“တစ်ထွာတစ်မိုက်မျှသာ ရှိသော်လည်း”
“ဟေ့…မင်းမှာ ဦးနှောက်ရော ပါရဲ့လား။ ဘယ်လောက်ပြောပြော မမှတ်မိဘူးလား။ အမှိုက်တွေ အဲဒီမှာ မပုံနဲ့လို့ ပြောထားတယ်လေ။”
အင်း…ဟုတ်ပါရဲ့။ ကျွန်တော်ကလဲ ကျွန်တော်ပါပဲ။ မှတ်ထားရက်နဲ့ မှားလုပ်မိပြန်ပါပြီ။ ကြီးကြပ်ရေးမှူးရဲ့ အဆူအဆဲခံရတာလဲ ဒီအလုပ်မှာ ကျွန်တော့်လောက် ဘယ်သူမှ များမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဒီကလူတွေ ပြောသလို အီးမကောင်းဘူးလေ။ အင်္ဂလိပ် မကောင်းဘူးလေဗျာ။ အင်္ဂလိပ် မကောင်းတာလဲ မပြောနဲ့လေ။ နိုင်ငံခြားမှာ ပိုက်ဆံ ရတယ်ပြောလို့သာ ဖုတ်ဖက်ခါပြီး ထွက်လာလိုက်တာ ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူး။ ပွဲစားအဆွယ်ကောင်းတာလဲ ပါတာပေါ့လေ။
တော်ပါပြီဗျာ။ အခုမှတော့ ဘယ်သူ့မှလဲ အပြစ် မတင်ချင်တော့ပါဘူး။ ကိုယ့်ဘ၀နဲ့ ကိုယ်ပဲဆိုပါတော့။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပဲလေ။ ရင်းထားရတဲ့ အရင်းကလဲ မနည်းဘူးလေ။ အဆူအဆဲ ခံရလို့ ပြန်မယ်ဟေ့ ဆိုပြီး မာန်တက်လိုက်လို့ ပြန်လေဆိုပြီး အလုပ် ထုတ်ပစ်လိုက်ရင် ဒီကိုလာတုန်းက အရင်းအနှီးတွေ ဘယ်သူက စိုက်ဆပ်ပေးမလဲ။ ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ မလောက်လို့ အတိုးနဲ့ ယူလာရတာကပဲ နည်းတာမှတ်လို့။ အိမ်ဆိုင်တစ်ဆိုင် ကောင်းကောင်းတည်လို့ရတယ်။ အခုတော့ ခံတော့လေ ကိုယ့်ဒုက္ခနဲ့ကိုယ်။
လူတိုင်း လွယ်လွယ်ကူကူနဲ့ ဆယ်တန်းအောင်ပြီး၊ ဘွဲ့ရနေတဲ့ ခေတ်မှာတောင် ကျွန်တော်က ဆယ်တန်းထိ မတက်ခဲ့ရဘူး။ အလုပ် ထွက်လုပ်ခဲ့ရတယ်လေ။ အိမ်မှာက သားအကြီးဆုံးလဲဖြစ်ပြန်၊ အဖေကလဲ မရှိတော့ပြန်၊ စီးပွားရေးကလဲ မပြေလည်ပြန်ဆိုတော့ ကျွန်တော့်ကိုပဲ အားကိုးနေရတာ။ ပြောရရင်တော့ ကျွန်တော့်ဇာတ်လမ်းကလဲ မထူးဆန်းတော့တဲ ဇာတ်လမ်းတွေထဲကလိုပါပဲ။ အိမ်မှာ ဦးဆောင်မယ့်သူ မရှိတော့ အမေမုဆိုးမနဲ့ ကျန်တဲ့မောင်နှမတွေကို လုပ်ကျွေးနေရတဲ့ သားအကြီးဆုံးပါ။ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး အငယ်တွေကို ဦးစားပေးလိုက်ရတာနဲ့ပဲ ကျောင်းဆက်မတက်ဖြစ်ဘဲ အိမ်အတွက် ဦးဆောင်ပြီး စီးပွားရှာခဲ့ရတယ်ဆိုပါတော့ ။
စီးပွားရှာတယ်ဆိုလို့ ကြီးကြီးကျယ်ကျယ် လုပ်ငန်းကြီးတွေ လုပ်တာ မဟုတ်ပါဘူး။ အသိမိတ်ဆွေ တစ်ဦးက ကားထောင်ချင်တယ်ဆိုတာနဲ့ ကျွန်တော်က ကားစပယ်ယာ ၀င်လုပ်ဖြစ်တယ် ဆိုပါတော့။ မဖြစ်စလောက် ပညာရေးနဲ့ ကားစပယ်ယာပဲ ရမှာလေ။ ကားစပယ်ယာ အလုပ်လုပ် နေရင်းနဲ့ ၀င်ငွေနဲ့ထွက်ငွေက မမျှတော့ဘူး။ အငယ်မနှစ်ယောက်ရဲ့ ကျောင်းစရိတ်ကလဲ ကြီးကြီးလာ၊ နှလုံးရောဂါသည် အမေ့ဆေးဖိုးကလဲ တစ်လထက်တစ်လ ပိုပိုတိုးလာတော့ ကားစပယ်ယာ အလုပ်မှာ ကြာရှည်လုပ်လို့ မဖြစ်တော့ဘူးဆိုပြီး စိတ်ညစ်နေတုန်း ကျွန်တော်စပယ်ယာ လိုက်နေတဲ့ကားမှာ ကုန်တင်နေကျ ခရီးသည်တစ်ဦးနဲ့ ဆက်မိပြီး သူ့ရဲ့ အဆက်အသွယ်နဲ့ နိုင်ငံခြားထွက်လာဖြစ်တယ်ပဲ ဆိုပါတော့။
“ကျွန်တော်က အင်္ဂလိပ်စကားလဲ မရဘူး။ ကွန်ပျူတာလဲ ဟုတ်တိပတ်တိ မတတ်ဘူး။ ဘာအလုပ်လုပ်ရမှာလဲ။”လို့ ပွဲစားကို မေးတော့ ပွဲစားက ကျွန်တော်ကို သေချာကြည့်ပြီး “မင်းလုပ်နိုင်မှာပါ။ ဘာမှမလိုဘူး။ Yes or No နှစ်လုံးပဲ လိုတယ်။ သူတို့ ပြောတာ မင်း ရိပ်ဖမ်းသံဖမ်း နားလည်မယ်။ ခြေဟန်လက်ဟန်နဲ့ ပြန်ပြောတတ်ရင် ရပြီ။”တဲ့လေ။ တကယ်လဲ ဟုတ်ပါတယ်။ ဒီရောက်မှပဲ သဘောပေါက်တော့တယ်။ တကယ့်ကို ခြေဟန်လက်ဟန်နဲ့ပဲ ပြောရတာပါပဲ။ ခြေဟန်လက်ဟန် သုံးလွန်းပြီး သူတို့ပြောတာ နားမလည်လို့ ခြေထောက်နဲ့ချည်း အခိုင်းခံရတော့တာပါပဲ။
ဒီအလုပ်ရဖို့တောင် ရင်းရတဲ့ အရင်းက မနည်းဘူး။ ရှိတာလေး ပေါင်နှံရောင်းချပြီးတာတောင်
လိုသလောက် မပြည့်လို့ အတိုးနဲ့ တစ်ဝက် ယူလာရသေးတာ။ ပွင့်ပွင့်လင်းလင်း
ပြောရရင်တော့ လာတာလာရတာ စိတ်ကတော့ ခပ်ကြောက်ကြောက်ပဲ။ တစ်ခုခုဖြစ်ရင်
ပြေးတိုင်ပင်စရာ အသိကလဲ မရှိဘူးလေ။ ဘာသာစကားကလဲ မပေါက်တော့
သူတို့ဘာပြောလို့ ပြောမှန်းလဲ မသိဘူး။ ရောက်ခါစကများဆို ညတိုင်းကို
ငိုချင်တော့တာပဲ။ ငိုနေလို့ မပြီးဘူးဆိုတာ သိရက်နဲ့ပဲ ညတိုင်း
ငိုနေမိတာပါပဲ။ ကြောက်တာလဲ ပါပါတယ်။ စိတ်ပူတာလဲ ပါတယ်။ အကြွေးတွေ
ပြန်မဆပ်နိုင်မှာ၊ ခိုင်းလို့ မကောင်းဘူး ဆိုပြီး ကိုယ့်နိုင်ငံ
ပြန်ပို့လိုက်မှာ ပူရတာကလဲ တစ်မှောင့်။ အလုပ် မကျွမ်းကျင်လို့ ဘာများ
အဆူခံရဦးမလဲ စိတ်ပူရတာလဲ အမော။ လာချင်ဦးလေဆိုပြီး ကိုယ့်ကိုယ်ကို
အပြစ်တင်ရတာလဲ အကြိမ်ပေါင်းမနည်းဘူး။
