ဂီတမိုးကောင်းကင်ထဲ လေအဟုန်ဆန်တက် ပျံသန်းနေတဲ့ သံမဏိလိပ်ပြာ သို့မဟုတ် အဆိုတော်လင်းလင်း
အတိတ်သည် ခက်ထန်ကြမ်းသော်လည်း ပြန်ပြောင်းကြည့်လျှင် လူသားတစ်ယောက်၏ ဘဝစွန့်စားခန်း၊ တန်ဖိုးအရှိဆုံး၊ အချိုမြိန်ဆုံးနေ့ရက်များ ဖြစ်နေပေသည်။ ထိုသို့သော နေ့ရက်များ ဂီတအနုပညာ ချစ်မြတ်နိုးစိတ်အပြည့်ဖြင့်  ကြုံဆုံလာသမျှ လောကဓံ ဘဝခရီးကြမ်းမျိုးစုံကို ကြံ့ကြံ့ခံကျော်ဖြတ်သန်းခဲ့ သော လူငယ်တစ်ဦးကား တစ်ချိန်က တိုက်ပွဲပျော်လူငယ်ရုပ်ပုံလွှာ
ဖြစ်ခဲ့သလို ယခုအခါမှာတော့ ဂီတ မိုးကောင်းကင်ထက်၌ လင်းလက်တောက်ပနေသည့်
သံမဏိလိပ်ပြာ ရုပ်ပုံလွှာ ဖွဲ့နွဲ့ပိုင်ဆိုင်ထားသူ အဆိုတော်
လင်းလင်းဖြစ်နေပါပြီ။
လင်းလင်းဆိုပြီး ဂီတအနုပညာလောကထဲ၌ နာမည်တစ်လုံး တည်ဆောက်ပိုင်ဆိုင်ရယူခဲ့သည်။
လိုင်းကားစပယ်ယာ၊ လမ်းဘေးဈေး သည်၊ အရောင်းဝန်ထမ်းစသည့်၊
ဘဝခရီးကြမ်းမျိုးစုံ ကျင်လည်ဖြတ်သန်း ကျော်ဖြတ်ခဲ့ရတာမို့ ဂီတအနုပညာအတွက်
ပေးဆပ်ရင်းနှီးမှုက ကြီးမားလှ၏။ထိုသို့သော ဘဝလှိုင်းထန်သော
အတိတ်နေ့ရက်များကို အနုပညာ ချစ်စိတ်ဇွဲဟုန်မာန်ခွင်း၍ ကြံ့ကြံ့ခံ
ဖြတ်ကျော်ခဲ့ရပုံအကြောင်း ပြန်ပြောင်း ပြောပြရင်း မိမိကိုယ်မိမိ
ဂီတအနုပညာချစ်စိတ်များက ဘဝနေ့သစ်ဆီ၊ အောင်မြင်မှုပန်းတိုင်ဆီ
အရောက်လှမ်းချီနိုင်စေခဲ့ပြီး တန်ဖိုးရှိသော အမှတ်တရအတိတ် နေ့စွဲများလည်း ဖြစ်ခဲ့တာကြောင့် လင်းလင်းကိုယ်တိုင် ကြည်းနူပီတိ လွှမ်းခြုံနေသည်က အမှန်ပင်။
” ဒါတွေကတော့ ပြန်ပြောရင်လည်း ဇာတ်နာတာမို့ မပြောတော့ပါဘူး။ ပြောစရာလည်းမဟုတ်ဘူး။ အလုပ်တော်တော်များများ လုပ်ခဲ့ဖူးတယ်။ ဆူးလေမှာ ဈေးရောင်းတယ်။ အင်းစိန်ကားလိုင်းမှာ စပယ်ယာလုပ်တယ်။ ဒါပေမဲ့ အဲဒီအချိန်ကတော့ ပျော်စရာကောင်းပါတယ်။ ဘဝကို အကူအညီမပါဘဲ လက်တွေ့ရင်ဆိုင်ရတဲ့အချိန်ေ ပါ့။
အကူအညီမပါဘဲလို့ပြောတာက ပိုက်ဆံကျောထောက်နောက်ခံ၊ ဆွေကြီးမျိုးကြီးကျော
ထောက်နောက်ခံမရှိဘူး။ နေစရာ စားစရာကို ကိုယ့်ဘာသာရှာစားရတယ်။
ဒုက္ခတွေများသလို ပျော်ဖို့လည်းကောင်းပါတယ်” ဟု လင်းလင်းကပြောသည်။
ဂီတအတွက်လာခဲ့သော်လည်း ဘဝတိုက်ပွဲတွေကြား ဝင်တိုးနေရသည့် လင်းလင်း၊ သူ
