*** အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေကောင်းဖြစ်ဖို့ လုပ်ဆောင်ရန် ၁၂ချက် ***
လင်းခန့် 31/8/2015
ဘယ်အလုပ်မှာမဆို ကိုယ့်အတွက် မိတ်ဆွေကောင်းရဖို့က အရေးကြီးသလို ကိုယ်တိုင်ကလည်း တခြားသူတွေ အပေါ်မှာ မိတ်ဆွေကောင်းဖြစ်ဖို့ ပိုပြီး အရေးကြီးပါတယ်။ လောကကြီးမှာ အသွားအလာ ဆိုတာ အမြဲရှိပါတယ်။ ကိုယ်ကတော့ ကိုယ့်အပေါ်မှာ ကောင်းတဲ့ မိတ်ဆွေတွေ လိုချင်ပါရဲ့၊ ကိုယ်ကဖြင့် သူများအပေါ်မှာ ဘယ်လိုမှ မကောင်းနိုင်၊ အနစ်နာ မခံနိုင်ဆိုရင် ဘယ်သူကများ ရေရှည်မှာ ကိုယ့်အပေါ် ကောင်းနိုင်ပါ့မလဲ? အလုပ်ခွင်မှာ မိတ်ဆွေကောင်းတွေရဖို့ ဒီအောက်က လုပ်ဆောင်ရန် ၁၂ချက်ကိုသာ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပုံမှန်လေး လုပ်ဆောင်ပေးမယ်ဆိုရင် စစ်မှန်တဲ့ မိတ်တွေကောင်းတွေ အများကြီး ရမယ်လို့ လုံးဝ ယုံကြည်ပါတယ်။
၁။ အပြုံးဖြင့် ဖော်ရွေစွာ နှုတ်ဆက်ခြင်း
နံနက်အလုပ်ခွင်မှ တွေ့တဲ့လူတိုင်းကို နှုတ်ဆက်ပါ။ "မင်္ဂလာပါ" "မောနင်းပါ" အစရှိတဲ့ စကားလုံးလေးတွေနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်လိုက်ပါ။ မျက်လုံးကို မျက်မှောင်ကုတ်လို့ ပုခုံးလေးကိုငုတ်ကာ မိမိရဲ့ သက်ဆိုင်ရာနေရာလေးကို တိတ်တိတ်လေး တိုးဝင်ပြီး မသိမသာနဲ့ နေ့တစ်နေ့ကိုတော့ စတင်ခြင်းမျိုး မပြုလိုက်ပါနဲ့။ ဒီလို မခေါ်မပြောနဲ့ အေးတိအေးစက် လုပ်မယ်ဆိုလည်း တခြား လုပ်ဖော်ကိုင်ဖက်တွေက နောက်ဆို သင့်ကို မသိချင်ယောင်ဆောင် နေတော့မှာပေါ့။ ပြုံးတယ်ဆိုတာ ပိုက်ဆံကုန်တဲ့ အရာတစ်ခုမှ မဟုတ်တာ၊ ဘာလို့ ချွေတာနေမှာလဲ? ကိုယ်က ပြုံးလိုက်လို့ သူများမျက်နှာမှာ ဖြစ်ပေါ်လာတဲ့ တန်ပြန် အပြုံးလောက် ပီတိဖြစ်ဖို့ ကောင်းတာ ရှိပါဦးမလား? နံနက်ခင်းတိုင်းမှာ အလုပ်ခွင်မှာ ရှိသမျှ လူတွေအားလုံးနဲ့ အမြဲတမ်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နှုတ်ဆက်နေတဲ့ သင့်ကိုရော ဘယ်သူက မုန်းပါ့မလဲ? ဘယ်သူတွေ မကောင်းမကောင်း၊ ကိုယ်ကတော့ အမြဲကောင်းနေရင် မကြာပါဘူး၊ ပတ်ဝန်းကျင်က သတိထားလာပါလိမ့်မယ်။ မကြာပါဘူး၊ အထက်လူကြီးတွေက သတိထားမိလာပါလိမ့်မယ်။ ဖော်ရွေတဲ့ အပြုံးလေးတွေနဲ့ ရိုးရှင်းစွာ နှုတ်ဆက်လိုက်တဲ့ အရာက သင့်ကို မိတ်ဆွေသစ်တွေ မိတ်ဆွေကောင်းတွေ ရရှိလာအောင် ဖန်တီးပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
၂။ စကားတိုလေးတွေ ပြောကြမယ်
စကားတိုလေးတွေ ပြောတဲ့ ပညာကို ကျွမ်းကျင်အောင် လုပ်ထားပါ။ မပြောတတ်ဘူးလား? ရှက်နေတာလား? အားလုံးက လုပ်ဖော်ကိုင်ဖက်၊ ညီအစ်ကို မောင်နှမတွေပါပဲ။ ဘာမှ စဉ်းစားနေစရာမလိုပါဘူး။ စကားတိုလေးတွေ ပြောတယ်ဆိုတာ လွယ်ပါတယ်။ ကိုယ်က စပြီး စကားပြောပေးဖို့ပါပဲ။ မေးခွန်းလေးတွေမေးပါ။ ခက်ခက်ခဲခဲတွေ မေးစရာမလိုပါဘူး။ သူတို့ ဘာတွေကြိုက်တတ်သလဲ? ဘာသီချင်းတွေကြိုက်လဲ? ဘာရုပ်ရှင်တွေကြိုက်လဲ? ဘာစာအုပ်တွေကြိုက်လဲ? အားရင်ဘာတွေလုပ်တတ်လဲ? သူတို့တွေ အပေါ်မှာ စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ဝင်စားမှုလေး ပြလိုက်တာနဲ့ သင့်အပေါ်မှာ သူတို့ အေးအေးဆေးဆေး နေတတ်သွားပါလိမ့်မယ်။ သင်ဘေးမှာ ရှိနေရင် သူတို့တွေ ကျေနပ်ပါလိမ့်မယ်။ ကိုယ့်ဘ၀အကြောင်းလဲ သူတို့ကို ပြန်ပြောပြပေးပေါ့။ ဒါမှ သင်နဲ့ ဆက်ဆံနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက သင်ဟာလဲ ၀န်ထမ်းတစ်ယောက် ဒီအလုပ်တစ်ခုမှာ အလုပ်လာလုပ်တာထက်၊ သင်ဟာ သူတို့လိုပဲ လူတစ်ယောက်ပါလား ဆိုတာ သိသွားပါလိမ့်မယ်။
၃။ ထင်မြင်ချက်တွေ မေးပေးပါ