ကျွန်တော့် အလုပ်ဆိုလို့ ပြောပြရဦးမယ်။ ဒီနိုင်ငံမှာ အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဂေါက်ကွင်းရဲ့ စားသောက်ဆိုင်မှာ အထွေထွေလုပ်သား လုပ်ရတာ။ ကျွန်တော်က အလုပ်ကြမ်း လုပ်နေကျဆိုတော့ အလုပ်ကတော့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာသာစကား မပေါက်တော့ အမြဲတမ်းလိုလို အခက်တွေ့ရတယ်။ အလုပ်သမား အချင်းချင်းလဲ ကျွန်တော်က ပိုပြီး အနှိမ်ခံရတယ်။ မြန်မာဆိုလို့ ကျွန်တော် တစ်ယောက်တည်း။ ကျန်တာက “ဘ” တွေ၊ “ယ” တွေ၊ “ဖ” တွေ၊ အိမ်ရှင် “စ” တွေပဲ။ “ဘ” ဆိုတာ ဘင်္ဂလားတွေကိုခေါ်တာ၊ “ယ” ဆိုတာ ယိုးဒယားတွေကို ခေါ်တာ၊ “ဖ” ဆိုတာ ဖိလစ်ပိုင်တွေကို ခေါ်တာ၊ “စ” ဆိုတာ စင်္ကာပူတွေကို ခေါ်တာပါ။ အဲ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ကျတော့ “ရွှေ”တွေတဲ့။ ရွှေမြန်မာ တွေပေါ့ဗျာ။
တစ်ခါတစ်ခါတော့ အချိန်ပိုင်း အလုပ်လာလုပ်တဲ့ မြန်မာကျောင်းသားတွေ တွေ့ရတယ်။ မြန်မာအချင်းချင်း တွေ့ရင် ကျွန်တော့်မှာ ခေါ်ချင်လိုက်တာ။ အလုပ်ရဲ့ စည်းကမ်းအရ စကားပြောခွင့် မရဘူးလေ။ သူတို့လဲ သူတို့အလုပ်နဲ့ သူတို့ဆိုတော့ ကျွန်တော့်ကို မြန်မာမှန်းတောင် သိရဲ့လား မသိပါဘူး။ ကျွန်တော်က အလုပ်မှာပဲနေ၊ အလုပ်မှာပဲ စားခွင့်ရတော့ စရိတ်စကတော့ သက်သာပါတယ်။ လစာတော့ နည်းတာပေါ့လေ။ အလုပ်ကလဲ ပိတ်ရက်က မရှိသလောက်ပါပဲ။ အသိမိတ်ဆွေလဲ မရှိတော့ ဘယ်မှလဲ မသွားဖြစ်ပါဘူး။ ပိတ်ရက်ဆိုရင် သိမ်ငယ်စိတ်နဲ့ အခန်းထဲ ခွေအိပ်နေတာပဲ များတာပါပဲ။
“ခလွမ်း…”
အာ…ဒုက္ခပါပဲ။ အတွေးလွန်ပြီး ပန်းကန်တွေ ဆေးရင်းနဲ့ လက်ထဲက လွတ်ကျကုန်ပါပြီ။
“မင်း…အဲဒီ ပန်ကန်းတွေရဲ့ တန်ဖိုး ဘယ်လောက်လဲ သိလား။ သေချာ ဂရုစိုက်ပြီး ကိုင်လေ။ ဘာတွေ တွေးနေတာလဲ။ လုပ်လိုက်ရင် အမြဲတမ်း လွဲတာချည်းပဲ။”
အလုပ်သမား ကြီးကြပ်ရေးမှူးက အင်္ဂလိပ်စကားနဲ့ ပြောနေပေမယ့် နည်းနည်းနားထောင်ကျ ဖြစ်လာတော့ ကျွန်တော် နားလည်လာတယ်။ သူက ကျွန်တော့်ကို အင်္ဂလိပ်စကား နားမလည်ဘူးဆိုပြီး ခြေထောက်နဲ့ ခိုင်းလို ခိုင်းလား။ တကယ် ဒေါသ ထွက်စရာပါပဲ။ ပိုက်ဆံ မရှိတဲ့ ဘ၀တွေများ။ သြော်…လူလူချင်းတောင် ကံတွေက ကွာသကိုး။ ကျွန်တော် အလုပ်လုပ်တဲ့ ဂေါက်ကွင်းမှာ လူတစ်ဦးအတွက် တစ်နှစ်စာ ၀င်ကြေးအတွက် စင်္ကာပူဒေါ်လာ တစ်သိန်းခွဲပေးရတာ ဆိုလာပဲ။ အတိအကျတော့ မသိဘူး။ “ဘ” တစ်ယောက် ပြောပြတာ။ လာကစားတဲ့ သူတွေ၊ မန်ဘာ ၀င်တဲ့ သူတွေက ကမ္ဘာ့ထိပ်တန်း သူဌေးတွေချည်းပဲတဲ့။
ဟုတ်မှာပါ။ စားတဲ့ အစားအသောက်တွေကလဲ ဈေးတွေက ကြီးပါဘိ။ ပြီးတော့ ဘာတွေမှန်းတောင် မသိဘူး။ ထူးထူးဆန်းဆန်း တွေချည်ပဲမို့။ ပိုက်ဆံရှိတဲ့ သူတွေများ အဲဒီလောက် ပိုက်ဆံကို ဂရုတောင်မစိုက်ဘူး။ သူတို့ရဲ့ တစ်နှစ်စာအတွက် အပန်းဖြေစရိတ်ဟာ ကျွန်တော် ဒီတစ်သက် အိပ်မက်တောင် မမက်ရဲတဲ့ ပမာဏ။ တကယ့် ကမ္ဘာထိပ်တန်း သူဌေးတွေ စားတဲ့သောက်တဲ့ ပုံစံကို တစ်ခါတစ်လေ တံမြက်စည်းလှည်းရင် ငေးကြည့်မိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ သိမ်ငယ်လိုက်တာဗျာ။ သူတို့စားသောက်နေတဲ့ အနား သန့်ရှင်းရေးများ သွားလုပ်ရင် လူက အလိုလိုနေရင် ဒူးတွေ တုန်နေသလိုပဲ။
ဒီနေရာက သူတို့တွေရဲ့ စနေ၊ တနင်္ဂနွေမှာ အပန်းဖြေရင်း စီးပွားရေးကိစ္စတွေ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတဲ့ နေရာတဲ့လေ။ စနေ၊ တနင်္ဂနွေ ဆိုရင်တော့ သေပြီ ဆရာရေပဲ။ လာတဲ့ ဧည့်သည်က နည်းတာမှတ်လို့။ ကမ္ဘာမှာ ဆင်းရဲသား ရှိတယ်ဆိုတာတောင် သိပ်မယုံချင်သလိုပဲ။ ကျွန်တော်တောင် ရောယောင်ပြီး စိတ်ကြီးဝင်မိသလိုလို ဘာလိုလို။ ၀တ်ထား စားထားလိုက်ကြတာလဲ တကယ့်ကို သွားရည်ယို စရာပါပဲ။ တစ်ခါလာတာများ မယ်စကြ၀ဠာဟောင်းနဲ့ ကမ္ဘာ့ထိပ်တန်း စာရင်းဝင်သူဌေး လင်မယားတဲ့လေ။ ၀တ်ထားလိုက်တဲ့ စိန်တွေဆိုတာ ဖိတ်ဖိတ်ကို လက်လို့ဗျာ။ ထိပ်တန်းထဲကမှ ထိပ်တန်းသူဌေးတွေ လာရင် မန်နေဂျာတွေလဲ ပျာပျာသလဲကို ဖြစ်လို့။ ကျွန်တော်တို့မှာလဲ အဆင့်ဆင့် အဆူအဆဲ ခံရတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိဘူး။ ပန်းကန်ပဲ ပြေးဆေးရမလား။ အိမ်သာပဲ သန့်ရှင်းရေး ပြေးလုပ်ရမလား။
“ဟေ့…လူနာတင်ယာဉ် အမြန်ခေါ်ဟေ့”
မန်နေဂျာ စလုံးကောင်ရဲ့ အသံက စူးစူးရှရှ ထွက်ပေါ်လာတယ်။ ပန်းကန်ဆေးနေရင်းနဲ့ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို လှမ်းခေါ်တာနဲ့ ကျွန်တော်လဲ အမြန်ပြေးသွားရတာပေါ့။ ဖိလစ်ပိုင် စားပွဲထိုးကောင်မလေး မူးလဲလို့ပါ။ လူနာတင်ယာဉ်ဆီကို ကျွန်တော်တို့ အလုပ်သမားတွေ ၀ိုင်းပွေ့တင်ကြပြီး ကြီးကြပ်ရေးမှူးတစ်ယောက်တော့ 
လိုက်သွားလေရဲ့။ ကျွန်တော်နဲ့ ပန်းကန် အတူတူဆေးတဲ့ အန်နီဆိုတဲ့ တရုတ်မကြီး
