Zaw Wonn Maung feeling sad
ဇွန်၂၁ရဲ့ သမိုင်းတချို့ (သို့) အခြေခံကျောင်းသားများ၏သမိုင်းသွေး
၈၈ရဲ့ သမိုင်းတစ
၁၉၈၈ ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ဗမာ့သမိုင်း ရော ကမ္ဘာ့ သမိုင်းမှာပါ အံ့သြ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘာသာစုံ ၊လူမျိုးစုံ ၊အလွှာစုံ ၊လူထု အုံကြွမှုကြီး အဲဒီအုံကြွမှုကြီးကိုကျောင်းသား တွေကအသေခံ ဦးဆောင် ခဲ့ကြတယ်။ ရှစ်ဆယ့်ရှစ်ဟာ အဖိနှိပ်ခံနှင်း ပြား ကျောမွဲလူထု တွေထုဆစ်ခဲ့တဲ့ ပုံရိပ် ကျောင်းသားကျောင်းသူတွေ ဖွင့်လှစ်ခဲ့တဲ့ သမိုင်းသစ် အာဏာရှင်တွေဆိုတာ ထပ်မံသက်သေထူခဲ့ တဲ့ သမိုင်းမှတ်တိုင် တခုပါ။
ရှစ်လေးလုံး အရေးတော်ပုံကြီး ကနေ ကျောင်းသား ပြည်သူတွေ ရင်ထဲ ထည့်ပေး လိုက် တာကတော့ အ သက်အပါအ၀င် ကိုယ်ကျိုးစီးပွား အားလုံး စွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကို ရဲရဲ အံတု မယ် ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင် တွေက လက်နက်မျိုးစုံ ၊ယုတ်မာ ကောက်ကျစ်မှု မျိုးစုံ ၊ မတရားမှုမျိုး စုံနဲ့ အဲဒီ စိတ်ဓါတ်ကို ချိုးနှိမ်ဘို့ ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ် ။၈၈ရဲ့ သမိုင်းတစ
၁၉၈၈ ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ဗမာ့သမိုင်း ရော ကမ္ဘာ့ သမိုင်းမှာပါ အံ့သြ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘာသာစုံ ၊လူမျိုးစုံ ၊အလွှာစုံ ၊လူထု အုံကြွမှုကြီး အဲဒီအုံကြွမှုကြီးကိုကျောင်းသား တွေကအသေခံ ဦးဆောင် ခဲ့ကြတယ်။ ရှစ်ဆယ့်ရှစ်ဟာ အဖိနှိပ်ခံနှင်း ပြား ကျောမွဲလူထု တွေထုဆစ်ခဲ့တဲ့ ပုံရိပ် ကျောင်းသားကျောင်းသူတွေ ဖွင့်လှစ်ခဲ့တဲ့ သမိုင်းသစ် အာဏာရှင်တွေဆိုတာ ထပ်မံသက်သေထူခဲ့ တဲ့ သမိုင်းမှတ်တိုင် တခုပါ။
၂၁.၆.၈၈ မှာတော့ကျောင်းများပိတ်လိုက်တဲ့အတွက် ကျောင်းသား များဟာ ကျောင်းအပြင်တွင်စုရုံးကာ မြို့လည် သို့ချီတက်ကာ ဆန္ဒ ပြကြပါတော့တယ်။၂၁ရက်နေ့ ပြည်လမ်းကျောင်းဝင်းမှာလူထု စည်း ဝေးပွဲကြီး တစ်ခု လုပ်ကြပါ တယ်။ ကျောင်းသားတစ်ယောက်က ရန် ကုန်မြို့လယ်မှာရှိတဲ့ ဆေး တက္ကသိုလ်(၁)ကို ချီတက်ဖို့ အကြံပြုလာပါ တယ်။မွန်းလွဲ ၁နာရီမှာ ထောင်နဲ့ ချီတဲ့ ကျောင်းသားတွေက ခွပ်ဒေါင်း ကျောင်းသား သမဂ္ဂ အောင်လံကိုင်ပြီး စတင် ချီတက်ကြပါတယ်။ ကျောင်းသား တစ်ယောက်က ဆရာများရုံးခန်းကို ဝင်ပြီး နံရံမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်အောင် ဆန်းဓါတ်ပုံကို ယူလာပြီး ဆန္ဒပြပွဲ ရှေ့တန်းကကိုင်ပြီးချီတက်လာကြပါတယ်။လူတန်းရှည်ကြီးသည် သစ်ပင်ရိပ်များ စီတန်းနေသည့် ပြည်လမ်းမကြီးတစ်လျှောက် “အကြမ်း မဖက်နဲ့” “ငြိမ်းချမ်းစွာဆန္ဒပြကြ” စသည်ဖြင့် အသက် ငယ်သော် လည်း စိတ်အား ထက်သန်ပုံရသော လူငယ်အချို့က အော်ဟစ် ကွပ်ကဲကာ စည်းကမ်း တကျ ချီတက် လာကြပါ တယ်။ အများစုမှာ တက္ကသိုလ် ကျောင်းသားများ ဖြစ်ပြီး အချို့မှာ ဆယ်ကျော် သက်ရွယ် အခြေခံ ပညာ ကျောင်းသားကလေးငယ် များဖြစ်ကြ ပါတယ်။ စစ်သား များဘရင်းကယ်ရီယာကားများကိုမြန်မာ့အသံအနီး၌၎င်း၊ဟံသာဝတီအဝိုင်းတွင်၎င်း နေရာယူထားကြပြီး၊ ၎င်းတို့၏ စက်သေ နတ်ပြောင်းမှာ ဆန္ဒပြလူတန်းကြီးအား ချိန်ရွယ်ထားကြပါတယ်။ထို နေရာမှ ကျော်လွန်သောအခါ ကျောင်းသားများ၏ ရှေ့ဆက် ရမည့်ခရီး ကို သံဆူး ကြိုးများဖြင့် ကာဆီးကာ လမ်းပိတ်ထားလိုက် ကြပါတယ်။ စစ်သားများနှင့် လုံထိန်းများ ကလည်း ရိုင်ဖယ်သေနတ် ကိုယ်စီ နံပါတ် တုတ် ကိုယ်စီဖြင့် အသင့်စောင့်ဆိုင်းနေကြပါတယ်။ မြေနီကုန်းမှာ စစ် တပ်မှ တားသဖြင့် အထိ ကရုန်း ဖြစ်ပွာားခဲ့ပါတယ်။စစ်သား အပြည့် တင်ဆောင် လာသည့် စစ်လော်ရီကားတစ်စီး ထိုးဆိုက်လာပြီး ပစ်ခတ် ခဲ့ သော်လည်း သေနတ်ဒဏ်ရာဖြင့် ထိခိုက် သူမရှိခဲ့ပါဘူး။ သို့သော် လည်း ၁၃နှစ် အရွယ်ရှိ အထက်တန်း ကျောင်းသားနှစ်ဦးကို စစ်လော်ရီ ကားက ဝင်တိုက်ခဲ့သဖြင့် တစ်ဦးမှ နေရာတွင်ပင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ သေလောက်သည့် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အနီးတဝိုက် ရှိအိမ်များမှ ဒေါသထွက်နေကြသော လူများထွက်လာပြီး ခဲများ အုတ် ပိုင်းကျိုးများဖြင့် စစ်သားများနှင့် လုံထိန်းများကို ပစ်ပေါက်ကြပါ တော့ တယ်။မည်သည့်နေရာမှ လာမှန်း မသိသော သွယ်တန်းသည့် ဆူးချွန် တစ်ခုသည် လေထဲ၌ ဝှီးကနဲဖြတ်သန်းလာပြီး လုံထိန်းတစ်ဦးကို ထိမှန် ရာ မြေကြီးပေါ် လဲကျ သွားပါတယ်။လူထူထပ်သော မြေနီကုန်း ဈေး ပတ်ဝန်းကျင်ရှိ အိမ်များ၊ လမ်းများကြားတွင် စစ်သားများ လုံထိန်းများ သည် မျက်စိလည် လမ်းမှား နေကြပါတော့တယ်။
