Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 24, 2015

“ရှေ့တစ်လှမ်းတိုး နောက်ဆယ်လှမ်းဆုတ်”


“ရှေ့တစ်လှမ်းတိုး နောက်ဆယ်လှမ်းဆုတ်”
*******************************
ဂန့်ဂေါမှာ ပေါတောတော မဲဆွယ်တဲ့ ကြံ့ဖွတ်အမတ်မင်းရဲ့ စကားတွေကို အူတက်မတတ် ရယ်ကြတယ်။ သူတို့ အုပ်ချုပ်လိုက်တဲ့ ၅ နှစ်အတွင်းမှာ ဘယ်လောက်တောင် တိုးတက်လာသလဲဆိုတာ သာဓကတွေ ထုတ်ပြတယ်လေ။ အရင်တုန်းက ဖုန်းတစ်လုံးတောင် မရှိတဲ့ရွာမှာ လူတိုင်း ဖုန်းကိုင်နိုင်ပြီ၊ ဆိုင်ကယ်တွေ စီးနိုင်ပြီ၊ ဒါဟာ သူတို့ လုပ်ပေးလို့ ပြောင်းလဲ တိုးတက်လာတာ မဟုတ်လားတဲ့။

ပြီးတော့၊ ရွာကလူတွေ ခေါင်းလျှော်ရည်နဲ့ လျှော်နိုင်လို့ မိန်းမတွေ သန်းတုတ်မနေရတော့ဘူး၊ ဓာတ်ဆီမီးခြစ်တွေနေရာမှာ ဂက်စ်မီးခြစ်တွေ သုံးနိုင်လာတာ သူတို့ စွမ်းဆောင်ပေးခဲ့တာတဲ့။ (အံ့ဩကုန်နိုင်ဖွယ် ဒဂယ်ဂျီးကို အဲဒီအတိုင်း သူပြောသွားတာပါဗျာ၊ ဘုရားစူးရပါစေရဲ့။)

အရှေ့တောင်အာရှမှာ မွဲဖော်မွဲဖက် ကမ္ဘောဒီးယားတောင် လက်ကိုင်ဖုန်းတွေ၊ ဆိုင်ကယ်တွေနဲ့ ဖြစ်နေတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကပါ။ ကျနော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မို့ သေသေချာချာ ပြောနိုင်ပါတယ်။ သူတို့က အခုကျမှ ငါတို့လုပ်ပေးလို့ ဖြစ်တာပါဆိုပြီး ကြမ်းပိုးကို လိပ်ဖြစ်အောင် အသလွတ် ပဏာယူနေကြတာ။ ဂက်စ်မီးခြစ်ကိုင်နိုင်တာကို ဂုဏ်ယူစရာ ဖြစ်အောင် ပြောရဲတဲ့ အစွမ်းသတ္တိကလည်း မသေးဘူးခင်ဗျ။

တစ်လောလေးကပဲ၊ အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေလှပါတယ်ဆိုတဲ့ ဆာဟာရ သဲကန္တာရဒေသက အီသီယိုပီးယားမှာ လျှပ်စစ်ရထားအသစ်ကြီးတွေ ပထမဆုံး ပြေးဆွဲတဲ့ သတင်းဓာတ်ပုံကို ကြည့်ပြီး မြန်မာတွေ ရင်ထုမနာ ဝမ်းနည်းကြတာ မှတ်မိသေးလား။ ငတ်မွတ်ခေါင်းပါးတဲ့နေရာမှာ ကမ္ဘာကျော်တဲ့ အီသီယိုပီးယားတောင် ငါတို့ရဲ့ သယံဇာတ ပေါကြွယ်ဝတဲ့ ရွှေနိုင်ဂံဂျီးကို ကျော်တက်သွားပါလား ဆိုပြီး ငိုကြတယ်လေ။

အထင်မကြီးပါနဲ့၊ အီသီယိုပီးယားက ရထားစနစ်ဟာ တရုတ်လုပ် အပေါစားပါ။ ကျနော်တို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေဆိုရင် ဂျပန်လုပ် ရထားစနစ်ကိုတောင် အလကားဖြစ်အောင် လုပ်ပစ်ခဲ့တဲ့ စွမ်းရည်အပြည့်ရှိတယ်။