တစ်ယောက်ရှိတယ်။ သူက သိပ်စပ်စုတာပဲဗျ။ ထစ်ခနဲဆို သူအကုန်လုံး သိလိုက်ပြီ။
ကောင်မလေးက သွေးရိုးသားရိုး မူးလဲတာ မဟုတ်ဘူးတဲ့။ ဟို...ဟာ…ဗျာ…ပြောရတာတော့
အားနာပါရဲ့။ ကိုယ်ဝန်ပျက်ပြီး သွေးလွန်ပြီး မူးလဲတာ ဖြစ်ဖို့များတယ်တဲ့။
ကောင်မလေးက သူ့အိမ်မှာ အကြီးဆုံးဆိုလားပဲ။ သူ့လစာက လတိုင်း အိမ်ပြန်ပို့ရက်နဲ့တောင် သူ့မိသားစုက များလွန်းတော့ မလောက်ဘူးဆိုလား။ အဲဒါ ဒီမှာ စလုံးတစ်ယောက်နဲ့ ဟိုလိုလို ဒီလိုလို ငြိစွန်းတယ်ဆိုလား။ အန်နီပြောတာပဲ။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ ကျွန်တော်လေ စိတ်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။ အိမ်က ကျွန်တော့် ညီမလေးတစ်ယောက်က အလုပ်ဝင်နေပြီတဲ့။ မန်နေဂျာက သိပ်သဘောကျတာလို့ အမေက ဖုန်းထဲမှာ ပြောပြတုန်းကဆို ကျွန်တော် စိတ်ပူလိုက်တာ လက်တွေတောင် တဆတ်ဆတ် တုန်တယ်။ မဖြစ်ပါဘူး။ အမေကလဲ ရိုးပုံရိုးအနဲ့။ အမြန်ထွက်ခိုင်းမှပဲ။
“ကိုကြီး ပို့တဲ့ လစာက ပွဲစားက သူ့ပိုက်ဆံနဲ့ နှိမ်ယူလိုက်တာ ဘာမှတောင် မကျန်ဘူး။ ငွေရကြောင်း လက်ခံဖြတ်ပိုင်းလေးပဲ ကျန်တယ်။”
ဟူး…ဟုတ်ပါ့။ ပွဲစားကို မပေးရင်လဲ အိမ်ဂရံက ပွဲစားလက်ထဲမှာ။ အတိုးနဲ့ အရင်းပေါင်းပြီး အိမ်ပါ သိမ်းလိုက်မှ နောက်ပိုင်းမှာ ကျန်ခဲ့တဲ့ မိသားစုက ဘုံပျောက်ရင် အခက်။ စိတ်ပူတယ်ပြောပြီး အလုပ်က ထွက်ခိုင်းဖို့ဆိုတာလဲ ထိုင်စားနိုင်လောက်တဲ့ ငွေကလဲ မပို့နိုင်ပြန်။ မှားတယ်။ မှားတယ်။ လာမိတာ အမှားကြီး မှားတာပဲ။ မိသားစုနဲ့ အနီးမှာ ရှိနေတုန်းကမှ ဘာပဲဖြစ်ဖြစ် ညနေဆို အမေ့မျက်နှာမြင်ရ၊ ညီမလေးတွေ မြင်ရနဲ့ စိတ်အမောပြေသေးတယ်။ လမကုန်ခင် ကြားနေရတဲ့ “ကိုကြီး အမေ့ဆေးဖို့ မရှိတော့ဘူး”ဆိုတဲ့ စကားလုံးတွေက ကျွန်တော် ဒီနိုင်ငံထွက်လာဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေးမှုပဲ ဆိုပါတော့။
“ငါစာတွေလဲ မရသေးဘူး။ စာမေးပွဲကလဲ နီးနေပြီ။ ပိုက်ဆံလဲ သုံးစရာ မရှိတော့ဘူး။ အိမ်က တောင်းရတာလဲ အားနာလှပြီ။ ဒီတစ်လလုံး အလုပ်လုပ်မှ ဖြစ်မှာ။ မန်နေဂျာကလဲ ငါ့ကို အလုပ်ချိန် ပိုမပေးဘူး။”
ဗျာ…ဒီကောင်မလေး နှစ်ယောက်က မြန်မာမလေးတွေကိုး။ ကျွန်တော့်စိတ်ထင် တရုတ်မလေးတွေလို အသားဖြူဖြူ၊ ချောချောလေးတွေမို့ စလုံးမတွေလား၊ ဖိလစ်ပိုင်မလေးတွေလား ထင်နေတာ။ ကျောင်းသူလေးတွေ ထင်ပါရဲ့။ ဒီနိုင်ငံမှာ ကျောင်းတက်ပြီး အချိန်ပိုင်း လုပ်နေပုံပဲ။ ဟုတ်ပါရဲ့…။ ဒီနိုင်ငံက စရိတ်ကလဲ လွယ်တာမှတ်လို့။ ကျောင်းတက်နိုင်ပြီ ဆိုကတည်းက မြန်မာပြည်က အနည်းဆုံးတော့ လူလတ်တန်းစား အလွှာထဲကပါပဲ။ သူတို့တောင် ညည်းတယ်ဆိုမှတော့ ကျွန်တော်အဖို့ ဆိုဖွယ်ရာ မရှိတော့ဘူး။ မန်နေဂျာ စလုံးကောင်ကလဲ ဘူးချက်က ကမ်းကုန်ပဲ။ ကောင်မလေး ချောချောလှလှဆို သူ့မျက်နှာက ရွှင်ပြလို့။ အလုပ်ချိန် ပိုမပေးဘူးဆိုတာ မန်နေဂျာကောင် တမင် ထွင်လုံး သုံးတာ။ ကောင်မလေးတွေက သူ့ကို မျက်နှာချိုသွေးပြီး ပြောရင် သူက မင်းတို့မို့ ပေးတာဆိုတဲ့ ပုံစံနဲ့ ဘူးမလို့။ မသိဘူး မှတ်နေလား မသိဘူး။ ကျွန်တော်တောင် သိမှတော့ ကောင်မလေးတွေလဲ သိမှာပါ။
“အီး…ဟင်း…ဟင်း…”
ဘာများဖြစ်တာလဲဟ…။ ဒီ “ဘ” ကောင်က တစ်မှောင့်။ အရေးထဲ သူ့အသံက တဗြဲဗြဲနဲ့မို့ အလုပ်သမားချင်း တူရင်တောင် ကျွန်တော် ကြည့်မရတာ အဲဒီကောင်ပဲ။ ဘာမှန်းကို မသိတဲ့ကောင်။ ညစ်ပတ်လိုက်တာလဲ လွန်ရော။ အနံ့က အမြဲနံနေတာ။ အကျီ င်္ ကလဲ တစ်ထည်ပဲ ၀တ်သလား မသိဘူး။ အမြဲ ပေကျံနေတာပဲ။ သူ့အိပ်ရာတော့ ဘယ်လိုနေလဲ မသိဘူး။ ကျွန်တော်က ထိုင်းအလုပ်သမား တစ်ယောက်နဲ့ အတူတူနေရတာ။ သူနဲ့သာ အတူနေရရင်တော သူ့အနံ့ မခံနိုင်တာနဲ့ပဲ အသက်ထွက်မှာ သေချာတယ်။
ဟင်…ဒီတစ်ခါတော့ ဒီကောင် အဟုတ် ငိုနေတာကိုး။ တကယ် ငိုနေတာဆိုတော့လဲ ကျွန်တော်က မနေနိုင်ပြန်ဘူး။ မေးကြည့်လိုက်တော့ သူ့အမေ ဆုံးသွားပြီတဲ့။ သူ့ညီမလေးနဲ့ သူ့အမေပဲ ရှိတာတဲ့။ သူ့ညီမလေးဆီက ဖုန်းလာတာတဲ့။ သူ့အမေရဲ့ နောက်ဆုံးခရီးကို သွားဖို့တောင် သူ့မှာ လမ်းစရိတ် မရှိဘူးတဲ့လေ။ မန်နေဂျာကို ပြောကြည့်ရင်ရောလို့တော့ အကြံပေးလိုက်တာပဲ။ ကျွန်တော်လဲ စိုက်ပေးစရာ မရှိဘူး။ ကြည့်မရတာနဲ့ တစ်ခါမှ စကားမပြောဖြစ်ဘူး။ အခုကြုံမှ မေးကြည့်တော့ သူ့အဖြစ်နဲ့ ကျွန်တော်အဖြစ်ကလဲ ခပ်ဆင်ဆင်ရယ်ဆိုတော့ ကျွန်တော်လဲ စိတ်မကောင်းလိုက်တာ။ အမေ့ကိုလဲ စိတ်ပူမိသွားတယ်။ သြော်…ဘ၀တွေ…ဘ၀တွေ…၀မ်းတစ်ထွာအတွက် လှုပ်ရှားရုန်းကန် နေကြရတာ ရင်မောစရာတွေ ချည်းပါပဲ။
“၀ုန်း…”
လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ နောက်ဘက်မှာ ပန်းကန်ဆေးနေရင်းနဲ့ ကျွန်တော် လှမ်းမြင်လိုက်ရတာ။ စားပွဲဝိုင်း တစ်ဝိုင်းက သူဌေးတစ်ယောက် စားပွဲကို ဒေါသတကြီး လက်သီးနဲ့ ထုချလိုက်တဲ့ အသံ။ ပြီးလဲ ပြီးရော အဲဒီ သူဌေးဟာ စားပွဲနောက်ကို အရုပ်ကြိုးပြတ် မှီချလိုက်ရင်း သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်ခါ သတိလက်လွတ် ဖြစ်သွားတော့တယ်။ တစ်စားပွဲတည်း ထိုင်နေတဲ့ သူဌေးတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ ဒီတစ်ခါလဲ အကြောင်းစုံ သိလိုက်သူ ဘယ်သူဖြစ်မလဲ။ တရုတ်အလုပ်သမကြီး အန်နီပဲပေါ့။ သူက တရုတ်လို နားလည်တယ်လေ။
သူပြောပြတာပါပဲ။ အဲဒီ သူဌေးကြီး ပိုင်ဆိုင်တဲ့ စတော့ရှယ်ယာတွေဆိုလား ရုတ်တရက် ထိုးကျသွားလို့ သူဌေးကြီး သတိမေ့မြော မတတ်ဖြစ်သွားတာတဲ့။ ပြီးတော့ အန်နီက ဆက်ပြောပြသေးတယ်။ သူဌေးကြီးက အဲဒီ စတော့ရှယ်ယာတွေနဲ့ စီးပွားဖြစ် နေတာတဲ့လေ။ အခုလို ဈေးတွေ အဆမတန် ထိုးကျသွားတော့ သူဌေးကြီးက စိတ်ထိခိုက်လွန်းပြီး အခုလိုဖြစ်သွားတာတဲ့။ ကျွန်တော်က အန်နီကို ပြောမိတယ်။ “ဂေါက်ကွင်းတစ်ကွင်းမှာ တစ်နှစ်စာ အပန်းဖြေဖို့တောင် ဒေါ်လာသိန်းနဲ့ချီပြီး ဖြုန်းနိုင်သေးတာပဲ” လို့ပေါ့။ အဲဒီတော့ အန်နီက ပြန်ပြောတယ်ဗျ။ “မင်းမသိပါဘူး။ သူဌေးလဲ သူ့အထွာနဲ့ သူပေါ့…”တဲ့။
တစ်မနက်စာလုံး ပန်းကန်ဆေးလိုက်၊ အိမ်သာဆေးလိုက်၊ တံမြက်စည်း လှည်းလိုက်နဲ့မို့ ပင်ပန်းပြီး ဗိုက်ဆာလိုက်တာဗျာ အူထဲကတောင် တကြုတ်ကြုတ် မြည်နေပြီ။ ဒီနေ့ကျမှ အတူတူ ပန်းကန်ဆေးတဲ့ အလုပ်သမား တစ်ယောက်ကလဲ နေမကောင်းလို့ ခွင့်ယူလိုက်တော့ ကျွန်တော် တစ်ယောက်တည်း အီစလန် ဝေနေတာပဲ။ မြန်မာပြည်မှာ နေတုန်းကမှ သူဌေးက မြန်မာအချင်းချင်း ဆိုတော့ ဗိုက်ဆာရင် ပွင့်ပွင့်လင်းလင်းပြောပြီး သွားစားလိုက်လို့ ရသေးတယ်။
သူများနိုင်ငံဆိုတော့ ဗိုက်ဆာတာတောင် ရဲရဲတင်းတင်း မပြောရဲဘူး။ အချိန်ကျမှ စားရတဲ့အဖြစ်။ ဟင်းကျန်၊ စားကျန်တွေ ခိုးစားလို့ မိရင်လဲ ပြစ်ပြစ်နှစ်နှစ်ကို အဆဲခံရတာ။ ငတ်မရှက်ဆိုတဲ့ စကားအတိုင်းပဲ ဗိုက်ဆာလွန်းရင်တော့ ပန်းကန်ဆေးရင်းနဲ့ပဲ အာလူးကြော်တွေ ပါးစပ်ထဲ ကောက်ထည့် ပစ်လိုက်တာပဲ။ သူဌေးတွေ အများစုက အာလူးကြော်တွေဆို မစားဘူးဗျ။ အပုံလိုက် ကျန်နေတော့ ကျွန်တော့် ဗိုက်ထဲ အကုန်ရောက်တာပဲ။ ဒီရောက်မှ လူလဲ တော်တော်ဝလာတယ်။ စရိတ်သက်သာအောင် အလကားရတာတွေချည်းပဲ သိမ်းကြုံးစားလို့ ထင်ပါရဲ့။ ကံက ဆိုးချင်တော့ ဒီနေ့မှ အာလူးကြော်တွေ သိပ်မကျန်ဘူး။ ဒါဆိုရင်တော့ သိလိုက်ပါပြီ။ စနေ၊ တနင်္ဂနွေဆိုတော့ အချိန်ပိုင်း စားပွဲထိုးတဲ့သူတွေ အများသားရယ်။ သူတို့တွေ ကျွန်တော့်ရှေ့က ဖြတ်ယူလိုက်ကုန်ပြီလေ။ သူတို့လဲ စားချင်လို့ နေမှာပေါ့။
“ကျီ…ကျီ…ကျီ…”
ဆက်ရက်ကလေး တစ်ကောင် ကျွန်တော့် အနားကို ကပ်လာတယ်။ ပထမတော့ ကျွန်တော် မောင်းထုတ်သေးတယ်ဗျ။ မသွားဘူး။ လှန့်ထုတ်တာလဲ မသွားဘူး။ နောက်ထပ် အသံကြားတာနဲ့ ကျွန်တော့် လှမ်းကြည့်လိုက်တော့ ရှေ့မှာ ဆက်ရက် အသေးလေး နှစ်ကောင်။ အပျံသင်စ အရွယ်လေးတွေ။ ကျွန်တော့်ဆီ လာတာက ဆက်ရက်အမေ ဖြစ်ပုံရတယ်။ ကျွန်တော် ကြီးကြပ်ရေးမှူးကို လှမ်းကြည့်လိုက်တော့ သူ့အလုပ်နဲ့ သူရှုပ်နေတယ်။ ဒါနဲ့ ထမင်းစေ့ အကျန်လေးတွေ ပက်ကြဲပေးလိုက်တော့ ဆက်ရက်မက သုံးလေးစေ့ကို တစ်ပြိုင်နက်တည်း ငုံပြီး ဆက်ရက် အသေးလေးတွေဆီ သယ်သွားပြီး ပြန်ကျွေးလိုက်တာ တွေ့လိုက်ရတယ်။
ဟုတ်ပါ့ဗျာ…။ ဒီနိုင်ငံမှာ စည်းကမ်းသိပ်ကြီးလွန်းတော့ ကျွန်တော်တို့နိုင်ငံလို ဘယ်သူကမှ လမ်းဘေးက ပြောင်းဖူးစေ့တွေ၊ ထမင်းစေ့တွေ ပတ်ကြဲပြီး ကျွေးမယ့်သူ မရှိဘူး။ အဲဒီလို လုပ်ရင်လဲ ဒဏ်ရိုက်မှာလေ။ စားသောက်ဆိုင်ရဲ့ နောက်ဖေးမှာတောင် စားပြီးသား စားကြွင်းစားကျန်တွေကို ပလပ်စတစ်အိတ်နဲ့ လုံခြုံအောင်ထုပ်ပြီး တစ်ခါတည်း တန်းပစ်တာကိုး။ ဆက်ရက် မိသားစုလေး သနားပါတယ်။ ဆာလွန်းလို့ ထင်ပါရဲ့။ ကျွန်တော် လက်လှုပ်တာကိုချည်း အဆက်မပြတ် ကြည့်နေတော့တယ်။
စားကြွင်းစားကျန်တွေကို မပစ်ရဘူးလို့ တင်းတင်းကျပ်ကျပ် စည်းကမ်း ထုတ်ထားလျက်နဲ့ပဲ ကျွန်တော့်လက်ထဲက ထမင်းစေ့တွေကို ဆက်ရက်ကလေးတွေဆီ အားရပါးရ ပက်ကျဲ မိလိုက်တော့တယ်။ ဆက်ရက်ကလေးတွေခမျာ အန္တရာယ်ကိုတောင် မကြောက်နိုင်တော့ဘူး။ လွန့်လွန့်လူးပြီး အစာကောက်နေကြတယ်။ ကျွန်တော်ဗိုက်က ဆာလောင်မွတ်သိပ်တဲ့ အသံကိုလဲ ကျွန်တော်နားနဲ့တောင် တဖျက်ဖျက် ပြန်ကြားနေရပြီ။ ကျွန်တော့်ကို လှမ်းဆဲဖို့ ကြီးကြပ်ရေးမှူးက ခပ်သွက်သွက် လျှောက်လာတာကိုလဲ ဂရုမစိုက်အားတော့ဘူး။ ကျွန်တော့် နှုတ်က လွှတ်ခနဲ ထွက်သွားတယ်။
“ဗိုက်ဆာလိုက်တာ အမေရယ်”
