Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 11, 2015

အဆိပ်တွေပေးဝေခဲ့တဲ့ ဂမ္ဘီရဆန်တဲ့ ALICE COOPER


အဆိပ်တွေပေးဝေခဲ့တဲ့ ဂမ္ဘီရဆန်တဲ့ ALICE COOPER
----------------------------------------------

Alice Cooper အနေနဲ့ ဒီကရော့ခ်သမားတွေနဲ့က သိပ်မစိမ်းလှပါဘူး။ Alice Cooper ဟာ ထူးခြားတဲ့ ပါရမီရှင် တဦးဖြစ်ခဲ့ပြီး Stage ပေါ်မှာ ဖျော်ဖြေရာမှာလဲ သူများတွေနဲ့မတူပဲ ထူးခြားတဲ့ ပါဖောမန့်တွေနဲ့ တင်ဆက်မူတွေ က ဘယ်သူနဲ့မှ မတူတဲ့ ဂီတပညာရှင်တယောက်လို့ဆိုရမှာပါပဲ။ အသက်(67) နှစ် (Feb 4,1948) ရှိနေပြီဖြစ်တဲ့ အမေရိကန်အဆိုတော် Alice Cooper ဟာ အနုပညာဂီတပိုင်းနဲ့တင်မကဘူး တခြား စီးပွားရေးလုပ်ငန်းတွေ အပြင် ရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့ပါတယ်။ Alice Cooper အနေနဲ့ ဆယ်စုနှစ် (၅) ခုကျော်ဖြတ် သန်းခဲ့တဲ့ ဂီတပါရမီရှင်တဦးဖြစ်ပြီး ပွဲတော်တော်များများမှာလဲ ဒီချိန်ထိပွဲထိန်းကောင်းခဲ့တယ်။ ဖျော်ဖြေနေစဉ် မှာ တခြားဝိုင်းတွေနဲ့မတူတဲ့ ပြဇတ်ပုံစံနဲ့ တင်ဆက်ခဲ့တယ်။ Stage ပေါ်မှာ လျှပ်စစ်ထိုင်ခုံ ရှေးပြင်သစ်နိုင်ငံ ကွက်မျက်ရာမှာသုံးတဲ့ ခေါင်းဖြတ်စက်၊ သွေးအတု၊ စပါးကြီးမြွေ၊ ကလေးအရုပ်များ၊ နှစ်ဦးချင်း ယှဉ်ခုတ်ရာမှာ သုံးတဲ့ဓား၊ လူသတ်တဲ့ သူနာပြုမ စတာတွေနဲ့ စိတ္တဇဆန်ဆန် ဖျော်ဖြေလေ့ရှိတယ်။ တခါတရံ မြန်မာစပါးကြီး မြွေကို လည်ပင်းမှာပတ်ပြီး ဖျော်ဖြေသေးတယ်။ အဖေ ဖြစ်သူက တရားဟောဆရာဖြစ်ခဲ့တာကြောင့် Alice Cooper အနေနဲ့ ဘာသာတရားကိုင်း ရှိင်းခဲ့ပြီး လူမူရေးလုပ်ငန်းတွေမှာလဲ ပါဝင်ခဲ့တယ်။ 