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ စစ်ပြန်ဂျပန်ကြီးတွေရဲ့ ညစာစားပွဲတစ်ခုကို ကျနော် တက်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက မြန်မာပြည် စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့ရတဲ့ ဂျပန်စစ်သားဟောင်းကြီးတွေနဲ့ ဂျပန်ရောက် မြန်မာ ကျောင်းသူကျောင်းသားတွေ အတူတူ စုဝေးပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်ရင်း အတိတ်ဆိုးကို ဖြေဖျောက်ပစ်တဲ့ ပွဲတစ်ခုပါပဲ။

အဲဒီပွဲမှာ ခေါင်းဖြူဖြူ ဂျပန်အဖိုးကြီး နှစ်ယောက်နဲ့ ကျနော် စကားပြောဖြစ်ခဲ့ကြတယ်။ သူတို့ နှစ်ယောက်စလုံး စစ်သားမဟုတ်ဖူး၊ စစ်ပြန်မဟုတ်ဖူး။ တစ်ယောက်က JNR ရထားကုမ္ပဏီက အင်ဂျင်နီယာ၊ (အရင်ခေတ်တုန်းက အစိုးရပိုင် JNR က ခုခေတ်မှာ JR ဆိုတဲ့ ပုဂ္ဂလိက ကုမ္ပဏီ လေးခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။) နောက်တစ်ယောက်က ဟီးနိုး မော်တာကုမ္ပဏီက အင်ဂျင်နီယာ ဖြစ်ပြီး သူတို့ နှစ်ယောက် မြန်မာပြည်မှာ တာဝန်ကျရင်း ခင်မင်ရင်းနှီးခဲ့ကြတာလို့ ပြောပါတယ်။ ခုတော့ အငြိမ်းစားတွေပေါ့။

သူတို့ဟာ စစ်ပြီးခေတ်ကျမှ မြန်မာနိုင်ငံမှာ အလုပ်လုပ်ခဲ့ရသူတွေပါ။ ဂျပန်အစိုးရက မြန်မာနိုင်ငံကို စစ်လျော်ကြေးပေးတဲ့ အစီအစဉ်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့ကြတယ်လို့ သိရတယ်။ ရထားအင်ဂျင်နီယာကြီးက ရန်ကုန် မြို့ပတ်ရထားစနစ်ကို စတင် အကောင်အထည်ဖော်တဲ့ စီမံကိန်းမှာ တာဝန်ကျခဲ့တယ်။ နောက်တစ်ယောက်ကတော့ ရန်ကုန်မြို့တွင်း ဟီးနိုးဘတ်စ်ကားတွေ ပြေးဆွဲတဲ့ ခေတ်မီ သယ်ယူပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်ခဲ့ရသတဲ့။

ရထားအင်ဂျင်နီယာကြီးက တာမွေ၊ ဘောက်ထော်၊ ကံဘဲ့၊ ပါရမီ၊ ရေကူး၊ တံတားကလေး၊ ကျောက်ရေတွင်း၊ ပုရွက်ဆိတ်ကုန်း စတဲ့ ဘူတာစဉ်တွေ ခုထိ အလွတ်ရွတ်ပြနိုင်တယ်။ အဲဒီတုန်းက ရန်ကုန်မြို့ပတ်ရထားဆိုတာ အပြာနုရောင်ပေါ်မှာ အဖြူစင်းနဲ့ တောက်ပပြောင်လက်တဲ့ ဒီဇယ်ရထား အသစ်ကြီးတွေ သိပ်လှတာပဲလို့ လွမ်းတသသ ပြောပြပါတယ်။ ဆုဂေါခု ခိရေးအိ၊ ဆုဂေါခု ခိရေးအိ (အရမ်းလှတယ်၊ အရမ်းလှတယ်) လို့ အဝေးကို ငေးကြည့်ရင်း သူပြောပြတာနဲ့ပဲ ကျနော်လည်း မျက်စိထဲ မြင်ယောင်ပြီး အားရပီတိ ဖြစ်ရတာပေါ့။

ခုခေတ်လို တစ်ပတ်ရစ် အဟောင်းတွေ မဟုတ်ဖူး၊ ဂျပန်စက်ရုံက ထွက်လာတဲ့ အသစ်စက်စက်တွေတဲ့။ ဒီဇယ်ရထားကြီးတွေ ပြေးဆွဲနေရင်းနဲ့ လျှပ်စစ်ရထားအဖြစ် ပြောင်းလဲသွားဖို့ အစီအစဉ်လည်း ရှိတယ်လို့ ပြောပြတယ်။ ဂျပန်အစိုးရ အကူအညီနဲ့ ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းလည်း လုပ်ဆောင်နေလို့ လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်လုပ်နိုင်ပြီဆိုရင် အခု ဂျပန်နိုင်ငံမှာလို လျှပ်စစ်ရထားတွေ အစားထိုးမယ့် စီမံကိန်းဆိုတော့ ကျနော်လည်း ငိုချင်လိုက်တာဗျာ။