အားလုံးရဲ့ ထင်မြင်ချက်တွေ မေးပါ။ တကယ်တော့ လူတွေဆိုတာ ထင်မြင်ချက်တွေ ပြောရတာ အရမ်း ၀ါသနာပါတဲ့ လူတွေပါ။ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ထင်မြင်ချက်တစ်ခုကို ပေးလိုက်ရပြီဆိုရင် ကြိုက်တယ်ဆိုတာ သိရှိထားပါတယ်။ ဒါကလည်း လွယ်ပါတယ်။ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ရဲ့ ထင်မြင်ချက်လေးတွေကို လိုက်မေးပေးတာက လွယ်ပါတယ်။ "သယ်ရင်း၊ ငါ့ ဒီ Report မှာ ဘာလိုနေတယ်လို့ထင်လဲ? ကြည့်ပေးပါဦးကွာ.." ဒါမှမဟုတ် "ဟဲ့၊ ယောင်းမ ငါ ဒီမှာ ပြဿနာလေးတစ်ခု တက်နေတယ်၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ?" အစရှိတဲ့ သူတို့ရဲ့ ထင်မြင်ချက်လေးတွေကို မေးပေးပါ။ ပြီးတော့ ထင်မြင်ချက်တွေ လက်ခံရရှိပြီးရင် ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ အသုံးဝင်သည်ဖြစ်စေ၊ အသုံးမ၀င်သည်ဖြစ်စေ၊ ကျေးဇူးတင်ဖို့ လုံးဝ မမေ့ပါနဲ့။
၎။ အတင်းမတုတ်ပါနဲ့
တကယ်တော့ အတင်းတုတ်တယ်ဆိုတာ ရှောင်သင့်ပါတယ်။ ဘယ်သူကမှ ကိုယ့်အကြောင်းကို ကိုယ့်နောက်ကွယ်မှာ တီတိုးပြောဆိုနေတာ ကြိုက်မယ်မထင်ပါဘူး။ ကိုယ့်အကြောင်းကို တခြားလူတွေက ပြောနေတာ ကိုယ်ဆိုရင်လည်း ကြိုက်မှာ မဟုတ်တဲ့အတွက် ကိုယ်ကလည်း သူများအကြောင်းတွေကို အတင်းတုတ်ခြင်းကို ရှောင်ကြဉ်လိုက်ပါ။ တခြားသူက ကိုယ့်ကို အတင်းလာတုပ်ခဲ့ရင်တောင်မှ "ဟုတ်လား?" လို့ပြောပြီး ခေါင်းစဉ်ကို ချက်ချင်းပြောင်းလိုက်ပါ၊ ပြီးတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကိုယ်ကပါ ဆက်ပြီး "အေ၊ ဟုတ်လား၊ ပြောကြည့်ပါဦး၊ ဘာလို့လဲဟ၊ လုပ်စမ်းပါဦး၊ နင့်ဟာကလည်း၊ ဟုတ်ပါ့မလားဟယ်" ဆိုပြီး တုံ့ပြန်နေရင် ကိုယ်ပါ အတင်းတုတ်တယ် ဖြစ်သွားမှာပါ။ ကိုယ်က ပြန်မတုံ့ပြန်မိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါဆိုရင် ကိုယ့်ကို တခြားတစ်ယောက်ယောက်က အတင်းလာပြောခဲ့ရင်တောင်မှ ကိုယ်က လုပ်စရာရှိတာ ဆက်လုပ်နေရင် ကိုယ်က သူ့ရဲ့ *ယုံကြည်မှု* ကို ရရှိမှာဖြစ်ပြီး သူ့စိတ်ထဲမှာ ကိုယ်ဟာ စိတ်ချရတဲ့ လူတစ်ယောက်၊ သူတပါးနောက်ကွယ်မှာ သူများအကြောင်း အတင်းမပြောတတ်တဲ့လူတစ်ယောက် အဖြစ် ရပ်တည်နိုင်မှာ ဖြစ်သလို၊ ရေရှည်မှာ ဒီအလုပ်ခွင်မှာ ကိုယ့်ကို လေးစားမှုတွေ ပိုလာမှာပဲ ဖြစ်ပါတယ်။
၅။ ဆက်ဆံရခက်တဲ့လူတွေနဲ့ အေးအေးလေး ဆက်ဆံပါ
ဆက်ဆံရခက်ခဲတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ဆက်ဆံတဲ့အချိန်မှာ ကိုယ့်ကို ကိုယ့်ရဲ့ ကလေးတွေက ကြည့်နေတယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါ။ ကလေးတွေရှေ့မှာတော့ ဘယ်သူမှ ရုပ်ပျက်ဆင်းပျက် ပြန်ပြီး ဆက်ဆံမိမှာမဟုတ်ဘူးလေ။ စိတ်ထဲမှာ ဒီလိုလေး မှတ်ထားပြီး ခေါင်းအေးအေးထားပါ။ ကလေးတွေကို ကိုယ်က အမြဲ လိမ္မာအောင် အကျင့်ကောင်းဖို့ ပြောဆို ဆုံးမနေပြီး သူတို့တွေရှေ့မှာ ကိုယ်က တခြားသူနဲ့ အပြိုင် ရန်တွေ့ ရန်ဖြစ်နေဖို့ လုပ်မှာ မဟုတ်ဘူးလေ။ တကယ်တော့ ကိုယ်က စိတ်ကို အေးအေးလေး ထားပြီး အရာရာကို ဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။ ခွေးက ကိုယ့်ကို လာဟောင်နေလို့ ကိုယ်က ပြန်ဟောင်လိုက်ရင် ကိုယ်က ဘာဖြစ်သွားမလဲ? အမုန်းကို အမုန်းနဲ့ တုံ့ပြန်နေမယ်ဆိုရင် အမုန်းတွေပဲ များလာတော့မှာပေါ့။ ကိုယ့်ဘက်က အေးဆေးလေး နေပြီး အရာရာကို လူကြီးလူကောင်းပီပီ၊ ရင့်ကျင်သူပီပီ ဆက်ဆံနိုင်ရင် အရာအားလုံး အဆင်ပြေမှာပါ။
၆။ ချီးကျူးတတ်ပါစေ
ဘယ်သူက ကိုယ့်ကို ကောင်းတယ်လို့ ပြောတာ မကြိုက်ပဲနေပါ့မလဲ? လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးစားမှုတွေ၊ အားထုတ်မှုလေးတွေ၊ အောင်မြင်မှုလေးတွေကို ပြောပြောပေးပါ။ သူတို့တွေရဲ့ အလုပ်ခွင်က အောင်မြင်မှုတွေဖြစ်ဖြစ်၊ လက်တွေ့ အပြင်ဘ၀က ကြိုးစားမှုလေးတွေ ဖြစ်ဖြစ် ချီးကျူးပေးပါ။ ကိုယ်တွေဟာ တစ်ခါတစ်လေကျရင် ကောင်းတာတွေကို မေ့ပြီး မကောင်းတာတွေကို အလေးထားတတ်ပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ တစ်ပါးသူရဲ့ ကောင်းချက်လေးတွေ ပြောပြောပေးလို့ ကိုယ်ဟာ ဆုတ်ယုတ်ဖို့ မရှိပါဘူး။ ကိုယ်ဟာ ဒီလိုလုပ်ချင်းအားဖြင့် မိတ်ဆွေကောင်းတွေ တိုးလာဖို့ပဲ ရှိပါတယ်။
၇။ တစ်ခါတစ်လေ ပျော်အောင် ဖန်တီးပေးပါ