အမေနဲ့ ညီမလေးတွေကို သတိရပြီး ပါးပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် ကျလာတဲ့ မျက်ရည်စတွေကိုလဲ အချိန်မီ မထိန်းသိမ်း နိုင်တော့ဘူး။ ကျွန်တော် မြန်မာလိုပြောလိုက်တော့ ဘေးနားမှာ ရပ်နေတဲ့ အန်နီက နားမလည်နိုင်တဲ့ ပုံစံနဲ့ ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေတယ်။ “အခုမှ ကောက်ခါငင်ခါ ဒီကောင် ဘာထကြောင်လဲ” ဆိုတဲ့ သဘောပေါ့လေ။ မရှက်နိုင်တော့ဘူး။ ကျွန်တော် ငိုနေမိပြီ။ ကျွန်တော် ဗိုက်ဆာတာကို သူလဲ ဘာလုပ်ပေးနိုင်တာ မှတ်လို့…။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
ဇူလိုင်လ၊ ၂၀၁၄ (ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း)
“ဟေ့…မင်းမှာ ဦးနှောက်ရော ပါရဲ့လား။ ဘယ်လောက်ပြောပြော မမှတ်မိဘူးလား။ အမှိုက်တွေ အဲဒီမှာ မပုံနဲ့လို့ ပြောထားတယ်လေ။”
အင်း…ဟုတ်ပါရဲ့။ ကျွန်တော်ကလဲ ကျွန်တော်ပါပဲ။ မှတ်ထားရက်နဲ့ မှားလုပ်မိပြန်ပါပြီ။ ကြီးကြပ်ရေးမှူးရဲ့ အဆူအဆဲခံရတာလဲ ဒီအလုပ်မှာ ကျွန်တော့်လောက် ဘယ်သူမှ များမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဒီကလူတွေ ပြောသလို အီးမကောင်းဘူးလေ။ အင်္ဂလိပ် မကောင်းဘူးလေဗျာ။ အင်္ဂလိပ် မကောင်းတာလဲ မပြောနဲ့လေ။ နိုင်ငံခြားမှာ ပိုက်ဆံ ရတယ်ပြောလို့သာ ဖုတ်ဖက်ခါပြီး ထွက်လာလိုက်တာ ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူး။ ပွဲစားအဆွယ်ကောင်းတာလဲ ပါတာပေါ့လေ။
တော်ပါပြီဗျာ။ အခုမှတော့ ဘယ်သူ့မှလဲ အပြစ် မတင်ချင်တော့ပါဘူး။ ကိုယ့်ဘ၀နဲ့ ကိုယ်ပဲဆိုပါတော့။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပဲလေ။ ရင်းထားရတဲ့ အရင်းကလဲ မနည်းဘူးလေ။ အဆူအဆဲ ခံရလို့ ပြန်မယ်ဟေ့ ဆိုပြီး မာန်တက်လိုက်လို့ ပြန်လေဆိုပြီး အလုပ် ထုတ်ပစ်လိုက်ရင် ဒီကိုလာတုန်းက အရင်းအနှီးတွေ ဘယ်သူက စိုက်ဆပ်ပေးမလဲ။ ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ မလောက်လို့ အတိုးနဲ့ ယူလာရတာကပဲ နည်းတာမှတ်လို့။ အိမ်ဆိုင်တစ်ဆိုင် ကောင်းကောင်းတည်လို့ရတယ်။ အခုတော့ ခံတော့လေ ကိုယ့်ဒုက္ခနဲ့ကိုယ်။
လူတိုင်း လွယ်လွယ်ကူကူနဲ့ ဆယ်တန်းအောင်ပြီး၊ ဘွဲ့ရနေတဲ့ ခေတ်မှာတောင် ကျွန်တော်က ဆယ်တန်းထိ မတက်ခဲ့ရဘူး။ အလုပ် ထွက်လုပ်ခဲ့ရတယ်လေ။ အိမ်မှာက သားအကြီးဆုံးလဲဖြစ်ပြန်၊ အဖေကလဲ မရှိတော့ပြန်၊ စီးပွားရေးကလဲ မပြေလည်ပြန်ဆိုတော့ ကျွန်တော့်ကိုပဲ အားကိုးနေရတာ။ ပြောရရင်တော့ ကျွန်တော့်ဇာတ်လမ်းကလဲ မထူးဆန်းတော့တဲ ဇာတ်လမ်းတွေထဲကလိုပါပဲ။ အိမ်မှာ ဦးဆောင်မယ့်သူ မရှိတော့ အမေမုဆိုးမနဲ့ ကျန်တဲ့မောင်နှမတွေကို လုပ်ကျွေးနေရတဲ့ သားအကြီးဆုံးပါ။ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး အငယ်တွေကို ဦးစားပေးလိုက်ရတာနဲ့ပဲ ကျောင်းဆက်မတက်ဖြစ်ဘဲ အိမ်အတွက် ဦးဆောင်ပြီး စီးပွားရှာခဲ့ရတယ်ဆိုပါတော့
စီးပွားရှာတယ်ဆိုလို့ ကြီးကြီးကျယ်ကျယ် လုပ်ငန်းကြီးတွေ လုပ်တာ မဟုတ်ပါဘူး။ အသိမိတ်ဆွေ တစ်ဦးက ကားထောင်ချင်တယ်ဆိုတာနဲ့ ကျွန်တော်က ကားစပယ်ယာ ၀င်လုပ်ဖြစ်တယ် ဆိုပါတော့။ မဖြစ်စလောက် ပညာရေးနဲ့ ကားစပယ်ယာပဲ ရမှာလေ။ ကားစပယ်ယာ အလုပ်လုပ် နေရင်းနဲ့ ၀င်ငွေနဲ့ထွက်ငွေက မမျှတော့ဘူး။ အငယ်မနှစ်ယောက်ရဲ့ ကျောင်းစရိတ်ကလဲ ကြီးကြီးလာ၊ နှလုံးရောဂါသည် အမေ့ဆေးဖိုးကလဲ တစ်လထက်တစ်လ ပိုပိုတိုးလာတော့ ကားစပယ်ယာ အလုပ်မှာ ကြာရှည်လုပ်လို့ မဖြစ်တော့ဘူးဆိုပြီး စိတ်ညစ်နေတုန်း ကျွန်တော်စပယ်ယာ လိုက်နေတဲ့ကားမှာ ကုန်တင်နေကျ ခရီးသည်တစ်ဦးနဲ့ ဆက်မိပြီး သူ့ရဲ့ အဆက်အသွယ်နဲ့ နိုင်ငံခြားထွက်လာဖြစ်တယ်ပဲ
“ကျွန်တော်က အင်္ဂလိပ်စကားလဲ မရဘူး။ ကွန်ပျူတာလဲ ဟုတ်တိပတ်တိ မတတ်ဘူး။ ဘာအလုပ်လုပ်ရမှာလဲ။”လို့ ပွဲစားကို မေးတော့ ပွဲစားက ကျွန်တော်ကို သေချာကြည့်ပြီး “မင်းလုပ်နိုင်မှာပါ။ ဘာမှမလိုဘူး။ Yes or No နှစ်လုံးပဲ လိုတယ်။ သူတို့ ပြောတာ မင်း ရိပ်ဖမ်းသံဖမ်း နားလည်မယ်။ ခြေဟန်လက်ဟန်နဲ့ ပြန်ပြောတတ်ရင် ရပြီ။”တဲ့လေ။ တကယ်လဲ ဟုတ်ပါတယ်။ ဒီရောက်မှပဲ သဘောပေါက်တော့တယ်။ တကယ့်ကို ခြေဟန်လက်ဟန်နဲ့ပဲ ပြောရတာပါပဲ။ ခြေဟန်လက်ဟန် သုံးလွန်းပြီး သူတို့ပြောတာ နားမလည်လို့ ခြေထောက်နဲ့ချည်း အခိုင်းခံရတော့တာပါပဲ။
ဒီအလုပ်ရဖို့တောင် ရင်းရတဲ့ အရင်းက မနည်းဘူး။ ရှိတာလေး ပေါင်နှံရောင်းချပြီးတာတောင
