🍀 အသက်ရှင်တယ်ဆိုတာ 🍀
🌹🌹🌹
အသက်ရှင်တယ်ဆိုတာ အထဲမှာ စဉ်းစားနိုင်တယ်ဆိုတာ ပါမှ ရမယ်။ အကောင်းအဆိုး အမှားအမှန် စဉ်းစားနိုင်ရမယ်။ ငါ ဘာကို လုပ်ချင်တယ်၊ ငါ ဘယ်လို လုပ်ရမယ် ဆိုတာကို သေသေချာချာ ရွေးချယ်နိုင်ရမယ်။ ဆုံးဖြတ်နိုင်ရမယ်။ အဲဒါကို အကောင်အထည် ဖော်နိုင်ရမယ်နော်။ ဒါမှ အသက်ရှင်တယ်လို့ ဆိုနိုင်မယ်။ လွတ်လပ်မှု ရှိတယ်လို့ ဆိုနိုင်မယ်။
🌹🌹🌹
စားဝတ်နေရေးတော့ အားလုံးပြည့်စုံတယ်။ လုပ်ချင်တာ လုပ်ခွင့် မရှိဘူး။ သွားချင်တာလည်း သွားခွင့် မရှိဘူး။ ဘာမှ ဆုံးဖြတ်ခွင့်လည်း မရှိဘူး။ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ သူများ ဆုံးဖြတ်ပေးတဲ့အတိုင်းပဲ နေရတော့တယ်ဆိုရင် အဲဒီလူရဲ့ဘဝဟာ အသက်ရှင်တယ်လို့ ပြောလို့မရဘူး။
🌹🌹🌹
ဘဝရှိရင် ကြီးပွားမှုဆိုတာ ရှိရမယ်။ ဥပမာ- သစ်ပင်တစ်ပင် ဆိုပါတော့။ သူ့မှာ အရွက်အသစ်တွေ ထွက်နေမှ၊ အညွန့်တွေ ထွက်နေမှ၊ အဖူးတွေ ဖူးနေမှ၊ အသီးတွေ သီးနေမှ ဒီအပင်ဟာ အသက်ရှင်တယ်လို့ ပြောရမယ်နော်၊၊ အသက်ရှင်တယ်ဆိုရင် ကြီးပွားနေတဲ့သဘော၊ တိုးတက်နေတဲ့သဘော ရှိရမယ်။ စိတ်ဓာတ်တို့ အသိဥာဏ်တို့ လုပ်ရည်ကိုင်ရည်တို့ အပါအဝင် တိုးတက်နေရမယ်။ ဘာမှ မတိုးတက်ဘူး၊ တိုးတက်မှု ရပ်သွားပြီဆိုရင် သေပြီ။ အဲဒီလိုပဲ အချို့လူတွေက အသက်တော့ မသေသေးဘူး။ ဒါပေမယ့် အသိဥာဏ်နဲ့ စိတ်ဓာတ်မှာ ဘာမှ တိုးမလာဘူး။ ရပ်သွားပြီ။ ဒါကြောင့် အဲဒီလို လူတွေကလည်းပဲ အသက်ရှင်သော်လည်း ဘဝသေသည်မည်သောသူ ဖြစ်သွားပြီ။
🌹🌹🌹
အမှား အမှန်၊ အကောင်း အဆိုး၊ ကုသိုလ် အကုသိုလ်ကို မသိရင်လည်းဘဲ အသက်ရှင်လျက် သေသည်မည်သောသူလို့ ပြောရတော့မယ်။
🌹🌹🌹
ဒီနေ့ ဘာလုပ်မယ်ဆိုတဲ့စိတ်ကူး တိတိကျကျမရှိဘဲ တစ်နေ့တစ်နေ့ အိပ်ယာကထ ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ တစ်နေ့ကုန်သွား၊ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကုန်သွား၊ တစ်လပြီး တစ်လကုန်၊ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားရင် အသက်ရှင်လျက်နဲ့ ဘဝသေသောသူပဲ ဖြစ်မှာပဲ။
🌹🌹🌹
