ကြာပန်းက ကမ္ဘာမြေကြီးပေါ်မှာ နှစ်သန်းပေါင်းတစ်သန်းကျော်ကတည်းကရှိနေခဲ့တယ်။ အဲဒီတုန်းက လူတွေမမွေးဖွားသေးဘူး။
မနက်ခင်းတိုင်းက ကြာပန်းပွင့်တဲ့အချိန်ဖြစ်တယ်။ တကယ်လို့ ကြာပန်းတစ်ပွင့်ဟာ မနက်ခင်းပိုင်းမှာ ကိုယ့်အပြုံးကိုမပွင့်လန်းဘူးဆိုရင် နေ့ခင်း၊ ညခင်းရောက်လည်း သူဟာ မပွင့်နိုင်တော့ပါဘူး။ ညဆိုရင် ပိုလို့တောင် မပွင့်တတ်တော့ပါဘူး။
ဒီကနေ့မနက်မှာပွင့်တဲ့ ကြာပန်းက မနေ့ကပွင့်တဲ့ကြာပန်းမဟုတ်ဘူး။ မနက်ဖြန်ပွင့်မယ့် ကြာပန်းလည်းမဟုတ်ဘူး။ တခြားနေရာဒေသကနေပွင့်တဲ့ ကြာပန်းလည်းမဟုတ်ဘူး။ ကြာပန်းတစ်ပွင့်တိုင်းမှာ သူ့ကိုယ်ပိုင်တမူထူးခြားတာတွေရှိတယ်။ ကြာပန်းတစ်ပွင့်တိုင်းက ကမ္ဘာပေါ်မှာ တစ်ပွင့်တည်းပဲရှိတယ်။
ပန်းပွင့်တစ်ပွင့်တိုင်းဟာ တစ်သက်မှာတစ်ခါသာ ပွင့်ရတယ်။ ဒါကြောင့် သူဟာ လေးနက်ရတယ်၊ ဂရုစိုက်ရတယ်၊ အမှုမဲ့မဖြစ်ရဘူး၊ မလွဲချော်ရဘူး။ လွဲချော်တာနဲ့ ပန်းပွင့်ချိန်ဆိုတဲ့အခွင့်အရေးကို ဘယ်တော့မှရတော့မှာ မဟုတ်ဘူး။
ပန်းပွင့်တဲ့နေ့က ပန်းရဲ့မွေးနေ့ဖြစ်တယ်.. ပန်းရဲ့ အထိမ်းအမှတ်နေ့ဖြစ်တယ်… ပန်းရဲ့နှစ်သစ်ဖြစ်တယ်။
ပန်းမှာလည်း ဦးနှောက်ခြောက်စရာ၊ စိတ်ညစ်စရာတွေရှိတယ်၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေရှိတယ်။ ဒါပေမယ့် စိတ်ညစ်လို့၊ ဝမ်းနည်းလို့၊ စိတ်ရှုပ်လို့ဆိုပြီး သူတို့ဟာ သူတို့ရဲ့မွှေးရနံ့ကိုထုတ်လွှင့်ဖို့ မမေ့ကြဘူး။ သူတို့ရဲ့အလှတရားကိုထုတ်ဖော်ဖို့ မမေ့ကြဘူး။
ဒီလောကမှာ ပွင့်ဖို့မေ့သွားတဲ့ပန်းဆိုတာ မရှိပါဘူး…
မနက်ခင်းတိုင်းက ကြာပန်းပွင့်တဲ့အချိန်ဖြစ်တ
ဒီကနေ့မနက်မှာပွင့်တဲ့ ကြာပန်းက မနေ့ကပွင့်တဲ့ကြာပန်းမဟုတ်ဘ
ပန်းပွင့်တစ်ပွင့်တိုင်းဟာ တစ်သက်မှာတစ်ခါသာ ပွင့်ရတယ်။ ဒါကြောင့် သူဟာ လေးနက်ရတယ်၊ ဂရုစိုက်ရတယ်၊ အမှုမဲ့မဖြစ်ရဘူး၊ မလွဲချော်ရဘူး။ လွဲချော်တာနဲ့ ပန်းပွင့်ချိန်ဆိုတဲ့အခွင့်
ပန်းပွင့်တဲ့နေ့က ပန်းရဲ့မွေးနေ့ဖြစ်တယ်.. ပန်းရဲ့ အထိမ်းအမှတ်နေ့ဖြစ်တယ်… ပန်းရဲ့နှစ်သစ်ဖြစ်တယ်။
ပန်းမှာလည်း ဦးနှောက်ခြောက်စရာ၊ စိတ်ညစ်စရာတွေရှိတယ်၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေရှိတယ်။ ဒါပေမယ့် စိတ်ညစ်လို့၊ ဝမ်းနည်းလို့၊ စိတ်ရှုပ်လို့ဆိုပြီး သူတို့ဟာ သူတို့ရဲ့မွှေးရနံ့ကိုထုတ်လွှ
ဒီလောကမှာ ပွင့်ဖို့မေ့သွားတဲ့ပန်းဆို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။