Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 8, 2015

အမှောင်ထဲမှာ အလင်းသယ်ဆောင်တဲ့သူ ဖြစ်ချင်တဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်သင်္ဘောကြီးပေါ်က အိုင်ဗီချု



 

အမှောင်ထဲမှာ အလင်းသယ်ဆောင်တဲ့သူ ဖြစ်ချင်တဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်သင်္ဘောကြီးပေါ်က အိုင်ဗီချု
= = = = = = = = = = = = = = = = = = = = = = = = =

"သင်္ဘောပေါ်မှာ ပါဝင်ခဲ့တဲ့အတွက် ဘယ်တော့မှ စိတ်မပျက်ခဲ့ရဘူး ။ဘယ်တော့မှလဲ နောင်တ မရခဲ့ဘူး " လို့ ရန်ကုန်မြို့ကို ပထမဆုံးရောက်ဖူးတဲ့ အိုင်ဗီချု (Ivy Chiu ) ကပြောပါတယ် ။

သူက ရန်ကုန်မှာ နှစ်ပတ်ကြာရပ်နားမဲ့ ကမ္ဘာအကြီးဆုံး စာအုပ်သင်္ဘော Logos Hope ပေါ်က စေတနာဝန်ထမ်း အမျိုးသမီးတစ်ယောက်ပါ ။ မျက်ခုံးထူထူ မျက်လုံးနက်နက်နဲ့သူမက အာရှသူတို့ရဲ့ အသားအရောင်အပြင် နှစ်လိုဖွယ် အပြုံးလည်းရှိပါတယ် ။သူက ထိုင်ဝမ်နိုင်ငံသူတစ်ယောက်ပါ ။ အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောနေတဲ့သူက တိုင်ပေမြို့မှာ ပညာသင်ကြားခဲ့တာပါ ။

သည်သင်္ဘောကြီးပေါ်မှာ သူ့လိုမျိုးစေတနာ ၀န်ထမ်းပေါင်း လေးရာကျော်ရှိနေပါတယ် ။ သူတို့က နိုင်ငံပေါင်း ၄၅ နိုင်ငံကနေ လာကြတဲ့ နိုင်ငံတကာ သူငယ်ချင်းတွေလည်းဖြစ်ပါတယ် ။

Doulos ဆိုတဲ့ စာအုပ်သင်္ဘောကြီး ထိုင်ဝမ်နိုင်ငံကို ရောက်ရှိခဲ့တဲ့ အချိန်မှာတော့ အိုင်ဗီချု ရဲ့ အိမ်မက်တွေ စတင်ခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာတော့ သူက အသက် ၁၇ နှစ်ပဲရှိသေးတဲ့ အထက်တန်း ကျောင်းသူတစ်ယောက်ပါ ။မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာတော့ အသက် ၂၃ နှစ်ရှိနေပါပြီ။

" ဒီသင်္ဘောပေါ်မှာ ၀န်ဆောင်ပေးတဲ့အခါမှာ အရမ်းအံ့သြခဲ့ရတယ် " လို့ သူမက ဆိုပါတယ် ။ ဒါပေမယ့် သူကိုယ်တိုင် ပါဝင်ဖို့အတွက်တော့ သတ္တိ မရှိလာသေးပါဘူး ။

သူ့ အနေနဲ့ ကျောင်းတက်နေတဲ့ အချိန်မှာ အနာဂတ်အတွက် ဘာလုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားခဲ့ပါတယ် ။ကျောင်းမှာ ရှိတဲ့ အတန်းဖော်တွေက တက္ကသိုလ်တက်ဖို့ဆိုပြီး စဉ်းစားကြတယ် ။