ဘဝမှာ တကယ် အသက်ဝင်နေဖို့ တကယ် အသက်ရှင်နေဖို့ ဆိုတာ ပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ မလွယ်တဲ့ကိစ္စလို့ပဲ ယူဆတယ်။ အဲဒီ မလွယ်တဲ့ကိစ္စကို လုပ်နေမှလည်းပဲ အသက်ရှင်တဲ့သူ ဖြစ်မယ်နော်၊၊ အဲဒီမလွယ်ဘူးဆိုတဲ့ကိစ္စကို မလုပ်ဘဲနဲ့ ကိုယ့်ဘဝကို မိုးလင်းတာနဲ့ television လေး ကြည့်လိုက်၊ စားစရာလေး စားလိုက်၊ ကော်ဖီလေး သောက်လိုက်၊ လည်လိုက် ပတ်လိုက်၊ ပြီးတော့ အိပ်ချိန်တန်ရင် အိပ်လိုက်၊ တစ်ခါ ပြန်ထလာလိုက်၊ television လေးကြည့်၊ video လေးကြည့်ပြီး တစ်နေ့ပြီးတစ်နေ့ ကုန်သွားမယ်ဆိုရင် အသက်ရှင်လျက်နဲ့ ဘဝသေတဲ့သူ ဖြစ်မှာပဲ။
🌹🌹🌹
တစ်နေ့တစ်နေ့မှာ တစ်ခုခုကို ထူးထူးခြားခြားလေး သိလိုက်ရမှသာ အဲဒီနေ့ဟာ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိတဲ့ နေ့ပဲ။ ဘာမှ ထူးထူးခြားခြား မသိရဘဲနဲ့ လုပ်နေကျ အလုပ်တွေလုပ်၊ ပြောနေကျ အပြောပဲ ပြောပြီးတော့ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရနေရနေ၊ အဲဒါ တကယ် အသက်ဝင်တဲ့နေ့ အသက်ရှင်တဲ့နေ့လို့ မပြောနိုင်ဘူး။
🌹🌹🌹
ကြွေးမြီများတဲ့လူဟာ ပျော်စရာကောင်းတဲ့ မိသားစုဘဝကိုလည်း မတည်ဆောက်နိုင်တော့ဘူး။ ရိုးသားတဲ့ စစ်မှန်တဲ့ မေတ္တာစေတနာလည်း ဖြစ်ဖို့ ခဲယဉ်းသွားမယ်။ အကြွေးတွေနဲ့ပဲ ပူပင်သောကတွေ များနေရတော့ စိတ်ရဲ့မြင့်မြတ်မှု လေးနက်မှုဘက်ကို အချိန်မပေးနိုင်တော့ဘူး၊ အလေးမထားနိုင်တော့ဘူး။ ဒါဆိုရင် သူ့မှာ အသက်ဝင်တယ်ဆိုတာ ဘယ်မှာ ရှိနိုင်တော့မလဲ။
🌹🌹🌹
အလုပ်ကလည်းပဲ ကိုယ့်ဝါသနာနဲ့ကိုက်တာ၊ ကိုယ်လုပ်ချင်တာ၊ လုပ်ရတာပျော်တဲ့အလုပ်မျိုး ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့်ဝါသနာနဲ့ မကိုက်ဘူး။ လုပ်ရတာ မပျော်ဘူး၊ စိတ်မပါဘဲနဲ့ လုပ်နေရတာဆိုရင်တော့ အဲဒီအချိန်ဟာ ကိုယ့်ဘဝမှာ တကယ်ကို သေနေတဲ့အချိန်လို့ပဲ ပြောရတော့မှာပဲ။
🌹🌹🌹
တစ်ခုခုကို အရူးအမူး စွဲပြီဆိုရင် ဘဝသေပြီလို့ မှတ်ပါ။
🌹🌹🌹
စွဲလန်းမှုနည်းသွားတဲ့သူ၊ စွဲလန်းမှုကင်းသွားတဲ့သူဟာ ဘယ်လို ဖြစ်မလဲ။ လွတ်မြောက်သွားပြီနော်။ အဲဒီလူကမှ တကယ်အသက်ရှင်တဲ့သူ ဖြစ်သွားပြီ။ ဒါကြောင့် ဒီအသက်ရှင်တယ်ဆိုတာနဲ့ လွတ်လပ်တယ်ဆိုတာနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ဘုန်းကြီးတော့ တွေးမိတယ်။ မလွတ်လပ်ရင် အသက်ရှင်ပေမယ့် ဘဝသေသွားတယ်နော်..။
