Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 8, 2015

သန့်ရှင်းသောလား၊ ညံ့ဖျင်းသောလား


သန့်ရှင်းသောလား၊ ညံ့ဖျင်းသောလား

|| ဆောင်းဝင်းလတ် ||

ပွင့်ပွင့်လင်းလင်းနဲ့ အရိုးရှင်းဆုံးပြောရရင် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသတော်တော် များများက ဆင်းရဲသားလက်လုပ်လက်စား ပြည်သူလူထုအများစုဟာ ၂၀၁၅ သဘာဝ ဘေးအန္တရာယ် “ကပ်”ဆိုးကြီးကျရောက်ပြီး “စီးပွားပျက်”သွားကြပါပြီ။ ဆင်းရဲတဲ့ကြားက စီးပွားပျက်တာ ပိုပြီးအနက်ရှိုင်းဆုံး ချောက်ကမ်းပါးကြီးထဲ ကျရောက်သွားကြရသလို ကိုယ်စီကိုယ်ငှ ခံစားနေကြရပါတယ်။ လယ်ပျက်ယာပျက် စိုက်ပျိုးထုတ်လုပ်ဖို့ အကွက်အကွင်းတွေ ပျက်ယွင်းသွားကြတာနဲ့အမျှ ရှားပါးလာတော့မယ့် စားနပ်ရိက်္ခာကုန်ထုတ်ပစ်္စည်းတွေနဲ့ အတူ ထပ်တူညီမျှအချိုးကျ တရိပ်ရိပ်တက်လာတော့မှာက “ကုန်ဈေးနှုန်း” ပဲဖြစ်ပါတယ်။

အဲဒီအခြေအနေကြားထဲမှာပဲ သြဂုတ်လ ၂၈ ရက်၊ ၂၀၁၅ နေ့မှာ မြန်မာနိုင်ငံ နေပြည်တော်မှာရုံးစိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီး အတည်ပြုသတ်မှတ်ချက်တစ်ခု ချမှတ်လိုက်တာကတော့ အလုပ်သမားတွေရဲ့ တစ်နေ့ “၈”နာရီလုပ်ခကို မြန်မာကျပ်ငွေ ၃,၆၀၀ ကျပ် သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီနှုန်းထားဟာ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေရဲ့ သဘောတူညီမှုနဲ့ သတ်မှတ်ထား တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အလုပ်ရုံတစ်ရုံမှာ အလုပ်သမား ၁၅ ယောက်ထက် နည်းတဲ့အလုပ်ရုံဆိုရင်တော့ ဒီသတ်မှတ်ချက်ဟာ ပါဝင်မှုမရှိဘူးလို့ သိရတဲ့အပြင် တချို့မိသားစုတွေ တစ်ပိုင်တစ်နိုင် လုပ်နေကြတဲ့ လုပ်ငန်းတွေဟာလည်း ဒီသတ်မှတ်ချက်နှုန်း ထားထဲမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေဖြစ်တဲ့ Overtime ကြေးလို့ခေါ်တဲ့ အချိန်ပိုကြေးတွေနဲ့ ခံစားခွင့်တွေကတော့ မပါရှိသေးဘူးဆိုတာ သိရပါတယ်။ အခုလောလောဆယ်မှာ သတ်မှတ်လိုက်တဲ့ အလုပ်သမားတစ်ယောက် တစ်နေ့ ၈ နာရီလုပ်ခ မြန်မာကျပ်ငွေ ၃,၆၀၀ ကျပ် ဟာ တရိပ်ရိပ်နဲ့တက်ပြီးရင်း အတိုင်းအဆမရှိ တက်လာနေတဲ့ စားဝတ်နေရေးစရိတ်စကတွေနဲ့ နှိုင်းဆကြည့်ရင်တော့ စဉ်းစားစရာတွေ အများကြီးရှိလာပါလိမ့်မယ်။ ဒီနေ့ဒီအချိန်မှာ သာမန်ဆင်းရဲသားလူတန်းစားတွေ စားနေကြတဲ့ ကန်စွန်းရွက်တစ်စည်းဟာ မြန်မာကျပ်ငွေ ၃၀၀ ကျပ်အထိ ဈေးတက်လာပြီဆိုတာကို နေ့စဉ် နေ့တိုင်းဈေးကို ကိုယ်တိုင်ဝယ်ပြီး မိသားစုအတွက် ကိုယ်တိုင်ချက်ပြုတ် ကျွေးမွေးနေတဲ့ သူတိုင်းသိကြမှာပါ။