ရည်ရွယ်ရာကို အခုထိမမြင်ရသေး။ သို့သော် သီချင်းကတော့ လင်းလင်း
နှင့်တွဲလျက်ရှိသည်။ ညဘက် အဆောင်ပြန်ရောက်လျှင် သီချင်းရေးသည်။
ဂစ်တာတီးသည်။ လင်းလင်းဆီမှာ ဒေါင်ဒေါင်မြည် သီချင်းတွေရှိနေပြီ။ အယ်ဖြူ၊
မောင်မောင်ဇော်လတ်တို့နှင့် လည်း တွေ့ကြရင်း စတူဒီယိုများသို့လည်း ရောက်ဖူးခဲ့သည့် အတွေ့အကြုံတွေရှိသည်။ရန်ကုန်၏ လူနေမှုစရိုက်တွင်စီးမျောရင်း
စားဝတ်နေရေးကို ရုန်းကန်ရင်း လင်းလင်းအတွက် အချိန်တွေကြာလာသည်။
လင်းလင်းစဉ်းစားသည်။ ရုန်းရင်းကန်ရင်း လှုပ်ရှားရင်း သူ လုပ်ချင်သည့်
ဝါသနာအတွက် လမ်းစကို ရှာဖွေသည်။
” ကက်ဆက်ရီကောဒင်းလေးနဲ့ ကျွန်တော်သီချင်းတွေကို ဂစ်တာနဲ့ ရီကော့ဒ်လုပ်တယ်။ ပြီးတော့ PTL ကို ဖုန်းလှမ်းဆက်တယ်။ အဲဒီဖုန်း နံပါတ်ကတော့ အရေးကြီးတယ်လေ။ ဖုန်းနံပါတ်ရတော့ ကိုလေး(လေးဖြူ)တို့လာတဲ့အချိန်မှာ
သီချင်းလေးတွေ ပြချင်လို့ပါဆိုပြီး ဖုန်းဆက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊
ကိုလေးတို့ ဒီနေ့သီချင်းဆိုရှိတယ်။ ကိုလေးတို့ အခုရှိတယ်ပြောတယ်။ အဲဒါနဲ့
PTL ရောက်သွားတယ်။ ကိုလေးနဲ့ တိုက်ရိုက်တွေ့ပြီး သီချင်း Owntune လေးတွေ
ပြချင်လို့ပါဆိုပြီး ပြခဲ့တယ်။ ကိုလေးက ဆက်သွယ်ရမယ့် ဖုန်းနံ
ပါတ်တောင်းတော့ အဆောင်က ဖုန်းနံပါတ်ပေးခဲ့တယ်” ဟု လင်း လင်းကပြောသည်။
ရင်ထဲကသီချင်းတွေကို မြန်မာပြည်၏ နာမည်ကျော်ရော့ခ်ကာကြီးတစ်ဦးကို
ပြနိုင်ခဲ့သည့် လင်းလင်း ထိုနေ့ကစပြီး အဆောင်က မခွာတော့။
အဆောင်ဖုန်းသာလျှင် ဆက်သွယ်ရန် အားကိုးရသည့် အခြေအနေမှာ လင်းလင်းအတွက်
ထိုဖုန်းမြည်သံသည် အရေးကြီးသည်။ သီချင်းပြပြီး မကြာမီ
လင်းလင်းမျှော်နေသောဖုန်း လေးဖြူဆီမှ ဝင်လာသည်။ တွေ့ချင်သည်ဟုပြောသည်။
” ကိုလေးရဲ့ လိပ်ပြာကလည်း ထွက်ပြီးခါစဆိုတော့ ကိုလေးက နောက်အခွေလည်း own tune တည်မှာဆိုတော့ ကျွန်တော်နဲ့ သီချင်းတွေလုပ်ဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကိုလေးကိုစပြတုန်းက သီချင်းတွေက အခုထိမထွက်ဖြစ်ဘူး။ ကိုလေးက ကြိုက်တယ်ဆိုတော့ ဝမ်းသာသွားပြီး ထပ်ရေးတဲ့သီချင်းတွေကမှ “ခဏလေးများ” မှာ ပါဖို့ဖြစ်လာတယ်” ဟု လင်းလင်းကပြောသည်။