ပျော်ရွှင်မှုဆိုတာ ငွေပေးဝယ်လို့မရပါဘူး။ ဒါပေမယ့် ကိုယ်က ဖန်တီးပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါလဲ မခက်ခဲပါဘူး။ အမြဲတမ်းလဲ ကိုယ်က ဟာသလူရွှင်တော်လိုမျိုး အချိန်တိုင်းအခါတိုင်း လုပ်စရာ မလိုပါဘူး။ တစ်ခါတစ်လေပေါ့၊ တစ်ယောက်ယောက်ကိုပေါ့၊ ပျော်အောင် ဖန်တီးပေးလိုက်ပါ။ ဒီအပတ်မှာ ဒီတစ်ယောက်ကို ပျော်အောင်လုပ်ပါ၊ နောက်အပတ်မှာ နောက်တစ်ယောက်ကို ပျော်အောင်လုပ်ပါ။ ဥပမာ - ဒီတစ်ပတ် အိမ်ကနေ ရုံးအလာမှာ မုန့်တွေ ၀ယ်လာပြီး ရုံးရောက်တော့ မုန့်တွေ ကျွေးတာမျိုး၊ နောက်တစ်ပတ်ကျတော့ စိတ်နည်းနည်းညစ်နေတဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို သွားပြီး စာရွက်တစ်ရွက်နဲ့ အမှတ်တရ ဟာသလေး တစ်ခုခုရေးပြီး သူ့စားပွဲပေါ် တင်ထားလိုက်တာမျိုး၊ နောက်တစ်ပတ်ကျတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကို အရင်ပတ် ကိုယ့်အပေါ်သူ ကူညီပေးခဲ့တဲ့ အရာလေးတစ်ခုကို ကျေးဇူးတင်ပါတယ်ကွာ ဆိုပြီး စာလေးရေးပြီး ပေးလိုက်တာမျိုး။ ဒီလိုရိုးရိုးလေးတွေ တစ်ခါတစ်လေ လုပ်ပေးရုံနဲ့ ကိုယ်ဟာ ပျော်ရွှင်မှုတွေ ဖန်တီးပေးနိုင်မှာပါ။
၈။ ဖုန်းပြန်ဆက်ပါ၊ အီးမေးလ်တိုင်းပြန်ပါ
အလုပ်မှာ မိတ်ဆွေကောင်း ရဖို့ ဆိုတာ ကိုယ်ကလည်း မိတ်ဆွေကောင်း ပီသရပါမယ်။ ကိုယ်က လိုအပ်လာမှ သူ့ကိုသွားပြီး အပူကပ်တာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကို ဖုန်းဆက်လာရင် ဖုန်းကိုင်ပါ။ အလုပ်တွေ အရမ်းရှုပ်နေရင်တောင်မှ အားတာနဲ့ ချက်ချင်းပြန်ဆက်ဖို့ မမေ့ပါနဲ့။ ကိုယ်ဖုန်းဆက်လို့ သူက ကိုယ့်ကို မကိုင်ပဲ နေတယ်ဆိုရင်ရော သင်ကြိုက်ပါ့မလား? မေးလ်ပို့လာရင် အမြဲ ပြန်ပို့ပေးပါ။ ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။ ကိုယ်သူ့ရဲ့ အကူအညီကို ဘယ်တော့အခါမှ မလိုဘူးဆိုတာ ဘယ်အလုပ်မှာမှ မရှိပါဘူး။ ဘယ်တော့အခါမှ လျစ်လျူရှုခြင်းကို မပြုမိပါစေနဲ့။ လုပ်မိလိုက်ရင် သူဟာ ကိုယ့်အတွက် အရေးမကြီးပါဘူး၊ မလိုအပ်ပါဘူး လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
၉။ သူများ ကူညီခဲ့ရင် ထုတ်ဖော်ပြောပေးပါ
ကိုယ်လိုအပ်တဲ့ အကူအညီတစ်ခုခုကို တောင်းပြီးလို့ သူက ကိုယ့်ကို ကူညီလိုက်လို့ ပြဿနာတစ်ခု၊ လုပ်ငန်းတစ်ခု၊ Project တစ်ခု အဆင်ပြေသွားပြီဆိုရင် ဒါဟာ သူ့ကြောင့် အဆင်ပြေသွားတာဆိုတာ ထုတ်ဖော်ပြောပေးဖို့ ၀န်မလေးပါနဲ့။ ကိုယ်ကပဲ ငါလုပ်တာတော်လို့ ငါကောင်းလို့ ငါ့ကြောင့် ဒါကြီး အောင်မြင်သွားတာ၊ တိုးတက်သွားတာ၊ အဆင်ပြေသွားတာဆိုရင် နောက်ဆိုရင် ကိုယ့်ကို ဘယ်သူကများ ကူညီချင်ပါဦးမလဲ? ရှောင်နေကြမှာပေါ့။ ဘယ်အလုပ်မှ ကိုယ်တစ်ဦးထဲ လုပ်လို့ မပြီးပါဘူး။ သူတစ်ပါးကို ကောင်းကြောင်း၊ ကျေးဇူးတင်ကြောင်း၊ ထိုက်သင့်တဲ့ ထုတ်ဖော်ပြောကြားမှုကို လုပ်ပေးတာဟာ အများရှေ့မှာ ပြောပေးတာဟာ သင့်ကို မျက်နှာပန်း ပိုလှစေပါတယ်။ သင်ဟာ အများနဲ့အတူ အလုပ်တွေ လုပ်နိုင်တဲ့လူတစ်ယောက်ဆိုတာ ပြသတာနဲ့ အတူတူပါပဲ။ သူတို့တွေလဲ ကိုယ့်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကိုယ်အကူအညီလိုလာရင် ကူမယ့်သူ၊ ၀န်းရံမယ့်သူဟာ ဆီတန်းလို့ နေပါလိမ့်မယ်။ သူများ Idea တစ်ခုကို ကိုယ့်ဟာဆိုပြီး ဘယ်တော့မှ မလုပ်ပါနဲ့။ နောက်ဆိုရင် သင့်ကို ဘယ်သူကမှ ကူပြီး စဉ်းစားပေးမှာ မဟုတ်ဘူးလေ။
၁၀။ အချိန်လေးစားပါ
အချိန်ကို အမြဲလေးစားပါ။ ဘယ်တော့မှ ကိုယ်ကနောက်ကျနေလို့ သူများက စောင့်နေရတာမျိုး မဖြစ်နေပါစေနဲ့။ ကိုယ်က အမြဲတမ်း အချိန်မှန်နေမှ သူများအချိန်ကိုလည်း လေးစားပါတယ်ဆိုတာ ဖော်ပြနိုင်မှာပါ။
၁၁။ အကြံကောင်းတစ်ခုကို အသုံးချခြင်း
ကိုယ့်ရဲ့ အကြံကောင်းတွေကို အသုံးပြုပြီး မိတ်ဆွေကောင်းတွေ ရအောင် ဖန်တီးလို့လဲ ရပါတယ်။ အကြံကောင်းတွေ ချပြပြီဆိုရင် ဒါတွေဟာ အကြံကောင်းတွေ သက်သက်မဟုတ်ပဲ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူတို့ရဲ့ ထင်မြင်ချက်လေးတွေ၊ တွေးခေါ်မှုလေးတွေ မျှဝေလို့ရတယ်ဆိုတာမျိုး ဖြစ်နေရပါမယ်။ ဒါမှလည်း အားလုံးက ကိုယ့်ကို ယုံကြည်လေးစားပြီး မိတ်ဆွေကောင်းလို့ သတ်မှတ်နိုင်မှာပါ။