ဆင်းရဲသားတွေ စားနေကြတဲ့ ဆန်အမျိုး အစား အနိမ့်ဆုံး တစ်ပြည်ကို ဆိုင်မှာသွား ၀ယ်ကြည့်ပါ။ ပြီးခဲ့တဲ့နှစ်က တစ်ပြည်ကို မြန်မာကျပ်ငွေ ၉၀၀ ကျပ်ပေးဝယ်ရတဲ့ ဆန်အမျိုး အစားဟာ ဒီနေ့မှာ တစ်ပြည်ကို ၁၀၀၀ ကျပ်ကနေပြီး ၁၂၀၀ ကျပ်အထိ တက်လာပြီဖြစ်ပါတယ်။ တခြား ဆား၊ ငရုတ်၊ ဟင်းခတ်မှုန့် တွေအပြင် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကအစ အာလူး၊ ပဲမျိုးစုံအကုန်ဈေးတက်နေပါတယ်။ နယ်ဒေသတွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် လုပ်ကွက်တွေပျက်၊ စီးပွားတွေပျက်၊ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံး နှောင့်နှေးပြီး သယ်ယူပို့ဆောင်ခစရိတ် စကတွေ ဈေးကြီးလာတော့၊ သယ်ဆောင်လာတဲ့ ကုန်ပစ်္စည်းတွေရဲ့ဈေးနှုန်းကလည်းပဲ တစ်ပြေးညီလိုက်ပြီး တက်လာရတဲ့သဘောလို့ ယူဆပါတယ်။

ဒါက အလုပ်သမားမိသားစုတစ်ခုအတွက် “စားရေးသောက်ရေး” စရိတ်စကကို အကြမ်းဖျဉ်းတွက်ဆကြည့်တာပါ။ မိသားစုမရှိဘဲ တစ် ယောက်တည်း ရပ်တည်နေတဲ့ တစ်ကိုယ်ရေ တစ်ကာယသမား အလုပ်သမားဆိုရင်တောင်မှ သူ့မှာ စက်ရုံအလုပ်ရုံက ပေးထားတဲ့နေစရာ၊ အဆောင်ခန်း၊ လိုင်းခန်းမရှိဘူးဆိုရင် အပြင်မှာငှားနေရတဲ့ ကျောချစရာနေရာ စရိတ်စကနဲ့ နေ့စဉ်စားသောက်ကုန်ကျစရိတ်တွေရဲ့ တရိပ်ရိပ်တက်လာတဲ့ဒဏ်ကို အလူးအလဲ ခံစားရမှာဖြစ်ပါတယ်။ စက်ရုံကပေးတဲ့ ကြိုပို့ ဖယ်ရီကားလည်း မရှိဘူးဆိုရင် အပြင်ကနေပြီး နေ့စဉ်စက်ရုံအလုပ်ရုံကို အသွားအပြန် ခရီးစရိတ်ကလည်း တော်တော်လေး ၀န်ထုပ်ဝန်ပိုး ဖြစ်လာမှာ သေချာပါတယ်။