1960 နောက်ပိုင်း Detriot မြို့ကိုပြောင်းပြီး Alice Cooper မှာ မုရင်းဝိုင်းသားတွေဖြစ်တဲ့ Lead Guitar (Glen Buxton)၊ Rhythm Guitar (Michael Bruce)၊ Bass Guitar (Glen Buxton)၊ Drum (Neal Smith) တို့နဲ့ စဖွဲ့ခဲ့ကြတယ်။ နောက်ပိုင်း မူရင်းဘန် ကွဲပြီးတော့ သူတိုဖန်တီးခဲ့တဲ့ သီချင်း တွေက နိုင်ငံတကာရော့ခ်ဂီတ ခေတ်ရေစီးကြောင်းမှာ Hits ဖြစ်လာခဲ့တယ်။ 1971 ထုတ် 'Love It To Death' Album မှာပါတဲ့ I'm Eighteen ဆိုတဲ့ သီချင်းပေါက်ခဲ့တယ်။ Billboard 100 မှာလဲ No.(21) ရောက်ရှိခဲ့တယ်။ အဲဒီအောင်မြင်မူနောက်မှာ Single ဖြစ်တဲ့ Schools Out ကို 1972 မှာထုတ်ခဲ့တယ်။ ဒီသီချင်းက US နဲ့ UK မှာ Top 10 ဝင်ခဲ့ပြီး No.(1) ချိတ်ခဲ့တယ်။ ဒီချိန်ထိ အဲဒီသီချင်းကို Classic Rock Radio မှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒီသီချင်းအယ်လ် ဘမ်က ကော်ပီသန်းပေါင်းများစွာ ရောင်းချခဲ့ရတယ်။ 1973 မှာတော့ စီးပွားရေးအရအောင်မြင်မူ အထွဍ်အထိပ် ရောက်ရှိခဲ့တဲ့ "Billion Dollar Babies" ဆိုတဲ့ Album ထွက်ခဲ့ပြီး US နဲ့ UK မှာ No.(1) ရောက်ခဲ့တယ်။ Elected ဆိုတဲ့သီချင်းက 1972 နောက်ပိုင်း UK မှာ Top 10 ဝင်ခဲ့တယ်။ ဒီသီချင်းကလဲ Queen ရဲ့ Bohemian Rhapsody MTV ထက် ၃ နှစ်လောက်စောထွက်ခဲ့တဲ့ ပုံပြင်ဆန်ဆန် MTV ပထမဦးဆုံးဖြစ်ခဲ့တယ်။ အဲဒီနောက် မှာ UK Top 10 ထပ်ဝင်ခဲ့တဲ့ Hello Hooray နဲ့ No More Mr.Nice Guy ဆိုတဲ့ Single ထပ်ထွက်လာပြန် တယ်။

1974 ခုနှစ်မှာ " Muscle Of Love" ဆိုတဲ့ Album ထွက်ခဲ့ပြီး Teenage Lament 74' ဆိုတဲ့သီချင်းက UK မှာ Top 20 Single ဝင်ခဲ့တယ်။ တခြားသီချင်းတွေနဲ့ နာမည်တူ သီချင်းဖြစ်တဲ့ Lulu သီချင်းကလဲ James Bond ရဲ့ The Man With The Golden Gun ဆိုတဲ့ ဇတ်ကားထဲမှာ ဇတ်ဝင်တေးအဖြစ် ပါဝင်ခဲ့တယ်။ 1975 မှာတော့ " Welcome To My Nightmare" ဆိုတဲ့ Album ထွက်ခဲ့ပြန်တယ်။ ဒီ Album မှာတော့ မူရင်းဝိုင်းသားတွေ တချို့  မပါတော့ပဲ LOU REED ရဲ့ အရင်ဝိုင်းက Guitar သမား Dick Wagner နဲ့ Steve Hunter တို့ကို ထပ်ခေါ်ခဲ့ တယ်။ ဒီ Album ထဲက 'Only Women Bleed' ဆိုတဲ့သီချင်း က US မှာ Top 20 ဝင်ခဲ့တယ်။ ဒီသီချင်းကို Lita Ford အပါအဝင် တခြားအဆိုတော်များလဲ ပြန်ဆိုခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းမှာ နာမည်ကြီး ပြဇတ်တော်တော် များများနဲ့ ရုပ်ရှင်တချို့ကားတွေ မှာ ပါဝင်ရင်းအချိန်တွေတော်တော်ကုန်ခဲ့တယ်။ 1976 မှာတော့ "Alice Cooper Goes To Hell" ဆိုတဲ့ Album ထဲက I Never Cry ဆိုတဲ့ သီချင်းက US မှာ No.(12) Ballad Hits ဖြစ်ခဲ့တယ်။ 1977 မှာထုတ်ခဲ့တဲ့ "Loce And Whisky" Album မှာပါတဲ့ US မှာ No.(9) Ballad Hit ဖြစ်ခဲ့တဲ့ You And Me ဆိုတဲ့ သီချင်းက ထပ်ပေါက်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ Tour တွေထွက်ခဲ့ပြီး Live Album ' The Alice Cooper Show' ထွက်ခဲ့တယ်။ ကျန်တဲ့အချိန်တွေကိုတော့ Alice Cooper ရဲ့ နာမည်ကြီးသီချင်းတချို့နဲ့ The Muppett Show ပြဇာတ်တွေမှာ ပါဝင်သရုပ် ဆောင်ရင်း 'Sgt.Pepper's Lonely Hearts Club Band' ဆိုတဲ့ဇတ်ကားမှာလဲ ပါဝင်ခဲ့ပြန်တယ်။ 1979 မှာတော့ Alice Cooper ရဲ့ပထမဆုံး Video 'The Strange Case Of Alice Cooper' ထွက်ခဲ့တယ်။ 1986 တုန်းက ပရိုဂရမ်တခုဖြစ်တဲ့ Entertainment USA မှာ အင်တာဗျုး လုပ်ခဲ့တုန်းက Alice Cooper အနေနဲ့ သူရဲ့ဘဝအချိန်တိုင်းအတွက် Eric Clapton နဲ့ Jeff Beck တို့ရဲ့ The Yardbirds ကိုအကြိုက်ဆုံးလို့ ပြောခဲ့ပါသေးတယ်။