"ဘ၀ဟာဆိုရင် ပညာလေ့လာတာ အလုပ်လုပ်တာတွေထက် ပိုပြီးထူးခြားတာတွေရှိသေးတယ်ဆိုတာ သိလာတဲ့အတွက်ကြောင့် ဒါကို အရဲစွန့်ပြီးလုပ်ခဲ့တယ် " လို့ သူမက ပြောပါတယ် ။
သင်္ဘောပေါ်မှာ အလုပ်လုပ်ဖြစ်ဖို့ ဘုရားက ခွန်အားပေးခဲ့တဲ့အတွက်ကြောင့် သတ္တိရခဲ့တယ် လို့ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်တဲ့ သူမကပြောပါတယ် ။အဲ့ဒီသတ္တိကြောင့်ပဲ တခြားသူတွေနဲ့ မတူတဲ့သူဖြစ်ချင်တယ်ဆိုတဲ့အကြောင်း သူ့ရဲ့မိသားစုကို ရဲရဲရင့်ရင့် ပြောပြနိုင်ခဲ့တယ်လို့ အိုင်ဗီချုက ဆက်ပြောပါတယ် ။
သင်္ဘောပေါ်မှာ အလုပ်လုပ်ဖို့ မိသားစုကို ပြောရတာ သူ့အတွက် အရမ်းပဲခက်ခဲပါတယ် ။ သားသမီးနှစ်ဦးသာရှိနေတဲ့ သူ့မိဘတွေက သူရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီးတော့ မေးခွန်းတွေ ထုတ်ခဲ့လို့ပါ ။ နောက်ဆုံးမှာတော့ သူသင်္ဘောပေါ်ရောက်ခဲ့ပါတယ် ။၂၀၁၄ ခုနှစ်မှာမှာတော့ အိုင်ဗွီချုတစ်ယောက် သင်္ဘောပေါ်ရောက်ခဲ့ပါတယ် ။
"ပထမဆုံးအနေနဲ့ သန့်ရှင်းရေး စလုပ်ခဲ့ရပါတယ် " လို့ သင်္ဘောကြီးပေါ်မှာ ပထမဆုံးလုပ်ခဲ့ရတဲ့ အလုပ်ကိုပြောပြတယ် ။
နေ့စဉ်နဲ့အမျှ သင်္ဘောပေါ်က သန့်စင်ခန်းပေါင်း ၂၀၀ ကို သန့်ရှင်းရေးလုပ်ရတာပဲဖြစ်ပါတယ် ။
သန့်စင်ခန်းတွေကို သန့်ရှင်းရေးလုပ်ရတာက သူထင်တာထက် ပိုပြီးတော့ ခက်ပါတယ် ။ ဒါပေမယ့် သင်္ဘောပေါ်မှာရှိတဲ့ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်းမခွဲခဲ့အတွက် သူတို့ရဲ့ နွေးထွေးမှုကို ခံစားရတယ်လို့သူကပြောပါတယ် ။ ဒါကြောင့်သူ့တာဝန်ဖြစ်တဲ့ သန့်ရှင်းရေးအလုပ်ကိုလည်း နှလုံးသားပါဝင်စွာနဲ့ လုပ်ဖြစ်ခဲ့တယ်လို့ အိုင်ဗွီချုက ပြောပါတယ် ။အိမ်မှာ တစ်ခါမှ မလုပ်ဖူးတဲ့ အ၀တ်ခေါက်တဲ့ အလုပ်ကိုလည်း လုပ်ခဲ့ရပါတယ် ။ တစ်ရက်ကို အကျီ င်္ ၄၀၀ ခေါက်ရပါတယ် ။