၁၂။ အကောင်းမြင်ပေးပါ
အလုပ်ခွင်မှာ အမြဲအကောင်းမြင်ပေးပါ။ ကိုယ်က မသိတဲ့အရာတစ်ခုဆိုရင်တောင်မှ အဆိုးမမြင်ပါနဲ့။ ကိုယ့် Department ကပဲ အလုပ်တွေ အရမ်းလုပ်နေပြီး တခြား Department က အလုပ်မလုပ်ပဲ ထိုင်နေတယ်လို့ ထင်ရင် ရယ်စရာမကောင်းနေဘူးလား။ ကိုယ်ကပဲ အလုပ်တွေ ပိုလုပ်နေတယ်လို့ ထင်ရင် ဘယ်တော့မှ မိတ်ဆွေကောင်းတွေ ရမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မန်နေဂျာတွေ၊ အထက်လူကြီးတွေကလည်း ဘာမှ မလုပ်ပဲ ဒီအတိုင်း ထိုင်နေတာပါကွာ ဆိုပြီး တွေးရင် မှားသွားမှာပေါ့။ ဒီလို မှားယွင်းတဲ့ အဆိုးမြင်အတွေးတွေ ဘယ်တော့မှ မတွေးမိပါစေနဲ့။ ဒီလိုအတွေးတွေကြောင့် သင်အလုပ်ခွင်မှာ စိတ်ညစ်လာပါလိမ့်မယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။ အဲ့လိုတွေးမယ့်အစား၊ အားလုံးက ကိုယ်တတ်နိုင်တဲ့ အပိုင်းက အတတ်နိုင်ဆုံး လုပ်ပေးနေပါလား၊ သူတို့ တကယ်တမ်း ဘာလုပ်နေသလဲဆိုတာ သင်လုံးလုံး မသိရပေမယ့် အကောင်းဘက်က မြင်ပေးမယ်ဆိုရင် သင် စိတ်ချမ်းသာမှာပါ။ နောက်ဆုံးတော့ ရှင်းရှင်းပြောရင် သင်ကိုယ်တိုင်ဟာ သင်လုပ်နေတဲ့ အလုပ်ပေါ်မှာ ယုံကြည်ချက် အပြည့်ထားရမှာ ဖြစ်သလို၊ သင်လုပ်နေတဲ့ သင့်ရဲ့ အဖွဲ့အစည်း အပေါ်မှာလည်း ယုံကြည်မှု ရှိရမှာဖြစ်တယ်။ ဒီလိုမှာ မဖြစ်နိုင်ဘူးဆိုရင် ဘာလို့များ သင်ဒီနေရာမှာ ဆက်ရှိနေဦးမှာလဲ? ထွက်ပြီး တခြားအလုပ်ကို ပြောင်းလိုက်တာက ပိုကောင်းပါမယ်။
အားလုံးပဲ အလုပ်ခွင်မှာ ကောင်းမွန် စစ်မှန်လှတဲ့ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်တွေ အများကြီး ရရှိ ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
လင်းခန့်
EMG MARKETING GROUP
Digital Social Media Team
*** 12 Ways to Be a Better Co-Worker ***
1. Say a cheery “Hello!” in the morning. Do you plod into the office, eyes down, shoulders slumped, and immediately start work? If so, you’re likely to find that co-workers ignore you (at best) or avoid you (at worst). Get into the habit of smiling and greeting everyone as you arrive in the morning or begin your shift. It’s amazing how fast this little courtesy can thaw chilly workplace relations.
2. Learn the art of small talk. Ask your co-workers about their interests – their favorite music, films, books, hobbies. Showing a genuine interest in them will make them feel comfortable around you. Talk about your life outside the office when it’s appropriate. This will remind the people you work with that you’re a person first, not just an employee or employer.
3. Ask what they think. People love to be asked their opinion, so go out of your way to ask, “What do you think is missing from this report?” or “How do you think I should handle this situation with X?” Then give the advice-giver a sincere thank you, even if the ideas are less than helpful.
4. Avoid gossip. You don’t want anyone talking about you behind your back, so return the favor. When a co-worker sidles up to you bearing some gossip about an office romance or someone’s impending firing, respond with, “Really?” Then change the subject or get back to work. If you don’t respond, the gossiper will move on – and you’ll retain the trust and respect of your co-workers.