1989 ခုနှစ်မှာ Alice Cooper ရဲ့ 18 ချပ် မြောက် Album "Thrash" ထွက်ခဲ့တယ်။ ဒီ Album ထဲက Poison ဆိုတဲ့သီချင်း (လှပတဲ့အဆိပ်-ဇော်ဝင်းထွဋ်) က 1977 နောက်ပိုင်း အောင်မြင်မှုကြီးကြီးမားမား ထပ်ရခဲ့တဲ့ သီချင်းဖြစ်ခဲ့တယ်။ အောင်မြင်မူနောက်မှာ MTV တွေဖြစ်တဲ့ Poison အပြင် Bed Of Nails၊ House Of Fire နဲ့ Only My Heart Talkin' စတဲ့သီချင်း Mtv တွေကလဲ အောင်မြင်လူကြိုက်များခဲ့တယ်။ နောက်ပိုင်း ကမ္ဘာတဝန်း မှာ လှည့်လည်ဖျော်ဖြေပြီး Home Video အဖြစ်မှတ်တမ်းတင်ခဲ့တဲ့ ' Alice Cooper Trashes The World ' Video ထွက်လာခဲ့တယ်။ ဒီ Video မှာ အထူးဧည့်သည် တွေဖြစ်တဲ့ Jon Bon Jovi,Stiv Bators, Steven Tyler နဲ့ 1988 တုန်းက Alice Cooper ကနေထွက်ခဲ့တဲ့ ဂစ်တာသမားအဆို တော် Kane Roberts ပါ ပါဝင်ခဲ့ တယ်။ 1991 မှာတော့ (19) ခုမြောက် Album "Hey Stoopid" ထွက်ခဲ့တယ်။ ဒီ Album မှာအထူးဧည့်သည် အဖြစ် ရော့ခ်သမားတော် တော်များများပါဝင်ခဲ့တယ်။ Slash, Ozzy Osbourne, Vinnie Moore, Steve Vai, Joe Satriani, Nikki Sixx & Mike Mars (Motley Crue) တို့ပါဝင်ခဲ့တယ်။ ဒီ Album မှာ Love's A Loaded Gun (အချစ်သေနတ်- ဇော်ဝင်းထွဋ်), Die For You (ငါ့ရဲ့စိတ်ကူး - လေးဖြူ), Little By Little (လိမ္မော်ရောင် နှုတ်ခမ်းများ - ဟယ်ရီလင်း) စတဲ့ ပေါက်တဲ့သီချင်းတွေပါခဲ့တယ်။ Steve Vai နဲ့ Joe Satriani တို့ ပထမဆုံး နှစ်ယောက် တွဲတီးထားတဲ့ Feed My Frankenstein (လူသားကျွန်ုပ်တို့သမိုင်း - ဟယ်ရီလင်း) သီချင်းလဲပါခဲ့ တယ်။