ဂျပန်တစ်ပြည်လုံးကို ဖြန့်ကျက်ထားတဲ့ ရထားစနစ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလေ။ ဘယ်နေရာ ဘယ်အရပ်ကိုမဆို ရထားနဲ့ သွားနိုင်တယ်။ တစ်ခြားနိုင်ငံက လူတွေအနေနဲ့ တိုယိုတာ၊ ဟွန်ဒါ၊ နိဆန် စတဲ့ မော်တော်ကားတွေပဲ သိကြတော့ ဂျပန်ကို ကားနိုင်ငံလို့ အထင်မှားကြတယ်။ အမှန်ကတော့ ရထားနိုင်ငံပါ။ JR, Tobu, Seibu စတဲ့ မြေပေါ်ရထား၊ ချီကတတ်ဆု မြေအောက်ရထားတွေ ရက်ကန်းယှက် ပြေးဆွဲပြီး ရထားတွေသာ ဂျပန်ပြည်သူတွေရဲ့ အဓိက သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်ပါတယ်။

အဲဒီလို ခေတ်မီ ကောင်းမွန်ပြီး ထိရောက်မြန်ဆန်တဲ့ ဂျပန်ရထားစနစ်ကို မြန်မာနိုင်ငံမှာ ဖော်ဆောင်ပေးဖို့ သူတို့ လုပ်ခဲ့ကြပေမယ့်၊ စစ်ဗိုလ်တွေ အုပ်ချုပ်တော့ အကုန်လုံး သဲထဲရေသွန် ဖြစ်ကုန်တာပဲ။

ဟီးနိုးအင်ဂျင်နီယာကြီးက ရန်ကုန်မြို့စွန်က ထောက်ကြံ့မှာ တာဝန်ကျခဲ့တယ်။ အဲဒီမှာ ရန်ကုန်မြို့တွင်း ပြေးတဲ့ ဟီးနိုးဘတ်စ်ကားကြီးတွေရဲ့ ဂိတ်ဆုံးနဲ့ ပြုပြင်ထိန်းသိမ်းရေး စခန်းရှိတယ်။ ဂျပန်အင်ဂျင်နီယာကြီး နှစ်ယောက်က သူတို့ရဲ့ မြန်မာပြည်အတွေ့အကြုံကို အောက်မေ့သတိရပြီး ပြောပြကြတဲ့အခါ မြန်မာလူမျိုးတွေ သဘောကောင်းတာ၊ ဖော်ရွေတာ၊ ကူညီတာစတဲ့ ကောင်းကွက်တွေချည်း ပြောတာပါ။

ဂျပန်လူမျိုးတွေရဲ့ ထုံးစံအတိုင်း မြန်မာစစ်အစိုးရ ဆိုးဝါးတယ်၊ ညံ့ဖျင်းတယ်လို့ တိုက်ရိုက်မပြောပေမယ့် သူတို့ စကားတွေထဲမှာ တစ်စတစ်စ ပေါ်လာတယ်။ (မြန်မာလူမျိုးတွေ ရေသာခိုပြီး အလုပ်မလုပ်ဘဲ လစာအချောင်လိုချင်တဲ့အကြောင်းလည်း အရိပ်အမြွက်ပြောကြတယ်။)

သူတို့ ဂျပန်တွေက စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ဖို့ အစီအစဉ်တွေကို စစ်ဗိုလ်တွေက တစ်ချက်လွှတ် အမိန့်အာဏာနဲ့ ပယ်ဖျက်ပစ်တယ်။ ဟီးနိုးဘတ်စ်တွေ ရေရှည် ပြေးဆွဲနိုင်အောင် သုံးလတစ်ကြိမ် ဆီလဲ၊ ဆီထိုး၊ လိုအပ်တာ အစားထိုး ပြုပြင်တဲ့ ဂျပန်တွေရဲ့ စနစ်ကို ညွှန်ချုပ် ဗိုလ်မှူးကြီးက ဖျက်သိမ်းပစ်တယ်။ (အဲဒီခေတ်က ဗိုလ်မှူးဆိုတာ ခုခေတ် ဗိုလ်ချုပ်နဲ့ အဆင့်တူ၊ စစ်တပ်တစ်ခုလုံးမှာ ဗိုလ်ချုပ်ဆိုတာ နေဝင်းဆိုတဲ့ တစ်ယောက်တည်းပဲ ရှိတယ်တဲ့။)