5. When dealing with a difficult co-worker, pretend your children are watching. This simple visualization technique will help you to keep a cool head. After all, you’ve taught your children to have good manners. With them “watching,” it will be difficult to stoop to the level of your infuriating co-worker.
6. Ladle out the compliments. Did Tom fix the office photocopier – again? Has Ann stopped smoking? By all means, compliment your co-workers on their achievements – personal or professional. Too often, we focus on what people are doing wrong.
7. Spread your good cheer. You don’t have to be a Pollyanna, but try to perform one kindly act a week, choosing a different co-worker each time. For example, one week you might bring in muffins for no reason. Another week, it might be a card for a co-worker – maybe a thank-you note for helping you out the week before, or a light, humorous card for a co-worker who seems to be a bit down.
8. Return calls and e-mails promptly. To win friends at work, a good place to start is good office etiquette. There’s nothing more frustrating to busy people than to have their e-mails and phone messages ignored. Your silence doesn’t just make their job harder to do; it also conveys an unpleasant message to them: you’re unimportant to me.
9. Give credit where credit is due. Don’t withhold credit from deserving co-workers. You’ll alienate them, and they won’t be there for you when you need them (or when they all go out for lunch). Embrace the attitude that we all win together, and let others know when someone has done something above and beyond the call of duty on a project. Also, if someone incorrectly gives you credit and praise, acknowledge your co-worker who does deserve the accolades. It will be remembered.
10. Always be on time to show you respect other people’s time.
11. Express your good ideas in a way that makes it clear that they are not the only good ideas, and that others may have equally good insights to add.
12. Assume the positive about what you don’t know. Isn’t it funny how a team of workers often think they’re working harder than another team elsewhere in the building? Or that the bosses are clueless? Don’t subscribe to that kind of toxic thinking, even if it’s rampant. It’s a negative attitude that makes work become miserable. Instead, assume that everyone else is working hard and doing their best, even if you don’t know what their work is. You should believe both in the work you’re doing and the organization you’re doing it for. If you can’t, perhaps it’s time to move on.
[REFERENCE & CREDITS]
Article Translated By LINN KHANT.
Social Media Team, EMG MARKETING GROUP.
Reference: Reader's Digest
လင်းခန့် 31/8/2015
ဘယ်အလုပ်မှာမဆို ကိုယ့်အတွက် မိတ်ဆွေကောင်းရဖို့က အရေးကြီးသလို ကိုယ်တိုင်ကလည်း တခြားသူတွေ အပေါ်မှာ မိတ်ဆွေကောင်းဖြစ်ဖို့ ပိုပြီး အရေးကြီးပါတယ်။ လောကကြီးမှာ အသွားအလာ ဆိုတာ အမြဲရှိပါတယ်။ ကိုယ်ကတော့ ကိုယ့်အပေါ်မှာ ကောင်းတဲ့ မိတ်ဆွေတွေ လိုချင်ပါရဲ့၊ ကိုယ်ကဖြင့် သူများအပေါ်မှာ ဘယ်လိုမှ မကောင်းနိုင်၊ အနစ်နာ မခံနိုင်ဆိုရင် ဘယ်သူကများ ရေရှည်မှာ ကိုယ့်အပေါ် ကောင်းနိုင်ပါ့မလဲ? အလုပ်ခွင်မှာ မိတ်ဆွေကောင်းတွေရဖို့ ဒီအောက်က လုပ်ဆောင်ရန် ၁၂ချက်ကိုသာ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပုံမှန်လေး လုပ်ဆောင်ပေးမယ်ဆိုရင် စစ်မှန်တဲ့ မိတ်တွေကောင်းတွေ အများကြီး ရမယ်လို့ လုံးဝ ယုံကြည်ပါတယ်။
၁။ အပြုံးဖြင့် ဖော်ရွေစွာ နှုတ်ဆက်ခြင်း
နံနက်အလုပ်ခွင်မှ တွေ့တဲ့လူတိုင်းကို နှုတ်ဆက်ပါ။ "မင်္ဂလာပါ" "မောနင်းပါ" အစရှိတဲ့ စကားလုံးလေးတွေနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်လိုက်ပါ။ မျက်လုံးကို မျက်မှောင်ကုတ်လို့ ပုခုံးလေးကိုငုတ်ကာ မိမိရဲ့ သက်ဆိုင်ရာနေရာလေးကို တိတ်တိတ်လေး တိုးဝင်ပြီး မသိမသာနဲ့ နေ့တစ်နေ့ကိုတော့ စတင်ခြင်းမျိုး မပြုလိုက်ပါနဲ့။ ဒီလို မခေါ်မပြောနဲ့ အေးတိအေးစက် လုပ်မယ်ဆိုလည်း တခြား လုပ်ဖော်ကိုင်ဖက်တွေက နောက်ဆို သင့်ကို မသိချင်ယောင်ဆောင် နေတော့မှာပေါ့။ ပြုံးတယ်ဆိုတာ ပိုက်ဆံကုန်တဲ့ အရာတစ်ခုမှ မဟုတ်တာ၊ ဘာလို့ ချွေတာနေမှာလဲ? ကိုယ်က ပြုံးလိုက်လို့ သူများမျက်နှာမှာ ဖြစ်ပေါ်လာတဲ့ တန်ပြန် အပြုံးလောက် ပီတိဖြစ်ဖို့ ကောင်းတာ ရှိပါဦးမလား? နံနက်ခင်းတိုင်းမှာ အလုပ်ခွင်မှာ ရှိသမျှ လူတွေအားလုံးနဲ့ အမြဲတမ်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နှုတ်ဆက်နေတဲ့ သင့်ကိုရော ဘယ်သူက မုန်းပါ့မလဲ? ဘယ်သူတွေ မကောင်းမကောင်း၊ ကိုယ်ကတော့ အမြဲကောင်းနေရင် မကြာပါဘူး၊ ပတ်ဝန်းကျင်က သတိထားလာပါလိမ့်မယ်။ မကြာပါဘူး၊ အထက်လူကြီးတွေက သတိထားမိလာပါလိမ့်မယ်။ ဖော်ရွေတဲ့ အပြုံးလေးတွေနဲ့ ရိုးရှင်းစွာ နှုတ်ဆက်လိုက်တဲ့ အရာက သင့်ကို မိတ်ဆွေသစ်တွေ မိတ်ဆွေကောင်းတွေ ရရှိလာအောင် ဖန်တီးပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