သေဆုံးသူ ရဲဘော်များနှင့် ဒဏ်ရာရ ရဲဘော် များကို ဗရမ်းဗတာ ဆွဲငင် သယ်ဆောင်သွားကြပြီး ဆုတ်ခွာသွားကြပါတယ်။ဆန္ဒပြသူ အချို့ သည် အနီးရှိ စင်္ကာပူ သံရုံးဝင်း တွင်းသို့ ပြေးဝင်ခိုလှုံခဲ့ကြရာ သော့ခတ် ထားသော ဂိတ်အပြင်ဘက်မှနေ၍ လုံထိန်းများသည် သံရုံးကို ခဲဖြင့် ပေါက်ကြပါတယ်။ယင်းလမ်းပေါ်တိုက်ပွဲမှာ တစ်ဖက်သတ် တိုက်ပွဲ မဟုတ်ပါဘူး။ ကျောင်းသား သမဂ္ဂအောင်လံကို ကိုင်ဆောင်ထားသော ကျောင်းသူတစ်ဦးအား အနီးရှိ ရဲစခန်းအတွင်းသို့ ဆွဲသွင်းသွား ကြရာ စခန်းကိုလူအုပ်ကြီးကမုန်တိုင်းသဖွယ်ဝင်စီးကာထိုကျောင်းသူအားကယ်တင်ခဲ့ကြပြန်ပါတယ်။ဒေါသထွက်နေကြသော အရပ်သားများသည် တွေ.သမျှလုံထိန်းများအား ခဲနှင့်ပေါက် ဂျင်ဂလိနှင့် ပစ်ကြရာ လုံထိန်း ၁၀ဦး ထက်မ နည်း သေဆုံးခဲ့ကြရပါတယ်။လုံထိန်းနှင့် စစ်သားများက သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ အရပ်သား အ မြောက်အများ သေဆုံးခဲ့ပြီး တစ်ချို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြရ ပါတယ်။ ကျောင်းသားများသည် သေဆုံးခဲ့ ရသော ငယ်ရွယ်သည့်ဆန္ဒပြ ကျောင်းသူကျောင်းသားများ၏ အလောင်းများအား မာဇဒါဂျစ်ကား ခေါင်မိုးပေါ် တင် ကာပုလိပ်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို အလောင်း သက်သေတည်လျက် မြို.ပတ်မောင်းပြီး ကြွေးကြော်ရှုတ်ချ ခဲ့ကြသော ကြောင့် လူထုဒေါသမီးမှာ ပြင်းသည်ထက်ပြင်း ထန်လာခဲ့ရ ပါတယ်။ မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းတွင် လုံထိန်း အလောင်း ၆လောင်း ကို တင်ယူလာသော ထရပ်ကားအား သွေးဆူနေသော လူအုပ်ကြီးက မီးရှို့ပစ်လိုက် ကြပါတယ်။ မြေနီကုန်း၌ တိုက်ပွဲဖြစ် နေချိန်တွင် ဆေးတက္ကသိုလ်(၁) လူထုစည်းဝေးပွဲကြီးမှာ ကျင်းပ ဆဲဖြစ် ပါတယ်။၂၁ ရက်နေ့အဓိကရုဏ်းသည် ညနေပိုင်းတွင် မီးစာကုန် ရေခမ်း ဖြစ်လာခဲ့ရပါတယ်။ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များ အားလုံးကို အကန့်အသတ်မရှိပိတ်လိုက်ပြီး မြို့တော်တွင် နေဝင်ချိန်မှ နေထွက်ချိန် အထိ အပြင်မထွက်ရအမိန့်ထုတ်လိုက် လိုက်ပြီး