ကျွန်တော့် အလုပ်ဆိုလို့ ပြောပြရဦးမယ်။ ဒီနိုင်ငံမှာ အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဂေါက်ကွင်းရဲ့ စားသောက်ဆိုင်မှာ အထွေထွေလုပ်သား လုပ်ရတာ။ ကျွန်တော်က အလုပ်ကြမ်း လုပ်နေကျဆိုတော့ အလုပ်ကတော့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာသာစကား မပေါက်တော့ အမြဲတမ်းလိုလို အခက်တွေ့ရတယ်။ အလုပ်သမား အချင်းချင်းလဲ ကျွန်တော်က ပိုပြီး အနှိမ်ခံရတယ်။ မြန်မာဆိုလို့ ကျွန်တော် တစ်ယောက်တည်း။ ကျန်တာက “ဘ” တွေ၊ “ယ” တွေ၊ “ဖ” တွေ၊ အိမ်ရှင် “စ” တွေပဲ။ “ဘ” ဆိုတာ ဘင်္ဂလားတွေကိုခေါ်တာ၊ “ယ” ဆိုတာ ယိုးဒယားတွေကို ခေါ်တာ၊ “ဖ” ဆိုတာ ဖိလစ်ပိုင်တွေကို ခေါ်တာ၊ “စ” ဆိုတာ စင်္ကာပူတွေကို ခေါ်တာပါ။ အဲ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ကျတော့ “ရွှေ”တွေတဲ့။ ရွှေမြန်မာ တွေပေါ့ဗျာ။
တစ်ခါတစ်ခါတော့ အချိန်ပိုင်း အလုပ်လာလုပ်တဲ့ မြန်မာကျောင်းသားတွေ တွေ့ရတယ်။ မြန်မာအချင်းချင်း တွေ့ရင် ကျွန်တော့်မှာ ခေါ်ချင်လိုက်တာ။ အလုပ်ရဲ့ စည်းကမ်းအရ စကားပြောခွင့် မရဘူးလေ။ သူတို့လဲ သူတို့အလုပ်နဲ့ သူတို့ဆိုတော့ ကျွန်တော့်ကို မြန်မာမှန်းတောင် သိရဲ့လား မသိပါဘူး။ ကျွန်တော်က အလုပ်မှာပဲနေ၊ အလုပ်မှာပဲ စားခွင့်ရတော့ စရိတ်စကတော့ သက်သာပါတယ်။ လစာတော့ နည်းတာပေါ့လေ။ အလုပ်ကလဲ ပိတ်ရက်က မရှိသလောက်ပါပဲ။ အသိမိတ်ဆွေလဲ မရှိတော့ ဘယ်မှလဲ မသွားဖြစ်ပါဘူး။ ပိတ်ရက်ဆိုရင် သိမ်ငယ်စိတ်နဲ့ အခန်းထဲ ခွေအိပ်နေတာပဲ များတာပါပဲ။
“ခလွမ်း…”
အာ…ဒုက္ခပါပဲ။ အတွေးလွန်ပြီး ပန်းကန်တွေ ဆေးရင်းနဲ့ လက်ထဲက လွတ်ကျကုန်ပါပြီ။
“မင်း…အဲဒီ ပန်ကန်းတွေရဲ့ တန်ဖိုး ဘယ်လောက်လဲ သိလား။ သေချာ ဂရုစိုက်ပြီး ကိုင်လေ။ ဘာတွေ တွေးနေတာလဲ။ လုပ်လိုက်ရင် အမြဲတမ်း လွဲတာချည်းပဲ။”
အလုပ်သမား ကြီးကြပ်ရေးမှူးက အင်္ဂလိပ်စကားနဲ့ ပြောနေပေမယ့် နည်းနည်းနားထောင်ကျ ဖြစ်လာတော့ ကျွန်တော် နားလည်လာတယ်။ သူက ကျွန်တော့်ကို အင်္ဂလိပ်စကား နားမလည်ဘူးဆိုပြီး ခြေထောက်နဲ့ ခိုင်းလို ခိုင်းလား။ တကယ် ဒေါသ ထွက်စရာပါပဲ။ ပိုက်ဆံ မရှိတဲ့ ဘ၀တွေများ။ သြော်…လူလူချင်းတောင် ကံတွေက ကွာသကိုး။ ကျွန်တော် အလုပ်လုပ်တဲ့ ဂေါက်ကွင်းမှာ လူတစ်ဦးအတွက် တစ်နှစ်စာ ၀င်ကြေးအတွက် စင်္ကာပူဒေါ်လာ တစ်သိန်းခွဲပေးရတာ ဆိုလာပဲ။ အတိအကျတော့ မသိဘူး။ “ဘ” တစ်ယောက် ပြောပြတာ။ လာကစားတဲ့ သူတွေ၊ မန်ဘာ ၀င်တဲ့ သူတွေက ကမ္ဘာ့ထိပ်တန်း သူဌေးတွေချည်းပဲတဲ့။
ဟုတ်မှာပါ။ စားတဲ့ အစားအသောက်တွေကလဲ ဈေးတွေက ကြီးပါဘိ။ ပြီးတော့ ဘာတွေမှန်းတောင် မသိဘူး။ ထူးထူးဆန်းဆန်း တွေချည်ပဲမို့။ ပိုက်ဆံရှိတဲ့ သူတွေများ အဲဒီလောက် ပိုက်ဆံကို ဂရုတောင်မစိုက်ဘူး။ သူတို့ရဲ့ တစ်နှစ်စာအတွက် အပန်းဖြေစရိတ်ဟာ ကျွန်တော် ဒီတစ်သက် အိပ်မက်တောင် မမက်ရဲတဲ့ ပမာဏ။ တကယ့် ကမ္ဘာထိပ်တန်း သူဌေးတွေ စားတဲ့သောက်တဲ့ ပုံစံကို တစ်ခါတစ်လေ တံမြက်စည်းလှည်းရင် ငေးကြည့်မိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ သိမ်ငယ်လိုက်တာဗျာ။ သူတို့စားသောက်နေတဲ့ အနား သန့်ရှင်းရေးများ သွားလုပ်ရင် လူက အလိုလိုနေရင် ဒူးတွေ တုန်နေသလိုပဲ။
ဒီနေရာက သူတို့တွေရဲ့ စနေ၊ တနင်္ဂနွေမှာ အပန်းဖြေရင်း စီးပွားရေးကိစ္စတွေ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတဲ့ နေရာတဲ့လေ။ စနေ၊ တနင်္ဂနွေ ဆိုရင်တော့ သေပြီ ဆရာရေပဲ။ လာတဲ့ ဧည့်သည်က နည်းတာမှတ်လို့။ ကမ္ဘာမှာ ဆင်းရဲသား ရှိတယ်ဆိုတာတောင် သိပ်မယုံချင်သလိုပဲ။ ကျွန်တော်တောင် ရောယောင်ပြီး စိတ်ကြီးဝင်မိသလိုလို ဘာလိုလို။ ၀တ်ထား စားထားလိုက်ကြတာလဲ တကယ့်ကို သွားရည်ယို စရာပါပဲ။ တစ်ခါလာတာများ မယ်စကြ၀ဠာဟောင်းနဲ့ ကမ္ဘာ့ထိပ်တန်း စာရင်းဝင်သူဌေး လင်မယားတဲ့လေ။ ၀တ်ထားလိုက်တဲ့ စိန်တွေဆိုတာ ဖိတ်ဖိတ်ကို လက်လို့ဗျာ။ ထိပ်တန်းထဲကမှ ထိပ်တန်းသူဌေးတွေ လာရင် မန်နေဂျာတွေလဲ ပျာပျာသလဲကို ဖြစ်လို့။ ကျွန်တော်တို့မှာလဲ အဆင့်ဆင့် အဆူအဆဲ ခံရတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိဘူး။ ပန်းကန်ပဲ ပြေးဆေးရမလား။ အိမ်သာပဲ သန့်ရှင်းရေး ပြေးလုပ်ရမလား။
“ဟေ့…လူနာတင်ယာဉ် အမြန်ခေါ်ဟေ့”
မန်နေဂျာ စလုံးကောင်ရဲ့ အသံက စူးစူးရှရှ ထွက်ပေါ်လာတယ်။ ပန်းကန်ဆေးနေရင်းနဲ့ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို လှမ်းခေါ်တာနဲ့ ကျွန်တော်လဲ အမြန်ပြေးသွားရတာပေါ့။ ဖိလစ်ပိုင် စားပွဲထိုးကောင်မလေး မူးလဲလို့ပါ။ လူနာတင်ယာဉ်ဆီကို ကျွန်တော်တို့ အလုပ်သမားတွေ ၀ိုင်းပွေ့တင်ကြပြီး ကြီးကြပ်ရေးမှူးတစ်ယောက်တော