ဒီအတောအတွင်းမှာ Alice Cooper ရဲ့ 'Prime Cut' Video ထွက်လာခဲ့တယ်။ ဒီ Video အတွက် အင်တာဗျုး တခုမှာ မိတ်ဆွေဖြစ်တဲ့ Bob Ezrin က Alice Cooper ကို စိတ္တဇဆန်တဲ့ လူသတ်သမား၊ ပုဆိန်နဲ့ လူသတ်မူ ကျုးလွန်သူ၊ ကလေးတွေကို လိုက်ဖျက်ဆီးနေတဲ့လူ၊ အလွဲသုံးစားလုပ်သူ၊ ပြစ်မူကျုးလွန်တဲ့တရားခံ၊ ဒုက္ခသည် တယောက်၊ သေနတ်ပစ်သမားနဲ့ လမ်းလယ်ခေါင်မှာ သေဆုံးလဲလျောင်းနေတဲ့ လူလို့အပြုသဘောနဲ့ ပျက်ရယ် ပြုပြောဆိုခဲ့သေးတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးဘန်တွေမှာလည်း ဧည့်သည် အနေနဲ့ပါဝင်ခဲ့တယ်။ GN'R ရဲ့ Use Your Illusion 1 မှာ Axl Rose နဲ့တွဲပြီး The Garden သီချင်းမှာတွဲဆိုခဲ့တယ်။ Freddy Krueger ရဲ့ လူသတ်ကား 'Nightmare On Elm Street (Freddy's Dead:The Final Nightmare (1991) မှာ ရိုင်းစိုင်းတဲ့ ပထွေးနေရာမှာ သရုပ်ဆောင်ခဲ့တယ်။ 1992 မှာတော့ နာမည်ကြီး ဟာသဇတ်ကား 'Wayne's World' မှာ ဧည်သည်အဖြစ် သရုပ်ဆောင်ခဲ့တယ်။ ဒီဇတ်ကားထဲမှာ Alice Cooper တို့ရဲ့ပထမဆုံး Live အပြင်အဆင်နဲ့ Feed My Frankenstein သီချင်းနဲ့ ပါဝင်ခဲ့ သေးတယ်။