🌹🌹🌹
လွတ်လပ်မှုများလေလေ ဘဝဟာ ပိုပြီးတော့အသက်ဝင်လေလေလို့ ပြောရတော့မှာပဲ။ ဒါဆိုရင် လွတ်လပ်မှုနည်းလေလေ အသက်ရှင်တဲ့သဘောက နည်းလေလေပဲလို့ ပြောလို့ရတယ်နော်။
🌹🌹🌹
ဘဝကို တကယ်သက်ဝင်စေတာ ကိုယ် အင်မတန်ဖြစ်ချင်တဲ့ ကောင်းတဲ့ရည်ရွယ်ချက် ဦးတည်ချက်ပဲ။ ဦးတည်ချက်တစ်ခု ရှိရမယ်။ ဟောဒီကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့၊ ဟောဒီအသိဥာဏ်မျိုးကိုရဖို့၊ ဟောဒီတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ငါ အသက်ရှင်နေရတာလို့ ပြောနိုင်ရမယ်။ အဲဒါကို နေ့စဉ် အားတက်သရော လုပ်နေရမယ်။ ဒီကိစ္စ အကောင်အထည်ဖော်နိုင်ဖို့၊ ဒီလို အသိဥာဏ်မျိုးကိုရဖို့၊ ဒီလို စိတ်ထားမျိုးကိုရဖို့၊ ဒီလို တာဝန်ကျေပွန်အောင်လုပ်ဖို့ အသက်ရှင်ရတယ်လို့ ပြစရာ ပြောစရာ လုပ်စရာ မရှိတဲ့လူဟာ ဘဝသေနေတဲ့လူပဲ။
🌹🌹🌹
အချိန်ဖြုန်းနည်းတွေ အင်မတန်ပေါများနေတဲ့ခေတ်မှာ ဘဝအဓိပ္ပာယ် မဲ့သွားဖို့ အင်မတန် လွယ်နေတယ်နော်။ အသက်ရှင်ရက်နဲ့ ဘဝသေသွားတဲ့သူတွေဟာ များလာဖို့ရာပဲ အလားအလာ ရှိနေပါတယ်။ အဲဒီလို မဖြစ်ဖို့ဟာ အားလုံး ဝိုင်းစဉ်းစားမှနော်။ ကိုယ့် ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်းတွေထဲမှာ အဲသလိုလူတွေ မဖြစ်လာဖို့၊ ကိုယ့်သားသမီးတွေ မြေးမြစ်တွေထိအောင် အဲသလိုလူတွေ မဖြစ်လာဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဘယ်လိုကြိုတင်ပြီးတော့ ကာကွယ်မလဲ ဆိုတာကို စဉ်းစားမှ။ နေ့စဉ် အသိဥာဏ်တိုးနေတဲ့ အရာတစ်ခုခုကို လုပ်ရမယ်။ စာအတူတူ ဖတ်မယ်။ စာအကြောင်း ဆွေးနွေးမယ်။ နေ့စဉ် တန်ဖိုးရှိတဲ့အလုပ် တစ်ခုခုကို လုပ်နေရမယ်။ ဆက်ဆံရေးမှာ ရိုးရိုးသားသား ချစ်ချစ်ခင်ခင် လှိုက်လှိုက်လှဲလှဲ ဆက်ဆံရေးမျိုး ရှိရမယ်။ အချိန်ကုန်ရင်ပြီးရောဆိုပြီးတော့ အပျင်းပြေရုံ သက်သက်သာ လုပ်တဲ့သူဟာ တစ်နေ့တော့ အသက်ရှင်လျက်ဘဝသေတဲ့သူ ဖြစ်သွားမှာပဲ။ ဒါကြောင့် ကလေးတွေကို အဲဒီလို အချိန်ဖြုန်းတဲ့အကျင့်ကို ပေါ့ပေါ့တန်တန် လွှတ်ပေးမထားဖို့ အင်မတန် အရေးကြီးပါတယ်။
🌹🌹🌹
ကိုယ့်ဥာဏ်နဲ့ကိုယ် စဉ်းစားနိုင်တယ်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် ရွေးချယ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်၊ လွတ်လပ်နေတယ်ဆိုရင် ပိုပြီးတော့ အသက်ရှင်နေတယ်။
🌹🌹🌹
ကြောက်နေရလို့ လိမ်နေရတယ်။ ကြောက်ရတာများလေလေ လိမ်ရတာများလေလေ ဖြစ်မှာပဲ။ ကြောက်ရတာနဲ့လိမ်ရတာများလေေ လ ဘဝဟာ သေသွားလေလေပဲ။ လိမ်ပြောမှ အဆင်ပြေမယ့်ဘဝဟာ သေနေတဲ့ဘဝပါ။
🌹🌹🌹
ကောင်းတဲ့ ရည်ရွယ်ချက် ဘာမှ မရှိဘူး၊ ရည်ရွယ်ချက် မရှိတဲ့အတွက်ကြောင့် ရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ ဆိုတာလည်း သူ ဘာမှ မလေ့လာဘူး၊ ဘာမှ မလုပ်ဘူးဆိုရင် အဲသလို မလုပ်တဲ့လူဟာလည်းပဲ အသက်ရှင်နေသော်လည်း ဘဝသေနေသောသူပဲ။🌼🌼🌼
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️ ▫️ ၏ ▫️ ▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
(page 398-402)
🌹🌹🌹
အသက်ရှင်တယ်ဆိုတာ အထဲမှာ စဉ်းစားနိုင်တယ်ဆိုတာ ပါမှ ရမယ်။ အကောင်းအဆိုး အမှားအမှန် စဉ်းစားနိုင်ရမယ်။ ငါ ဘာကို လုပ်ချင်တယ်၊ ငါ ဘယ်လို လုပ်ရမယ် ဆိုတာကို သေသေချာချာ ရွေးချယ်နိုင်ရမယ်။ ဆုံးဖြတ်နိုင်ရမယ်။ အဲဒါကို အကောင်အထည် ဖော်နိုင်ရမယ်နော်။ ဒါမှ အသက်ရှင်တယ်လို့ ဆိုနိုင်မယ်။ လွတ်လပ်မှု ရှိတယ်လို့ ဆိုနိုင်မယ်။
🌹🌹🌹
စားဝတ်နေရေးတော့ အားလုံးပြည့်စုံတယ်။ လုပ်ချင်တာ လုပ်ခွင့် မရှိဘူး။ သွားချင်တာလည်း သွားခွင့် မရှိဘူး။ ဘာမှ ဆုံးဖြတ်ခွင့်လည်း မရှိဘူး။ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ သူများ ဆုံးဖြတ်ပေးတဲ့အတိုင်းပဲ နေရတော့တယ်ဆိုရင် အဲဒီလူရဲ့ဘဝဟာ အသက်ရှင်တယ်လို့ ပြောလို့မရဘူး။
🌹🌹🌹
ဘဝရှိရင် ကြီးပွားမှုဆိုတာ ရှိရမယ်။ ဥပမာ- သစ်ပင်တစ်ပင် ဆိုပါတော့။ သူ့မှာ အရွက်အသစ်တွေ ထွက်နေမှ၊ အညွန့်တွေ ထွက်နေမှ၊ အဖူးတွေ ဖူးနေမှ၊ အသီးတွေ သီးနေမှ ဒီအပင်ဟာ အသက်ရှင်တယ်လို့ ပြောရမယ်နော်၊၊ အသက်ရှင်တယ်ဆိုရင် ကြီးပွားနေတဲ့သဘော၊ တိုးတက်နေတဲ့သဘော ရှိရမယ်။ စိတ်ဓာတ်တို့ အသိဥာဏ်တို့ လုပ်ရည်ကိုင်ရည်တို့ အပါအဝင် တိုးတက်နေရမယ်။ ဘာမှ မတိုးတက်ဘူး၊ တိုးတက်မှု ရပ်သွားပြီဆိုရင် သေပြီ။ အဲဒီလိုပဲ အချို့လူတွေက အသက်တော့ မသေသေးဘူး။ ဒါပေမယ့် အသိဥာဏ်နဲ့ စိတ်ဓာတ်မှာ ဘာမှ တိုးမလာဘူး။ ရပ်သွားပြီ။ ဒါကြောင့် အဲဒီလို လူတွေကလည်းပဲ အသက်ရှင်သော်လည်း ဘဝသေသည်မည်သောသူ ဖြစ်သွားပြီ။