လင်းလင်းဖြစ်သွားပြီ။ ခဏလေးများနှင့်အတူ လင်းလင်းဖြစ်လာခဲ့ပြီ။ ကိုယ်ယုံကြည်ရာကိုလုပ်ရင်း ပတ္တမြားမှန်ရင် နွံမနစ်သည့်အတိုင်း လင်းလင်း၏သီချင်းတွေကို လေးဖြူ နှင့်တွဲကာ လူငယ်ပရိသတ်အားလုံး ခံစားမိသွားကြသည်။ လင်းလင်း၏ “ဇ” ကို သိသွားကြသည်။IC အဖွဲ့၏ အမာခံ လေးဖြူ၏ ခဏလေးများမှာ လင်းလင်းဖြစ်ခဲ့ပြီး နောက်မှာတော့ အငဲ၊ မျိုးကြီးတို့၏ ကိုယ်ပိုင်သံစဉ် စီးရီးများမှာလည်း လင်းလင်းလက်ရာများ ပိုတွေ့လာခဲ့ရသည်။
” လူနေမှုဘဝအခြေအနေ အဆင်ပြေတာ မပြေတာထက် ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ရတဲ့အတွက် ကျွန်တော့်အတွက်တော့ အဆင်ပြေနေတယ်။ “ခဏလေးများ” ကစပြီး လမ်းကြောင်းပေါ် စရောက်လာပြီဆိုတော့ ဒုက္ခတွေလည်း ပီတိနဲ့ ဖုံးသွားတယ်” ဟု လင်းလင်းက ပြောသည်။တေးရေးဘဝဖြင့် လင်းလင်း ဖြစ်ခဲ့ပြီးသည့်နောက်မှာတော့  တေးဆို လင်းလင်းထိ ဖြစ်လာဖို့ပါ အကြောင်းဖန်လာသည်။
” ကိုယ်တန်ဖိုးထား ချစ်မြတ်နိုးတဲ့အလုပ်က ကိုယ့်ကို ပြန်အဆင်ပြေစေတယ်လို့ပဲ ပြောရမယ်။ ကိုယ်ရေးပေးလိုက်တဲ့ သီချင်းလေးတွေကလည်း အဆိုတော်နဲ့ အစပ်အဟပ်တည့်တာလေးတွေများတော့
သီချင်းလေးတွေရေးပေးရင်း ကိုယ်ကလည်း အကြမ်းလေးတွေ ဆို ဆိုပြတော့ ”
ခွင့်ပြုတယ် ခွင့်လွှတ်တယ်” စီစဉ်တဲ့ ပရိုဂျူဆာက သူ့အခွေမှာ
ဝင်ဆိုဖို့ပြောရင်း “သောကဘုံ” ဆိုတဲ့ သီချင်းကို The Jungle အနေနဲ့
ဆိုဖြစ်ခဲ့တယ်။ ကိုယ်လုပ်တတ်သလောက်လေး ချပြထားတာ တောဆန်ကောင်းလည်း
ဆန်နေမယ်ဆိုပြီး The Jungle လို့ ပေး လိုက်တယ်” ဟု လင်းလင်းက ပြောသည်။
အတွဲခွေတွေမှာလည်း လင်းလင်းဖြစ်လာခဲ့ပြီးနောက် “စဉ်းစားပါ” တစ်ကိုယ်တော်စီးရီးနှင့်အတူ
တစ်နိုင်ငံလုံးနီးပါးက လူငယ်ပရိသတ်ကို လင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး
ကိုယ်ပိုင်သံစဉ်များကို တရှိုက်မက်မက် တောင့်တလာသည့်ခေတ်ကြီးထဲတွင်
လိုအပ်နေသောနေရာသို့ လင်းလင်း အချိန်မီ ဝင်ရောက်လာခဲ့သည်။
နိုင်ငံခြားသံစဉ်များကို မှီငြမ်းနေရသည့် အခြေအနေကို
ငြီးငွေ့နေကြပြီဖြစ်သည့် လူငယ်များအကြား လင်းလင်းရေပန်းစားလာသည်။
ကိုယ်ပိုင်သံစဉ် အရေးအဖွဲ့ ကောင်းသူများအကြား လင်းလင်းလည်း
နာမည်ရတစ်ဦးဖြစ်လာသည်။ “စဉ်းစားပါ” အပြီး ” အမှန်တရား ” တေးစီးရီး