အဲဒီလို မလိုအပ်ပဲ ပြုပြင်တာတွေဟာ ပြည်သူပိုင်ပစ္စည်းတွေ ငွေတွေကို အလဟဿ ဖြုန်းတီးတယ်ဆိုပြီး ပျက်မှ ပြင်တဲ့ စနစ်ကို သုံးခိုင်းတော့ ဂျပန်တွေ ပက်လက်လန်ပါလေရော။ ဂျပန်ဘာသာနဲ့ အိဂျိ (維持) ဆိုတဲ့ ပြုပြင်ထိန်းသိမ်းရေးဟာ အသက်တမျှ အရေးကြီးကြောင်း ဘယ်လိုပဲ ရှင်းပြရှင်းပြ ဗိုလ်မှူးကြီးက ဘူးတစ်လုံးနဲ့ ခေါင်းခါနေပြန်တော့ လက်လျှော့လိုက်ရတယ်။

မြန်မာစစ်ဗိုလ်ကြီးများရဲ့ အမြင်မှာ ဂျပန်တွေက သူတို့ ကုမ္ပဏီထုတ် စက်ပစ္စည်းတွေ ရောင်းရအောင် ဂွင်ဖန်နေတယ်လို့ပဲ မြင်ပုံရတယ်။ ဂျပန်က အမြတ်ကြီးစား အရင်းရှင်စနစ်တဲ့။ အမှန်မှာ ဂျပန်ကုမ္ပဏီတွေလည်း အကျိုးအမြတ်ကို လိုချင်လို့ စီးပွားရေးလုပ်ငန်း လုပ်တာပါ။ ဒါဟာ သဘာဝပဲ။ ဂျပန်အဖိုးကြီးတွေ ကိုယ်တိုင်လည်း ထုတ်ပြောပါတယ်။ နောင်မှာ ပြည်သူလူထု လိုအပ်ချက်အရ တိုးချဲ့ပြေးဆွဲရင် လက်ရှိ အသုံးပြုနေတဲ့ အမျိုးအစားတူ ဂျပန်ဘတ်စ်တွေ၊ ရထားတွေပဲ မြန်မာအစိုးရက ထပ်ပြီး ဝယ်ယူလိမ့်မယ်လို့ ဂျပန်အစိုးရက မျှော်လင့်တယ်။ (သူတို့နိုင်ငံလိုပဲ ရန်ကုန်ပြီးရင် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေ စတဲ့ မြို့ကြီးတွေမှာ တိုးချဲ့လာရင် ဂျပန်ကုမ္ပဏီတွေ ထောပြီလေ။)

ဟီးနိုးကားကြီးတွေကို စစ်လျော်ကြေးအဖြစ် အလကားပေးပြီးတဲ့ နောက်ပိုင်းမှာ လိုအပ်လာမယ့် ဂျပန်လုပ် တာယာကအစ စက်ပစ္စည်းအစိတ်အပိုင်းတွေ နောက်ဆက်တွဲ ရောင်းချင်တဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်။

သူ့စက်ပစ္စည်းတွေကို သူ့နေရာနဲ့သူ့အချိန်နဲ့ အစားထိုး ပြုပြင်ထိန်းသိမ်းမှ ရေရှည် သုံးစွဲနိုင်ပြီး တိုင်းပြည်အကျိုးရှိမှာပေါ့။ ဒါပေမယ့်၊ မြန်မာစစ်ဗိုလ်တွေက ဈေးကြီးတဲ့ ဂျပန်ပစ္စည်းကို မသုံးဘဲ တွင်ခုံမှာ လုပ်ပြီး အစားထိုးခိုင်းတယ်။ တာယာတွေ ပါးလာရင် ရာဘာကို ပေါင်းတင်ပြီး ပြန်သုံးခိုင်းတယ်။ ပြည်တွင်းဖြစ်တွေနဲ့ ကြံဆောင်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်ကိုလည်း လက်မ ထောင်ပြီး ကြွားကြသေးတယ်။