ရန်ကုန် မြို့တော် ဧရိယာ အတွင်း မနက် ၆ နာရီမှ ည ၆နာရီ အ ထိညမထွက် ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ပဲခူးမြို့တွင်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ များ ဆက်လက်ဖြစ်ပွားလျက်ရှိ နေပါတယ်။ဇွန်လ ၂၃ရက်နေ့မှာ ပုလိပ် နှင့် စစ်သားများသည် ဆန္ဒပြ လူအုပ်ကြီး တစ်စုကို သေနတ်ဖြင့် ပစ် ခတ် ခဲ့ပါတယ်။ ပဲခူးမြစ် သံတံတားဟောင်းအနီးတွင် လူ ၇၀ကျော် ပစ် သတ်ခံခဲ့ကြရပါတယ်။ သေဆုံးသူများအနက် ကျောင်းသားငယ် တစ်ဦး မှာ အလွန်ဆင်းရဲသဖြင့် ဒေသခံ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခုက ထောက်ပံ့ ကြည့်ရှုထားသူတစ်ဦးဖြစ်ပါတယ်။ အခြေခံ ကျောင်းသားလေးတွေမှနေပြီး ပြောက်ကျားစနစ်ဖြင့်ဆက်လက်ဆန္ဒ ပြခဲ့ကြပါတယ်။ရန်ကုန်မြို့တွင် စစ်သွေးစစ်မာန် တက်ကြွနေသော ကျောင်းသားအချို့သည် ညမထွက်ရအမိန့်ကို ဖီဆန်ပြီး ရွှေတိဂုံ စေတီ တော် ရင်ပြင်ပေါ်သို့ ခိုလှုံခဲ့ကြပါတယ်။သပိတ်စခန်းတစ်ခုကို ထပ်၍ ဖော်ထုတ် ခဲ့ကြပြန်ပါတယ်။ပုလိပ်များသည် ချက်ချင်းပင် ထိုကျောင်း သား တစ်စုကို လူစုခွဲစေခဲ့ပါတယ်။ဇွန်လ ၂၂ရက်နေ့တွင် လူစုဝေးခြင်း ဟောပြောခြင်း၊ စီတန်းချီတက်ခြင်း၊ လှုံ့ဆော်တိုက်တွန်းခြင်း၊ ဆန္ဒပြ ခြင်း၊ ဆူပူမှုများဖြစ်အောင်ပြုမူခြင်း” စသည်တို့ကို လုံးဝပိတ်ပင်ပြီး ည ၆နာရီမှ နံနက် ၆နာရီအတွင်း အပြင်မထွက်ရ အမိန့်တို့ပါရှိသည်။ ကြေညာချက်တွင် ဆက်လက်ဖေါ်ပြသည်မှာ “ဤအမိန့်သည် ဇွန်လ ၂၁ရက်မှ သြဂုတ်လ ၁၉ရက်နေ့ထိ ရက်ပေါင်း ၆၀အာဏာတည်သည်” ဟူ၍ ဖြစ်ပါတယ်။ဤအမိန့်သည် မငြိမ်မသက်ဖြစ်နေသော ကျောင်း သားများကိုလမ်းမပေါ်သို့ချီမတက်အောင်တားဆီးနိုင်သော်လည်းတစ် ခြားမမျှော်လင့်သောပြဿနာတို့ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ပြည်သူတို့မှာ ကြောက်ရွံ့မည့်အစား ဒေါသဖြစ်နေကြကြောင်း အာဏာပိုင်များ ရိပ်မိ လာသည်တွင် အလျော့ပေးကာ ပြေလည်စေမည့် အခြားနည်းလမ်း များကို အစားထိုးလုပ်ကိုင် လာကြရပါတယ်။၂၉.၆.၈၈ မှာ ညမထွက် ရအမိန့်ကို ည ၈နာရီ မှ မနက် ၄နာရီ သို့ပြောင်းလဲ သတ်မှတ် ခဲ့ပါ တယ်။
ဇော်ဝမ်းမောင်…။ ဘယ်တော့မှကမ္ဘာမကြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။