1994 မှာတော့ 'The Last Temptation' ဆိုတဲ့ Album ထွက်လာတယ်။ ဒီ Album မှာ Neil Gaiman ရေးဆွဲ တဲ့ အပိုင်း ၃ ပိုင်းပါတဲ့ Comic စာအုပ်လေးပါ ထည့်ပေးခဲ့တယ်။ ဒီ Album မှာ It's Me (နောက်ဆုံးပင်လယ် ဓားပြများနှင့်တွေ့ဆုံခြင်း - တိုနီကျော်ဒင်) နဲ့ Lost In America ( ငရဲညကိုဖြတ်သန်းခြင်း - ထွဏ်းထွဏ်း / အမှား - ဟယ်ရီလင်း) စတဲ့သီချင်း တွေပါဝင်ခဲ့တယ်။ 1997 မှာတော့ Live Album 'A Fistful Of Alice' ထုတ်ခဲ့ တယ်။ နောက်ပိုင်းမှာ Rap ဝိုင်းဖြစ်တဲ့ Insane Clown Posse' ရဲ့ The Great Milenko မှာ ဝင်ဆိုခဲ့ သေးတယ်။ 2000 ခုနှစ်ရဲ့ အစောပိုင်းကာလတွေမှာတော့ ဂီတရေစီးကြောင်းဟာ တော်တော်ပြောင်းလဲနေပါ ပြီ။ Alice Cooper အတွက် Tour ထွက်ဖို့ရာ ပြင်ဆင်နေသလို 'Brutal Plant' ဆိုတဲ့ Album ကို လိုင်းအနည်း အကျဉ်းလေးပြောင်းပြီးတော့ထုတ်ခဲ့တယ်။ 2003 တုန်းကတော့ Hollywood Walk Of Fame မှာ Star ရရှိခဲ့တယ်။ May 2004 မှာ Grand Canyon University က 'စေတနာဝန်ထမ်း အကျိုးဆောင်ပါရဂူဘွဲ့' ချီးမြှင့်ခဲ့တယ်။ 2006 မှာ 'Classic Rock Roll Of Honour' ရရှိခဲ့ပြီး 2007 မှာတော့ Mojo Music Magazine ကချီးမြင့်တဲ့ Hero Award ဆုရရှိခဲ့ပြီး Rock Immortal Award ကချီးမြှင့်တဲ့ Scream Awards ဆု ထပ်ရရှိခဲ့ တယ်။

Jan 2008 မှာ Avantasia Band ရဲ့ The Scarecrow Album မှာ ဧည့်သည် အဖြစ်ဝင်ဆိုခဲ့သေးတယ်။ July 2008 မှာတော့ (25) ခုမြောက် Album 'Along Came A Spider' ထုတ်ခဲ့တယ်။ ဂစ်တာသမား Slash ပါဝင်ခဲ့ကာ အယ်လ်ဘန်ရောင်းအားကောင်းခဲ့ပြီး 1991 ခုနှစ်ထုတ် Hey Stoopid နောက်ပိုင်း US မှာ No.(53) နဲ့ UK မှာ No.(31) နေရာရောက်ခဲ့တယ်။ Jan 9,2011 မှာ Kerrang Magazine ကချီးမြင့်တဲ့ Kerrang! Icon Awards ဆုရှိခဲ့တယ်။ Sep 16,2012 မှာတော့ Alice Cooper အနေနဲ့ 'Sunflower Jam' လို့ အမည်ရတဲ့ နိုင်ငံတကာဆင်းရဲချို့တဲ့သူများကို ကူညီသော အသင်းအဖွဲ့ရဲ့ ရန်ပုံငွေပွဲမှာ Brian May (Queen), John Paul Jones (Led Zeppelin), Ian Paice (Deep Purple), Bruce Dickinson (Iron Maiden) တို့နဲ့တွဲဖက်ပြီး ဖျော်ဖြေခဲ့တယ်။ ဒီပွဲကို London မှာရှိတဲ့ Royal Albert Hall မှာပြုလုပ်ခဲ့တယ်။ 2012 မှာ Tim Burton ရဲ့ Horror Movie 'Dark Shadow' မှာ Johnny Depp,Michelle Pfeiffer, Halena Bonham Carter တို့နဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တယ်။

