Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 4, 2014

၂၀၀၈ - ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း (သို့မဟုတ်) ပြည်သူအပေါ် လိမ်ခဲ့သူများ၏ သမိုင်းကြောင်း


၂၀၀၈ - ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း (သို့မဟုတ်) ပြည်သူအပေါ် လိမ်ခဲ့သူများ၏ သမိုင်းကြောင်း
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♣
{သမိုင်းကြောင်းအမှန်ကို သိလိုလျှင် စာဖတ်ဖို့ မပျင်းပါနဲ့}
---------------------------------------------------------------
၈၈၈၈ အရေးတော်ပုံကြီး၊ ၁၉၈၈ စက်တင်ဘာ(၁၈)ရက်မှာ တပ်မတော်ဟာ နိုင်ငံတော်အာဏာကို ထပ်မံ သိမ်းခဲ့ပြန်ပါတယ်။
အာဏာသိမ်း ဗိုလ်ချုပ်ကြီးစောမောင်က ရွေးကောက်ပွဲ အမြန်ဆုံး လုပ်ပေးမည်ဖြစ်ကြောင်း၊ ပြီးလျှင် စစ်တန်းလျား ပြန်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံကို တပ်မတော်က မရေးဘူး။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာတဲ့အစိုးရက ရေးပါလို့ တရားဝင် ကြေငြာခဲ့ပါတယ်။ ဗိုလ်ချုပ်စောမောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲကိုလည်း တရားမျှတစွာနဲ့ ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ၂/၉၀ အမိန့်ကြေငြာစာ၊ အပိုဒ်(၂၀)မှာ “ရွေးကောက်ပွဲမှ တက်လာတဲ့ ပြည်သူ့ရွေးကောက်ခံ အမတ်များသည် ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲရမည့်တာဝန် ဖြစ်သည်”လို့ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်နဲ့အတူ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ထို့နောက် ၁၉၉၂-ခုနှစ်မှာ ဗိုလ်ချုပ်စောမောင်ကို ကျန်းမာရေးကြောင့်ဆိုပြီး အငြိမ်းစားပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်အတွင်းမှာပင် ကြေငြာချက်အမှတ်- ၁၂ နဲ့ ၁၃ ဆိုပြီး ကြေငြာချက်(၂)ခု ထုတ်ပါတယ်။ အဲ့ဒီကြေငြာချက်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က ဦးဆောင်ရေးမယ်။ အဲဒီအတွက် အမျိုးသားညီလာခံကို ကျင်းပပေးမယ်။ ကျင်းပရေးကော်မရှင်ကို ဖွဲ့ပေးမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။ ဒီကော်မရှင်က အနာဂတ် မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအတွက် မူတွေချမှတ်ရမယ်။ အဲ့လိုချမှတ်ရာမှာ အနာဂတ် မြန်မာနိုင်ငံရေးကို တပ်မတော်က အမြဲတမ်း ဦးဆောင်သွားနိုင်ဖို့ အတွက်ကို ထည့်ရေးရမယ်ဆိုပြီး အနိုင်ကျင့်ကာ လမ်းကြောင်းချပါတော့တယ်။
အဲဒီနောက် အမျိုးသားညီလာခံကို ကျင်းပဖို့အတွက် လူ(၇၀၀)နဲ့ ဖွဲ့စည်းပါတယ်။ ပြည်သူ့ ကိုယ်စားလှယ် (၁၀၀)နဲ့ (န၀တ) စစ်အာဏာရှင်ဘက်က လူ(၆၀၀)ကို ထည့်သွင်းပါတယ်။ ညီလာခံ အစည်းအဝေး ကျင်းပရာမှာ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ န၀တ အာဏာရှင်အုပ်စုဟာ အမြင်ခြင်း ကွဲလွဲမှုတွေ ရှိတဲ့အတွက် အံသြဖွယ်ရာ ကောင်းလောက်အောင်ပဲ ပြည်သူ့ ကိုယ်စားလှယ်(၁၀၀)အုပ်စုနဲ့ န၀တအာဏာရှင် (၆၀၀)အုပ်စုကို မဲခွဲဆုံးဖြတ်ခိုင်းပါတယ်။ (၆၀၀)နဲ့(၁၀၀) မဲခွဲကြတဲ့အတွက် ပြည်သူ့ကိုယ်စားလှယ်တွေသာ အမြဲတမ်းရှုံးနိမ့်ပါတယ်။
ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေဟာ ၁၉၉၄-ခုနှစ်မှာ ညီလာခံဆိုတာ မဲခွဲရတာမဟုတ်ကြောင်း၊ ညှိနှိုင်းဆွေးနွေး အဖြေရှာရတာဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ကိစ္စဖြစ်ကြောင်းကို စာ(၄)မျက်နှာခန့် ရေးသားပြီး ကော်မရှင်ဥက္ကဋ္ဌထံကို တင်ပြပါတယ်။ နောက်တစ်နေ့ညနေမှာဘဲ ပြည်သူ့ကိုယ်စားလှယ်များကို ညီလာခံမှ ဖြုတ်လိုက်ကြောင်း စာပြန်ပေးပို့ပါတော့တယ်။ ဒါကြောင့် အမျိုးသားညီလာခံမှာ ပြည်သူ့ကိုယ်စားလှယ် အမတ်တွေ မရှိတော့ဘဲ န၀တ အာဏာရှင်အဖွဲ့နဲ့သာ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲပါတော့တယ်။
၁၉၉၆-ခုနှစ်မှာ ကြေငြာချက်အမှတ်(၅/၉၆)နဲ့ အမျိုးသားညီလာခံကို နှောင့်ယှက်ခြင်းမှ ကာကွယ်သည့် ဥပဒေဆိုပြီး ဥပဒေတစ်ခု ထုတ်ပြန်ပါတယ်။ ဘာတွေရေးထားလဲဆိုတော့ ဖွဲ့စည်းပုံဥပဒေ သူတို့ရေးနေတာကို ဝေဖန်တာမျိုး ပြောတာဆိုတာမျိုး မလုပ်ရဘူးဆိုပြီး ပြည်သူတွေက ရေးဆွဲရမယ် ဖွဲ့စည်းပုံကို ၄င်းတို့ အာဏာရှင်အုပ်စု စိတ်ကြိုက်သာ ရေးဆွဲပြီး ပြည်သူတွေက ဘာမှမပြောနိုင်အောင် ပြည်သူ့ပါးစပ်တွေကို ဥပဒေထုတ်ပြီး ပိတ်ပါတော့တယ်။ ထောင်(၅)နှစ်မှ ထောင်(၂၀)နှစ်အထိ ကျခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပါတော့တယ်။
ဒီပဲယင်း အရေးအခင်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ကြံခံရတဲ့အတွက် နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံရပါတော့တယ်။ (လုပ်ကြံခံရသူကို ဖမ်းတဲ့ ကမ္ဘာ့အထူးဆန်းဆုံး နိုင်ငံဟာ မြန်မာနိုင်ငံဖြစ်ပါတယ်။) အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည် ထံကို နိုင်ငံတော်တာဝန်ရှိသူ(၃)ဦးလာရောက်ပြီး အမျိုးသား ညီလာခံကို ပြန်တက်ရေး ဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဃာတ လုံးဝ မထားဘဲ အမျိုးသားညီလာခံကို ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
ညီလာခံကျင်းပရန် (၂)ရက်အလိုမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို နိုင်ငံတော် တာဝန်ရှိသူတစ်ဦး ရောက်ရှိလာပြီး အမျိုးသားညီလာခံတက်ဖို့ သဘောတူထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ကြောင်း၊ တက်စရာ မလိုတော့ကြောင်း၊ ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ်များလည်း တက်ရန် မလိုတော့ကြောင်း၊ ညီလာခံကို ၄င်းတို့သာ ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း လာရောက်ပြီး ထပ်မံ၍ ပြောပြန်ပါတယ်။
အဲ့ဒီနောက်မှာတော့ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ဖွဲ့စည်းထားတာပါဆိုတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ လူ(၅၀၀)ကို ညီလာခံ ကိုယ်စားလှယ်ဆိုပြီး စစ်အာဏာရှင်များဟာ ၄င်းတို့အလိုကျ ထည့်သွင်းခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်သွားသူ စစ်အာဏာရှင် အလိုတော်ရိ (၇)ဦးနဲ့ အခြားပါတီမှ(၆)ဦး စုစုပေါင်း(၁၃)ဦးသာပါဝင်တဲ့ အာဏာရှင်အုပ်စု အဖွဲ့ဝင် စုစုပေါင်း (၁၀၅၆)ယောက်နဲ့ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲပါတော့တယ်။
ထို့နောက် (၂၀၀၈)ခုနှစ်၊ မေလမှာ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီး လူပေါင်းများစွာ သေကြေပျက်စီး ဆုံးရှုံးရတဲ့အတွက် ဖွဲ့စည်းပုံအတည်ပြုရေး ဆန္ဒခံယူပွဲကို မလုပ်ပါနဲ့ဦးလို့ ပြည်သူမြောက်များစွာက တောင်းဆိုနေတဲ့ကြားကနေ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို နိုင်ငံရဲ့ (၉၂.၄၈)ရာခိုင်နှုန်းက အတည်ပြုပါတယ်ဆိုပြီး အတင်းအဓမ္မကို ပြဌာန်းလိုက်ပါတော့တယ်။
♣♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♣
လွှမ်းပိုင်
4.6.2014
wed ; (9:12 pm)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။