေးတွေ ကုလားတွေနဲ့ညားပြီး ကုလားတွေဖြစ်ကုန်ရတာပေါ့။ မျိုးဆက်တစ်ဆက်ကို ရည်ရွယ်ချက်နဲ့ ဖျောက်ပစ်ကြတာ။
ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန
ဒေါ်ခင်ကြည်ကို ပြုစုဖို့ပြန်လာရင်း မြန်မာ့နိုင်ငံရေးကို လမ်းကြုံလို့လုပ်တာလို့ အာဏာရှင်အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲကြသဗျ။
နိုင်ငံရေးစင်မြင့်ပေါ်တက်တယ
၁၉၈၈ ခုနှစ်ကတည်းက ပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်တင်ပြီး အာဏာရှင် ဖြုတ်ချရေးတာဝန်ကို ပေးလိုက်တာ။ အဲဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် ၂၇ နှစ်လုံးလုံး တာဝန်ကျေစွာ ထမ်းဆောင်တယ်။ ပြည်သူတွေကလည်း ၂၇ နှစ်လုံးလုံးထောက်ခံခဲ့ကြတာ
မနေ့တစ်နေ့ကမှ နိုင်ငံရေးလုပ်မယ်ဆိုပြီး တိုက်ပုံလေးကောက်ဝတ်တဲ့ကောင
.
.
Tin Nyunt
================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။