စနစ်
-----
စစ်အစိုးရအပေါ်တချို့ကအဆိုြး မင်သမားလို့
ထင်ကြတယ်။ အဆိုးမြင်တယ်ဆိုတာက အကောင်းမြင်ချင်လို့ဆိုတာ နားလည်ထားဖို့ လိုပါလိမ့်မယ်။ လက်တွေ့မှာ အဆိုးမြင်တာထက်ကို ပိုဆိုးနေတော့ ဘာကိုအကောင်းမြင်ပေးရမှာလဲ။ လယ်သမားနဲ့ သောင်းကျန်သူမှားပြီး
စစ်ရေးခင်းတဲ့ စနစ်။ လယ်သမားကို သေနတ်နဲ့ပစ်တယ်ဆိုတော့ လားလားမှမသက်ဆိုင်တဲ့ လုပ်ရပ်။
လယ်သမားလယ်စိုက်တယ်။ လယ်ထွန်တယ်။ သေနတ်နဲ့ပစ်တယ်။ ဖြစ်မှမဖြစ်သင့်တာ။ လယ်သမားတွေက ရဲတွေကိုအကြမ်းမဖက်ဘဲ ရဲက လယ်သမားတွေကိုအကြမ်းဖက်တယ်။ အကြမ်းဖက်ခံရတော့ လယ်သမားတွေကပြန်အကြမ်းဖက်တယ်။ ကိုယ့်အသားနာလာတော့ ဘယ်သူမှမခံနိုင်ဘူး။ ပြန်ချမှာပဲ။
အားလုံးခြုံငုံပြီးကြည့်ရင် ရဲဆိုတဲ့ ယူနီဖောင်း၊ လယ်သမားဆိုတာတွေဖျောက်ပြီး ပြန်ချိန်ကြည့်တဲ့
အခါ ရဲတွေလည်း ဒီနိုင်ငံကပြည်သူလူထု။ လယ်သမားတွေလည်း ဒီနိုင်ငံက ပြည်သူလူထု။ ဒီနိုင်ငံ
မှာမွေးဒီနိုင်ငံရေသောက် ဒီနိုင်ငံကို အကျိုးပြုနေတဲ့
လူတန်းစားနှစ်ရပ်။ နိုင်ငံကိုဖျက်စီးပြီး zero zone ထဲရောက်အောင်လုပ်နေတဲ့ သူတွေမပါဘူး
လို့ထင်တယ်။ ဘာလို့ဒီနှစ်ဘက်ကို ရန်သူတွေသဖွယ် တိုက်ကြခိုက်ကြဖြစ်တာလဲစဉ်း စား
ကြည့်ရင် စနစ်ကိုကိုင်တွယ်သူတွေရဲ့ လောဘတွေ ဒေါသတွေကြောင့်ပဲ။
ချိန်မျှကြည့်ရင် အောက်ခြေရဲတစ်ယောက်ရဲ့ ၀န်ထမ်းလစာက အမိန့်ပေး ခိုင်စေသူတွေရဲ့ပမာဏနဲ့
ယှဉ်ကြည့်ရင် လမ်းဘေးကတောင်းစားနေတဲ့ သူတစ်ယောက်ရသလောက်ပဲရှိတယ်။ သူတို့ရဲ့
လိုအင်တွေကို ဖြည့်ပေးဖို့ ကာကွယ်ပေးဖို့ကို အနှီး
လူတန်းစားတွေက ပေးဆပ်နေရတယ်။ သဘာဝ
မကျဘူးပေါ့။
ဒီလိုပြည်သူကြားထဲဝန်ထမ်းတွေနဲ့ အုပ်ချုပ်ခံလူတန်းစားပြည်သူ ကြားမှာ အပြန်လှန်ထိန်းကျောင်းမှုမရှိဘူး။ မျှတမှုမရှိဘူးလို့ ဖြစ်လာနေတာ
ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးနေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကောက်ရိုးပုံထဲပျောက်တဲ့
အပ်လို ရှာရခက်နေမှာပဲ။