၂။ စကားတိုလေးတွေ ပြောကြမယ်
စကားတိုလေးတွေ ပြောတဲ့ ပညာကို ကျွမ်းကျင်အောင် လုပ်ထားပါ။ မပြောတတ်ဘူးလား? ရှက်နေတာလား? အားလုံးက လုပ်ဖော်ကိုင်ဖက်၊ ညီအစ်ကို မောင်နှမတွေပါပဲ။ ဘာမှ စဉ်းစားနေစရာမလိုပါဘူး။ စကားတိုလေးတွေ ပြောတယ်ဆိုတာ လွယ်ပါတယ်။ ကိုယ်က စပြီး စကားပြောပေးဖို့ပါပဲ။ မေးခွန်းလေးတွေမေးပါ။ ခက်ခက်ခဲခဲတွေ မေးစရာမလိုပါဘူး။ သူတို့ ဘာတွေကြိုက်တတ်သလဲ? ဘာသီချင်းတွေကြိုက်လဲ? ဘာရုပ်ရှင်တွေကြိုက်လဲ? ဘာစာအုပ်တွေကြိုက်လဲ? အားရင်ဘာတွေလုပ်တတ်လဲ? သူတို့တွေ အပေါ်မှာ စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ဝင်စားမှုလေး ပြလိုက်တာနဲ့ သင့်အပေါ်မှာ သူတို့ အေးအေးဆေးဆေး နေတတ်သွားပါလိမ့်မယ်။ သင်ဘေးမှာ ရှိနေရင် သူတို့တွေ ကျေနပ်ပါလိမ့်မယ်။ ကိုယ့်ဘ၀အကြောင်းလဲ သူတို့ကို ပြန်ပြောပြပေးပေါ့။ ဒါမှ သင်နဲ့ ဆက်ဆံနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက သင်ဟာလဲ ၀န်ထမ်းတစ်ယောက် ဒီအလုပ်တစ်ခုမှာ အလုပ်လာလုပ်တာထက်၊ သင်ဟာ သူတို့လိုပဲ လူတစ်ယောက်ပါလား ဆိုတာ သိသွားပါလိမ့်မယ်။
၃။ ထင်မြင်ချက်တွေ မေးပေးပါ
အားလုံးရဲ့ ထင်မြင်ချက်တွေ မေးပါ။ တကယ်တော့ လူတွေဆိုတာ ထင်မြင်ချက်တွေ ပြောရတာ အရမ်း ၀ါသနာပါတဲ့ လူတွေပါ။ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ထင်မြင်ချက်တစ်ခုကို ပေးလိုက်ရပြီဆိုရင် ကြိုက်တယ်ဆိုတာ သိရှိထားပါတယ်။ ဒါကလည်း လွယ်ပါတယ်။ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ရဲ့ ထင်မြင်ချက်လေးတွေကို လိုက်မေးပေးတာက လွယ်ပါတယ်။ "သယ်ရင်း၊ ငါ့ ဒီ Report မှာ ဘာလိုနေတယ်လို့ထင်လဲ? ကြည့်ပေးပါဦးကွာ.." ဒါမှမဟုတ် "ဟဲ့၊ ယောင်းမ ငါ ဒီမှာ ပြဿနာလေးတစ်ခု တက်နေတယ်၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ?" အစရှိတဲ့ သူတို့ရဲ့ ထင်မြင်ချက်လေးတွေကို မေးပေးပါ။ ပြီးတော့ ထင်မြင်ချက်တွေ လက်ခံရရှိပြီးရင် ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ အသုံးဝင်သည်ဖြစ်စေ၊ အသုံးမ၀င်သည်ဖြစ်စေ၊ ကျေးဇူးတင်ဖို့ လုံးဝ မမေ့ပါနဲ့။
၎။ အတင်းမတုတ်ပါနဲ့
တကယ်တော့ အတင်းတုတ်တယ်ဆိုတာ ရှောင်သင့်ပါတယ်။ ဘယ်သူကမှ ကိုယ့်အကြောင်းကို ကိုယ့်နောက်ကွယ်မှာ တီတိုးပြောဆိုနေတာ ကြိုက်မယ်မထင်ပါဘူး။ ကိုယ့်အကြောင်းကို တခြားလူတွေက ပြောနေတာ ကိုယ်ဆိုရင်လည်း ကြိုက်မှာ မဟုတ်တဲ့အတွက် ကိုယ်ကလည်း သူများအကြောင်းတွေကို အတင်းတုတ်ခြင်းကို ရှောင်ကြဉ်လိုက်ပါ။ တခြားသူက ကိုယ့်ကို အတင်းလာတုပ်ခဲ့ရင်တောင်မှ "ဟုတ်လား?" လို့ပြောပြီး ခေါင်းစဉ်ကို ချက်ချင်းပြောင်းလိုက်ပါ၊ ပြီးတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကိုယ်ကပါ ဆက်ပြီး "အေ၊ ဟုတ်လား၊ ပြောကြည့်ပါဦး၊ ဘာလို့လဲဟ၊ လုပ်စမ်းပါဦး၊ နင့်ဟာကလည်း၊ ဟုတ်ပါ့မလားဟယ်" ဆိုပြီး တုံ့ပြန်နေရင် ကိုယ်ပါ အတင်းတုတ်တယ် ဖြစ်သွားမှာပါ။ ကိုယ်က ပြန်မတုံ့ပြန်မိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါဆိုရင် ကိုယ့်ကို တခြားတစ်ယောက်ယောက်က အတင်းလာပြောခဲ့ရင်တောင်မှ ကိုယ်က လုပ်စရာရှိတာ ဆက်လုပ်နေရင် ကိုယ်က သူ့ရဲ့ *ယုံကြည်မှု* ကို ရရှိမှာဖြစ်ပြီး သူ့စိတ်ထဲမှာ ကိုယ်ဟာ စိတ်ချရတဲ့ လူတစ်ယောက်၊ သူတပါးနောက်ကွယ်မှာ သူများအကြောင်း အတင်းမပြောတတ်တဲ့လူတစ်ယောက်
၅။ ဆက်ဆံရခက်တဲ့လူတွေနဲ့ အေးအေးလေး ဆက်ဆံပါ
ဆက်ဆံရခက်ခဲတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ဆက်ဆံတဲ့အချိန်မှာ ကိုယ့်ကို ကိုယ့်ရဲ့ ကလေးတွေက ကြည့်နေတယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါ။ ကလေးတွေရှေ့မှာတော့ ဘယ်သူမှ ရုပ်ပျက်ဆင်းပျက် ပြန်ပြီး ဆက်ဆံမိမှာမဟုတ်ဘူးလေ။ စိတ်ထဲမှာ ဒီလိုလေး မှတ်ထားပြီး ခေါင်းအေးအေးထားပါ။ ကလေးတွေကို ကိုယ်က အမြဲ လိမ္မာအောင် အကျင့်ကောင်းဖို့ ပြောဆို ဆုံးမနေပြီး သူတို့တွေရှေ့မှာ ကိုယ်က တခြားသူနဲ့ အပြိုင် ရန်တွေ့ ရန်ဖြစ်နေဖို့ လုပ်မှာ မဟုတ်ဘူးလေ။ တကယ်တော့ ကိုယ်က စိတ်ကို အေးအေးလေး ထားပြီး အရာရာကို ဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။ ခွေးက ကိုယ့်ကို လာဟောင်နေလို့ ကိုယ်က ပြန်ဟောင်လိုက်ရင် ကိုယ်က ဘာဖြစ်သွားမလဲ? အမုန်းကို အမုန်းနဲ့ တုံ့ပြန်နေမယ်ဆိုရင် အမုန်းတွေပဲ များလာတော့မှာပေါ့။ ကိုယ့်ဘက်က အေးဆေးလေး နေပြီး အရာရာကို လူကြီးလူကောင်းပီပီ၊ ရင့်ကျင်သူပီပီ ဆက်ဆံနိုင်ရင် အရာအားလုံး အဆင်ပြေမှာပါ။