တခြား အထွေထွေ အသုံးစရိတ်တွေကလည်း ဈေးတက်ဈေးကြီးလာပြီဆိုတော့ အလုပ်သမားတွေရဲ့ ရှေ့အနာဂတ်ဟာ ဘာလဲဆိုတာမှန်းဆရင် စာနာထောက် ထားစရာတွေ ပိုပြီးရှိလာတော့မှာ သေချာပါတယ်။ အခု သတ်မှတ်လိုက်တဲ့လုပ်ခတွေ ကျပ် ၃,၆၀၀ ထဲမှာ အကျုံးမ၀င်ဘဲ အလုပ်သမားဦးရေ ၁၅ ယောက်ရဲ့အောက်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ အလုပ်ရုံလေးတွေ၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေကို လေ့လာလိုက် တဲ့အခါမှာတော့ လုပ်ငန်းအကုန်လုံးမှာမဟုတ်တာတောင်မှ တချို့လုပ်ငန်းတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေကြတဲ့ ကလေးအလုပ်သမား လေးတွေကို တွေ့နေကြရမှာ ဖြစ်ပါတယ်။ သူတို့လေးတွေကလည်း ကိုယ့်နိုင်ငံရဲ့ ရင်သွေးလေးတွေပဲ မဟုတ်လား။ သူတို့လည်း သူတို့ဘ၀အတွက် တတ်နိုင်သမျှ အလုပ်လုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရရှာတဲ့ ကျောင်းပညာရေးဝေးသထက်ဝေးဝေး ရင်သွေးငယ်လေးတွေပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လူကြီးအလုပ်သမားတွေကိစ်္စအတွက် သတ်မှတ်ချက်တွေကတော့ ရှိလာတာဟုတ်ပါပြီ။ ဒါဆိုရင် ကျွန်တော် အခုပြောနေတဲ့ ကလေးအလုပ်သမားတွေရဲ့ ဘ၀ပြဿနာတွေဟာလည်း စီးပွားပျက်ကပ်ဆိုက်နေတဲ့ ဒီနေ့ မြန်မာ့လူ့ပတ်ဝန်းကျင်မှာ ထည့်သွင်းစဉ်းစားရတော့မယ့် ပြဿနာမဟုတ်ပေဘူးလား။ ၂၀-၂၁ ရာစုရဲ့နောက်ပိုင်းကိုပဲ ပြန်ကြည့်လိုက်ပါ။ ၁၉ ရာစုကတည်းကပဲ အင်္ဂလန်နိုင်ငံမှာဆိုရင် စက်မှုလုပ်ငန်းတွေ အများကြီးရှိလာတယ်။ တော်တော်ဆိုးတဲ့ခေတ်ဆိုတော့ အဲဒီတုန်းက အသက် ၄ နှစ်လောက် ကလေးအရွယ်ကစပြီး ကလေးတွေဟာ စက်ရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့ကြရတဲ့ခေတ်ဖြစ်ခဲ့တယ်။

ကလေးတွေ လုပ်နေရတဲ့လုပ်ငန်းခွင်ရဲ့ အလုပ်ချိန်ဟာ တစ်နေ့ကို တစ်ခါတလေမှာ ၁၅ နာရီအထိရှိခဲ့တယ်။ ပင်ပန်းလို့ အိပ်ငိုက်ရင်လည်း အလုပ်သမားကြီးကြပ်သူလို့ဆိုတဲ့ လူကြီးတွေက ရိုက်တာကိုခံကြရသေးတယ်။ မြေအောက်ကျောက်မီးသွေးတွင်းထဲမှာ လုပ်ရတဲ့ ကလေးတွေက ပိုပြီးပင်ပန်းတယ်။ တွင်းထဲမှာ တစ်နေ့ ၁၂ နာရီလောက်လုပ်ကြရ တယ်။ ကလေးတွေ ကျန်းမာရေးဆိုးဝါးလာလို့ တချို့သေဆုံးသွားတာတွေရှိတယ်။ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေလည်း ရှိတယ်။ အလုပ်ရှင်တွေကလည်း ရက်စက်ခဲ့ကြတယ်။ သူတို့စက်ရုံတွေအတွက် လိုအပ်တဲ့ ကလေးအလုပ်သမားကို လိုအပ်တဲ့အချိန်မှာ ကယ်ဆယ်ရေးစခန်းတွေနဲ့ မိဘမဲ့ဂေဟာတွေမှာ သွားခေါ်ကြတယ်။