ဒီအကြောင်းအရာလေးကနေထပ်ပြီး တိုးစဉ်းစားကြည့်ရင် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ အုပ်ချုပ်ရေးမှာမှ တရားဥပဒေစိုးမိုးရေး စတဲ့မဏ္ဍိုင်တွေကို ဘယ်လိုအပြန်အလှန်ထိန်းကျောင်းနိုင်တော့မလဲ။ တစ်ခုကပြုတ်ထွက်စုတ်ပြတ်နေရ င် ကျန်တဲ့ကဏ္ဍတွေအပေါ်မှာပါ အကျိုး
သက်ရောက်မှုက ညီမျှချင်းဆွဲမရဘဲ တစ်ဘက်စောင်းနင်းတွေ ဖြစ်ကုန်တယ်။ စေ့စပ်ညှိနှိုင်းမှုဆိုတာ ဖြစ်မလာရင် အပြန်အလှန်ထိန်းကျောင်မှု
မှာ အထိန်းကွပ်မဲ့လာမယ်။ ဘယ်လိုရှေ့ဆက်သွားကြမလဲ ရေရှည်ကို။ သူတို့အတွက်လိုအပ်ရင်
စစ်သားချကျွေးလိုက်၊ ရဲဝန်ထမ်းတွေချကျွေးလိုက်။
တော်တော်ကိုစိတ်ကုန်စရာ။ ၀န်ထမ်းတွေကို ချကျွေးစရာ အမုန်းခံခိုင်းစရာ ကြားခံနယ်လို့ အသုံးချလာတာ တော်တော်ကိုဆိုးသွမ်းတယ်။ အုပ်ချုပ်သူ လူတန်းစားတွေ သူတို့နေရာက တစ်ချက်မျှ ၀င်ပြီးစဉ်းစားပေးစေချင်တယ် ။
ရဲတွေစစ်သားတွေဘ၀ကို နားလည်ကြည့်ရင်လည်း အပြစ်တင်ဖို့ထက် အောက်ခြေသာမန်ဝန်ထမ်းနေရာက၀ င်စဉ်းစားကြည့်ရင် အထက်နဲ့အတော်ကို
အဆင့်အတန်းကွာဟနေတယ်။ ရရစားစား နင်းပြားသာသာတွေ။ အောက်ခြေရဲဘော်တစ်ယောက်၊ အောက်ခြေရဲသားတစ်ယောက်ရဲ့ဘ၀ က သိန်းထောင်ချီချမ်းသာဖို့ထက် ယူနီဖောင်းနဲ့ ဖိနပ်တောင် စုတ်ပြတ်နေလို့ ထည်လည်းဝတ်စရာ အတော်ခက်ခဲတယ်။ အပေါ်မှာက ထောင်ချီချမ်းသာယုံမဟုတ် ဘီလျံတွေချီပြီးတောင်ကောင်း စားနေကြတယ်။ ဒါကို အာဏာရှင်တွေက မွဲနေ၊ စုတ်ပြတ်နေတဲ့ ၀န်ထမ်းတချို့ကိုကာဗာယူပြီး ဇာတ်နာအောင်ပြောနေကြတယ်။ တကယ်က သူတို့အတွက် ကာဗာယူစရာ ဖြစ်နေတယ်။
ဒီဝန်ထမ်းတွေ သိက္ခာကျအောင် စုတ်ပြတ်နေတဲ့
ဘ၀လူနေမှုတွေဖြစ်အောင် ဘယ်ပြည်သူကမှ လာပြီး စီမံခန့်ခွဲပေးနေတာ မဟုတ်ဘူး။ ရဲ၊ စစ်သား
အစရှိတဲ့ ၀န်ထမ်းတွေ သိက္ခာမဲ့အောင် လူကြမ်းတွေ လူသတ်သမားတွေလို့ ဘယ်ပြည်သူကမှ
အားအားရှိအပုတ်လိုက်ချနေတာလ ည်း မပါဘူး။
အဓိကပင်မက လူတွေကြောင့်သာ သိက္ခာတွေကျပြီးရင်းကျ denigration တွေလုပ်နေတာအထက်က။ ဒီလိုဝန်ထမ်းတွေဘက်က စဉ်းစားပြီးပြောရင် Reform ဆိုတဲ့နေရာမှာ နိုင်ငံ့