ကောင်မလေးက သူ့အိမ်မှာ အကြီးဆုံးဆိုလားပဲ။ သူ့လစာက လတိုင်း အိမ်ပြန်ပို့ရက်နဲ့တောင် သူ့မိသားစုက များလွန်းတော့ မလောက်ဘူးဆိုလား။ အဲဒါ ဒီမှာ စလုံးတစ်ယောက်နဲ့ ဟိုလိုလို ဒီလိုလို ငြိစွန်းတယ်ဆိုလား။ အန်နီပြောတာပဲ။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ ကျွန်တော်လေ စိတ်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။ အိမ်က ကျွန်တော့် ညီမလေးတစ်ယောက်က အလုပ်ဝင်နေပြီတဲ့။ မန်နေဂျာက သိပ်သဘောကျတာလို့ အမေက ဖုန်းထဲမှာ ပြောပြတုန်းကဆို ကျွန်တော် စိတ်ပူလိုက်တာ လက်တွေတောင် တဆတ်ဆတ် တုန်တယ်။ မဖြစ်ပါဘူး။ အမေကလဲ ရိုးပုံရိုးအနဲ့။ အမြန်ထွက်ခိုင်းမှပဲ။
“ကိုကြီး ပို့တဲ့ လစာက ပွဲစားက သူ့ပိုက်ဆံနဲ့ နှိမ်ယူလိုက်တာ ဘာမှတောင် မကျန်ဘူး။ ငွေရကြောင်း လက်ခံဖြတ်ပိုင်းလေးပဲ ကျန်တယ်။”
ဟူး…ဟုတ်ပါ့။ ပွဲစားကို မပေးရင်လဲ အိမ်ဂရံက ပွဲစားလက်ထဲမှာ။ အတိုးနဲ့ အရင်းပေါင်းပြီး အိမ်ပါ သိမ်းလိုက်မှ နောက်ပိုင်းမှာ ကျန်ခဲ့တဲ့ မိသားစုက ဘုံပျောက်ရင် အခက်။ စိတ်ပူတယ်ပြောပြီး အလုပ်က ထွက်ခိုင်းဖို့ဆိုတာလဲ ထိုင်စားနိုင်လောက်တဲ့ ငွေကလဲ မပို့နိုင်ပြန်။ မှားတယ်။ မှားတယ်။ လာမိတာ အမှားကြီး မှားတာပဲ။ မိသားစုနဲ့ အနီးမှာ ရှိနေတုန်းကမှ ဘာပဲဖြစ်ဖြစ် ညနေဆို အမေ့မျက်နှာမြင်ရ၊ ညီမလေးတွေ မြင်ရနဲ့ စိတ်အမောပြေသေးတယ်။ လမကုန်ခင် ကြားနေရတဲ့ “ကိုကြီး အမေ့ဆေးဖို့ မရှိတော့ဘူး”ဆိုတဲ့ စကားလုံးတွေက ကျွန်တော် ဒီနိုင်ငံထွက်လာဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေးမှုပဲ ဆိုပါတော့။
“ငါစာတွေလဲ မရသေးဘူး။ စာမေးပွဲကလဲ နီးနေပြီ။ ပိုက်ဆံလဲ သုံးစရာ မရှိတော့ဘူး။ အိမ်က တောင်းရတာလဲ အားနာလှပြီ။ ဒီတစ်လလုံး အလုပ်လုပ်မှ ဖြစ်မှာ။ မန်နေဂျာကလဲ ငါ့ကို အလုပ်ချိန် ပိုမပေးဘူး။”
ဗျာ…ဒီကောင်မလေး နှစ်ယောက်က မြန်မာမလေးတွေကိုး။ ကျွန်တော့်စိတ်ထင် တရုတ်မလေးတွေလို အသားဖြူဖြူ၊ ချောချောလေးတွေမို့ စလုံးမတွေလား၊ ဖိလစ်ပိုင်မလေးတွေလား ထင်နေတာ။ ကျောင်းသူလေးတွေ ထင်ပါရဲ့။ ဒီနိုင်ငံမှာ ကျောင်းတက်ပြီး အချိန်ပိုင်း လုပ်နေပုံပဲ။ ဟုတ်ပါရဲ့…။ ဒီနိုင်ငံက စရိတ်ကလဲ လွယ်တာမှတ်လို့။ ကျောင်းတက်နိုင်ပြီ ဆိုကတည်းက မြန်မာပြည်က အနည်းဆုံးတော့ လူလတ်တန်းစား အလွှာထဲကပါပဲ။ သူတို့တောင် ညည်းတယ်ဆိုမှတော့ ကျွန်တော်အဖို့ ဆိုဖွယ်ရာ မရှိတော့ဘူး။ မန်နေဂျာ စလုံးကောင်ကလဲ ဘူးချက်က ကမ်းကုန်ပဲ။ ကောင်မလေး ချောချောလှလှဆို သူ့မျက်နှာက ရွှင်ပြလို့။ အလုပ်ချိန် ပိုမပေးဘူးဆိုတာ မန်နေဂျာကောင် တမင် ထွင်လုံး သုံးတာ။ ကောင်မလေးတွေက သူ့ကို မျက်နှာချိုသွေးပြီး ပြောရင် သူက မင်းတို့မို့ ပေးတာဆိုတဲ့ ပုံစံနဲ့ ဘူးမလို့။ မသိဘူး မှတ်နေလား မသိဘူး။ ကျွန်တော်တောင် သိမှတော့ ကောင်မလေးတွေလဲ သိမှာပါ။
“အီး…ဟင်း…ဟင်း…”
ဘာများဖြစ်တာလဲဟ…။ ဒီ “ဘ” ကောင်က တစ်မှောင့်။ အရေးထဲ သူ့အသံက တဗြဲဗြဲနဲ့မို့ အလုပ်သမားချင်း တူရင်တောင် ကျွန်တော် ကြည့်မရတာ အဲဒီကောင်ပဲ။ ဘာမှန်းကို မသိတဲ့ကောင်။ ညစ်ပတ်လိုက်တာလဲ လွန်ရော။ အနံ့က အမြဲနံနေတာ။ အကျီ င်္ ကလဲ တစ်ထည်ပဲ ၀တ်သလား မသိဘူး။ အမြဲ ပေကျံနေတာပဲ။ သူ့အိပ်ရာတော့ ဘယ်လိုနေလဲ မသိဘူး။ ကျွန်တော်က ထိုင်းအလုပ်သမား တစ်ယောက်နဲ့ အတူတူနေရတာ။ သူနဲ့သာ အတူနေရရင်တော သူ့အနံ့ မခံနိုင်တာနဲ့ပဲ အသက်ထွက်မှာ သေချာတယ်။
ဟင်…ဒီတစ်ခါတော့ ဒီကောင် အဟုတ် ငိုနေတာကိုး။ တကယ် ငိုနေတာဆိုတော့လဲ ကျွန်တော်က မနေနိုင်ပြန်ဘူး။ မေးကြည့်လိုက်တော့ သူ့အမေ ဆုံးသွားပြီတဲ့။ သူ့ညီမလေးနဲ့ သူ့အမေပဲ ရှိတာတဲ့။ သူ့ညီမလေးဆီက ဖုန်းလာတာတဲ့။ သူ့အမေရဲ့ နောက်ဆုံးခရီးကို သွားဖို့တောင် သူ့မှာ လမ်းစရိတ် မရှိဘူးတဲ့လေ။ မန်နေဂျာကို ပြောကြည့်ရင်ရောလို့တော့ အကြံပေးလိုက်တာပဲ။ ကျွန်တော်လဲ စိုက်ပေးစရာ မရှိဘူး။ ကြည့်မရတာနဲ့ တစ်ခါမှ စကားမပြောဖြစ်ဘူး။ အခုကြုံမှ မေးကြည့်တော့ သူ့အဖြစ်နဲ့ ကျွန်တော်အဖြစ်ကလဲ ခပ်ဆင်ဆင်ရယ်ဆိုတော့ ကျွန်တော်လဲ စိတ်မကောင်းလိုက်တာ။ အမေ့ကိုလဲ စိတ်ပူမိသွားတယ်။ သြော်…ဘ၀တွေ…ဘ၀တွေ…၀မ်းတစ်ထ
“၀ုန်း…”
လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ နောက်ဘက်မှာ ပန်းကန်ဆေးနေရင်းနဲ့ ကျွန်တော် လှမ်းမြင်လိုက်ရတာ။ စားပွဲဝိုင်း တစ်ဝိုင်းက သူဌေးတစ်ယောက် စားပွဲကို ဒေါသတကြီး လက်သီးနဲ့ ထုချလိုက်တဲ့ အသံ။ ပြီးလဲ ပြီးရော အဲဒီ သူဌေးဟာ စားပွဲနောက်ကို အရုပ်ကြိုးပြတ် မှီချလိုက်ရင်း သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်ခါ သတိလက်လွတ် ဖြစ်သွားတော့တယ်။ တစ်စားပွဲတည်း ထိုင်နေတဲ့ သူဌေးတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ ဒီတစ်ခါလဲ အကြောင်းစုံ သိလိုက်သူ ဘယ်သူဖြစ်မလဲ။ တရုတ်အလုပ်သမကြီး အန်နီပဲပေါ့။ သူက တရုတ်လို နားလည်တယ်လေ။