လူကြီးအလုပ်သမားတွေနဲ့စာရင် ကလေးအလုပ်သမားကို ခေါ်ထားပြီး ခိုင်းရတာက လုပ်ခငွေပေးရတာလည်း သက်သာတယ်။ ကျွေးမွေးစရိတ်စကလည်း အကုန်အကျနည်းတယ်။ ဒါကြောင့် ကလေးတွေကို ပိုပြီးလိုချင်ကြတယ်။ စက်ရုံအလုပ်ရုံတွေထဲမှာ ခိုင်းချင်ကြတယ်။ နောက်ဆုံးမှာတော့ အင်္ဂလန်မှာရှိတဲ့ စာရေးဆရာ၊ကဗျာဆရာတွေက ဒီကလေး အလုပ်သမားတွေရဲ့ဘ၀ဆိုးကို တဖြည်းဖြည်း သိလာကြပြီး စာနယ်ဇင်းတွေကတစ်ဆင့် အများပြည်သူလူထု ပိုပြီးအတွင်းကျကျသိရအောင် စုံစမ်းဖော်ထုတ်ရေးသားကြတော့တယ်။ အင်္ဂလန်နိုင်ငံက အစိုးရပိုင်းကလည်း ဒီကိစ်္စအတွက် အတော်ဂယက်ရိုက်သွားတယ်။ စာနယ်ဇင်းတွေကလည်း စာတွေ၊ ကဗျာတွေနဲ့ ဝေဖန်ထိုး နှက်လာကြတော့၊ လွှတ်တော်အမတ်တချို့က ဒီကိစ္စအတွက် လွှတ်တော်မှာ အစီရင်ခံစာတင်သွင်းလိုက်ရတဲ့အထိ ဂယက်ရိုက်သွားတယ်။

အလုပ်ရှင်တွေနဲ့ အစိုးရ ပြဿနာတက်လာကြတယ်။ စက်ရုံအလုပ်ရုံပိုင်ရှင်တွေက အစိုးရကို သူတို့အလုပ်ထဲဝင်ပြီးရှုပ်တယ်။ စွက်ဖက်တယ်လို့ ယူဆလာကြတယ်။ လွှတ်တော်အမတ်တွေကလည်း ကလေးအလုပ်သမား တွေကိစ္စ စုံစမ်းရေးကော်မတီဖွဲ့ပြီး အစီရင်ခံစာတွေ ရေးတင်ကြတယ်။ ကလေးတွေဘက်ကနေပြီး ပါလီမန်လွှတ်တော်ထဲမှာ အတိုက်အခံပြောဆိုတင်ပြ တိုက်ပွဲဝင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိလာခဲ့တယ်။ ဒါကြောင့် ကမ္ဘာမှာ အင်္ဂလန်နိုင်ငံဟာ ကလေးအလုပ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ပထမဦးဆုံးပြဋ္ဌာန်းပေးခဲ့ရတဲ့ နိုင်ငံဖြစ်ခဲ့တယ်။

၁၈၀၂ ခုနှစ်မှာ ၀ါဂွမ်းထုတ်လုပ်တဲ့စက်ရုံ တွေအနေနဲ့ ကလေးတွေကို တစ်ရက်မှာ ၁၂ နာရီထက် ပိုပြီးမခိုင်းရဘူးဆိုတဲ့ ဥပဒေထွက်လာတယ်။ ၁၈၀၉ ခုနှစ်မှာတော့ အသက် ၉ နှစ်အောက်ငယ်တဲ့ကလေးတွေကို စက်ရုံမှာမခိုင်းဖို့ ဥပဒေထွက်လာတယ်။ အသက် ၁၆ နှစ်အောက်ငယ်တဲ့ ကလေးတွေကို တစ်နေ့ ၁၂ နာရီထက် ပိုပြီးမခိုင်းဖို့ ဥပဒေထွက်လာတယ်။ ၁၈၄၂ ခုနှစ်မှာတော့ မြေအောက်သတ္တုတွင်း၊ ကျောက်မီးသွေးတွင်းတွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေကို အလုပ်မလုပ်ခိုင်းရ ဘူးဆိုတဲ့ဥပဒေပြဋ္ဌာန်းခဲ့တယ်

