Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 16, 2014

အပြင်မှာမိုးလေးတဖွဲဖွဲဆိုပေမယ့် အထဲမှာယမ်းငွေ့တွေနဲ့ ဘဝခြား

အပြင်မှာမိုးလေးတဖွဲဖွဲဆိုပေမယ့်
အထဲမှာယမ်းငွေ့တွေနဲ့ ဘဝခြား
----------------------------------

စစ်သေနတ်အလက် (၂၀၀)
ခိုးထုတ်သွားတာလည်းသိတယ်
သူ့ကိုတိုက်ခိုက်ဖြိုခွဲမယ်ဆိုတာလည်း
ကြားတယ်
ဒါလည်းအေးလိုက်တဲ့သွေး
“ ကျုပ်တို့ဟာ တိုင်းပြည်ကောင်းစားအောင်
ဒီလောက်ကြိုးစားနေတာပဲ ၊ အဲဒါ သူတို့က
မကျေနပ်လို့ သတ်ချင်လည်းသတ်ပေါ့တဲ့ "

ရွှေဖလားရောင် ဘန်ကောက်လုံချည်
မန္တလေးပိုးတိုက်ပုံ ဝတ်လို့
သူ့ဘဝရဲ့
နောက်ဆုံးအစည်းအဝေးဆိုတာ
သူမသိခဲ့ဘူး
သူ့ဘေးနားက
ဗိုလ်ထွန်းလှလည်းမသိခဲ့ဘူး ၊

မူလတန်းကျောင်းစထားတဲ့နေ့ပဲ
ကကြီးကနေ အ အထိအလွတ်ရခဲ့သူ
ငယ်ငယ်ထဲက
သူငယ်ချင်းတွေကို တစ်မတ်ပေးပြီး
စစ်ခေါင်းဆောင်နေရာ သူလုပ်ခဲ့ပြီး
ဦးသောဘိတ ကျောင်းဝင်းထဲက
တမာပင်ကြီးတွေဟာ
သူ့ရဲ့တိုက်ပွဲလေ့ကျင့်ရာနေရာ၊

၁၉၃၂
ရန်ကုန်တက္ကသိုလ်ရောက်လာတော့
ဆံပင်စုတ်ဖွား
မန္တလေးလုံချည်တစ်ပတ်နွမ်း
ပင်နီတိုက်ပုံအင်္ကျီဝတ်ပြီး
တခြား
ပိုးဖဲကတ္တီပါ
ဘိုကေပြောင်ကျောင်းသားတွေကြားမှာ
ခြေညှပ်ဖိနပ်နဲ့သူ ၊

နိုင်ငံရေး
စာပေ
ဂီတ
စတာတွေနဲ့ပျော်မွေ့ရင်း
၁၉၄၇ ၊ ဇူလိုင်လ (၁၉) ရက်နေ့

ဂ ငယ်ပုံ ခင်းထားတဲ့
စားပွဲအလယ်မှာသူထိုင်တယ်
ဘေးနားပတ်ပတ်လည်မှာ ဝန်ကြီးတွေ

ဘယ်လိုဖြစ်ဖြစ် အသေသတ်ဖို့လာပြီ
ဘညွှန့်၊ခင်မောင်ရင်၊မောင်နီ၊မှုံကြီး
ဒါကတစ်စီး
သုခ၊မောင်စိုး၊သက်နှင်း၊စိန်ကြီးနဲ့
ရန်ကြီးအောင်
မည်းမည်းမြင်တာအကုန်ပစ်ကြမှာ၊

ဦးစောဆွဲပေးလိုက်တဲ့
မြေပုံအညွှန်းအတိုင်း စပြီ ၊

နံနက် ၁၀ နာရီခွဲ
ခဏတာအဖြစ်အပျက်လေးတစ်ခု
စပစ်ပြီဆိုထဲက သူ့ကို
သူ တစ်ခုခုလှမ်းအော်သေးတယ်
သေနတ်ဒဏ်ရာတွေနဲ့တရွေ့ရွေ့
နောက်ကွယ်က စားပွဲနားကို
လျှောက်သွားကြည့်သေးတယ်
သူ့ကိုပစ်မှတ်ထားတိုက်တော့
သူ့နားထိုင်တဲ့
ဦးအုန်းမောင်၊သခင်မြ၊ဦးရာဇတ်
ဦးဘချို၊ဦးဘဝင်း၊မန်းဘခိုင်
ဘာမှလုပ်ချိန်မရခဲ့ဘူး၊

တော်သေးတာပေါ့
ဦးရွှေဘော်၊ဦးမြကလျင်လို့
ဦးဗဂျမ်းနဲ့ဦးအောင်ဇံဝေက
ကြမ်းပြင်ပေါ်သေချင်ယောင်ဆောင်ခဲ့လို့

ကမ္ဘာတစ်ခြမ်းတော့မှောင်ခဲ့ပြီ
ကမ္ဘာမြေကြီးပေါ်သူနေခဲ့ရတာ
၃၂ နှစ် ၅ လ ၆ ရက်
“ကျုပ်အရာရှိလည်းမလုပ်ချင်ဘူး
မော်တော်ကားလည်းမစီးချင်ဘူး
ကျုပ်လိုချင်တာ ဗမာ့မြေကို ဗမာတွေ
ပြန်ရရေးနဲ့ လူတိုင်း လူတန်းစေ့
နေနိုင်ထိုင်နိုင်ရေးပဲ လိုချင်တယ်တဲ့ ”

သတင်းဟာ ခဏနဲ့ပြည်သူထဲတိုးဝင်
တောရော၊မြို့ပါ
ဝမ်းနည်းကြေကွဲမဆုံး၊ယူကျုံးမရဖြစ်ကြ

ကောင်းကင်ဟာအုံ့မှိုင်းလျက်
မိုးစက်တွေနဲ့
မျက်ရည်ပူတွေရောလို့

နှုတ်ဆက်ခဲ့ပါတယ် ဗမာပြည်
နှုတ်ဆက်ခဲ့ပါတယ် ကြည်နဲ့ကလေးတွေ
နှုတ်ဆက်ခဲ့ပါတယ်နတ်မောက်
နောက်လူအားလုံး
လွတ်လပ်သောဒီမိုကရေစီနိုင်ငံဖြစ်အောင်
အေးချမ်းသောတိုင်းပြည်တစ်ခုဖြစ်အောင်
မျှတမှုရှိသောလွှတ်တော်တစ်ခုဖြစ်အောင်
တည်ဆောက်ကြပါ
တမလွန်ကနေ
စိတ်ချယုံကြည်စွာ
စောင့်ကြည့်နေပါ့မယ် ၊၊. ၊၊

ထွဏ်းသွေးအိမ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။