သင်္ဘောကြီးပေါ်မှာတော့ အသက် ၂၀ ကနေ ၃၀ အကြားလူငယ်တွေ အများဆုံးပါဝင်ပါတယ် ။သူတို့အားလုံးက ပင်လယ်ရေကြောင်း ခရီးပြုသူတွေ ၊ အင်ဂျင်နီယာတွေ ၊ လျှပ်စစ်ပညာရှင်တွေ ၊ သူနာပြုတွေ ၊ စာချ ပုဂ္ဂိုလ်တွေနဲ့ အချက်အပြုတ်ကျွမ်းကျင်သူတွေဖြစ်ကြပါတယ် ။ သူတို့ ကျွမ်းကျင်ရာ ပညာရပ်တွေနဲ့ ဒီသင်္ဘောကြီးပေါ်မှာ အစေခံနေကြတာပါ ။ သူတို့အားလုံး လစာမရကြတဲ့ စေတနာ့ဝန်ထမ်းတွေပါ ။
အမှုထမ်းတွေကို သင်္ဘောကနေပြန်ပေးတဲ့ အရာကတော့ လူမှုဆက်သွယ်နည်းစနစ် ၊ အတိုက်အခိုက်အပေါ် ဆုံးဖြတ်ချက်ချဖို့ ၊ ကိုယ်ပိုင်ဥာဏ်စွမ်းအားနဲ့ ပြဿနာဖြေရှင်းဖို့ ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ရှုမြင်တတ်ဖို့ ၊ ခေါင်းဆောင်တတ်ဖို့ ၊ ကိုယ်ကျင့်တရား ပညာနဲ့ ဘ၀ကို တီထွင် စီမံတတ်ခြင်းဆိုတဲ့ သင်တန်းတွေပဲဖြစ်ပါတယ် ။
သင်္ဘောပေါ်နဲ့အတူ ခရီးသွားရင်း မိတ်ဆွေအသစ်တွေနဲ့တွေ့ခဲ့အခါမှာ ဓာတ်ပုံရိုက်ဖို့တစ်ခုတည်းမဟုတ်ပဲနဲ့ သူတို့နဲ့ ဒေသခံတွေနဲ့ ဘယ်လိုရင်းနှီးအောင်လုပ်မလဲဆိုတာ သူတို့ကို ပေါင်းသင်းပြီးတော့ သူတို့ရဲ့ အကြောင်းတွေ ဘယ်လိုမျိုးသိခွင့်ရလဲဆိုတာ သင်ယူခဲ့ရတယ်လို့ ဆိုပါတယ် ။
သင်္ဘောပေါ်မှာ ၀င်ရောက်အလုပ်လုပ်ကိုင်ကြတဲ့ အိုင်ဗီချုလို လူငယ်တွေဟာ နှစ်နှစ်တာဝန်ထမ်းဆောင်ရပါတယ် ။
စာအုပ်သင်္ဘောကြီးဟာ ဂျာမန် ခရစ်ယာန် အကျိုးအမြတ်မယူ စေတနာဝန်ထမ်းအဖွဲ့က စတင်တည်ထောင်ပြီး ၁၉၇၀ ပြည့်နှစ်ကစလို့ (logos ,Doulos,Logos II ) လက်ရှိ Logos Hope သင်္ဘောကြီး လေးစင်းပြောင်းလဲခဲ့ပြီး ဆိပ်ကမ်း ၅၀၀ ကျော် ၁၅၁ နိုင်ငံကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ် ။
သင်္ဘောပေါ်ကို လာရောက်လည်ပတ်သူ ၄၄ သန်းရှိပြီဖြစ်တဲ့ စာအုပ်သင်္ဘောကြီးဟာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသားတွေအတွက် အသိပညာတွေ မျှော်လင့်ချက်ကမ်းလင့်ကူညီမယ့် လက်တစ်စုံကို သယ်ဆောင်လာတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ် ။
သင်္ဘောပေါ်မှာတော့ မတူညီတဲ့ ခေါင်းစဉ်ပေါင်း ၅၀၀၀ ကျော်နဲ့ စာအုပ်တွေရှိနေပါတယ် ။စာအုပ်သင်္ဘောကြီးက စာအုပ်ရောင်းတာတစ်ခုထဲလုပ်တာတော့ မဟုတ်ပါဘူး ။ ငြိမ်းချမ်းရေး ၊ ကလေးသူငယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ပညာပေးသင်တန်းတွေနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ အခြားသော ဗဟုသုတ ဖြန့်ဝေတာတွေ ဆေးဝါး ၊ အစားအစာတွေကိုလည်း ထောက်ပံပေးပါတယ် ။ သင်္ဘောအတွက် လိုအပ်တဲ့ ရံပုံငွေရဲ့ ၇၅ ရာခိုင်နှုန်းကို နိုင်ငံတကာ အလှူရှင်တွေဆီက ရတာဖြစ်ပြီးတော့ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကိုတော့ စာအုပ်တွေရောင်းရတဲ့ ငွေက ရတာပါ ။

ပုံမှန်အားဖြင့်တော့ သင်္ဘောပေါ်မှာ အလုပ်လုပ်နေရင် အိမ်ပြန်လို့ မရပါဘူး ။ ကံကောင်းစွာနဲ့ပဲ သူတို့ရဲ့ စာအုပ်သင်္ဘော က ဒီနှစ်အတွင်းမှာ ထိုင်ဝမ်ကို သွားခဲ့တဲ့အတွက် မိဘတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ် ။ အဲ့သည်အခါမှာတော့ သူ့ဘ၀က အရင်နဲ့ အခု ဘယ်လောက်ထိ အသွင်ပြောင်းသွားလဲဆိုတာ မိသားစုက သိလာတယ် ။ ပြောင်းလဲသွားတဲ့သူ့ကို တွေ့တဲ့ အခါမှာ မိသားစုက အရမ်းအံ့သြသွားခဲ့ပါတယ် ။
" ကျမကိုယ်တိုင်လည်း လူတိုင်းအတွက် နှလုံးသား ဆန္ဒပါတဲ့ ၀န်ဆောင်ပေးတဲ့ စိတ်တွေပါလာတယ် ။နောက်ပြီးတော့ လူတွေကို ဘယ်လိုမျိုး ဂရုစိုက်ပေးရမလဲဆိုတာ စိတ်တွေရှိလာတယ် ။ ကမ္ဘာကိုလည်း မတူညီတဲ့ အမြင်တွေနဲ့ မြင်တွေ့လာနိုင်တယ် " လို့ သူကပြောပါတယ် ။