ထွက်လာသည့်အချိန်တွင် ရင်ဘတ်ချင်းနီးသူတွေ ပိုတိုးလာခဲ့သည်။ ဒုတိယစီးရီး
“အမှန်တရား” ကို လေးဖြူ ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
” အမှန်တရား” စီးရီးတစ်ခွေလုံးလုပ်နေတဲ့ အချိန်ကတည်းက ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိတယ်။ ကျွန်တော့်အပေါ်မှာ ကိုလေးကျေး ဇူးတွေ မကင်းဘူး။ အဲဒီအတွက် အခွင့်သာခိုက်မှာ ကျွန်တော်တစ်ခုခု ပြန်လုပ်ပေးချင်တယ်။ “အမှန်တရား” စီးရီးတစ်ခုလုံးကို ကိုလေးကိုပေးတယ်။ ကိုလေးထုတ်လုပ်သူအဖြစ် လုပ်ပေးပါ။ ကျွန်တော့်ကို ကြိုက်သလောက်ပေး။ ဒီအခွေနဲ့ပတ်သက်တဲ့ right (မူပိုင်ခွင့်) အားလုံး ကိုလေးသဘောပါလို့ ပြောတယ်။ ကိုလေးတို့ပဲ ဒီအခွေကို ထုတ်ဝေသူအဖြစ် လုပ်ပေးပါတယ်” ဟု လင်းလင်းက ပြောသည်။
သီချင်းတိုင်း၊ စီးရီးတိုင်း အတိုင်းအတာ အနည်းအများနှင့် ပရိသတ်ဆီရောက်ခဲ့သည့် လင်းလင်းကို တတိယစီးရီးနှင့် စတုတ္ထစီးရီးမှာတော့ လင်းလင်း၏ ပုံစံသစ်ကို မြင်လာရသလို လမ်းကြောင်းတစ်ခုလည်း တွေ့လာရသည်။ ပြည်သူတွေကြားက အဖြစ်အပျက်တွေ၊ ဘဝတွေကို ပိုမို ဖော်ကျူးလာတတ်သည့် လင်းလင်းသီချင်းများနှင့်အတူ
လင်းလင်းကိုလည်း ပုံစံတစ်မျိုးဖြင့် မြင်လာရသည်။ အနုပညာသမား လင်း လင်း၊
စတူဒီယိုခန်းထဲက လင်းလင်း၊ စတိတ်စင်ပေါ်က လင်းလင်းအပြင်၊ လူထုကြားမှ
လင်းလင်းကိုမြင်လာရသည်။
” ၂ဝ၁ဝ ခုနှစ် အမေစုလွတ်မြောက်လာတော့ အနုပညာရှင်တွေနဲ့ဆုံပြီး ပညာရေးကွန်ရက်ပွဲလုပ်ဖို့ ဖြစ်လာတယ်။ ဂီတသမားတွေနဲ့ ဆုံတဲ့အချိန်မှာတော့ ကျွန်တော်က နယ်ရောက်နေတယ်။ ပွဲလုပ်ဖို့ရှိတယ်ဆိုတော့ ပြန်လာပြီး လုပ်ကြရင်းနဲ့ နောက်ပိုင်းမှာ စည်းရုံးရေး ခရီးစဉ်တွေရှိတယ်။နယ်တွေသွားဖို့ရှိလာတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်အရွယ်ရောက်စ စဉ်းစားတွေးခေါ်နိုင်တဲ့အရွယ်ကတည်းက
အမေစုကို အလေးစားဆုံးပဲ။ ဘာ ကြောင့်ဆိုတာတော့ အဖြေတွေအများကြီး ရှိပါတယ်။
အဲ့ဒါနဲ့ ခုလို ကြုံလာတုန်း စည်းရုံးရေး ခရီးစဉ်တွေမှာလည်း
လိုက်လုပ်နိုင်သလောက် လုပ်မယ်ပေါ့။ အဓိကရည်ရွယ်ချက်ကတော့ အမေစုနားနေပြီး
ကိုယ်လုပ်နိုင်သလောက် ပါဝင်ကူညီ ဆောင်ရွက်ပေးတယ်။ ဒီလိုကူတယ်ဆိုတာလည်း