🌹🌹🌹
အမှား အမှန်၊ အကောင်း အဆိုး၊ ကုသိုလ် အကုသိုလ်ကို မသိရင်လည်းဘဲ အသက်ရှင်လျက် သေသည်မည်သောသူလို့ ပြောရတော့မယ်။
🌹🌹🌹
ဒီနေ့ ဘာလုပ်မယ်ဆိုတဲ့စိတ်ကူး တိတိကျကျမရှိဘဲ တစ်နေ့တစ်နေ့ အိပ်ယာကထ ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ တစ်နေ့ကုန်သွား၊ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကုန်သွား၊ တစ်လပြီး တစ်လကုန်၊ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားရင် အသက်ရှင်လျက်နဲ့ ဘဝသေသောသူပဲ ဖြစ်မှာပဲ။
🌹🌹🌹
ဘဝမှာ တကယ် အသက်ဝင်နေဖို့ တကယ် အသက်ရှင်နေဖို့ ဆိုတာ ပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ မလွယ်တဲ့ကိစ္စလို့ပဲ ယူဆတယ်။ အဲဒီ မလွယ်တဲ့ကိစ္စကို လုပ်နေမှလည်းပဲ အသက်ရှင်တဲ့သူ ဖြစ်မယ်နော်၊၊ အဲဒီမလွယ်ဘူးဆိုတဲ့ကိစ္စကို မလုပ်ဘဲနဲ့ ကိုယ့်ဘဝကို မိုးလင်းတာနဲ့ television လေး ကြည့်လိုက်၊ စားစရာလေး စားလိုက်၊ ကော်ဖီလေး သောက်လိုက်၊ လည်လိုက် ပတ်လိုက်၊ ပြီးတော့ အိပ်ချိန်တန်ရင် အိပ်လိုက်၊ တစ်ခါ ပြန်ထလာလိုက်၊ television လေးကြည့်၊ video လေးကြည့်ပြီး တစ်နေ့ပြီးတစ်နေ့ ကုန်သွားမယ်ဆိုရင် အသက်ရှင်လျက်နဲ့ ဘဝသေတဲ့သူ ဖြစ်မှာပဲ။
🌹🌹🌹
တစ်နေ့တစ်နေ့မှာ တစ်ခုခုကို ထူးထူးခြားခြားလေး သိလိုက်ရမှသာ အဲဒီနေ့ဟာ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိတဲ့ နေ့ပဲ။ ဘာမှ ထူးထူးခြားခြား မသိရဘဲနဲ့ လုပ်နေကျ အလုပ်တွေလုပ်၊ ပြောနေကျ အပြောပဲ ပြောပြီးတော့ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရနေရနေ၊ အဲဒါ တကယ် အသက်ဝင်တဲ့နေ့ အသက်ရှင်တဲ့နေ့လို့ မပြောနိုင်ဘူး။
🌹🌹🌹
ကြွေးမြီများတဲ့လူဟာ ပျော်စရာကောင်းတဲ့ မိသားစုဘဝကိုလည်း မတည်ဆောက်နိုင်တော့ဘူး။ ရိုးသားတဲ့ စစ်မှန်တဲ့ မေတ္တာစေတနာလည်း ဖြစ်ဖို့ ခဲယဉ်းသွားမယ်။ အကြွေးတွေနဲ့ပဲ ပူပင်သောကတွေ များနေရတော့ စိတ်ရဲ့မြင့်မြတ်မှု လေးနက်မှုဘက်ကို အချိန်မပေးနိုင်တော့ဘူး၊ အလေးမထားနိုင်တော့ဘူး။ ဒါဆိုရင် သူ့မှာ အသက်ဝင်တယ်ဆိုတာ ဘယ်မှာ ရှိနိုင်တော့မလဲ။