၆။ ချီးကျူးတတ်ပါစေ
ဘယ်သူက ကိုယ့်ကို ကောင်းတယ်လို့ ပြောတာ မကြိုက်ပဲနေပါ့မလဲ? လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးစားမှုတွေ၊ အားထုတ်မှုလေးတွေ၊ အောင်မြင်မှုလေးတွေကို ပြောပြောပေးပါ။ သူတို့တွေရဲ့ အလုပ်ခွင်က အောင်မြင်မှုတွေဖြစ်ဖြစ်၊ လက်တွေ့ အပြင်ဘ၀က ကြိုးစားမှုလေးတွေ ဖြစ်ဖြစ် ချီးကျူးပေးပါ။ ကိုယ်တွေဟာ တစ်ခါတစ်လေကျရင် ကောင်းတာတွေကို မေ့ပြီး မကောင်းတာတွေကို အလေးထားတတ်ပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ တစ်ပါးသူရဲ့ ကောင်းချက်လေးတွေ ပြောပြောပေးလို့ ကိုယ်ဟာ ဆုတ်ယုတ်ဖို့ မရှိပါဘူး။ ကိုယ်ဟာ ဒီလိုလုပ်ချင်းအားဖြင့် မိတ်ဆွေကောင်းတွေ တိုးလာဖို့ပဲ ရှိပါတယ်။
၇။ တစ်ခါတစ်လေ ပျော်အောင် ဖန်တီးပေးပါ
ပျော်ရွှင်မှုဆိုတာ ငွေပေးဝယ်လို့မရပါဘူး။ ဒါပေမယ့် ကိုယ်က ဖန်တီးပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါလဲ မခက်ခဲပါဘူး။ အမြဲတမ်းလဲ ကိုယ်က ဟာသလူရွှင်တော်လိုမျိုး အချိန်တိုင်းအခါတိုင်း လုပ်စရာ မလိုပါဘူး။ တစ်ခါတစ်လေပေါ့၊ တစ်ယောက်ယောက်ကိုပေါ့၊ ပျော်အောင် ဖန်တီးပေးလိုက်ပါ။ ဒီအပတ်မှာ ဒီတစ်ယောက်ကို ပျော်အောင်လုပ်ပါ၊ နောက်အပတ်မှာ နောက်တစ်ယောက်ကို ပျော်အောင်လုပ်ပါ။ ဥပမာ - ဒီတစ်ပတ် အိမ်ကနေ ရုံးအလာမှာ မုန့်တွေ ၀ယ်လာပြီး ရုံးရောက်တော့ မုန့်တွေ ကျွေးတာမျိုး၊ နောက်တစ်ပတ်ကျတော့ စိတ်နည်းနည်းညစ်နေတဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို သွားပြီး စာရွက်တစ်ရွက်နဲ့ အမှတ်တရ ဟာသလေး တစ်ခုခုရေးပြီး သူ့စားပွဲပေါ် တင်ထားလိုက်တာမျိုး၊ နောက်တစ်ပတ်ကျတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယေ
၈။ ဖုန်းပြန်ဆက်ပါ၊ အီးမေးလ်တိုင်းပြန်ပါ
အလုပ်မှာ မိတ်ဆွေကောင်း ရဖို့ ဆိုတာ ကိုယ်ကလည်း မိတ်ဆွေကောင်း ပီသရပါမယ်။ ကိုယ်က လိုအပ်လာမှ သူ့ကိုသွားပြီး အပူကပ်တာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကို ဖုန်းဆက်လာရင် ဖုန်းကိုင်ပါ။ အလုပ်တွေ အရမ်းရှုပ်နေရင်တောင်မှ အားတာနဲ့ ချက်ချင်းပြန်ဆက်ဖို့ မမေ့ပါနဲ့။ ကိုယ်ဖုန်းဆက်လို့ သူက ကိုယ့်ကို မကိုင်ပဲ နေတယ်ဆိုရင်ရော သင်ကြိုက်ပါ့မလား? မေးလ်ပို့လာရင် အမြဲ ပြန်ပို့ပေးပါ။ ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။ ကိုယ်သူ့ရဲ့ အကူအညီကို ဘယ်တော့အခါမှ မလိုဘူးဆိုတာ ဘယ်အလုပ်မှာမှ မရှိပါဘူး။ ဘယ်တော့အခါမှ လျစ်လျူရှုခြင်းကို မပြုမိပါစေနဲ့။ လုပ်မိလိုက်ရင် သူဟာ ကိုယ့်အတွက် အရေးမကြီးပါဘူး၊ မလိုအပ်ပါဘူး လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
၉။ သူများ ကူညီခဲ့ရင် ထုတ်ဖော်ပြောပေးပါ
ကိုယ်လိုအပ်တဲ့ အကူအညီတစ်ခုခုကို တောင်းပြီးလို့ သူက ကိုယ့်ကို ကူညီလိုက်လို့ ပြဿနာတစ်ခု၊ လုပ်ငန်းတစ်ခု၊ Project တစ်ခု အဆင်ပြေသွားပြီဆိုရင် ဒါဟာ သူ့ကြောင့် အဆင်ပြေသွားတာဆိုတာ ထုတ်ဖော်ပြောပေးဖို့ ၀န်မလေးပါနဲ့။ ကိုယ်ကပဲ ငါလုပ်တာတော်လို့ ငါကောင်းလို့ ငါ့ကြောင့် ဒါကြီး အောင်မြင်သွားတာ၊ တိုးတက်သွားတာ၊ အဆင်ပြေသွားတာဆိုရင် နောက်ဆိုရင် ကိုယ့်ကို ဘယ်သူကများ ကူညီချင်ပါဦးမလဲ? ရှောင်နေကြမှာပေါ့။ ဘယ်အလုပ်မှ ကိုယ်တစ်ဦးထဲ လုပ်လို့ မပြီးပါဘူး။ သူတစ်ပါးကို ကောင်းကြောင်း၊ ကျေးဇူးတင်ကြောင်း၊ ထိုက်သင့်တဲ့ ထုတ်ဖော်ပြောကြားမှုကို လုပ်ပေးတာဟာ အများရှေ့မှာ ပြောပေးတာဟာ သင့်ကို မျက်နှာပန်း ပိုလှစေပါတယ်။ သင်ဟာ အများနဲ့အတူ အလုပ်တွေ လုပ်နိုင်တဲ့လူတစ်ယောက်ဆိုတ
၁၀။ အချိန်လေးစားပါ
အချိန်ကို အမြဲလေးစားပါ။ ဘယ်တော့မှ ကိုယ်ကနောက်ကျနေလို့ သူများက စောင့်နေရတာမျိုး မဖြစ်နေပါစေနဲ့။ ကိုယ်က အမြဲတမ်း အချိန်မှန်နေမှ သူများအချိန်ကိုလည်း လေးစားပါတယ်ဆိုတာ ဖော်ပြနိုင်မှာပါ။
၁၁။ အကြံကောင်းတစ်ခုကို အသုံးချခြင်း
ကိုယ့်ရဲ့ အကြံကောင်းတွေကို အသုံးပြုပြီး မိတ်ဆွေကောင်းတွေ ရအောင် ဖန်တီးလို့လဲ ရပါတယ်။ အကြံကောင်းတွေ ချပြပြီဆိုရင် ဒါတွေဟာ အကြံကောင်းတွေ သက်သက်မဟုတ်ပဲ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူတို့ရဲ့ ထင်မြင်ချက်လေးတွေ၊ တွေးခေါ်မှုလေးတွေ မျှဝေလို့ရတယ်ဆိုတာမျိုး ဖြစ်နေရပါမယ်။ ဒါမှလည်း အားလုံးက ကိုယ့်ကို ယုံကြည်လေးစားပြီး မိတ်ဆွေကောင်းလို့ သတ်မှတ်နိုင်မှာပါ။
၁၂။ အကောင်းမြင်ပေးပါ
အလုပ်ခွင်မှာ အမြဲအကောင်းမြင်ပေးပါ။ ကိုယ်က မသိတဲ့အရာတစ်ခုဆိုရင်တောင်မ
အားလုံးပဲ အလုပ်ခွင်မှာ ကောင်းမွန် စစ်မှန်လှတဲ့ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်တွေ အများကြီး ရရှိ ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
လင်းခန့်
EMG MARKETING GROUP
Digital Social Media Team
*** 12 Ways to Be a Better Co-Worker ***
1. Say a cheery “Hello!” in the morning. Do you plod into the office, eyes down, shoulders slumped, and immediately start work? If so, you’re likely to find that co-workers ignore you (at best) or avoid you (at worst). Get into the habit of smiling and greeting everyone as you arrive in the morning or begin your shift. It’s amazing how fast this little courtesy can thaw chilly workplace relations.