အဲဒီအချိန်ကစပြီး၊ ဟီးနိုးဘတ်စ်ကားကြီးတွေကို တော်ရုံတန်ရုံ ပျက်တာဆို မပြင်သေးဘဲ လက်ပူတိုက်ပြီး မောင်းတယ်။ လုံးဝ မောင်းမရအောင် ထိုးရပ်သွားမှ ကရိန်းနဲ့ သွားဆွဲပြီး ပြင်တယ်။ အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ ပေါက်သလို ပြင်ဆင်စရိတ်တွေ မတန်တဆ စုပြုံများပြားလာခဲ့ပါတော့တယ်။

ဒီလိုနဲ့၊ ရေရှည်မှာ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ အကုန်လုံး ပျက်စီးခြင်း ငါးပါးဆိုက်သွားရော။ ၁၉၈၀ ခုနှစ်လောက်မှာ မြန်မာပြည်ကို အလည်သွားတဲ့အခါ သူ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တဲ့ ထောက်ကြံ့စခန်းဟာ နှစ် ၂၀ အတွင်းမှာပဲ ဟီးနိုးကား အဟောင်းအပျက်တွေ စုပုံထားတဲ့ ကားသင်္ချိုင်းကြီး ဖြစ်နေတာ တွေ့တော့ ယူကျုံးမရ သူငိုမိတဲ့အကြောင်း ဂျပန်အင်ဂျင်နီယာကြီးက ပြောပြတယ်။ ဂျပန်တောင် ငိုမှတော့ မြန်မာလူမျိုး ကျနော့ခမျာမှာ နှမျောလွန်းလို့ လဲသာ သေလိုက်ချင်တော့တယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေက မဖြစ်စလောက် အောင်မြင်မှုလေးတွေကို ပုံကြီးချဲ့ ကြွားဝါနေကြတယ်။ လက်ကိုင်ဖုန်း သုံးနိုင်တာ၊ ရှမ်ပူနဲ့ခေါင်းလျှော်နိုင်တာ၊ ဂက်စ်မီးခြစ် သုံးနိုင်တာတွေကို သူတို့ လုပ်ဆောင်ပေးခဲ့တဲ့ မဟာ့မဟာ ပြောင်းလဲ တိုးတက်မှုကြီးတွေ ဆိုပြီး ဂုဏ်ယူနေတော့ ရင်မောရပါတယ်။ တစ်ကယ်စစ်မှန်တဲ့ ပြောင်းလဲတိုးတက်မှုဆိုတာ ဘာလဲလို့ သူတို့ကိုယ်တိုင်လည်း သိပုံမရဘူး။

၁၉၈၈ ခုနှစ်၊ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းပြီးတဲ့ ခေတ်ကိုပဲ ပြန်ကြည့်ပါ။ အဲဒီအချိန်က စပြီး ယနေ့အထိ ကာလအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံက ကိုယ်ပိုင် ဆက်သွယ်ရေးဂြိုဟ်တု ၆ လုံး လွှတ်တင်ခဲ့ပြီးပါပြီ။ မြန်မာပြည်က ရုပ်မြင်သံကြားလိုင်းတွေဟာ အဲဒီ ထိုင်းဂြိုဟ်တုတွေကို သုံးနေရတာ။ မြန်မာပြည်မှာ စက်မှုဇုံဂျစ်ကားဆိုတဲ့ ချောက်တိချောက်ချက်တွေနဲ့ ဗိုလ်ချုပ်တွေ ဂုဏ်တက်နေချိန်မှာ ထိုင်းကတော့ အိဆူဇူးနဲ့ တိုယိုတာ စက်ရုံခွဲတွေ တည်ထောင်ပြီး Made in Thailand မော်တော်ကားတွေကို ပြည်ပတင်ပို့ ရောင်းချနိုင်ပါပြီ။

မြန်မာပြည်သူတွေက အဝိုင်းလေးလည်တဲ့ အင်တာနက်နဲ့ အချိန်တွေ ကုန်နေကြတုန်း သူများနိုင်ငံတွေမှာတော့ မြန်နှုန်းမြင့် broadband အင်တာနက်တွေနဲ့ ဖလန်းဖလန်း ဖြစ်နေတာကို သိကြပါ။ ဂက်စ်မီးခြစ် သုံးနိုင်တာလေးကိုပဲ ဂုဏ်ယူရမယ့် အစိုးရထက် ပြည်သူ့ဘဝကို အမှန်တကယ် ပြောင်းလဲတိုးတက်စေမယ့် ဒီမိုကရေစီအစိုးရကိုသာ အသိဉာဏ်ရှိရှိ ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါရစေ။

"အဟောင်းပြုတ်မှ အဟုတ်ပြောင်းမှာပါ"

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။