Alice Cooper အနေနဲ့ သူဖြတ်သန်းလာခဲ့ရ တဲ့ ဂီတသက်တမ်းတလျှောက်မှာ ဂီတအမျိုးအစားပေါင်းများစွာ ဖြစ်တဲ့ Art Rock, Hard Rock, Heavy Metal, New Wave, Pop Rock, Experimental Rock နဲ့ Industrial Rock စတာတွေ ပါဝင်ခဲ့တယ်။ Alice Cooper ကို သူ့ရဲ့လေးစားသူ ပရိတ်သတ်တွေနဲ့ အဆင့်အတန်းရှိတဲ့ သက်တူရွယ်တူတွေက Shock Rock ရဲ့ဂေါင်းကိုင်ဖခင်လို့ တင်စားခဲ့ကြတယ်။ Alice Cooper ကို လူသိများ စေတဲ့ အချက်က လူမူဆက်ဆံရေးနဲ့ ဟာသညဏ်တွေရှိပုံက ပရိတ်သတ်တွေအတွက် သဘောကျစေခဲ့တယ်။ ဒါကြောင့်အများက "အလွန်ချစ်စရာကောင်းတဲ့ Heavy Metal ဖျော်ဖြေသူ" လို့ခေါ်ဆိုခဲ့ကျတယ်။ Alice Cooper ဟာ ဂီတဆိုင်ရာတွေ နားနေချိန်မှာ ရုပ်ရှင်ဖလင်သရုပ်ဆောင်၊ ဂေါက်ရိုက်ကစားခြင်း (ဒီနေရာမှာလဲ ကျော်ကြားလှပါတယ်)၊ စာရေးကရိယာဆိုင်နဲ့ တခြားလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သေး တယ်။ 2004 တုန်းက ထင်ရှားတဲ့ Radio DJ သမားနဲ့ သူ့ရဲ့ ဂန္တဝင် Rock Show ဖြစ်တဲ့ 'Night With Alice Cooper' ကိုကျင်းပခဲ့ တယ်။ May 11,2011 မှာတော့ သူ့ရဲ့မူရင်း Alice Cooper အဖွဲ့သားတွေနဲ့အတူ Rock And Roll Hall Of Fame ဆုချီးမြင့်ခြင်းကို ခံခဲ့ရတယ်။ Alice Cooper အနေနဲ့ သူရဲ့ဘဝမှာ Grammy Awards အတွက် 1984 တုန်းက Alice Cooper:The Nightmare အတွက် Best Music Video နဲ့ 1997 တုန်းက Hands Of Death (Bury Baby Burn) အတွက် Best Metal Performance ဆုတွေ ယာထားခြင်းခံခဲ့ရတယ်။ ဒါပေမဲ့ Rock ဂီတလောကရဲ့ခေတ်ဦးပိုင်းကနေ ဒီကနေ့အထိ သက်ရှိထင်ရှားနဲ့ အောင်မြင်မူကို ထိမ်းထားနိုင်တာ ဂုဏ်ယူ ရမှာပါ။

2014 နွေဦးမှာ Alice Cooper အနေနဲ့ ကာဗာသီချင်းတွေပြန်ဆိုထားတဲ့ Album အသစ်ထွက်ဖို့စီစဉ်ခဲ့ပေမဲ့ အကြောင်းကြောင်း တွေကြောင့် 2015 ကြမှပဲ ထွက်ဖို့ပြန်စီစဉ်ခဲ့ တယ်။ Jan 28,2014 တုန်းက Motley Crue ရဲ့ Final Tour မှာ အဖွင့်ပိုင်းသီဆိုခဲ့ပြီး Theory Of A Deadman ရဲ့ Album အသစ်မှာ အဆိုတော် Tyler Conndy နဲ့ တွဲပြီး Savages ဆိုတဲ့သီချင်းမှာပါဝင်ခဲ့တယ်။ Alice Cooper အနေနဲ့ Motley Crue နဲ့တွဲပြီး ဒီနှစ်ထဲ မြောက်အမေရိကဘက်ထွက်ပြီး Tour ထွက်ဖို့ရှိပါတယ်။ Alice Cooper အနေနဲ့ Pretties For You (1969) ကနေ Welcome 2 My Nightmare (2011) ထိ Studio Album (26) ခုထုတ်ခဲ့ပါတယ်။ Roadie (1980) ကစလို့ Super Duper Alice Cooper (2014) အထိ ရုပ်ရှင်ဇတ်ကားပေါင်း (10) ကားမှာပါဝင် သရုပ်ဆောင်ခဲ့တယ်။

ချစ်ခြင်းများစွာဖြင့် MZT (သားကြီး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။