2. Learn the art of small talk. Ask your co-workers about their interests – their favorite music, films, books, hobbies. Showing a genuine interest in them will make them feel comfortable around you. Talk about your life outside the office when it’s appropriate. This will remind the people you work with that you’re a person first, not just an employee or employer.
3. Ask what they think. People love to be asked their opinion, so go out of your way to ask, “What do you think is missing from this report?” or “How do you think I should handle this situation with X?” Then give the advice-giver a sincere thank you, even if the ideas are less than helpful.
4. Avoid gossip. You don’t want anyone talking about you behind your back, so return the favor. When a co-worker sidles up to you bearing some gossip about an office romance or someone’s impending firing, respond with, “Really?” Then change the subject or get back to work. If you don’t respond, the gossiper will move on – and you’ll retain the trust and respect of your co-workers.
5. When dealing with a difficult co-worker, pretend your children are watching. This simple visualization technique will help you to keep a cool head. After all, you’ve taught your children to have good manners. With them “watching,” it will be difficult to stoop to the level of your infuriating co-worker.
6. Ladle out the compliments. Did Tom fix the office photocopier – again? Has Ann stopped smoking? By all means, compliment your co-workers on their achievements – personal or professional. Too often, we focus on what people are doing wrong.
7. Spread your good cheer. You don’t have to be a Pollyanna, but try to perform one kindly act a week, choosing a different co-worker each time. For example, one week you might bring in muffins for no reason. Another week, it might be a card for a co-worker – maybe a thank-you note for helping you out the week before, or a light, humorous card for a co-worker who seems to be a bit down.
8. Return calls and e-mails promptly. To win friends at work, a good place to start is good office etiquette. There’s nothing more frustrating to busy people than to have their e-mails and phone messages ignored. Your silence doesn’t just make their job harder to do; it also conveys an unpleasant message to them: you’re unimportant to me.
9. Give credit where credit is due. Don’t withhold credit from deserving co-workers. You’ll alienate them, and they won’t be there for you when you need them (or when they all go out for lunch). Embrace the attitude that we all win together, and let others know when someone has done something above and beyond the call of duty on a project. Also, if someone incorrectly gives you credit and praise, acknowledge your co-worker who does deserve the accolades. It will be remembered.
10. Always be on time to show you respect other people’s time.
11. Express your good ideas in a way that makes it clear that they are not the only good ideas, and that others may have equally good insights to add.
12. Assume the positive about what you don’t know. Isn’t it funny how a team of workers often think they’re working harder than another team elsewhere in the building? Or that the bosses are clueless? Don’t subscribe to that kind of toxic thinking, even if it’s rampant. It’s a negative attitude that makes work become miserable. Instead, assume that everyone else is working hard and doing their best, even if you don’t know what their work is. You should believe both in the work you’re doing and the organization you’re doing it for. If you can’t, perhaps it’s time to move on.
[REFERENCE & CREDITS]
Article Translated By LINN KHANT.
Social Media Team, EMG MARKETING GROUP.
Reference: Reader's Digest
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။