နောက်ပိုင်းမှာတော့ ကလေးတွေရဲ့ ပညာ ရေးကို ဦးစားပေးလာပြီး ကလေးတိုင်းစာတတ်အောင် ကျောင်းနေရမယ်။ စာမသင်ဘဲနေလို့ မရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းလိုက်တယ်။ ၁၉၁၉ ခုနှစ်မှာ နိုင်ငံပေါင်းချုပ်အသင်းကြီးနဲ့အတူ တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့တဲ့ I.L.O လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီးရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် ကလေးတွေကို ကာကွယ်စောင့်ရှောက်မှုဟာ ပိုပြီးထိ ရောက်မှုရှိလာခဲ့တယ်။ စက်ရုံအလုပ်ရုံတွေမှာ ဘယ်နိုင်ငံမှာမဆို ကလေးတွေကို အသက် ၁၄ နှစ်အောက်ဆိုရင် မခိုင်းဖို့တားမြစ်ခဲ့တယ်။ အသက် ၁၈ နှစ်အောက် ကလေးတွေကို စက်ရုံအလုပ်ရုံတွေမှာ ညပိုင်းမဆင်းခိုင်းဖို့နဲ့ တစ်ပတ်မှာ အလုပ်ချိန်စုစုပေါင်း ၄၈ နာရီပဲ သတ်မှတ်ခဲ့တယ်။ နိုင်ငံပေါင်း ၅၀ က သဘောတူခဲ့တယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ၁၉၁၀ ခုနှစ်ကစပြီး ကလေးအလုပ်သမားကိစ်္စကို ကိုင်တွယ်ခဲ့တာ ၁၉၂၄ ခုနှစ်မှာ အခြေခံဥပဒေကို ပြင်ဆင်ပြီး၊ ၁၉၃၃ ခုနှစ်ကစလို့ ၁၆ နှစ်အောက် ကလေးတွေကို စက်ရုံအလုပ်ရုံတွေမှာ မခိုင်းဖို့ ဥပဒေထွက်လာခဲ့တယ်။ မြန်မာနိုင်ငံကတော့ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ဖဆပလ ပါလီမန်ဒီမိုကရေစီအစိုးရက ဇူလိုင်လ ၁၉၄၇ ခုနှစ်မှာ အလုပ်သမားဥပဒေပြုအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ၁၉၅၁ မှာ အလုပ်ရုံ စက်ရုံဥပဒေပေါ်လာပြီး အသက် ၁၃ နှစ်မပြည့် သေးတဲ့ကလေးတွေကို မခိုင်းရဘူးဆိုတဲ့ဥပဒေ ထွက်လာတယ်။ ၁၃ နှစ်ပြည့်ပြီးတဲ့ကလေးကိုလည်း ဆရာဝန်ရဲ့ဆေးထောက်ခံစာရှိမှပဲ အလုပ်ခန့်ခွင့်ရှိတယ်။ တစ်နေ့ ၄ နာရီထက် ပိုပြီး ကလေးတွေကိုမခိုင်းဖို့၊ ည ၆ နာရီက မနက် ၆ နာရီအတောအတွင်းမှာ မခိုင်းဖို့၊ ၁၅ နှစ်ပြည့်ပြီးတဲ့ကလေးကို ဆရာဝန်ထောက်ခံချက်ရရင် လူကြီးအလုပ်သမားနေရာမှာထားဖို့ ပြဋ္ဌာန်းချက်တွေ ထွက်လာခဲ့တယ်။