သန်းခြောက်ဆယ်ကို ကိုယ်နိုင်တဲ့ ဘက်က ကူပေးတယ်လို့ ခံယူချက်နဲ့
လုပ်ဖြစ်တယ်။ ဒီလိုလိုက်ဖို့ဆိုရင် ပါတီဝင်မဟုတ်ရင် တချို့ကိစ္စတွေမှာ
အဆင်မပြေတာတွေရှိတာကြောင့် ပါတီဝင်အဖြစ်နဲ့ အမေစု ခရီးစဉ်တွေမှာ
တောက်လျှောက်လိုက်ဖြစ်တယ်” ဟု လင်းလင်းက ပြောသည်။
၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အနီးမှာ လင်းလင်းကို တွေ့မြင်ရသလို ၂ဝ၁၅ရွေးကောက်ပွဲကာလမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
လင်းလင်းကို တောက်လျှောက်တွေ့မြင်ရသည်။ အားလုံးက စိတ်ဝင်စားကြသည်။
လင်းလင်း ဘာလုပ်မလဲ။ နိုင်ငံရေး အခင်းအကျင်းထဲမှာ လင်းလင်းပါလာမလား။
အနုပညာသမားလင်းလင်းကို နိုင်ငံရေးနယ်ပယ်မှာ ပိုမြင်လာရမလား။
” ကျွန်တော်သေတဲ့အထိကတော့ ကျွန်တော်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကနေ ဘယ်တော့မှ ရှောင်ဖယ်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဂီတသမားတွေအနေနဲ့ ပရိသတ်၊ နိုင်ငံရေးအနေနဲ့ ပြောရင် ပြည်သူ၊ဘယ်လိုပြောပြော ဒါဟာသန်းခြောက်ဆယ် ပြည်သူတွေပဲ။ အဲ့ဒီအတွက် အပြင်ဘက်ကနေ အမေစုနားမှာနေပြီး ကူညီတာတွေ၊ ဆောင်ရွက်တာတွေသည် ကျွန်တော့် ရဲ့ခံယူချက် ခံစားချက်တွေနဲ့ပဲ ဆိုင်တယ်။ အနုပညာကို ပစ်ထားပြီးတော့ ဘာမှ လုပ်မှာမဟုတ်ဘူး။ အရှင်းဆုံးပြောရရင် တချို့ကမေးတယ်။ အမတ်လုပ်မှာလား။ နိုင်ငံရေးထဲဝင်မှာလားပေါ့။ အရှင်းဆုံးဖြေရရင် အမတ်လည်း မလုပ်ဘူး။ လုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူး။
အမတ်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ အနုပညာသမား တစ်ယောက်အနေနဲ့လည်း
ကိုယ့်နိုင်ငံအတွက်၊ ပရိသတ်ပြည်သူ အတွက် ကောင်းရာကေင်းကြောင်း
ရည်ရွယ်ချက်တွေကို အများ ကြီးလုပ်လို့ရတယ်” ဟု လင်းလင်းက ပြောသည်။
ရဲရဲ
#Popular journal
အတိတ်သည် ခက်ထန်ကြမ်းသော်လည်း ပြန်ပြောင်းကြည့်လျှင် လူသားတစ်ယောက်၏ ဘဝစွန့်စားခန်း၊ တန်ဖိုးအရှိဆုံး၊ အချိုမြိန်ဆုံးနေ့ရက်များ ဖြစ်နေပေသည်။ ထိုသို့သော နေ့ရက်များ ဂီတအနုပညာ ချစ်မြတ်နိုးစိတ်အပြည့်ဖြင်
လင်းလင်းဆိုပြီး ဂီတအနုပညာလောကထဲ၌ နာမည်တစ်လုံး တည်ဆောက်ပိုင်ဆိုင်ရယူခဲ့သည