ဝန်ထမ်းတွေအတွက် သိက္ခာရှိတဲ့ Reform လုပ်ပေးဖို့ကော ဆန္ဒမရှိဘူးလားလို့ မေးစရာဖြစ်တယ်။
အခုလည်းကုလားဗမာတိုက်ပေး ရန်စွပြီး နိုင်ငံရေး
အမြတ်ထုတ်တယ်။ ထူးဆန်းသလား ဆိုတော့ မထူးဆန်းဘူး။ နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူနဲ့တောင် နှစ်ရှည်လများ ရန်တိုက်ပေးထားတာ ကုလားဗမာ ဘာသာမတူတာကို တိုက်ပေးတာလောက်က ပါမွှားလောက်ပဲထင်ရမယ်။ ဒါ့ကြောင့် လက်ရှိလည်ပတ်နေတဲ့ စနစ်ကို လုံးဝမကြိုက်ဘူး။
ဒါတွေကိုပြန်ပြီးပြုပြင်မယ် ဖို့ စည်းလုံးမှုနဲ့ လက်တွေ့ကျကျ အဖြေရှာမှ ကောင်းမွန်တဲ့ စနစ်ကိုရမယ်။ အမျိုးသားရင်ကြားစေ့ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဒီလိုအစိပ်စိပ်အမွှာမွှာကွဲနေ ပြီး မစည်းလုံးတဲ့အချက် လိုအပ်ချက်တွေအဖြေရှာပြီး ပြန်လည်သင့်မြတ်အောင် လုပ်ယူဖို့ပဲ။ ဒီလိုမဟုတ်ဘဲ တိုင်းပြည်မှာ လူတန်းစားအလွှာတွေကို ဟိုတစ်ကန့် ဒီတစ်ကန့် ခွဲခြားထားနေသရွေ့ တိုင်းပြည်ရဲ့တိုးတက်မှုဟာ
အစစအရာရာ နှောင့်နှေးကြန့်ကြာနေမှာပဲ ။
တိုင်းပြည်ဘာ့ကြောင့် မတိုးတက်လည်းလို့မေးရင်
အတိုက်အခံကြောင့်.. အတိုက်ခံတွေကြောင့်ဆိုပြီး
ရမယ်ရှာ အပြစ်ဖို့တယ်။ ကိုယ့်အပြစ်ကိုယ်ပြန်ကော စဉ်းစားကြသင့်တယ်။ ကိုယ်တွေအပြစ်ကို အတိုက်ခံဘက်တွေပဲ ထိုးထိုးချပြီး ၀န်ကြီးရှောင်လာတာ (၂၆) နှစ်ကျော်ပြီ။ (၂၆)လုံးလုံးလည်း
လွတ်လွတ်လပ်လပ်စီမံခွင့်တွေ ရခဲ့တယ်။ ဘာမှတိုးတက်မလာဘဲ ဆုပ်ယုတ်ပြီး ဆုပ်ယုပ်ကုန်တယ်။ ဒါလည်း အတိုက်ခံကြောင့်ပဲလို့ ထိုးချပြန်တယ်။ ကိုယ့်ကိုယ် ပြန်လက်ညှိုးမထိုးဘူး။ ဤကို ကျွဲလို့ဖတ်နေသရွေ့ ဘာမှ ဖြစ်မလာနိုင်သေးပါဘူး။
ဒီတော့ဘယ်လိုအစိုးရမျိုး လိုချင်လဲဆိုရင် ဒီမိုကရေစီရင့်ကျက်တာ မကျင့်ကျက်တာထက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်ရင်တော်ပြီ။
(မင်းဇင်)
1: 06 am
-----
စစ်အစိုးရအပေါ်တချို့ကအဆိုြး