သူပြောပြတာပါပဲ။ အဲဒီ သူဌေးကြီး ပိုင်ဆိုင်တဲ့ စတော့ရှယ်ယာတွေဆိုလား ရုတ်တရက် ထိုးကျသွားလို့ သူဌေးကြီး သတိမေ့မြော မတတ်ဖြစ်သွားတာတဲ့။ ပြီးတော့ အန်နီက ဆက်ပြောပြသေးတယ်။ သူဌေးကြီးက အဲဒီ စတော့ရှယ်ယာတွေနဲ့ စီးပွားဖြစ် နေတာတဲ့လေ။ အခုလို ဈေးတွေ အဆမတန် ထိုးကျသွားတော့ သူဌေးကြီးက စိတ်ထိခိုက်လွန်းပြီး အခုလိုဖြစ်သွားတာတဲ့။ ကျွန်တော်က အန်နီကို ပြောမိတယ်။ “ဂေါက်ကွင်းတစ်ကွင်းမှာ တစ်နှစ်စာ အပန်းဖြေဖို့တောင် ဒေါ်လာသိန်းနဲ့ချီပြီး ဖြုန်းနိုင်သေးတာပဲ” လို့ပေါ့။ အဲဒီတော့ အန်နီက ပြန်ပြောတယ်ဗျ။ “မင်းမသိပါဘူး။ သူဌေးလဲ သူ့အထွာနဲ့ သူပေါ့…”တဲ့။
တစ်မနက်စာလုံး ပန်းကန်ဆေးလိုက်၊ အိမ်သာဆေးလိုက်၊ တံမြက်စည်း လှည်းလိုက်နဲ့မို့ ပင်ပန်းပြီး ဗိုက်ဆာလိုက်တာဗျာ အူထဲကတောင် တကြုတ်ကြုတ် မြည်နေပြီ။ ဒီနေ့ကျမှ အတူတူ ပန်းကန်ဆေးတဲ့ အလုပ်သမား တစ်ယောက်ကလဲ နေမကောင်းလို့ ခွင့်ယူလိုက်တော့ ကျွန်တော် တစ်ယောက်တည်း အီစလန် ဝေနေတာပဲ။ မြန်မာပြည်မှာ နေတုန်းကမှ သူဌေးက မြန်မာအချင်းချင်း ဆိုတော့ ဗိုက်ဆာရင် ပွင့်ပွင့်လင်းလင်းပြောပြီး
သူများနိုင်ငံဆိုတော့ ဗိုက်ဆာတာတောင် ရဲရဲတင်းတင်း မပြောရဲဘူး။ အချိန်ကျမှ စားရတဲ့အဖြစ်။ ဟင်းကျန်၊ စားကျန်တွေ ခိုးစားလို့ မိရင်လဲ ပြစ်ပြစ်နှစ်နှစ်ကို အဆဲခံရတာ။ ငတ်မရှက်ဆိုတဲ့ စကားအတိုင်းပဲ ဗိုက်ဆာလွန်းရင်တော့ ပန်းကန်ဆေးရင်းနဲ့ပဲ အာလူးကြော်တွေ ပါးစပ်ထဲ ကောက်ထည့် ပစ်လိုက်တာပဲ။ သူဌေးတွေ အများစုက အာလူးကြော်တွေဆို မစားဘူးဗျ။ အပုံလိုက် ကျန်နေတော့ ကျွန်တော့် ဗိုက်ထဲ အကုန်ရောက်တာပဲ။ ဒီရောက်မှ လူလဲ တော်တော်ဝလာတယ်။ စရိတ်သက်သာအောင် အလကားရတာတွေချည်းပဲ သိမ်းကြုံးစားလို့ ထင်ပါရဲ့။ ကံက ဆိုးချင်တော့ ဒီနေ့မှ အာလူးကြော်တွေ သိပ်မကျန်ဘူး။ ဒါဆိုရင်တော့ သိလိုက်ပါပြီ။ စနေ၊ တနင်္ဂနွေဆိုတော့ အချိန်ပိုင်း စားပွဲထိုးတဲ့သူတွေ အများသားရယ်။ သူတို့တွေ ကျွန်တော့်ရှေ့က ဖြတ်ယူလိုက်ကုန်ပြီလေ။ သူတို့လဲ စားချင်လို့ နေမှာပေါ့။
“ကျီ…ကျီ…ကျီ…”
ဆက်ရက်ကလေး တစ်ကောင် ကျွန်တော့် အနားကို ကပ်လာတယ်။ ပထမတော့ ကျွန်တော် မောင်းထုတ်သေးတယ်ဗျ။ မသွားဘူး။ လှန့်ထုတ်တာလဲ မသွားဘူး။ နောက်ထပ် အသံကြားတာနဲ့ ကျွန်တော့် လှမ်းကြည့်လိုက်တော့ ရှေ့မှာ ဆက်ရက် အသေးလေး နှစ်ကောင်။ အပျံသင်စ အရွယ်လေးတွေ။ ကျွန်တော့်ဆီ လာတာက ဆက်ရက်အမေ ဖြစ်ပုံရတယ်။ ကျွန်တော် ကြီးကြပ်ရေးမှူးကို လှမ်းကြည့်လိုက်တော့ သူ့အလုပ်နဲ့ သူရှုပ်နေတယ်။ ဒါနဲ့ ထမင်းစေ့ အကျန်လေးတွေ ပက်ကြဲပေးလိုက်တော့ ဆက်ရက်မက သုံးလေးစေ့ကို တစ်ပြိုင်နက်တည်း ငုံပြီး ဆက်ရက် အသေးလေးတွေဆီ သယ်သွားပြီး ပြန်ကျွေးလိုက်တာ တွေ့လိုက်ရတယ်။
ဟုတ်ပါ့ဗျာ…။ ဒီနိုင်ငံမှာ စည်းကမ်းသိပ်ကြီးလွန်းတော့ ကျွန်တော်တို့နိုင်ငံလို ဘယ်သူကမှ လမ်းဘေးက ပြောင်းဖူးစေ့တွေ၊ ထမင်းစေ့တွေ ပတ်ကြဲပြီး ကျွေးမယ့်သူ မရှိဘူး။ အဲဒီလို လုပ်ရင်လဲ ဒဏ်ရိုက်မှာလေ။ စားသောက်ဆိုင်ရဲ့ နောက်ဖေးမှာတောင် စားပြီးသား စားကြွင်းစားကျန်တွေကို ပလပ်စတစ်အိတ်နဲ့ လုံခြုံအောင်ထုပ်ပြီး တစ်ခါတည်း တန်းပစ်တာကိုး။ ဆက်ရက် မိသားစုလေး သနားပါတယ်။ ဆာလွန်းလို့ ထင်ပါရဲ့။ ကျွန်တော် လက်လှုပ်တာကိုချည်း အဆက်မပြတ် ကြည့်နေတော့တယ်။
စားကြွင်းစားကျန်တွေကို မပစ်ရဘူးလို့ တင်းတင်းကျပ်ကျပ် စည်းကမ်း ထုတ်ထားလျက်နဲ့ပဲ ကျွန်တော့်လက်ထဲက ထမင်းစေ့တွေကို ဆက်ရက်ကလေးတွေဆီ အားရပါးရ ပက်ကျဲ မိလိုက်တော့တယ်။ ဆက်ရက်ကလေးတွေခမျာ အန္တရာယ်ကိုတောင် မကြောက်နိုင်တော့ဘူး။ လွန့်လွန့်လူးပြီး အစာကောက်နေကြတယ်။ ကျွန်တော်ဗိုက်က ဆာလောင်မွတ်သိပ်တဲ့ အသံကိုလဲ ကျွန်တော်နားနဲ့တောင် တဖျက်ဖျက် ပြန်ကြားနေရပြီ။ ကျွန်တော့်ကို လှမ်းဆဲဖို့ ကြီးကြပ်ရေးမှူးက ခပ်သွက်သွက် လျှောက်လာတာကိုလဲ ဂရုမစိုက်အားတော့ဘူး။ ကျွန်တော့် နှုတ်က လွှတ်ခနဲ ထွက်သွားတယ်။
“ဗိုက်ဆာလိုက်တာ အမေရယ်”
အမေနဲ့ ညီမလေးတွေကို သတိရပြီး ပါးပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် ကျလာတဲ့ မျက်ရည်စတွေကိုလဲ အချိန်မီ မထိန်းသိမ်း နိုင်တော့ဘူး။ ကျွန်တော် မြန်မာလိုပြောလိုက်တော့ ဘေးနားမှာ ရပ်နေတဲ့ အန်နီက နားမလည်နိုင်တဲ့ ပုံစံနဲ့ ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေတယ်။ “အခုမှ ကောက်ခါငင်ခါ ဒီကောင် ဘာထကြောင်လဲ” ဆိုတဲ့ သဘောပေါ့လေ။ မရှက်နိုင်တော့ဘူး။ ကျွန်တော် ငိုနေမိပြီ။ ကျွန်တော် ဗိုက်ဆာတာကို သူလဲ ဘာလုပ်ပေးနိုင်တာ မှတ်လို့…။
လျှံဇွဲကို(စီးပွားရေးတက္ကသု
ဇူလိုင်လ၊ ၂၀၁၄ (ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။