🌹🌹🌹
အလုပ်ကလည်းပဲ ကိုယ့်ဝါသနာနဲ့ကိုက်တာ၊ ကိုယ်လုပ်ချင်တာ၊ လုပ်ရတာပျော်တဲ့အလုပ်မျိုး ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့်ဝါသနာနဲ့ မကိုက်ဘူး။ လုပ်ရတာ မပျော်ဘူး၊ စိတ်မပါဘဲနဲ့ လုပ်နေရတာဆိုရင်တော့ အဲဒီအချိန်ဟာ ကိုယ့်ဘဝမှာ တကယ်ကို သေနေတဲ့အချိန်လို့ပဲ ပြောရတော့မှာပဲ။
🌹🌹🌹
တစ်ခုခုကို အရူးအမူး စွဲပြီဆိုရင် ဘဝသေပြီလို့ မှတ်ပါ။
🌹🌹🌹
စွဲလန်းမှုနည်းသွားတဲ့သူ၊ စွဲလန်းမှုကင်းသွားတဲ့သူဟာ ဘယ်လို ဖြစ်မလဲ။ လွတ်မြောက်သွားပြီနော်။ အဲဒီလူကမှ တကယ်အသက်ရှင်တဲ့သူ ဖြစ်သွားပြီ။ ဒါကြောင့် ဒီအသက်ရှင်တယ်ဆိုတာနဲ့ လွတ်လပ်တယ်ဆိုတာနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ဘုန်းကြီးတော့ တွေးမိတယ်။ မလွတ်လပ်ရင် အသက်ရှင်ပေမယ့် ဘဝသေသွားတယ်နော်..။
🌹🌹🌹
လွတ်လပ်မှုများလေလေ ဘဝဟာ ပိုပြီးတော့အသက်ဝင်လေလေလို့
🌹🌹🌹
ဘဝကို တကယ်သက်ဝင်စေတာ ကိုယ် အင်မတန်ဖြစ်ချင်တဲ့ ကောင်းတဲ့ရည်ရွယ်ချက် ဦးတည်ချက်ပဲ။ ဦးတည်ချက်တစ်ခု ရှိရမယ်။ ဟောဒီကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့၊ ဟောဒီအသိဥာဏ်မျိုးကိုရဖို့၊
🌹🌹🌹
အချိန်ဖြုန်းနည်းတွေ အင်မတန်ပေါများနေတဲ့ခေတ်မှာ
🌹🌹🌹
ကိုယ့်ဥာဏ်နဲ့ကိုယ် စဉ်းစားနိုင်တယ်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် ရွေးချယ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်၊ လွတ်လပ်နေတယ်ဆိုရင် ပိုပြီးတော့ အသက်ရှင်နေတယ်။
🌹🌹🌹
ကြောက်နေရလို့ လိမ်နေရတယ်။ ကြောက်ရတာများလေလေ လိမ်ရတာများလေလေ ဖြစ်မှာပဲ။ ကြောက်ရတာနဲ့လိမ်ရတာများလေေ
🌹🌹🌹
ကောင်းတဲ့ ရည်ရွယ်ချက် ဘာမှ မရှိဘူး၊ ရည်ရွယ်ချက် မရှိတဲ့အတွက်ကြောင့် ရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ ဆိုတာလည်း သူ ဘာမှ မလေ့လာဘူး၊ ဘာမှ မလုပ်ဘူးဆိုရင် အဲသလို မလုပ်တဲ့လူဟာလည်းပဲ အသက်ရှင်နေသော်လည်း ဘဝသေနေသောသူပဲ။🌼🌼🌼
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️ ▫️ ၏ ▫️ ▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
(page 398-402)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။