၁၉၄၈ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ I.L.O ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်။ ၁၉၆၂ ခုနှစ် မှာ စစ်အာဏာရှင်တွေက အာဏာသိမ်းပြီး ဒီနေ့အထိ စစ်အာဏာကိုလက်ဆင့်ကမ်း၊ ကြမ်းတမ်းရက်စက်မှုတွေနဲ့ ပြည်သူလူထုကို အုပ်ချုပ်လာတဲ့နောက်ပိုင်းမှာ တိုင်းပြည်ဆင်းရဲမွဲတေမှု ပိုပြီးဖြစ်လာတာကြောင့် စာသင်ခန်းထဲ ရောက်ခွင့်မရဘဲ လမ်းပေါ်မှာငတ်ပြတ်မွဲတေ စွန့်ပစ်ပစ္စည်းလိုက်ကောက်ရောင်းစားနေရတဲ့ ကလေးတွေ အရေအတွက်များပြားနေသလို တောင်းစားနေရတဲ့ကလေးတွေလည်းရှိသေးတယ်။ ပြီးတော့ မငတ်အောင် အလုပ်မျိုးစုံ အရွယ်နဲ့မမျှ ၀င်လုပ်နေရတဲ့ ကလေးတွေလည်း အများကြီးပဲ။

အဆိုးဝါးဆုံးကတော့ ဒီနေ့ဒီအချိန်မှာ မြန်မာပြည်သူလူထုကို အုပ်ချုပ်နေတဲ့ အစိုးရမှာ အာရုံစူးစိုက်တတ်မှုအားနည်းနေတဲ့ အချက်က အဆိုးဝါးဆုံးပဲ။ လမ်းပေါ်မှာရောက်နေကြ ရရှာတဲ့ ကလေးတွေကို အာရုံစူးစိုက်မှုအားနည်းနေတဲ့ အစိုးရကို ပြောချင်တာက ဆင်းရဲမွဲတေနေတဲ့ ကလေးအရေအတွက်ဟာ တိုင်းပြည်မှာ ပိုများလာနေပြီဆိုတာ ယုံယုံကြည်ကြည်နဲ့ လက်ခံလိုက်ဖို့ပါပဲ။ သမ်္မတကနေစပြီး ၀န်ကြီး၊ ဒုဝန်ကြီးတွေအထိ သိအောင်ပြောရရင် တိုင်းပြည်မှာ ကူးစက်ရောဂါတစ်မျိုး ရှိလာပြီ ဆိုတဲ့အကြောင်းပဲဖြစ်တယ်။ ကူးစက်ရောဂါရဲ့ အရင်းအမြစ်ကို သိအောင်ရှာဖွေကြဖို့လည်း လိုအပ်တယ်။ မူးယစ်ရီဝေစေတဲ့ စိတ်အာရုံ ဖောက်ပြန်မှုကိုဖြစ်စေတဲ့ အဲဒီရောဂါဆိုးဟာ “ကော်ရှူ”တဲ့ ရောဂါဆိုးဖြစ်တယ်။

လမ်းဘေးမှာစွန့်ပြီးထားတဲ့ စွန့်ပစ်ပစ္စည်းမျိုးစုံကို လိုက်ကောက်ပြီး ရောင်းစားနေရတဲ့ ကလေးတော်တော်များများဟာ ကော်ရှူပြီး မူးယစ်ရီဝေနေကြတာ ကြေကွဲဝမ်းနည်းစရာ ပါပဲ။ လမ်းပေါ်က၊ လမ်းဘေးက ဘ၀နိမ့်ကျ ကလေးအလုပ်သမားတွေရဲ့ အခြေအနေကို ဘယ်လိုမှ ကူညီစောင့်ရှောက် ကယ်တင်မပေးနိုင်သေးဘူးဆိုရင်တော့ သန့်ရှင်းသောအစိုးရ ဖြစ်မလာနိုင်တော့ဘဲ ညံ့ဖျင်းသောအစိုးရအဆင့်နဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူရဲ့ဒဏ်ခတ်ခြင်းကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြရမယ်ဆိုတဲ့အကြောင်း သတိပေးရင်း။

ဆောင်းဝင်းလတ်

The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။