” ဒါတွေကတော့ ပြန်ပြောရင်လည်း ဇာတ်နာတာမို့ မပြောတော့ပါဘူး။ ပြောစရာလည်းမဟုတ်ဘူး။ အလုပ်တော်တော်များများ လုပ်ခဲ့ဖူးတယ်။ ဆူးလေမှာ ဈေးရောင်းတယ်။ အင်းစိန်ကားလိုင်းမှာ စပယ်ယာလုပ်တယ်။ ဒါပေမဲ့ အဲဒီအချိန်ကတော့ ပျော်စရာကောင်းပါတယ်။ ဘဝကို အကူအညီမပါဘဲ လက်တွေ့ရင်ဆိုင်ရတဲ့အချိန်ေ
” ကက်ဆက်ရီကောဒင်းလေးနဲ့ ကျွန်တော်သီချင်းတွေကို ဂစ်တာနဲ့ ရီကော့ဒ်လုပ်တယ်။ ပြီးတော့ PTL ကို ဖုန်းလှမ်းဆက်တယ်။ အဲဒီဖုန်း နံပါတ်ကတော့ အရေးကြီးတယ်လေ။ ဖုန်းနံပါတ်ရတော့ ကိုလေး(လေးဖြူ)တို့လာတဲ့အချ
ရင်ထဲကသီချင်းတွေကို မြန်မာပြည်၏ နာမည်ကျော်ရော့ခ်ကာကြီးတစ်ဥ
” ကိုလေးရဲ့ လိပ်ပြာကလည်း ထွက်ပြီးခါစဆိုတော့ ကိုလေးက နောက်အခွေလည်း own tune တည်မှာဆိုတော့ ကျွန်တော်နဲ့ သီချင်းတွေလုပ်ဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကိုလေးကိုစပြတုန်းက သီချင်းတွေက အခုထိမထွက်ဖြစ်ဘူး။ ကိုလေးက ကြိုက်တယ်ဆိုတော့ ဝမ်းသာသွားပြီး ထပ်ရေးတဲ့သီချင်းတွေကမှ “ခဏလေးများ” မှာ ပါဖို့ဖြစ်လာတယ်” ဟု လင်းလင်းကပြောသည်။
လင်းလင်းဖြစ်သွားပြီ။ ခဏလေးများနှင့်အတူ လင်းလင်းဖြစ်လာခဲ့ပြီ။ ကိုယ်ယုံကြည်ရာကိုလုပ်ရင်း ပတ္တမြားမှန်ရင် နွံမနစ်သည့်အတိုင်း လင်းလင်း၏သီချင်းတွေကို လေးဖြူ နှင့်တွဲကာ လူငယ်ပရိသတ်အားလုံး ခံစားမိသွားကြသည်။ လင်းလင်း၏ “ဇ” ကို သိသွားကြသည်။IC အဖွဲ့၏ အမာခံ လေးဖြူ၏ ခဏလေးများမှာ လင်းလင်းဖြစ်ခဲ့ပြီး နောက်မှာတော့ အငဲ၊ မျိုးကြီးတို့၏ ကိုယ်ပိုင်သံစဉ် စီးရီးများမှာလည်း လင်းလင်းလက်ရာများ ပိုတွေ့လာခဲ့ရသည်။
” လူနေမှုဘဝအခြေအနေ အဆင်ပြေတာ မပြေတာထက် ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ရတဲ့အတွက် ကျွန်တော့်အတွက်တော့ အဆင်ပြေနေတယ်။ “ခဏလေးများ” ကစပြီး လမ်းကြောင်းပေါ် စရောက်လာပြီဆိုတော့ ဒုက္ခတွေလည်း ပီတိနဲ့ ဖုံးသွားတယ်” ဟု လင်းလင်းက ပြောသည်။တေးရေးဘဝဖြင့် လင်းလင်း ဖြစ်ခဲ့ပြီးသည့်နောက်မှာတော
” ကိုယ်တန်ဖိုးထား ချစ်မြတ်နိုးတဲ့အလုပ်က ကိုယ့်ကို ပြန်အဆင်ပြေစေတယ်လို့ပဲ ပြောရမယ်။ ကိုယ်ရေးပေးလိုက်တဲ့ သီချင်းလေးတွေကလည်း အဆိုတော်နဲ့ အစပ်အဟပ်တည့်တာလေးတွေများတေ