သင်္ဘောမှာ ပါဝင်ခဲ့တဲ့အတွက် ဘ၀က ရည်မှန်းထားတာထက်ပိုပြီးကြီးမားတယ်ဆိုတာသိခဲ့ရတဲ့အပြင် လောကကြီးရဲ့ မတူညီတဲ့ ကွာခြားမှုတွေ အများကြီးမြင်တွေ့ရတယ် လို့ လည်းပြောပါတယ် ။
အမှတ်တရ ဖြစ်ခဲ့တာကတော ဖိလစ်ပိုင်နိုင်ငံခရီးမှာ ရွှာတစ်ရွှာကို အစားအသောက်သွားပြီး ဝေငှတဲ့ အစီအစဉ်သွားလုပ်ပေးခဲ့တာပါ ။ ကားမောင်းလို့မရတဲ့အတွက် ရွံ့ထူနေတဲ့ တောင်တက်လမ်းတွေကို ဂျင်းဘောင်းဘီဝတ်ပြီးဖြတ်ခဲ့ရပါတယ် ။ မိုးကလည်း ရွာနေပါတယ် ။ရွာကိုရောက်တဲ့အခါမှာတော့ တိုင်းရင်းသားတွေ ဆီမှာ အပြုံးကလွဲရင် ဘာဆိုဘာမှရှိမနေတာကိုတွေ့လိုက်ရပါတယ် ။ အမိုးသာရှိပြီး အကာမရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းနားက ဇရပ်မှာ မိုးခိုခဲ့ရပါတယ် ။

"ဘာဆိုဘာမှ မရှိဘူးဆိုတာကို တွေ့ရပေမယ့် တစ်ကယ်အရေးကြီးတာက နှလုံးသားပဲဖြစ်တယ် ။ကိုယ့်နှလုံးသားထဲမှာ တစ်ခုရှိနေပြီဆိုရင် ကျန်တာ ဘယ်သူမှ မလိုတော့ဘူး ။သူတို့ကို အများကြီးးမကူညီပေနိုင်ခဲ့ပေမယ့် သူတို့တွေရဲ့ ဘ၀တွေကို ကြည့်ပြီး သင်ယူစရာတွေ ရှိတယ်ဆိုတာ သိခဲ့ရတယ် " လို့ အိုင်ဗီချုက ပြောပါတယ် ။

သန့်ရှင်းရေးအလုပ် ၊ အ၀တ်ခေါက်တဲ့ အလုပ်တွေကို နှစ်ဝက်လောက် လုပ်ခဲ့တဲ့ အိုင်ဗွီချုက အခုဆိုရင်လူထုဆက်ဆံရေး အရာရှိတစ်ဦးဖြစ်နေပါပြီ ။သူရဲ့ရည်မှန်းချက်က သင်္ဘောကြီးနဲ့အလုပ်လုပ် ပြီးရင် အခြားသော အကျူိးအမြတ်မယူတဲ့ စေတနာ ၀န်ထမ်းအဖွဲ့တွေမှာ ဆက်ပြီးပါဝင်သွားဖို့ရှိနေပါတယ် ။

လူတွေကို ကူညီပေးချင်တယ်ဆိုတဲ့ အိုင်ဗွီချု့က တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ပြုံးလိုက်ပြီး
"အဓိက ဘာလဲဆိုရင် အမှောင်ထုထဲမှာ အလင်းသယ်ဆောင်တဲ့သူ ဖြစ်ချင်တယ် "

author စစ်ထက်အောင်

(ကုမုဒြာဂျာနယ် အတွဲ ၅ အမှတ် ၂၃ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။