ထင်ကြတယ်။ အဆိုးမြင်တယ်ဆိုတာက အကောင်းမြင်ချင်လို့ဆိုတာ နားလည်ထားဖို့ လိုပါလိမ့်မယ်။ လက်တွေ့မှာ အဆိုးမြင်တာထက်ကို ပိုဆိုးနေတော့ ဘာကိုအကောင်းမြင်ပေးရမှာလဲ။
စစ်ရေးခင်းတဲ့ စနစ်။ လယ်သမားကို သေနတ်နဲ့ပစ်တယ်ဆိုတော့ လားလားမှမသက်ဆိုင်တဲ့ လုပ်ရပ်။
လယ်သမားလယ်စိုက်တယ်။ လယ်ထွန်တယ်။ သေနတ်နဲ့ပစ်တယ်။ ဖြစ်မှမဖြစ်သင့်တာ။ လယ်သမားတွေက ရဲတွေကိုအကြမ်းမဖက်ဘဲ ရဲက လယ်သမားတွေကိုအကြမ်းဖက်တယ်။
အားလုံးခြုံငုံပြီးကြည့်ရင်
အခါ ရဲတွေလည်း ဒီနိုင်ငံကပြည်သူလူထု။ လယ်သမားတွေလည်း ဒီနိုင်ငံက ပြည်သူလူထု။ ဒီနိုင်ငံ
မှာမွေးဒီနိုင်ငံရေသောက် ဒီနိုင်ငံကို အကျိုးပြုနေတဲ့
လူတန်းစားနှစ်ရပ်။ နိုင်ငံကိုဖျက်စီးပြီး zero zone ထဲရောက်အောင်လုပ်နေတဲ့ သူတွေမပါဘူး
လို့ထင်တယ်။ ဘာလို့ဒီနှစ်ဘက်ကို ရန်သူတွေသဖွယ် တိုက်ကြခိုက်ကြဖြစ်တာလဲစဉ်း
ကြည့်ရင် စနစ်ကိုကိုင်တွယ်သူတွေရဲ့ လောဘတွေ ဒေါသတွေကြောင့်ပဲ။
ချိန်မျှကြည့်ရင် အောက်ခြေရဲတစ်ယောက်ရဲ့ ၀န်ထမ်းလစာက အမိန့်ပေး ခိုင်စေသူတွေရဲ့ပမာဏနဲ့
ယှဉ်ကြည့်ရင် လမ်းဘေးကတောင်းစားနေတဲ့ သူတစ်ယောက်ရသလောက်ပဲရှိတယ်။
လိုအင်တွေကို ဖြည့်ပေးဖို့ ကာကွယ်ပေးဖို့ကို အနှီး
လူတန်းစားတွေက ပေးဆပ်နေရတယ်။ သဘာဝ
မကျဘူးပေါ့။
ဒီလိုပြည်သူကြားထဲဝန်ထမ်းတေ
ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးနေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေ
အပ်လို ရှာရခက်နေမှာပဲ။
ဒီအကြောင်းအရာလေးကနေထပ်ပြီး
သက်ရောက်မှုက ညီမျှချင်းဆွဲမရဘဲ တစ်ဘက်စောင်းနင်းတွေ ဖြစ်ကုန်တယ်။ စေ့စပ်ညှိနှိုင်းမှုဆိုတာ ဖြစ်မလာရင် အပြန်အလှန်ထိန်းကျောင်မှု
မှာ အထိန်းကွပ်မဲ့လာမယ်။ ဘယ်လိုရှေ့ဆက်သွားကြမလဲ ရေရှည်ကို။ သူတို့အတွက်လိုအပ်ရင်
စစ်သားချကျွေးလိုက်၊ ရဲဝန်ထမ်းတွေချကျွေးလိုက်။
တော်တော်ကိုစိတ်ကုန်စရာ။ ၀န်ထမ်းတွေကို ချကျွေးစရာ အမုန်းခံခိုင်းစရာ ကြားခံနယ်လို့ အသုံးချလာတာ တော်တော်ကိုဆိုးသွမ်းတယ်။ အုပ်ချုပ်သူ လူတန်းစားတွေ သူတို့နေရာက တစ်ချက်မျှ ၀င်ပြီးစဉ်းစားပေးစေချင်တယ်