အတွဲခွေတွေမှာလည်း လင်းလင်းဖြစ်လာခဲ့ပြီးနောက်
” အမှန်တရား” စီးရီးတစ်ခွေလုံးလုပ်နေတဲ့ အချိန်ကတည်းက ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိတယ်။ ကျွန်တော့်အပေါ်မှာ ကိုလေးကျေး ဇူးတွေ မကင်းဘူး။ အဲဒီအတွက် အခွင့်သာခိုက်မှာ ကျွန်တော်တစ်ခုခု ပြန်လုပ်ပေးချင်တယ်။ “အမှန်တရား” စီးရီးတစ်ခုလုံးကို ကိုလေးကိုပေးတယ်။ ကိုလေးထုတ်လုပ်သူအဖြစ် လုပ်ပေးပါ။ ကျွန်တော့်ကို ကြိုက်သလောက်ပေး။ ဒီအခွေနဲ့ပတ်သက်တဲ့ right (မူပိုင်ခွင့်) အားလုံး ကိုလေးသဘောပါလို့ ပြောတယ်။ ကိုလေးတို့ပဲ ဒီအခွေကို ထုတ်ဝေသူအဖြစ် လုပ်ပေးပါတယ်” ဟု လင်းလင်းက ပြောသည်။
သီချင်းတိုင်း၊ စီးရီးတိုင်း အတိုင်းအတာ အနည်းအများနှင့် ပရိသတ်ဆီရောက်ခဲ့သည့် လင်းလင်းကို တတိယစီးရီးနှင့် စတုတ္ထစီးရီးမှာတော့ လင်းလင်း၏ ပုံစံသစ်ကို မြင်လာရသလို လမ်းကြောင်းတစ်ခုလည်း တွေ့လာရသည်။ ပြည်သူတွေကြားက အဖြစ်အပျက်တွေ၊ ဘဝတွေကို ပိုမို ဖော်ကျူးလာတတ်သည့် လင်းလင်းသီချင်းများနှင့်အတ
” ၂ဝ၁ဝ ခုနှစ် အမေစုလွတ်မြောက်လာတော့ အနုပညာရှင်တွေနဲ့ဆုံပြီး ပညာရေးကွန်ရက်ပွဲလုပ်ဖို့ ဖြစ်လာတယ်။ ဂီတသမားတွေနဲ့ ဆုံတဲ့အချိန်မှာတော့ ကျွန်တော်က နယ်ရောက်နေတယ်။ ပွဲလုပ်ဖို့ရှိတယ်ဆိုတော့ ပြန်လာပြီး လုပ်ကြရင်းနဲ့ နောက်ပိုင်းမှာ စည်းရုံးရေး ခရီးစဉ်တွေရှိတယ်။နယ်တွေသွာ
၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည
” ကျွန်တော်သေတဲ့အထိကတော့ ကျွန်တော်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကနေ ဘယ်တော့မှ ရှောင်ဖယ်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဂီတသမားတွေအနေနဲ့ ပရိသတ်၊ နိုင်ငံရေးအနေနဲ့ ပြောရင် ပြည်သူ၊ဘယ်လိုပြောပြော ဒါဟာသန်းခြောက်ဆယ် ပြည်သူတွေပဲ။ အဲ့ဒီအတွက် အပြင်ဘက်ကနေ အမေစုနားမှာနေပြီး ကူညီတာတွေ၊ ဆောင်ရွက်တာတွေသည် ကျွန်တော့် ရဲ့ခံယူချက် ခံစားချက်တွေနဲ့ပဲ ဆိုင်တယ်။ အနုပညာကို ပစ်ထားပြီးတော့ ဘာမှ လုပ်မှာမဟုတ်ဘူး။ အရှင်းဆုံးပြောရရင် တချို့ကမေးတယ်။ အမတ်လုပ်မှာလား။ နိုင်ငံရေးထဲဝင်မှာလားပေါ့။
ရဲရဲ
#Popular journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။