ရဲတွေစစ်သားတွေဘ၀ကို နားလည်ကြည့်ရင်လည်း အပြစ်တင်ဖို့ထက် အောက်ခြေသာမန်ဝန်ထမ်းနေရာကဝ
အဆင့်အတန်းကွာဟနေတယ်။ ရရစားစား နင်းပြားသာသာတွေ။ အောက်ခြေရဲဘော်တစ်ယောက်၊ အောက်ခြေရဲသားတစ်ယောက်ရဲ့ဘဝ
ဒီဝန်ထမ်းတွေ သိက္ခာကျအောင် စုတ်ပြတ်နေတဲ့
ဘ၀လူနေမှုတွေဖြစ်အောင် ဘယ်ပြည်သူကမှ လာပြီး စီမံခန့်ခွဲပေးနေတာ မဟုတ်ဘူး။ ရဲ၊ စစ်သား
အစရှိတဲ့ ၀န်ထမ်းတွေ သိက္ခာမဲ့အောင် လူကြမ်းတွေ လူသတ်သမားတွေလို့ ဘယ်ပြည်သူကမှ
အားအားရှိအပုတ်လိုက်ချနေတာလ
အဓိကပင်မက လူတွေကြောင့်သာ သိက္ခာတွေကျပြီးရင်းကျ denigration တွေလုပ်နေတာအထက်က။ ဒီလိုဝန်ထမ်းတွေဘက်က စဉ်းစားပြီးပြောရင် Reform ဆိုတဲ့နေရာမှာ နိုင်ငံ့
ဝန်ထမ်းတွေအတွက် သိက္ခာရှိတဲ့ Reform လုပ်ပေးဖို့ကော ဆန္ဒမရှိဘူးလားလို့ မေးစရာဖြစ်တယ်။
အခုလည်းကုလားဗမာတိုက်ပေး ရန်စွပြီး နိုင်ငံရေး
အမြတ်ထုတ်တယ်။ ထူးဆန်းသလား ဆိုတော့ မထူးဆန်းဘူး။ နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူနဲ့တောင် နှစ်ရှည်လများ ရန်တိုက်ပေးထားတာ ကုလားဗမာ ဘာသာမတူတာကို တိုက်ပေးတာလောက်က ပါမွှားလောက်ပဲထင်ရမယ်။ ဒါ့ကြောင့် လက်ရှိလည်ပတ်နေတဲ့ စနစ်ကို လုံးဝမကြိုက်ဘူး။
ဒါတွေကိုပြန်ပြီးပြုပြင်မယ်
အစစအရာရာ နှောင့်နှေးကြန့်ကြာနေမှာပဲ
တိုင်းပြည်ဘာ့ကြောင့် မတိုးတက်လည်းလို့မေးရင်
အတိုက်အခံကြောင့်.. အတိုက်ခံတွေကြောင့်ဆိုပြီး
ရမယ်ရှာ အပြစ်ဖို့တယ်။ ကိုယ့်အပြစ်ကိုယ်ပြန်ကော စဉ်းစားကြသင့်တယ်။ ကိုယ်တွေအပြစ်ကို အတိုက်ခံဘက်တွေပဲ ထိုးထိုးချပြီး ၀န်ကြီးရှောင်လာတာ (၂၆) နှစ်ကျော်ပြီ။ (၂၆)လုံးလုံးလည်း
လွတ်လွတ်လပ်လပ်စီမံခွင့်တွေ
ဒီတော့ဘယ်လိုအစိုးရမျိုး လိုချင်လဲဆိုရင် ဒီမိုကရေစီရင့်ကျက်တာ မကျင့်ကျက်တာထက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်ရင်တော်ပြီ။
(မင်းဇင်)
1: 06 am
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။